Posts

A Sweven Elegy from Nature - Chapter (29)

Unicode အခန်း (၂၉) တံခါးကိုဒုန်းခနဲနေအောင်ဆောင့်ဖွင့်လိုက်တဲ့နေသန့်ကိုမည်သူမှမတားကြ။လီယွန်ကဖျာလေးကိုပါးစပ်လေးနဲ့ကိုက်ကာနေသန့်ရှေ့သို့ဆွဲယူလာပေးပြီးစင်သီယာကအထဲသို့အမြန်ဝင်ကာခေါင်းအုံးတချို့ကိုယူလာပေးသည်။ထို့နောက်ထင်းတွေကိုအလျှင်စလိုထည့်ကာမီးဖိုထဲတွင်ရေနွေးတည်လိုက်ပြီးတဘက်တစ်ထည်လဲပြေးကာယူရသည်။ Qu Churchကျောင်း​တွင်အခြေအနေမဟန်တော့၍တိတ်တိတ်လေးခိုးကာစင်သီယာ့အိမ်သို့ခေါ်လာရခြင်း။မည်သူမှမနှုတ်ဆက်ခဲ့ရပဲပြာယာပြာယာဖြင့်လဲထွက်လာခဲ့ရသည်။ထလင်းနော့တ်အမျိုးသမီးတွေကလဲဂုဏ်ပြုနေသည်ကိုသဘောကျနေဟန်ဒီနေ့တော့ပျော်ပါးလို့နေသည်။ပြောပြောဆိုဆိုမရှိသောဤသုံးယောက်ပေမို့လူအများအနားစုကာစကားအပိုတွေပြောကြသည်။ "Qu Quအားတင်းထား ကိုယ်ရှိတယ် ကိုယ်ရှိတယ်..." အပေါ်ထပ်ကုတ်အင်္ကျီကိုအလုအယက်ချွတ်ပြီးQuအပေါ်သို့ထပ်ပေးတော့Quကပြုံးသည်။နေသန်ဘာလဲဟုမမေးမိ။ဒီတိုင်းလုပ်စရာရှိတာတွေကိုလုပ်ပေးနေမိသည်။သို့သော်ရေဘက်တိုက်တော့မည်အချိန်တွင်Quကခုနအပြုံးအကြောင်းစကားစလာပါသည်။ "မင်း .. သတို့သား ဝတ်စုံနဲ့အရမ်း..လိုက်..တာပဲ" နေသန်မနေနိုင်တော့တဲ့အဆုံးQuအားဆွဲကာမလိုက်ပြီးမလွှတ်တမ်းဖက်ထားမိသည်။စင်သီယာကရေဘက်တိုက်ရန်တောင်းဆိုသော်လည်းQ

A Sweven Elegy from Nature - Chapter (28)

