relationship တွေမှာ ကိုယ့်ကို စိတ်မကုန်သွားအောင် လုပ်ဖို့
Unicode
အခုနောက်ပိုင်းမှာ relationship တွေက ပျက်လွယ်လာပါတယ်။အဲ့တော့ စော်ပစ်ဘဲပစ်တွေလဲ ပေါများလာပါတော့တယ် :3။ အဲ့တော့ သင်က ဘဲပစ်မဆိုပြီး သူငယ်ချင်းတွေစတာ မခံချင်ဘူးဆိုရင်တော့ သင်က အရင်ပစ်လိုက်ပါ( Just kidding)။ ကိုယ့်ကို စိတ်မကုန်သွားအောင် လုပ်ဖို့ နည်းလမ်းတွေထဲကမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1. မာနနည်းနည်းလျှော့လိုက်ပါ
Relationship တစ်ခုမှာ အရေးကြီးဆုံးပြဿနာအနေနဲ့ရှိနေတာကတော့ မာနတွေပြိုင်ကြလို့ပါပဲ။ ကိုယ့်ကချည်းပဲ အနိုင်ယူပြီး လုံး၀ သေးသေးတင်မခံဘူးဆိုရင်တော့ ဘယ်သူမဆို စိတ်ကုန်လာမှာအမှန်ပါပဲ။အဲ့တော့ တစ်ချို့နေရာတွေမှာတော့ အလျှော့ပေးသင့်ရင် အလျှော့ပေးလိုက်ပါ။
2. သူပြောတာကို နားထောင်ပေးပါ
ဒါက သိပ်အရေးမပါဘူးထင်ရပေမဲ့ တကယ်ကျ အရေးပါပါတယ်။ ဘယ်သူမဆို ကိုယ့်ကို စိတ်၀င်တစား အာရုံစိုက်ပေးတာမျိုးကိုသဘောကျပါတယ်။ သူက သူ့ရဲ့အကြောင်းကို ပြောနဲ့တဲ့အချိန်မှာ ဖြတ်မပြောပဲ သေချာနားထောင်ပေးလိုက်ပါ။ ဒါဆိုရင် သူက သင့်ကို ပိုပြီး အရေးတယူရှိလာပါလိမ့်မယ်။
3. ချက်ကျလက်ကျ ငြင်းခုန်ပါ
Relationship တွေမှာ ရန်ဖြစ်တာကတော့ အတွဲတိုင်းလိုလိုပါပဲ။ ငြင်းကြခုန်ကြတာကလဲ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ limitတော့ရှိပါစေ။ limit မရှိပဲ စကားကို အကုန်ပြောပစ်လိုက်မျိုး လုပ်လို့မရှိပါဘူး။ ပညာသားပါပါနဲ့ အဆုံးသတ်လိုက်တာမျိုးပဲ လုပ်သင့်ပါတယ်။ ငါမှငါမှန်တယ်ဆိုပီး ဘူးခံငြင်းရင်တော့ သင့်ကို သူက အနည်းနဲ့အများ စိတ်ကုန်လာမှာပဲ ဖြစ်ပါတယ်။
4. ငွေရေးကြေးရေးကိစ္စ
ဒီကိစ္စကတော့ ထူးပြီး ပြောစရာလိုမယ်လို့မထင်ပါဘူး။ အများစုကလဲ လုပ်ကြမယ်လို့ မထင်ပါဘူး။ Relationship တစ်ခုမှ ပိုက်ဆံကိစ္စမှာ ယောက်ျားလေးဘက်ကပဲ အကုန်ခံရမယ်ဆိုပြီး ခေါင်းထဲ စွဲနေကြပါတယ်။ အစပိုင်းမှာတော့ သင့်ကို အပြစ်မြင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကြာလာတဲ့အခါမှာတော့ ပိုက်ဆံရှိတဲ့သူကတောင် သင့်ကို တစ်မျိုး အမြင်စောင်းလာနိုင်ပါတယ်။ ဒါကြောင့်မလို့ ဟိုဘက်ကအခြေအနေကို အရင်အကဲမခတ်ပဲ ဇွတ်တရွတ်ပူဆာတာမျိုး မလုပ်သင့်ပါဘူး။
