2021 ခုနှစ်အတွက်ဘလွန်းဒီအောရနိုင်ခြေရှိသောကစားသမား၃ဦး

၁)Kylian Mbappe




ကီလီယန် အနေနဲ့ဒီရာသီpsgနဲ့အတူ လိဂ်ဂိုး၂၆ဂိုး ချန်ပီယံလိဂ်၈ဂိုးသွင်းထားပြီးအသင်းရဲ့အရေးပါတဲ့ဂိုးသွင်းရှင်တစ်ဦးအဖြစ်ရှိနေတာဖြစ်ပါတယ်။ဒီရာသီချန်ပီယံလိဂ်မှာ PSG တို့ Semi ကနေလက်ပြခဲ့ရတယ်ဆိုပေမယ့် ကီလီယန်ရဲ့ခြေစွမ်းတွေကိုအားလုံးတွေ့မြင်ခဲ့ရမှာပဲဖြစ်ပါတယ်။ဒါ့အ ပြင်psgရဲ့ယခုနှစ်တိုက်စစ်ပိုင်းကို ကီလီယန်အနေနဲ့အကောင်းဆုံးတာဝန်ယူထားတာကိုတွေ့မြင်နိုင်ပါတယ်။


၂)Kelvin De Brunye




မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့တိုက်စစ်ပိုင်းအားသန်တတ်တဲ့ကစားကွက်ကိုအဓိကပုံဖော်ပေးနေတဲ့ကွင်းလယ်တိုက်စစ်ကစားသမား ကယ်ဗင်ကတော့ဒီနှစ်ဘလွန်းဒီအောအတွက်အတော်လေးရေပန်းစားပါတယ်။ပရီးမီးယားလိဂ်ဖလား ကာရာဘောင်ဖလားအပါအဝင် ဒီနှစ်မန်စီးတီးအောင်မြင်မှုအားလုံးနီးနီးကိုအကောင်းဆုံးဦးဆောင်ခဲ့သူပါ။ဂိုးသွင်းတာရော ဂိုးဖန်တီးမှုပါ အားကောင်းတဲ့ကယ်ဗင်ဟာ အသင်းတိုင်းကလိုချင်လောက်တဲ့အရည်အသွေးမျိုးဖြစ်ပါတယ်။ဒါ့အပြင်မန်စီးတီး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ယခုနှစ်မန်စီးတီးကိုအကောင်းဆုံးထိန်းကျောင်းလာတာတွေ့နိုင်ပါတယ်။


၃)Robert Lewandowski




မနှစ်ကဘလွန်းဒီအော ဆုရဖို့ရေပပန်းအစားခဲ့ဆုံးသူဖြစ်ပါတယ်။ကံဆိုးစွာနဲ့ပဲမကျင်းပဖြစ်ခဲ့လို့လွဲချော်ခဲ့ရပါတယ်။ဒီနှစ်လည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုး၄၀သွင်းထားပေးထားပြီးဖြစ်ပါတယ်။ Club World Cup နဲ့ Bundesligaတို့ရထားတဲ့ဘိုင်ယန်ရဲ့အဓိကဂိုးသွင်းစက်ပါ။ဘိုင်ယန်အနေနဲ့ယခုနှစ်ချန်ပီယံအတွက်ရေပန်းစားခဲ့ပေမယ့် လီဝန်မပါခဲ့တဲ့ PSG နဲ့တွေ့ဆုံမှုမှာတော့စောစီးစွာအိမ်ပြန်ခဲ့ရတာဖြစ်တယ်။ယခုလည်းဂျာမန်ဂန္တဝင်ဂတ်မူလာနဲ့ Bundesliga တစ်ရာသီတည်း ဂိုးသွင်းအများဆုံးကို၄၀ဂိုးနဲ့လိုက်မှီထားတာဖြစ်ပြီး လာမယ့်အော့ဘတ်နဲ့ပွဲမှာသာဂိုးရခဲ့ရင် စံချိန်သစ်ရေးထိုးထားနိုင်ခဲ့မှာဖြစ်ပါတယ်။

Comments