A Sweven Elegy from Nature - Chapter (28)
Unicode
အခန်း (၂၈)
မင်္ဂလာခန်းမအလယ်ပီယာနိုကြီးတစ်ခုကနေရာယူထားလေသည်။လှပကာရှေးဆန်သည်။သေသပ်ကာဂန္ဓဝင်ဆန်သည်။ကြားသည်ကတော့နိုင်ငံခြားမှကောင်မလေးတစ်ယောက်ကဤမင်္ဂလာပွဲကိုလာရောက်အားပေးမည်တဲ့။
နေသန်ထလင်းနော့တ်အမျိုးသမီးသုံးယောက်နှင့်အတူခန်းမအလယ်သို့ဝင်လာတော့Churchတစ်ခုလုံးကဝမ်းသာအားရလက်ခုပ်တီးကာအားပေးကြသည်။နေသန်မပြုံးစဖူးပြုံးလိုက်လေသည်။ဘေးနားကမိန်းမပျိုတချို့ကိုလဲဦးညွတ်ပြလိုက်ပြီးတချို့ကိုလဲလာရောက်ပေးသည်ကိုအသိမှတ်ပြုကြောင်းခေါင်းငြိမ့်ပြနေမိသည်။
တချို့ဆိုအံ့ဩလွန်း၍မေ့တောင်သွားပြီထင်၏။
ထလင်းနော့တ်အမျိုးသမီးသုံးယောက်သည်အဖြူရောင်အနောက်တိုင်းဝတ်စုံများဖြင့်လှချင်တိုင်းလှ၊တင့်တယ်ချင်တိုင်းတင့်တယ်နေ၏။
နေသန်ဘုန်းတော်ကြီးဆီခဏသွားတွေ့မည်လုပ်တော့ဘုန်းတော်ကြီးကကလေးမလေးတစ်ယောက်နှင့်စကားပြောနေသည်။နေသန်လာတော့ ပြုံးကာနှုတ်ဆက်သည်။
"နိတ် ဒါက Ms.Aeinthrazi တဲ့ Myanmarကနေအထူးတလည်လာခဲ့တာ မင်းတို့မင်္ဂလာဆောင်မှာသူ့တို့နိုင်ငံကမြန်မာသီချင်းနဲ့Wedding Songဆိုပေးမယ့်သူလေ"
"မင်္ဂလာပါ နိတ်"
အိမ်သရာဇီဆိုသောကောင်မလေးကမျက်လုံးသေများဖြင့်အေးစက်စက်နှုတ်ဆက်လာသည်။
"အာ ဟုတ် မင်္ဂလာပါ ဒါနဲ့ Miss အသက်ငယ်အုန်းမယ်ထင်တယ်"
"Ohh yep! ကိုယ်ကခုမှဆယ့်ငါးနှစ်ပြည့်မှာပါ"
"ဆယ့်ငါးနှစ်?ဒါဆိုဒီကိုဘယ်လိုလာသလဲ မိဘတွေနဲ့လား ဒီလောက်အဝေးကြီးကို ကိုယ်တို့နဲ့လဲမသိဘဲဘာကြောင့်လာဆိုပေးသလဲ"
"အိုဟိုး ကိုနေသန် အလွန်စပ်စုတယ်နော်"
ဇီကပြောင်စပ်စပ်ဖြင့်ဆိုလာသည်။နေသန် ခေတ္တတော့ရှက်တုံ့တုံ့ဖြစ်သွားသည်။သူနှင့်Quအတွက်နယ်ဝေးမှကလေးမတစ်ယောက်ကပီယာနိုတီးဖျော်ဖြေပေးမည်မှာနည်းနည်းထူးဆန်းလှသည်။ဘုန်းတော်ကြီးကတော့သံသယမဝင်သလိုပြုံးပါနေသည်။နေသန်ခေါင်းသာငြိမ့်ပြမိသည်။
"ဒါဆို အကောင်းဆုံးလုပ်ပေးပါအုန်း Miss"
"ရစေရမယ် နိတ် ရစေရမယ် အိုး Quလာပြီ သွားကြိုလိုက်အုန်း .. ဒါနဲ့ အမောင်နေသန်.."
"..."