5. အကြံဉာဏ်ကောင်းတွေပေးပါ
ယောက်ျားလေးတွေတော်တော်များများက အနည်းဆုံးတစ်ခါတော့ ဘေးကျပ်နံကျပ် ဖြစ်တဲ့အခါမျိုးတွေရှိပါတယ်။ ဒီလိုအချိန်တွေမှာ သင်က သေချာပေါက် သူနဲ့ အတူတူရှိနေတဲ့ဆိုတဲ့အကြောင်းပြရပါမယ်။ သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့ ကူညီပေးနိုင်မယ်ဆိုရင်တော့ သင့်ကူညီပေးတာကို သင်မေ့သွားရင်တောင် သူကမမေ့ပဲ အမှတ်ရနေနိုင်ပါတယ်။
6. Surprises
ဟုတ်ပါတယ်။ surprisesလုပ်တာကတော့ မိန်းကလေးတွေလဲ ဒီနောက်ပိုင်းလုပ်တာက အဆန်းတော့မဟုတ်တော့ပါဘူး။ surprises ဆိုတိုင်းလဲ online page ကနေ ကျန်တဲ့ giftမှာပေးတာမျိုးပဲမဟုတ်ပဲ ကျန်တာတွေလဲလုပ်လို့ရပါတယ်။ ၀ယ်တာထက် handmade လေးတွေလုပ်ပေးတာ ကိုယ်တိုင်မုန့်လုပ်ပေးတာမျိုးတွေက ပိုပြီးထိရောက်ပါတယ်။
7. Objectives
Relationship တစ်ခုမှ အသေးအဖွဲ objectives လေးတွေကလဲ အရေးပါပါတယ်။ နှစ်ယောက်သား အသေးအဖွဲ Relationship goals လေးတွေလုပ်ကြည့်ပါ။ သင်က ဘယ်လိုပုံစံ Relationship မျိုးကို အလိုရှိတယ်ဆိုတာ သူသိအောင်ပြပေးပါ။ အသေးအဖွဲကိစ္စလေးတွေကနေ တစ်ဆင့် သူ့အပေါ်ဘယ်လောက်လေးနက်တဲ့ အကြောင်းပြပေးပါ။
သင်က ဒါတွေကိုလဲ အကုန်လုပ်တယ်။ သူ့အပေါ်လဲ အကုန်ကောင်းပေးခဲ့တယ်။ ဒါတောင်မှ သင့်ကိုပစ်ထားခဲ့တယ်ဆိုရင်တော့ just let it be ပါ။ You don't deserve that kind of man ပါပဲ။ သင်က အဲ့လူထက်ပိုကောင်းတဲ့လူနဲ့ ဆုံရမှာမလို့ပဲ တွေးလိုက်ပါ။
Zawgyi
အခုေနာက္ပိုင္းမွာ relationship ေတြက ပ်က္လြယ္လာပါတယ္။အဲ့ေတာ့ ေစာ္ပစ္ဘဲပစ္ေတြလဲ ေပါမ်ားလာပါေတာ့တယ္ :3။ အဲ့ေတာ့ သင္က ဘဲပစ္မဆိုၿပီး သူငယ္ခ်င္းေတြစတာ မခံခ်င္ဘူးဆိုရင္ေတာ့ သင္က အရင္ပစ္လိုက္ပါ( Just kidding)။ ကိုယ့္ကို စိတ္မကုန္သြားေအာင္ လုက္ဖို႔ နည္းလမ္းေတြထဲကမွ အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
1. မာနနည္းနည္းေလွ်ာ့လိုက္ပါ
Relationship တစ္ခုမွာ အေရးႀကီးဆုံးျပႆနာအေနနဲ႕ရွိေနတာကေတာ့ မာနေတြၿပိဳင္ၾကလို႔ပါပဲ။ ကိုယ့္ကခ်ည္းပဲ အနိုင္ယူၿပီး လုံး၀ ေသးေသးတင္မခံဘူးဆိုရင္ေတာ့ ဘယ္သူမဆို စိတ္ကုန္လာမွာအမွန္ပါပဲ။အဲ့ေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ အေလွ်ာ့ေပးသင့္ရင္ အေလွ်ာ့ေပးလိုက္ပါ။
2. သူေျပာတာကို နားေထာင္ေပးပါ
ဒါက သိပ္အေရးမပါဘူးထင္ရေပမဲ့ တကယ္က် အေရးပါပါတယ္။ ဘယ္သူမဆို ကိုယ့္ကို စိတ္၀င္တစား အာ႐ုံစိုက္ေပးတာမ်ိဳးကိုသေဘာက်ပါတယ္။ သူက သူ႕ရဲ႕အေၾကာင္းကို ေျပာနဲ႕တဲ့အခ်ိန္မွာ ျဖတ္မေျပာပဲ ေသခ်ာနားေထာင္ေပးလိုက္ပါ။ ဒါဆိုရင္ သူက သင့္ကို ပိုၿပီး အေရးတယူရွိလာပါလိမ့္မယ္။
3. ခ်က္က်လက္က် ျငင္းခုန္ပါ
Relationship ေတြမွာ ရန္ျဖစ္တာကေတာ့ အတြဲတိုင္းလိုလိုပါပဲ။ ျငင္းၾကခုန္ၾကတာကလဲ အဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ limitေတာ့ရွိပါေစ။ limit မရွိပဲ စကားကို အကုန္ေျပာပစ္လိုက္မ်ိဳး လုပ္လို႔မရွိပါဘူး။ ပညာသားပါပါနဲ႕ အဆုံးသတ္လိုက္တာမ်ိဳးပဲ လုပ္သင့္ပါတယ္။ ငါမွငါမွန္တယ္ဆိုပီး ဘူးခံျငင္းရင္ေတာ့ သင့္ကို သူက အနည္းနဲ႕အမ်ား စိတ္ကုန္လာမွာပဲ ျဖစ္ပါတယ္။
4. ေငြေရးေၾကးေရးကိစၥ
ဒီကိစၥကေတာ့ ထူးၿပီး ေျပာစရာလိုမယ္လို႔မထင္ပါဘူး။ အမ်ားစုကလဲ လုပ္ၾကမယ္လို႔ မထင္ပါဘူး။ Relationship တစ္ခုမွ ပိုက္ဆံကိစၥမွာ ေယာက္်ားေလးဘက္ကပဲ အကုန္ခံရမယ္ဆိုၿပီး ေခါင္းထဲ စြဲေနၾကပါတယ္။ အစပိုင္းမွာေတာ့ သင့္ကို အျပစ္ျမင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ၾကာလာတဲ့အခါမွာေတာ့ ပိုက္ဆံရွိတဲ့သူကေတာင္ သင့္ကို တစ္မ်ိဳး အျမင္ေစာင္းလာနိုင္ပါတယ္။ ဒါေၾကာင့္မလို႔ ဟိုဘက္ကအေျခအေနကို အရင္အကဲမခတ္ပဲ ဇြတ္တ႐ြတ္ပူဆာတာမ်ိဳး မလုပ္သင့္ပါဘူး။
5. အႀကံဉာဏ္ေကာင္းေတြေပးပါ
ေယာက္်ားေလးေတြေတာ္ေတာ္မ်ားမ်ားက အနည္းဆုံးတစ္ခါေတာ့ ေဘးက်ပ္နံက်ပ္ ျဖစ္တဲ့အခါမ်ိဳးေတြရွိပါတယ္။ ဒီလိုအခ်ိန္ေတြမွာ သင္က ေသခ်ာေပါက္ သူနဲ႕ အတူတူရွိေနတဲ့ဆိုတဲ့အေၾကာင္းျပရပါမယ္။ ေသခ်ာစဥ္းစားၿပီး ဆုံးျဖတ္ခ်က္ခ်ဖိဳ႕ ကူညီေပးနိုင္မယ္ဆိုရင္ေတာ့ သင့္ကူညီေပးတာကို သင္ေမ့သြားရင္ေတာင္ သူကမေမ့ပဲ အမွတ္ရေနနိုင္ပါတယ္။
6. Surprises
ဟုတ္ပါတယ္။ surprisesလုပ္တာကေတာ့ မိန္းကေလးေတြလဲ ဒီေနာက္ပိုင္းလုပ္တာက အဆန္းေတာ့မဟုတ္ေတာ့ပါဘူး။ surprises ဆိုတိုင္းလဲ online page ကေန က်န္တဲ့ giftမွာေပးတာမ်ိဳးပဲမဟုတ္ပဲ က်န္တာေတြလဲလုပ္လို႔ရပါတယ္။ ၀ယ်တာထက် handmade ေလးေတြလုပ္ေပးတာ ကိုယ္တိုင္မုန႔္လုပ္ေပးတာမ်ိဳးေတြက ပိုၿပီးထိေရာက္ပါတယ္။
7. Objectives
Relationship တစ္ခုမွ အေသးအဖြဲ objectives ေလးေတြကလဲ အေရးပါပါတယ္။ ႏွစ္ေယာက္သား အေသးအဖြဲ Relationship goals ေလးေတြလုပ္ၾကည့္ပါ။ သင္က ဘယ္လိုပုံစံ Relationship မ်ိဳးကို အလိုရွိတယ္ဆိုတာ သူသိေအာင္ျပေပးပါ။ အေသးအဖြဲကိစၥေလးေတြကေန တစ္ဆင့္ သူ႕အေပၚဘယ္ေလာက္ေလးနက္တဲ့ အေၾကာင္းျပေပးပါ။
သင္က ဒါေတြကိုလဲ အကုန္လုပ္တယ္။ သူ႕အေပၚလဲ အကုန္ေကာင္းေပးခဲ့တယ္။ ဒါေတာင္မွ သင့္ကိုပစ္ထားခဲ့တယ္ဆိုရင္ေတာ့ just let it be ပါ။ You don't deserve that kind of man ပါပဲ။ သင္က အဲ့လူထက္ပိုေကာင္းတဲ့လူနဲ႕ ဆုံရမွာမလို႔ပဲ ေတြးလိုက္ပါ။






ဟုတ် ကိုကိုးးးး😉
ReplyDeletegood.
ReplyDeleteDonated by reading hehe
ReplyDeleteDone
ReplyDeleteကလိပီး
ReplyDeleteငွေရေးကြေးရေးကိစ္စဆို လူတော်တော်များများက ယောကျ်ာလေးဘက်ကပဲ အကုန်ကျခံရမယ်လို့မှတ်ထားကြတာ ပြီးတော့ စိတ်ဆိုးစိတ်ကောက်ကြလျှင်ရောပဲ ဘယ်သူမှားမှား ယောကျ်ားလေးဘက်က စချော့ရမယ်ဆိုတာမျိုး၊ဘယ်လိုကြီးမှန်းလဲမသိပါဘူး
ReplyDeleteDone 💪
ReplyDeleteDone 🤍
ReplyDeleteဒီလိုမျိုးနားလည်ပေးတတ်တဲ့သူကျ ဘာလို့ကောင်လေးမရတာလဲ
ReplyDeleteဘယ်လိုပဲချစ်ပေးပေးအပစ်ခံခဲ့ရတယ်🤭
ReplyDelete🤔
ReplyDeleteဘယ်အရာမှမမြဲ
ReplyDeletecrushဆီက အဖြေပြန်ရနည်းပဲသိချင်တယ်
ReplyDeleteHehe🐬🐬🐬🐬
ReplyDeleteFA မႀကီး ဖတိသြားသည္
ReplyDeleteDone
ReplyDelete