 Unicode အခန်း (၂၈) မင်္ဂလာခန်းမအလယ်ပီယာနိုကြီးတစ်ခုကနေရာယူထားလေသည်။လှပကာရှေးဆန်သည်။သေသပ်ကာဂန္ဓဝင်ဆန်သည်။ကြားသည်ကတော့နိုင်ငံခြားမှကောင်မလေးတစ်ယောက်ကဤမင်္ဂလာပွဲကိုလာရောက်အားပေးမည်တဲ့။ နေသန်ထလင်းနော့တ်အမျိုးသမီးသုံးယောက်နှင့်အတူခန်းမအလယ်သို့ဝင်လာတော့Churchတစ်ခုလုံးကဝမ်းသာအားရလက်ခုပ်တီးကာအားပေးကြသည်။နေသန်မပြုံးစဖူးပြုံးလိုက်လေသည်။ဘေးနားကမိန်းမပျိုတချို့ကိုလဲဦးညွတ်ပြလိုက်ပြီးတချို့ကိုလဲလာရောက်ပေးသည်ကိုအသိမှတ်ပြုကြောင်းခေါင်းငြိမ့်ပြနေမိသည်။ တချို့ဆိုအံ့ဩလွန်း၍မေ့တောင်သွားပြီထင်၏။ ထလင်းနော့တ်အမျိုးသမီးသုံးယောက်သည်အဖြူရောင်အနောက်တိုင်းဝတ်စုံများဖြင့်လှချင်တိုင်းလှ၊တင့်တယ်ချင်တိုင်းတင့်တယ်နေ၏။ နေသန်ဘုန်းတော်ကြီးဆီခဏသွားတွေ့မည်လုပ်တော့ဘုန်းတော်ကြီးကကလေးမလေးတစ်ယောက်နှင့်စကားပြောနေသည်။နေသန်လာတော့ ပြုံးကာနှုတ်ဆက်သည်။ "နိတ် ဒါက Ms.Aeinthrazi တဲ့ Myanmarကနေအထူးတလည်လာခဲ့တာ မင်းတို့မင်္ဂလာဆောင်မှာသူ့တို့နိုင်ငံကမြန်မာသီချင်းနဲ့Wedding Songဆိုပေးမယ့်သူလေ" "မင်္ဂလာပါ နိတ်" အိမ်သရာဇီဆိုသောကောင်မလေးကမျက်လုံးသေများဖြင့်အေးစက်စက်နှုတ်ဆက်လာသည်။ "အာ ဟုတ် မင်္ဂလာပါ ဒါနဲ့ Miss အသက်ငယ်အ

A Sweven Elegy from Nature - Chapter (27)

 Unicode အခန်း (၂၇) Giethoorn(ဂိထော်န်)ရှိChurchဘုရားကျောင်းလေးဟာယနေ့ဗုဒ္ဓဟူးနေ့မို့သာမာန်Nunsများနှင့်ဘုန်းတော်ကြီးများသာရှိလေသည်။ဘုရားကျောင်းစောင့်ပုဂ္ဂိုလ်ကြီးကတော့ဘုရားကျောင်းတစ်ဝိုက်တံမြက်စည်းလှည်းကျင်းလို့နေပြီးကလေးတချို့ကလဲNunsများနှင့်ဆော့ကစားလို့နေသည်။ နေသန်မနေ့ကမှGiethoornကိုပြန်ရောက်လာခြင်းဖြစ်သည်။ရောက်ရောက်ချင်း ဘယ်ကိုမှမသွားဘဲဒီသို့သာဦးတည်ခဲ့သည်။လီယွန်ကအဖော်လိုက်မည်ဟုပြောပါသော်လည်းနေသန်မျက်နှာတည်ကြီးနှင့်ကြည့်လိုက်၍ကောင်းကောင်းသွားပါဟူ၍သာအဆုံးသတ်သွားသည်။ ဘုရားကျောင်းထဲဝင်ခါစတွင်နေသန်အေးချမ်းမှုတချို့ကိုခံယူလိုက်သည်။ထို့နောက်Nunsတချို့နှင့်တွေ့ကာလက်ထပ်ပေးတဲ့ဘုန်းတော်ကြီးဘယ်မှာတွေ့လို့ရလဲမေးပြီးလျှောက်လမ်းအတိုင်းဆင်းလာခဲ့သည်။ဒီကနေ့ဘုန်းတော်ကြီးရှိသည်တဲ့။ဒီနေ့လာတာကံကောင်းသည်ဟုဆိုကြသည်။တစ်ခါမှဘုန်းတော်ကြီးဒီလိုနေ့မျိုးမရှိဖူးဘူးတဲ့လေ။ နေသန်Churchခုံတန်းတစ်နေရာတွင်ဝင်ကာထိုင်လိုက်သည်။ထို့နောက် အကြာကြီး 'Jesus' အားစိုက်ကြည့်နေမိသည်။ထာဝရဘုရားသခင်အားယုံကြည်ရမည်လား ဒါမှမဟုတ် သဘာဝတရားကြီးကိုကိုးကွယ်ရတော့မည်လား။လောကမှာသူတို့မသိတာတွေကသိပ်ကိုများပြားလွန်းလှသည်။ နေသန်လက်နှစ်ဖက်ကိ