"အရာရာကြိုတင်ပြင်ဆင်ထားပါ အပျော်ဆုံးအချိန်မှာဘာမှစဉ်းစားမနေဘဲအကောင်းဆုံးပျော်သာပျော်နေလိုက်ပါ"
"?? အာ ဟုတ်ကဲ့"
နေသန်ခေါင်းကုတ်ကာအိမ်သရာဇီဆိုတဲ့ထူးဆန်းတဲ့ကလေးမကိုတစ်ချက်ခေါင်းလေးစောင်းကာကြည့်ပြီးမှQu Church ထဲသို့ဝင်လာသည်ကိုလှည့်ကာကြည့်လိုက်မိသည်။လူတွေအားလုံးဝိုးခနဲ၊ဝါးခနဲဖြစ်သွားပြီးအမျိုးသမီးငယ်အချို့ကဘေးနားကပါလာတဲ့သီယာ့ကိုသတို့သမီးဟုထင်မှတ်ကာ 'မဆိုးပါဘူးလေ' ဟုမှတ်ချက်ပေးကာဖြေသိမ့်ကြသည်။
သီယာသည်အနောက်တိုင်းဆန်ဆန်ဂါဝန်ဖြူတိုကိုလှပစွာဝတ်ဆင်ထားပြီးQuအားလက်မောင်းချင်းချိတ်၍Churchထဲသို့ခမ်းနားစွာဝင်ရောက်လာသည်။နောက်မှ လီယွန်ကလဲရင်ကော့စွာပါလာပြီးChurchတစ်ခုလုံးသူတို့သုံးဦးဆီသို့အကြည့်ရောက်သွားကြသည်။
"အာ သူလား ငါသိတယ် စင်သီယာဆိုလား
ဟင့် မဆိုးပါဘူး"
"ဟယ် ငါသူနဲ့စကားပြောဖူးတယ် အင်းအဲ့တုန်းကနိတ်နဲ့မောင်နှမဆိုပဲ ဟင့် မိန်းမတွေ..မိန်းမတွေ အယ်လေ ငါလဲမိန်းမပဲကို..."
တီးတိုးတီးတိုးရွတ်ဆိုကြသောအသံတွေကအနည်းနှင့်အများဖြစ်တာကြောင့်ခဏအတွင်းကျယ်လောင်ကာလာကြသည်။စဝင်လာကတည်းကအကြည့်မလွှဲသောQuနှင့်နေသန်တို့နှစ်ယောက်ကိုသိသောသူတချို့ကသာကြည်နူးသောစိတ်ဖြင့်ကြည့်ကြသည်။Quကအားပျော့နေပေမဲ့ အသန်မာဆုံးရပ်ထားသည်။သီယာကဘေးနားကနေအကောင်းဆုံးဖေးမသည်။
"ကဲ လူကြီးမင်းတို့အားလုံး မဒမ်တို့အားလုံး နေရာထိုင်ခင်းဆီမှာထိုင်ပေးကြပါ ကဲ ဇီ There's your place.."
ဘုန်းတော်ကြီးကပီယာနိုနှင့်မိုက်တွဲရက်တပ်ဆင်ထားသောနေရာကွက်လေးသို့ဇီ့အား နေရာညွှန်ပြသည်။ဇီကခေါင်းငြိမ့်ကာနေရာသို့သွားရောက်သည်။သူမသည်လဲအနောက်တိုင်းအဖြူရောင်ကိုယ်ကျပ်လေးကိုဝတ်ဆင်ထားသည်။အသားဖြူဖြူခြေတံရှည်ရှည်နှင့်ကျက်သရေရှိသောအလှကြောင့်သူမသည်ငယ်ရွယ်ပေသော်လည်း သူမ၏ကိုယ်ပိုင်အလှဟာတော့ဖြင့်ပေါ်လွင်လို့နေသည်။
"ကဲ လူကြီးမင်းတို့အားလုံးဤသီချင်းလေးကိုနားဆင်ပေးကြပါအုန်း.."
'.....🎶ကြယ်ပန်းလေးတွေပျိုးခဲ့
အို မင်းလေးပန်ဖို့အတွက်၊ရှိသမျှအချိန်တွေရယ်မင်းအရိပ်များထဲလွင့်ပျောက်သွားဆဲ...'
