ကမ္ဘာအနှံ့မှ အကောင်းဆုံးစာကြည့်တိုက်များအကြောင်း
ကမ္ဘာအနှံ့မှ အကောင်းဆုံးစာကြည့်တိုက်များအကြောင်း -Library of Congress-Washington D.C.,USA Washington D.Cမှာရှိတဲ့ Library of Congressဟာ အမေရိကန်နိုင်ငံ၏ အမျိုးသားစာကြည့်တိုက်ဖြစ်ရုံသာမက နိုင်ငံရဲ့ ရှေးဟောင်းအကျဆုံးဖက်ဒရယ်ယဉ်ကျေးမှုအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ Library of Congressမှာ အဆောက်အဦး သုံးခုသာ ရှိပေမယ့် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တစ်ခု ဖြစ်ပါတယ်။ ထိုစာကြည့်တိုက်သို့ ကမ္ဘာအနှံ့မှ ခရီးသွားများ အားလုံး လာရောက်လည်ပတ်နိုင်သော်လည်း စာအုပ်များကိုမူ စာကြည့်တိုက်အဖွဲ့ဝင်များ၊ တရားရုံးချုပ်တရားသူကြီးများနှင့် အခြားသော အစိုးရအရာရှိများကသာ စစ်ဆေးဖတ်ရှုနိုင်ပါတယ်။ ထိုစာကြည့်တိုက်ကို အမေရိကန်နိုင်ငံမှာ "Library of Last Resort"လို့လည်း လူသိများပါတယ်။ Library of Congressမှာ စာအုပ်ပေါင်း ၃၂သန်းကျော်၊ လက်ရေးမူပေါင်း ၆၁သန်းကျော်၊ လွတ်လပ်ရေးကြေငြာစာတမ်းမူကြမ်း၊ Gutenbergကျမ်းစာမိတ္တူလေးစုံမှ တစ်စုံ၊ လွန်ခဲ့သော ရာစုနှစ်သုံးစုမှ သတင်းစာပေါင်း ၁ သန်းကျော်၊ မြေပုံပေါင်း ၅ သန်းကျော်၊ တေးဂီတစာရွက်ပေါင်း ၆ သန်းနှင့် ဓာတ်ပုံနဲ့ ပုံနှိပ်စာရွက်ပေါင်း ၁၄ သန်းကျော် ထားရှိပါတယ်။ -Bodleian Library-Oxf...