A Sweven Elegy from Nature - Chapter (26)

 Unicode အခန်း (၂၆) "Qu.." မျက်လုံးလေးတွေပွင့်လာတာကခပ်မှေးမှေး။နှုတ်ခမ်းအထက်မှာအပြုံးစလေးတွေရှိနေသေးပေမယ့်ပြာနှမ်း၍ဖြူဆွတ်လို့နေသည်မှာကြည့်လို့ပင်မကောင်း။လူမမာတစ်ယောက်ထက်ဆိုးရွားနေသည်ဟုပြောလျှင်ယုံမည်လားမသိ။ခန္ဓာကိုယ်ထက်မှစွမ်းအင်တွေ၊ဆဲလ်တွေကိုစုပ်ယူနေတာဖြစ်သည့်အတွက်တစ်နေ့ထက်တစ်နေ့ပိုဆိုးလာခြင်းပင်ဖြစ်သည်။ "မ...ငို..ပါ..နဲ့..." Quဆီမှအသံခပ်ယဲ့ယဲ့လေးထွက်လို့လာသည်။သီယာမျက်ရည်တွေကိုလက်ဖနောင့်နှင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ကာခေါင်းကိုငြိမ့်ပြလာသည်။နောက်Qu၏လက်ကလေးကိုသူမပါးနားသို့အပ်ကာနှာခေါင်းနှင့်တို့ကာနမ်းရှိုက်လိုက်သောစင်သီယာကြောင့်Quတစ်ယောက်ပြုံးလာပေသည်။ဒီတစ်ခါတော့အပြုံးကလှပါသည်။သီယာ Qu၏နဖူးလေးကိုသပ်ကာဆံပင်တွေကိုပြင်ပေးနေမိသည်။ ဘာလို့ဒါတွေလုပ်နေမှန်းမသိလုပ်နေမိသည်။သူမအရမ်း၊အရမ်းခံစားရခက်လှသည်။ရှင်လျက်နှင့်သေနေသည်ဆိုသည်မှာသူမအားအမြဲခြိမ်းခြောက်တတ်သောအိမ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ဖူး၏။ယခုတော့ဒီအိမ်မက်ဆိုးကြီးကိုQuကခံစားနေရသည်။ "အဆင်ပြေသွားမှာနော် Qu သီယာရှိတယ် နိတ်လဲရှိတယ် လီယွန်လဲရှိတယ် မင်းအဆင်ပြေအောင်သာနေ ငါတို့အကုန်ရှိတယ်" "..." Quကအသာအယာခေါင်းငြိမ့

A Sweven Elegy from Nature Chapter (25)

Unicode  အခန်း (၂၅) "အာာာာား!!!!" မျက်လုံးကြောင်ကြောင်ဖြင့်နိုးထလာရတဲ့နေ့တစ်နေ့ရဲ့အစဟာQuအဖို့သိပ်တော့အဆင်မပြေလှ။သို့သော်မျှော်မှန်းထားသလိုဖြစ်မနေဘဲတစ်ကိုယ်လုံးနွေးထွေးကာသန့်ရှင်းလို့နေသည်မှာနေသန့်လက်ချက်ဆိုတာကိုQuသိသည်။ နောက်ပြီးတစ်ကိုယ်လုံးဆွဲစုတ်ထားသလိုကိုက်ခဲ၍နာကျင်နေသည်မှာလည်းနေသန့်လက်ချက်ဆိုတာသိသည်။ "ကျစ်" စောင်အထပ်ထပ်လွှမ်းခြုံပေးထားခံရတဲ့ကိုယ့်ကိုယ်ကိုယ်မြင်တော့အနည်းငယ်စိတ်ဆိုးမိသေးသည်။သို့သော်ဤသည်ကလဲလိုအပ်ပါပေသည်။Quနဖူးကိုတစ်ချက်နှိပ်နှယ်ရင်းထပ်ခိုးပြတင်းပေါက်မှတဆင့်အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။ သစ်ပင်တွေကိုရေဖြန်းနေသံကနားထဲသို့ကြည်ကြည်လင်လင်ဖြင့်တိုးဝင်လာတော့  Quစပ်စုလိုစိတ်ဖြင့်ထကာကြည့်မည်လုပ်သည်။ အိပ်ယာကနေထကာခြေထောက်နှစ်ဖက်နှင့်ခန္ဓာကိုယ်ကိုရပ်တည်မယ်လုပ်တော့နာကျင်မှုကအထက်သို့ဆန်တက်လာသည်။အနည်းငယ်ယိမ်းယိုင်သွားပြီးဘေးနားကစားပွဲခုံကိုအားပြုကာ လက်ဖြင့်ထောက်ရပ်လိုက်ရသည်။အဆင်ပြေပြီဆိုမှQuတစ်လှမ်းချင်းဆီပြတင်းပေါက်နားသို့လျှောက်ကာသွားရသည်။ ကြည်လင်နေသောရာသီဥတုနှင့်ခြံဝင်းပြင်ပရှိ သိုးအုပ်ငယ်တစ်စု။နွားမများကမြက်ခြောက်များအား ဖြည်းဖြည်းချင်းဆီမြုံလို့နေကြပြီး ခဏအတ

A Sweven Elegy from Nature - Chapter (24)

 Unicode အခန်း (၂၄) •Mature alertအရေးသားနုတာကြောင့်တချို့နေရာတွေမှာအမှားပါကောင်းပါနိုင်ပါတယ်။သည်းခံပေးပါ။• နေသန်လီယွန့်အားစင်သီယာ့ဆီအမှာပါးရအောင်စာအိတ်တစ်အိတ်နှင့်စေလွှတ်လိုက်သည်။စာကြောင်းလေးငါးကြောင်းလောက်နှင့်ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်တစ်ခုလုံးကိုခြုံငုံကာရေးပေးလိုက်ပြီးလီယွန့်ပါးစပ်ထဲသို့ထည့်ကာပေးလိုက်၏။လီယွန်က စိတ်ချပါဟုဆိုသည်။နေသန်ကလဲစိတ်ချပါသည်။ သို့သော်ဒီစကားဆိုခြင်းဟာအပြန်အလှန်တစ်ယောက်ကိုယ်တစ်ယောက်အားပေးနေတာဖြစ်ကြောင်းကိုယ်တိုင်ကိုယ်ကျဖြစ်သူတွေသာသိလေသည်။ နေသန်အိပ်ယာအထက်ဝယ်လှဲလျောင်းလျက်ရှိနေပေသောQuအားတစ်ချက်ကြည့်လိုက်သည်။မျက်ဝန်းအထက်မှမျက်တောင်သေးသေးလေးများကတိုလျပြီးချစ်စဖွယ်ကောင်းလွန်းနေပြီးမျက်ရစ်လှလှလေးများကမျက်ဝန်းအိမ်ကိုအထူးအလှဆင်ထားကာမျက်ခုံးခပ်ထူထူလေးကတော့ဖြင့်ဇာချဲ့လို့ထားသည်။ နှုတ်ခမ်းလေးတွေကပိရိကာအိပ်စက်နေသယောင်။မေ့လျောနေသောQuကိုနေသန်ငေးကြည့်နေမိသည်။လက်နှစ်ဖက်ကိုမိမိဘာသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေရာမှနေသန်Qu၏မျက်ခုံးလေးတွေကိုပွတ်သပ်မိလို့သွားသည်။နူးညံ့လှပေရော့လားအချစ်ရယ်။ နေသန်ပြုံးလိုက်မိသည်။ဤကလေးငယ်၏အလှတရားဟာတကယ်ကိုတုနှိုင်းမဲ့ပါပေလား။တွေးနေရင်းမှအနည်းငယ်လှုပ်လာသောကော