Posts

Showing posts with the label အချစ်ရေး

relationship တွေမှာ ကိုယ့်ကို စိတ်မကုန်သွားအောင် လုပ်ဖို့

Image
Unicode   အခုနောက်ပိုင်းမှာ relationship တွေက ပျက်လွယ်လာပါတယ်။အဲ့တော့ စော်ပစ်ဘဲပစ်တွေလဲ ပေါများလာပါတော့တယ် :3။ အဲ့တော့ သင်က ဘဲပစ်မဆိုပြီး သူငယ်ချင်းတွေစတာ မခံချင်ဘူးဆိုရင်တော့ သင်က အရင်ပစ်လိုက်ပါ( Just kidding)။ ကိုယ့်ကို စိတ်မကုန်သွားအောင် လုပ်ဖို့ နည်းလမ်းတွေထဲကမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 1. မာနနည်းနည်းလျှော့လိုက်ပါ Relationship တစ်ခုမှာ အရေးကြီးဆုံးပြဿနာအနေနဲ့ရှိနေတာကတော့ မာနတွေပြိုင်ကြလို့ပါပဲ။ ကိုယ့်ကချည်းပဲ အနိုင်ယူပြီး လုံး၀ သေးသေးတင်မခံဘူးဆိုရင်တော့ ဘယ်သူမဆို စိတ်ကုန်လာမှာအမှန်ပါပဲ။အဲ့တော့ တစ်ချို့နေရာတွေမှာတော့ အလျှော့ပေးသင့်ရင် အလျှော့ပေးလိုက်ပါ။ 2. သူပြောတာကို နားထောင်ပေးပါ ဒါက သိပ်အရေးမပါဘူးထင်ရပေမဲ့ တကယ်ကျ အရေးပါပါတယ်။ ဘယ်သူမဆို ကိုယ့်ကို စိတ်၀င်တစား အာရုံစိုက်ပေးတာမျိုးကိုသဘောကျပါတယ်။ သူက သူ့ရဲ့အကြောင်းကို ပြောနဲ့တဲ့အချိန်မှာ ဖြတ်မပြောပဲ သေချာနားထောင်ပေးလိုက်ပါ။ ဒါဆိုရင် သူက သင့်ကို ပိုပြီး အရေးတယူရှိလာပါလိမ့်မယ်။ 3. ချက်ကျလက်ကျ ငြင်းခုန်ပါ Relationship တွေမှာ ရန်ဖြစ်တာကတော့ အတွဲတိုင်းလိုလိုပါပဲ။ ငြင်းကြခုန်ကြတာကလဲ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ limitတော့ရှိပါစေ။ ...