သံစဉ်အေးအေးလေးစကာအစချီတာနှင့်နေသန်နှင့်ဘုန်းတော်ကြီးကChurchအလယ်မှာနေရာယူသည်။စင်သီယာကChurchအဝင်တွင်Quနှင့်အတူရှိနေပြီးလီယွန်ကရှေ့မှာပန်းကြဲအနေနှင့်ရှိသည်။ထလင်းနော့တ်အမျိုးသမီးသုံးယောက်ကသတို့သားဘက်ကနေရပ်ပေးကြပြီးဇီကတော့အားလုံးကိုဟန်ပါပါပြုံးကာကြည့်ရင်းတီးဆိုသည်။
' .. မင်းတစ်ယောက်သာငါ့ရဲ့၊ညည့်နက်တဲ့အိမ်မက်အချစ်ရဲ့ခေါ်ဆောင်ရာ၊တရှိုက်ရှိုက်မက်မက်နဲ့မျော်လွင့်ရင်းငါ ကမ္ဘာမြေပေါ်မှာနေပျော်ခဲ့...'
Churchအတွင်းရှိလူတိုင်းကဇီ့အသံကိုမှတ်ချက်ပေးကြသည်။သာယာလှသောအသံကဤခန်းမအလယ်ကိုက်ညီလှသည်။Quရှက်တုံ့တုံ့နှင့်နေသန့်အားအကြည့်မပျက်ရှေ့သို့လျှောက်လှမ်းလာသည်။နေသန်ကQuအားကြည့်နေရင်းနှင့်ဘာမှမပြောမဆိုစတင်ကာတုန်ရီလာပြီးငိုချလေတော့သည်။မျက်ရည်များတစ်သီတစ်တန်းကြီးကျလာတော့Quကပြုံးနရင်းမှခွီးခနဲရယ်လေသည်။
နေသန့်လက်မောင်းထဲသို့သီယာQuအားထည့်လိုက်ချိန်လူတွေအားလုံးရှော့ရသွားကြသည်။ဒါပေမဲ့သူတို့မမှု။သူတို့ကိုလာပါဟုလဲမဖိတ်ထား။သူတို့ဘာသာလာသည်လေ။ဒါကိုယ့်အမှုမဟုတ်။သီယာQuနှင့်နေသန့်အားနှစ်ချက်မျှပုတ်ရင်းပြုံးပြလိုက်သည်။နေသန်ကမျက်ရည်များကိုသုတ်ကာQuအားလက်မောင်းငှားပေးသည်။
Quကပြုံးနေရင်းနှင့်မှနေသန့်မျက်နှာပေါ်ရှိမျက်ရည်များကိုသဘောတကျလာကာသုတ်ပေးသည်။နေသန်ကရပါသည်ဟုဆိုတော့Quကနေသန့်အားစကားနှစ်လုံးနှင့်အကျပ်ကိုင်လေသည်။
"ချစ်လို့"တဲ့။
' .. အရာရာငါကျေနပ်တယ်၊ဘဝတစ်ခုကိုပုံဖော်ဖို့အတွက်၊မင်းရှိမှပြည့်စုံနိုင်မယ်၊အသိစိတ်တွေနဲ့....'
ဇီ၏အေးမြသောအသံဟာကြားရသူရင်ထဲသို့လှိုင်းလုံးလေးသဖွယ်ဝင်ရောက်လို့လာသည်။ဆွဲကာဆိုနေသောအသံအေးအေးလေးဟာQuအားပီယာနိုဘက်သို့လှည့်ကြည့်စေသည်။ဇီကQuလှည့်လာမည်ကိုသိနေအလား Quအားကြိုတင်ကာခေါင်းငြိမ့်ပြသည်။Quကြောင်တောင်တောင်ဖြင့် ပြန်လည်ကာခေါင်းငြိမ့်ပြလိုက်သည်။
'...အိမ်မက်တွေထဲမှာ အိမ်မက်...'
"မင်း နေသန် ထလင်းနော့တ်ကQuဆိုတဲ့ကောင်လေးကိုအေးအတူပူအမျှတစ်သက်တာချစ်ပေးစောင့်ရှောက်ပေးနိုင်မလား ပေးနိုင်ရင်Yesလို့ပြောပေးပါ"
"...Yes!"
'....ရွှေမှုန်တွေကြဲ ဖန်သားနန်းတော်လေးထဲ...'
"မင်း Quဟာ ဒီလူသားနေသန်ထလင်းနော့တ်ဆိုတဲ့လူကိုအေးအတူပူအမျှတစ်သက်တာချစ်ပေးစောင့်ရှောက်ပေးနိုင်မလား ပေးနိုင်ရင်Yesလို့ပြောပေးပါ"
'...ဝင်လာတဲ့မင်းခြေလှမ်းတွေ ပန်းပွင့်တယ်...'
