Link တွေကို ကလစ်နှိပ်ရတာ ပျင်းလာရင် ဒီဂိမ်းလေးတွေ ဆော့ကြည့်ပါ။ တစ်ခြားဂိမ်းတွေလို အပန်းပြေအောင်ဆော့ကာမှ လောင်ရတဲ့အဖြစ်မျိုးလည်းမရှိသလို ကိုယ့်စိတ်ကူးကောင်းရင်ကောင်းသလောက် ကိုယ်တည်ဆောက်ထားတဲ့ မြို့လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း chill လို့ရပါတယ်။ No.(1) SimCity Build It PC version ပေါင်းများစွာထွက်ခဲ့ပြီး ထိုက်တန်တဲ့အောင်မြင်မှုရရှိခဲ့တဲ့အတွက် mobile version ထုတ်ပေးထားတဲ့ မြို့တည်ဆောက်ရေးဂိမ်းတစ်ခုဖြစ်ပါတယ်။ PC ဂိမ်းမှာလောက် mechanics တွေက မရှုပ်ထွေးပဲ ရိုးရိုးရှင်းရှင်းနဲ့ ဆော့လို့ကောင်းပါတယ်။ တစ်ခြားမြို့တည်ဆောက်ရေးဂိမ်းတွေနဲ့ အဓိကကွာခြားတာက တစ်ဖြည်းဖြည်းတိုးတက်လာတဲ့ လူဦးရေ လူနေမှုအဆင့်အတန်းနဲ့အတူ မြေညစ်ညမ်းမှု လေညစ်ညမ်းမှု စတာတွေကိုပါ balance ဖြစ်အောင်ထိန်းကျောင်း တည်ဆောက်ရတာပဲဖြစ်ပါတယ်။ တည်ဆောက်ရေးအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေထုတ်နှင့်ပြီး အားနေတဲ့အချိန် link တွေကို သွား click နေလည်းအဆင်ပြေပါတယ်။ No.(2) City Island 5 City Island ဂိမ်းဆိုရင် မြို့တည်ဆောက်ရေးဂိမ်းတွေကိုမှ သဘောကျတဲ့သူတွေအတွက် စိမ်းလှတဲ့နာမည်တစ်ခုတော့ မဟုတ်ပါဘူး။ City Island 1, 2, 3, 4 Franchise အားလုံးဆော့ခဲ့ဖူးတဲ့အတွက် Ci...