"..."
"..."
"...Qu??ပေးနိုင်မလား"
Churchတစ်ခုလုံးQu၏နှုတ်ခမ်းပေါ်အာရုံရောက်နေကြသည်။သီချင်းသံကမူလက်ရှိအခြေအနေကြီးကိုဂရုမစိုက်သည့်အလား သူ့စီးကြောင်းနှင့်အတူဆက်လို့စီးမျောနေဆဲ။
"No"
"ဟယ်!!!!"
"..Qu..."
နေသန်Quကိုစိုးရိမ်စွာကြည့်မိလိုက်သည်။သို့သော်Quကတော့အခြေအနေနှင့်မလိုက်အောင်မျက်နှာကရွှင်မြူးလို့။ပြုံးပျော်လို့။သီယာကထိတ်လန့်သွားဟန်ရှိသည်။လှုပ်လှုပ်ရွရွဖြစ်သွားသောထလင်းနော့တ်အမျိုးသမီးသုံးယောက်ကိုသီယာကစကားပြောပေးနေပြီးလီယွန်ကတော့ဘာလို့လဲဟူသောအကြည့်နှင့်Quအားကြည့်လာလေသည်။ဘုန်းတော်ကြီးကတော့ စာအုပ်ကြီးကိုင်၍အူကြောင်ကြောင်။
"...No..."
Churchတစ်ခုလုံးအပ်သံမျှမကြားရအောင်တိတ်ဆိတ်လို့သွားသည်။ထိုအခါQuထံမှလေသံအေးအေးလေးထွက်လို့လာသည်။သီချင်းကသံစဉ်လာကာရပ်လို့နေသည့်အပိုင်းတွင်..။
'...အချစ်ကြောင့်ပါပဲ...'
"ကျွန်တော် နေသန် ထလင်းနော့တ်ဆိုတဲ့လူသားကိုကျွန်တော်အသက်ရှင်နေသမျှကာလပတ်လုံး...
ကျွန်တော့်ပြက္ခဒိန်နေ့စွဲတွေမပျက်ပြယ်သေးတဲ့ကာလပတ်လုံး..သူ့ရဲ့ဝမ်းနည်းမှုတွေကိုဖယ်ရှားပေးမယ်...မျက်ရည်စက်တွေကိုအသာအယာသုတ်ပေးဖြစ်မယ်..
အေးအတူပူအမျှပင်မကရာသီဥတုဖောက်ပြန်နေလဲ သူ့ရဲ့အရိပ်မှာခိုလှုံကာ သူ့ရဲ့လစ်ဟာနေတဲ့ဘဝကြီးကို အလင်းပြပေးမယ် ဒါကြောင့်
မင်း .. နိတ် ဒီလက်နှင့်ငါ့ရဲ့ကျန်ရှိနေတဲ့ဘဝထဲကိုအတူလိုက်ပါခွင့်ပေးပါလို့တောင်းဆိုပါရစေ..."
"..."
"...လက်ခံသလားလို့ နိတ်"
သံစဉ်လေးကတငြိမ့်ငြိမ့်။ဇီကခပ်ပြုံးပြုံး။ပီယာနိုပေါ်ပြေးလွှားနေသောလက်သွယ်သွယ်လေးထဲကမြူးကြွလို့။
ဘုန်းတော်ကြီး၏အပြုံးကရင်ထဲအေးချမ်းလှသည်။စင်သီယာက 'Quရာ' ဟုညည်းတွားပြီးလီယွန်ကမျက်လုံးတွေကိုမှိတ်ကာပျံ့နှံ့နေသောချစ်ခြင်းတရားတွေကိုမျက်စိလေးမှိတ်ခေါင်းလေးငြိမ့်ကာဖြင့်ခံစားသည်။ထလင်းနော့တ်အမျိုးသမီးသုံးယောက်ကတော့ဖြင့်ရင်ထဲထိသွားပုံရသည်။ထို့အတူပင်လူတိုင်းလဲရင်ထဲရောက်သွားပုံရသည်။
နေသန်ဆွံ့အနေမိသည်။ကျန်သူတွေကတော့သတို့သားနှစ်ယောက်ကိုသာကြည့်နေမိသည်။ဇီ၏အသံလေးကပြန်လည်ထိုးထွက်လို့လာသည်။
' .. ကြယ်ပန်းလေးတွေပျိုးခဲ့
အို မင်းလေးပန်ဖို့အတွက်၊ရှိသမျှအချိန်တွေရယ်မင်းအရိပ်များထဲလွင့်ပျောက်သွားဆဲ...'
"နိတ်..."
"ဟမ် ဟမ် အင်း အင်း Yess yesss "
'...မင်းတစ်ယောက်သာငါ့ရဲ့...'
ဝူး။ဝါး......။
Quကနေသန့်အဖြေကြားတော့နေသန့်အားပြေးကာဖက်လိုက်တော့Churchတစ်ခုလုံးအံ့လဲဩသလိုပျော်ရွှင်သွားကြရသည်။လက်ခုပ်သံများ၊အားပေးသံများ၊တစ်ချို့မျက်ရည်ကျသူများနှင့်အသံတွေကပလုံစီလို့သွားသည်။
"အာ အာ ဟုတ်ပြီ ဒါဆို အခုကစပြီး အမောင်နေသန်ထလင်းနော့တ်နှင့်Quတို့ဟာတရားဝင်လင်မယားတွေဖြစ်သွားကြပါပြီ ဟဲ့ဟဲ့ လက်စွပ်တွေစွပ်ကြလေ ဘာလုပ်နေလဲ..."
ရေး!!!!!
'...ဘဝတစ်ခုကိုပုံဖော်ဖို့အတွက်...'
"Kiss Kiss Kisss!!!"
Quကလူအုပ်အသံကြောင့်ရှက်ဟန်ပြုသည်။နေသန်ကလူအုပ်ကြီးကိုအားပါးတရပြုံးပြလိုက်ကာQu၏ပါးအားရွှတ်ခနဲနေအောင်နမ်းလိုက်လေသည်။
"ရေး .. ထ ! လင်း..! နော့တ်
ထ ! လင်း..!နော့တ် .. "
နေသန်Quအားမြတ်နိုးစွာကြည့်လိုက်သည်။Quကလဲပြန်လည်ကာကြည့်ပါသည်။ထို့နောက်နှစ်ယောက်အတူနဖူးချင်းထပ်တူပြုလိုက်ကာတစ်ယောက်ကိုယ်တစ်ယောက်ဆိုလိုက်သည်။
"ကျေးဇူးပါ ငါ့အတွက်ဖြစ်တည်လာပေးလို့"
' .. ရွှေမှုန်တွေကြဲ ဖန်သားနန်းတော်လေးထဲ...'
ဝိုင်ပုလင်းများနှင့်ရွှေမှုန်များကပြန့်ကျဲလို့။လူတွေအားလုံးရွှင်မြူးကာပျော်လို့။သီချင်းသံလေးကလွင့်ပျံလို့။နေသန့် မျက်နှာထက်ဝယ်အပြုံးကြီးတစ်ပြုံးရှိလေသည်။ထိုအပြုံးကိုလဲစိတ်ချလက်ချပြုံးလိုက်သည်မှာတစ်ခဏလောက်ကသတိပေးခဲ့ဖူးတဲ့ကလေးမတစ်ယောက်ကြောင့်။နေသန် Quအားငုံ့ကာကြည့်လိုက်သည်။
သွားတွေစီတန်းကာပြုံးပျော်နေသည့်Quဟာဤကနေ့သူ၏အပိုင်တရားဝန်ဖြစ်ပြီတဲ့။နေသန်Quအားငုံ့ကာနမ်းလိုက်သည်။စတွေ့ကတည်းကကဲ့သို့ပင်စွဲမက်စရာကောင်းလှသည်။နူးညံ့ကာပျော်ဝင်စေသည်။နေသန်ရယ်ချလိုက်သည်။
နေသန်တို့သတို့သားနှစ်ဦးအပါအဝင်သူတို့အားလုံးမသိလိုက်သည်ကဤသည်ကဤသတို့သားနှစ်ယောက်၏လူ့ရှေ့တွင်ကော လူ့နောက်တွင်ကောပါနမ်းလိုက်ရသည့် နောက်ဆုံးအနမ်းဆိုတာကိုပါပဲ။
'မင်းအရိပ်များထဲလွင့်ပျောက်သွားဆဲ..'
Epilogue Song For You Guys!
Tell me why this has to end . .
Oh no,oh no . .
I Can't save us,My Atlantis,we fall
we bulit this town on shaky ground.
I Can't save us,My Atlantis oh no
we bulit it up to pull it down.
-Seafret🌻
Thanks..
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDelete