A Sweven Elegy from Nature - Chapter (26)

 Unicode


အခန်း (၂၆)


"Qu.."


မျက်လုံးလေးတွေပွင့်လာတာကခပ်မှေးမှေး။နှုတ်ခမ်းအထက်မှာအပြုံးစလေးတွေရှိနေသေးပေမယ့်ပြာနှမ်း၍ဖြူဆွတ်လို့နေသည်မှာကြည့်လို့ပင်မကောင်း။လူမမာတစ်ယောက်ထက်ဆိုးရွားနေသည်ဟုပြောလျှင်ယုံမည်လားမသိ။ခန္ဓာကိုယ်ထက်မှစွမ်းအင်တွေ၊ဆဲလ်တွေကိုစုပ်ယူနေတာဖြစ်သည့်အတွက်တစ်နေ့ထက်တစ်နေ့ပိုဆိုးလာခြင်းပင်ဖြစ်သည်။


"မ...ငို..ပါ..နဲ့..."


Quဆီမှအသံခပ်ယဲ့ယဲ့လေးထွက်လို့လာသည်။သီယာမျက်ရည်တွေကိုလက်ဖနောင့်နှင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ကာခေါင်းကိုငြိမ့်ပြလာသည်။နောက်Qu၏လက်ကလေးကိုသူမပါးနားသို့အပ်ကာနှာခေါင်းနှင့်တို့ကာနမ်းရှိုက်လိုက်သောစင်သီယာကြောင့်Quတစ်ယောက်ပြုံးလာပေသည်။ဒီတစ်ခါတော့အပြုံးကလှပါသည်။သီယာ Qu၏နဖူးလေးကိုသပ်ကာဆံပင်တွေကိုပြင်ပေးနေမိသည်။


ဘာလို့ဒါတွေလုပ်နေမှန်းမသိလုပ်နေမိသည်။သူမအရမ်း၊အရမ်းခံစားရခက်လှသည်။ရှင်လျက်နှင့်သေနေသည်ဆိုသည်မှာသူမအားအမြဲခြိမ်းခြောက်တတ်သောအိမ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ဖူး၏။ယခုတော့ဒီအိမ်မက်ဆိုးကြီးကိုQuကခံစားနေရသည်။


"အဆင်ပြေသွားမှာနော် Qu သီယာရှိတယ်

နိတ်လဲရှိတယ် လီယွန်လဲရှိတယ် မင်းအဆင်ပြေအောင်သာနေ ငါတို့အကုန်ရှိတယ်"


"..."


Quကအသာအယာခေါင်းငြိမ့်ပြသည်။သီယာပြုံးပြလိုက်သည်။ထို့နောက်ကုန်သွားပြီဖြစ်သောကြက်စွတ်ပြုတ်ပန်းကန်လေးကိုမကာပြန်လည်ကာမျက်လုံးမှိတ်သွားသည့်Quအားတစ်ချက်ကြည့်ရင်းအခန်းထဲမှတိတ်တဆိတ်ထွက်လာခဲ့သည်။အောက်ကိုရောက်တော့နေသန့်ကိုတွေ့ရသည်။Quထိုင်နေကျဆိုဖာလေးပေါ်မှာကျုံ့ကျုံ့လေးထိုင်နေသည်။


မျက်လုံးများကအေးစက်ကာမှင်သေလို့နေပြီးလက်နှစ်ဖက်ကQuခေါင်းအုံးတစ်လုံးကိုပွေ့ပိုက်ထားသည်။ပါးစပ်ကစကားလုံးတစ်လုံးကိုသာရေရွတ်နေပြီး ထိုစကားလုံးမှာမည်သည်ဖြစ်ကြောင်းခန့်မှန်းစရာပင်မလို။စင်သီယာသက်ပြင်းချကာအောက်သို့ဆင်းလာခဲ့သည်။


ကိုင်လာသည့်စွတ်ပြုတ်ပန်းကန်ကိုဘေစင်ပေါ်သို့ချလိုက်ပြီးနောက်နေသန့်မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင်အသာအယာဝင်၍ထိုင်လိုက်သည်။နေသန်ကတစ်ချက်မျက်လုံးများကိုရွေ့ကာကြည့်လာပါသည်။သို့သော်ပြောသည့်အတိုင်းပင်တစ်ခဏမျှတာ။


"ကျွန်တော်အဲ့​ေ*ာက်သမင်ကိုသွားသတ်မယ် သိလား သီယာ"


"..."


"အဲ့သစ်တောကိုလဲမီးရှို့မယ် ဒီအိမ်ကြီးကိုလဲမီးရှို့မယ် ပြီးရင်Quကိုအဝေးဆုံးကိုခေါ်ထုတ်သွားမယ်..."


ကြားရသည်မှာစိတ်မချမ်းသာရ။စင်သီယာလက်နှစ်ဖက်ကိုကိုယ့်ဘာသာပွတ်ကာ စကားစရှာရန်စဉ်းစားနေမိသည်။နေသန်ကဆက်ကာပြောလာသည်။


"တကယ်လို့ကျွန်တော်ကျန်သေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်ပစ်လိုက်မယ်.."


"နိတ် ..."


"ဘာလဲ သီယာ မှန်သွားလို့လား အရှိုက်ထိသွားလို့လား အမှန်တရားကခါးတယ်လို့ဆိုပဲ ကျွန်တော်တော့အရသာကိုမတွေ့မိသေးပေါင် အဟက်"


"..နိတ် မင်းအဲ့ဒီလိုတွေလုပ်ရင်ပိုဆိုးသွားမယ်ဆိုတာမင်းသိပါတယ် အဲ့သမင်ကသဘာဝရဲ့spirit animalဆို အဲ့သစ်တောက Quမွေးဖွားခဲ့တဲ့နေရာဆိုအဲ့တာတွေနဲ့Quကတစ်ဆက်တည်းလေ နိတ် ဒါတွေမင်းမသိတာလဲမဟုတ်ဘဲနဲ့ "


"..."


"ပြီးတော့ မင်းကိုယ့်ကိုယ်ကိုယ်သတ်လိုက်တာမပြောနဲ့ မင်းငိုရင်တောင်အိပ်ရာပေါ်ကဆင်းလာတဲ့သူကမင်းကိုယ့်ကိုယ်ကိုယ်သတ်မှာကိုကြည့်နေမယ်ထင်လား သူလဲလိုက်.."


"...."


နေသန့်ဆီကတုံ့ပြန်မှုကမဲ့နေဆဲ။စင်သီယာစကားကိုအဆုံးမသတ်ဘဲထားလိုက်သည်။ဆိုလိုရင်းကိုနှစ်ယောက်လုံးသိပါသည်။နေသန်Quဆီသို့သွားမကြည့်တာတစ်လကျော်နီးပါးလောက်တောင်ရှိပြီ။သူ့ကိုတွေ့ရင်ပိုပိုဆိုးသွားသောQuကြောင့်နေသန်သွားမတွေ့ရန်ဆုံးဖြတ်လိုက်ခြင်း။


ထိုသို့ဆုံးဖြတ်လိုက်သည်ကနေသန့်အားပို၍အခြေအနေဆိုးသွားစေသည်။Quကနေသန့်အားခဏခဏမေးပါသည်။ထိုအချိန်များတွင်စင်သီယာမည်သို့ဖြေရမည်မသိ၍သူအဆင်ပြေပါသည်ဆိုသည့်ကျပန်းစကားလုံးကိုသာခေတ္တငှားသုံးဖြစ်ခဲ့သည်။


ကျွီ။


တံခါးပွင့်လာသံကြားတာကြောင့်စင်သီယာအရှေ့တံခါးဆီသို့မျက်နှာလှည့်မိလိုက်သည်။မည်သူမှဝင်မလာသလိုပွင့်လဲမလာသောကြောင့်စင်သီယာမျက်လုံးများပြူးမိသွားသည်။ဒီအိမ်မှာတံခါးနှစ်လက်သာရှိသည်။ထိုသည်မှာအိမ်ရှေ့တံခါနှင့်မြေအောက်ခန်းတံခါး။အိမ်ရှေ့တံခါးမှမဟုတ်လျှင်ယခုပွင့်သွားသည်က။နေသန့်မျက်လုံးတွေရွေ့လျားလို့သွားသည်။


မြေအောက်ခန်းတံခါးဆီမှထွက်လာသောလီယွန်ကသူ့အားစိုက်ကြည့်နေသောစင်သီယာနှင့်စုတ်ပြတ်နေပေသောနေသန့်ကိုမြင်တော့ဘာမျှမပြောဘဲရုပ်တည်ကြီးနှင့်ပင်တံခါးကိုခြေနှင့်ဆောင့်ပိတ်လိုက်သည်။လီယွန်သည်လဲဒီတလောအပြောအဆိုအဆက်အဆံနည်းလာသည်။


ဟိုတစ်ပတ်ကတည်းကပျောက်သွားသည်ကိုသတိထားမိပေမယ့်အခြေအနေအမျိုးမျိုးကြောင့်သိပ်ပြီးဂရုမစိုက်မိ။ယခုမှအဖြေပေါ်သည်။မြေအောက်ခန်းထဲသို့ဆင်းနေခြင်း။


လီယွန်လမ်းကိုဖြည်းညှင်းစွာလျှောက်လာသည်။ထို့နောက်သူ၏ဆိုဖာပေါ်သို့လှစ်ခနဲခုန်တက်လိုက်ပြီးခန္ဓာကိုယ်လေးကိုကွေးကာသက်ပြင်းချသည်။ထို့နောက်အိပ်စက်မည်ပြုသည်။သို့သော်မျက်ဝန်းများထဲမှမျက်ရည်တစ်စက်ကလီယွန့်ခြေဖဝါးလေးပေါ်သို့ပေါက်ခနဲကျကာသွားသည်။လီယွန်ထိုမျက်ရည်ပေါက်လေးကိုငေးမောကာကြည့်နေသည်။နေသန်ကခနဲ့စွာရယ်သည်။သီယာကခပ်ယဲ့ယဲ့သာပြုံးဖြစ်သည်။


"ကြိုတင်နှုတ်ဆက်ထားကြပါတဲ့"


လီယွန့်ဆီမှလူစကားသံပထမဆုံးကြားရတာဖြစ်သည်။စင်သီယာကအံ့ဩသွားသည်။နေသန်ကတစ်ချက်တုံ့ခနဲဖြစ်သွားပြီး နောက်မှအော်ကြီးဟစ်ကျယ်ထကာရယ်ပေတော့သည်။စင်သီယာမျက်နှာကစကားအဓိပ္ပာယ်နားလည်လိုက်သည်နှင့်ချက်ချင်းညှိုးကာကျသွားသည်။လီယွန်ကနေသန့်အားကြည့်ရင်းစိတ်မကောင်းဟန်ရှိသည်။ထို့နောက်သူသည်လည်းခွေခွေလေးရင်ကွဲနာကျကာတိတ်တဆိတ် အိပ်စက်ဟန်ပြုလို့သွားသည်။


‎                           𐮜 𐮜 𐮜


Netherland,Volant Aera

December,Winter

One Cold deep night . .


"ငါတို့လုပ်ရမှာကငါတို့ပေးထားသေးတဲ့အချိန်တွေကိုကောင်းကောင်းအသုံးချဖို့ပဲ"


လီယွန်၊နေသန်၊စင်သီယာနှင့်Quတို့တစ်စုတစ်စည်းတည်းအိမ်လေး၏ထပ်ခိုးအထပ်တွင်ရှိနေကြသည်။Quကအိပ်ယာထက်လဲလျောင်းလို့နေပြီး စင်သီယာကဘေးနားရှိခုံတွင်စွပ်ပြုတ်ပန်းကန်လေးအားကိုင်ကာဖြင့်ထိုင်နေသည်။


လီယွန်ကQu၏ခြေရင်းတွင်ခွေခွေလေးရှိနေပြီးစကားဝိုင်းကိုနားထောင်နေသည်။နေသန်ကတော့တံခါးဝတွင်မတ်တပ်ကြီးရပ်လို့နေပြီးQuအားမကြည့်ဘဲအောက်သို့တည့်တည့်မတ်မတ်စိုက်ကြည့်နေသည်။


Quနေသန့်အားလအနည်းငယ်ကြာသည်ထိမမြင်ရ၍ယခုတွေ့တော့ရွှင်မြူးနေမိသည်။နှလုံးနေရာကအောင့်ကာတဆစ်ဆစ်တိုက်စားနေပေလို့ပေမယ့်Quအပြုံးတွေကတော့အမှန်တကယ်အသက်ဝင်လို့နေသည်မှာသေချာသည်။


ဟိုတစ်နေ့ကQu၏တောင်းဆိုချက်တစ်ခုတောင်းဆိုခြင်းသည်ဟုပြောသည်။ဆိုသောကြောင့်ယနေ့လေးယောက်စုဝေးနေခြင်းဖြစ်သည်။


"ငါ .. နေသန်နဲ့လက်ထပ်ချင်တယ်"


"...????"


"..!!!!"


"..Quu.."


တုံ့ပြန်မှုသုံးရပ်ကိုQuကယခုအချိန်တွင်အလှပဆုံးဆိုသည့်အပြံးနှင့်ပြုံးကာဆိုသည်။စင်သီယာတွေဝေသွားဟန်ရှိပြီးလီယွန်ကအလွန့်အလွန်အံ့ဩသွားဟန်ရှိသည်။နေသန်ကတော့မျက်လုံးများပြူးကျယ်သွားကာလပေါင်းများစွာကြာပြီးမှQuနှင့်ပထမဆုံးအကြိမ်အကြည့်ချင်းဆုံဖြစ်သည်။


"ဝါး .. ခံစားလို့ကောင်းလိုက်တာ"


ထိုစကားသည်Quဆီမှထွက်လာခြင်းဖြစ်သည်။နေသန်သူ့ကိုလန့်ကာကြည့်မည်ကိုရိပ်မိနေသည့်အလားသူနှင့်မျက်လုံးချင်းဆုံသည်ကိုစောင့်ကာဆုံစေလိုက်ပြီးနောက် ရုတ်တရက်ဆန်စွာထွက်လာသောစကားစုတစ်ခုဖြစ်သည်။နေသန်ကချက်ချင်းမျက်လွှာကိုအောက်သို့ပြန်ချလိုက်သည်။


Quကစကားပြောအပြီးမှာပဲဘေးသို့လှည့်ကာသွေးအန်ခွက်ထဲသို့သွေးတစ်ချို့ထွေးထုတ်လိုက်သည်။စင်သီယာQuပါးစပ်မှသွေးစတွေကိုပုဝါဖြူလေးနှင့်သုတ်ပေးလိုက်သည်။နီစွတ်နေပြီဖြစ်သောပုဝါဖြူလေးနှင့်။


"နော်.."


"မရဘူး!!!"


"ဘာလို့လဲ"


"မ..ရ...ဘူး...!!!!"


ခက်ထန်သောတုံ့ပြန်သံနှစ်ရပ်လုံးကနေသန့်ဆီမှသာဖြစ်သည်။Quဝမ်းနည်းလို့သွားသည်။သူ့အတွေးတွင်သူမရှိတော့လျှင်နောက်ထပ်သူနှင့်အခြေချမည်တွင်နာမည်ဆိုးရမည်ဆိုး၍တားနေခြင်းဟုမဟုတ်ကဟုတ်ကထင်သွားလေသည်။ယခုလဲလာကာသိပ်မကြည့်တော့သဖြင့်သေချာသွားပါပြီဟုစိတ်ထဲကရေရွတ်လိုက်တော့ လီယွန့်နားရွက်တွေထထောင်လာကာအတင်းခေါင်းရမ်းကာပြလာလေတော့သည်။


ရုတ်တရက်ဖြစ်သောကြောင့်Quကဘာဖြစ်သလဲဟုလီယွန့်အားမေးသည်။စင်သီယာကထူးဆန်းစွာကြည့်တော့လီယွန်ကစကားဆိုလာသည်။


"မဟုတ်ဘူး မဟုတ်ဘူး နေသန်ကမင်းသူနဲ့ရှိရင်နေရခက်မှာဆိုးလို့ အခုတားနေတာကလဲ မင်းအတွက် မင်းမလုပ်နိုင်မှာဆိုးလို့ Quမင်းတွေးနေတာတွေတစ်ခုမှမဟုတ်ဘူးနော်"


"..."


"သူကဘာတွေးနေလို့လဲ"


"..."


လီယွန်ကတုံ့ဆိုင်းဟန်ပြသည်။နေသန်မျက်မှောင်ကိုကုတ်လိုက်ကာခက်ထန်စွာအမိန့်ပေးလိုက်သည်။တကယ်တမ်းအခြေအနေတွေဟာQuနေမကောင်းလာကတည်းကဆိုးဝါးလာသည်ဖြစ်သည်။နေသန်ပြောင်းလဲလာပုံများ၊စင်သီယာအမြဲတမ်းငေးငိုင်နေပုံများ၊သူကိုယ်တိုင်ကိုယ်ကျလဲရုပ်တည်လာတာများနေသည်များ။


"ပြော လီယွန်"


"သူ သူက မင်းသူ့ကိုမချစ်တော့ဘူးထင်နေတာ မင်းလက်မထက်ချင်တာ မင်းတခြားတစ်ယောက်နှင့်သူမရှိရင် လက်ထပ်တဲ့အချိန် နာမည်ပျက်မှာဆိုး..."


ဘုန်း!!!!ဒိုင်း!!!!!


"ဟာကွာာာာာ ငါ-ီးဟာကွာ အကုန် အကုန်လုံး-ီးပဲ F***!! Mother F***ing f***!!ငါ...***"


ချက်ချင်းထကာတံခါးတွေထုပစ္စည်းတွေကောက်ခွဲလိုက်သောကြောင့်Quတုန်ကာတက်သွားသည်။စင်သီယာကပစ္စည်းမှန်မည်ဆိုး၍Quအားကိုယ်နှင့်ဝင်ကာပေးလိုက်သည်။လီယွန်ကခါးမတ်ကာကြည့်လာသည်။


"..."


"..."


"......."


နေသန့်လက်တွေမှတစ်ဆင့်စီးကျလာတဲ့သွေးစက်သွေးပေါက်တွေကြမ်းပြင်ပေါ်ကိုတစ်ပေါက်ပေါက်ကျနေသည်မှလွဲ၍အခန်းထဲ၌ကျန်သည့်အသံမကြားရ။နေသန်Quအားမျက်ဝန်းများဖြင့်စိုက်ကြည့်လာသည်။Quအမှန်တကယ်ကိုကြောက်သွားရှာသည်။သူနေသန့်ကိုဒီလိုပုံစံတွေမမြင်ချင်ဆုံးဖြစ်သည်။နေသန်ကအေးစက်စွာဆိုလာသည်။သို့သော်ထိုအသံထဲတွေဝမ်းနည်းမှုတွေစွက်ဖက်လို့နေသည်မှာQuသာသိသည်။


"မင်းမလို့တွေးရက်တယ်ကွာ..."


အနာဂတ် နေသန်ထလင်းနော့တ်ဆီမှ . .


Sometimes I don't want to heal(chuckles)because the pain is the last connection to what I've lost .. (quiet)I miss you Qu.And I love to miss you.


-NATHANIAL

 

I couldn't heal because I kept pretending it wasn't hurt.Actually it hurts .. right here in this left corner.The pain.It was just a short time we've spent together in my house.But .. I see him everyday.Oh it damn hurts.(cries)


-CYNTHIA


you don't know PAIN.

until you sat and begged god to heal your heart.But unfortunately this is the god will.What can we do.


-LEON





Zawgyi

အခန္း (၂၆)

"Qu.."

မ်က္လုံးေလးေတြပြင့္လာတာကခပ္ေမွးေမွး။ႏႈတ္ခမ္းအထက္မွာအၿပဳံးစေလးေတြရွိေနေသးေပမယ့္ျပာႏွမ္း၍ျဖဴဆြတ္လို႔ေနသည္မွာၾကည့္လို႔ပင္မေကာင္း။လူမမာတစ္ေယာက္ထက္ဆိုး႐ြားေနသည္ဟုေျပာလွ်င္ယုံမည္လားမသိ။ခႏၶာကိုယ္ထက္မွစြမ္းအင္ေတြ၊ဆဲလ္ေတြကိုစုပ္ယူေနတာျဖစ္သည့္အတြက္တစ္ေန႔ထက္တစ္ေန႔ပိုဆိုးလာျခင္းပင္ျဖစ္သည္။

"မ...ငို..ပါ..နဲ႔..."

Quဆီမွအသံခပ္ယဲ့ယဲ့ေလးထြက္လို႔လာသည္။သီယာမ်က္ရည္ေတြကိုလက္ဖေနာင့္ႏွင့္ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္ကာေခါင္းကိုၿငိမ့္ျပလာသည္။ေနာက္Qu၏လက္ကေလးကိုသူမပါးနားသို႔အပ္ကာႏွာေခါင္းႏွင့္တို႔ကာနမ္းရႈိက္လိုက္ေသာစင္သီယာေၾကာင့္Quတစ္ေယာက္ၿပဳံးလာေပသည္။ဒီတစ္ခါေတာ့အၿပဳံးကလွပါသည္။သီယာ Qu၏နဖူးေလးကိုသပ္ကာဆံပင္ေတြကိုျပင္ေပးေနမိသည္။

ဘာလို႔ဒါေတြလုပ္ေနမွန္းမသိလုပ္ေနမိသည္။သူမအရမ္း၊အရမ္းခံစားရခက္လွသည္။ရွင္လ်က္ႏွင့္ေသေနသည္ဆိုသည္မွာသူမအားအၿမဲၿခိမ္းေျခာက္တတ္ေသာအိမ္မက္ဆိုးႀကီးတစ္ခုျဖစ္ခဲ့ဖူး၏။ယခုေတာ့ဒီအိမ္မက္ဆိုးႀကီးကိုQuကခံစားေနရသည္။

"အဆင္ေျပသြားမွာေနာ္ Qu သီယာရွိတယ္
နိတ္လဲရွိတယ္ လီယြန္လဲရွိတယ္ မင္းအဆင္ေျပေအာင္သာေန ငါတို႔အကုန္ရွိတယ္"

"..."

Quကအသာအယာေခါင္းၿငိမ့္ျပသည္။သီယာၿပဳံးျပလိုက္သည္။ထို႔ေနာက္ကုန္သြားၿပီျဖစ္ေသာၾကက္စြတ္ျပဳတ္ပန္းကန္ေလးကိုမကာျပန္လည္ကာမ်က္လုံးမွိတ္သြားသည့္Quအားတစ္ခ်က္ၾကည့္ရင္းအခန္းထဲမွတိတ္တဆိတ္ထြက္လာခဲ့သည္။ေအာက္ကိုေရာက္ေတာ့ေနသန႔္ကိုေတြ႕ရသည္။Quထိုင္ေနက်ဆိုဖာေလးေပၚမွာက်ဳံ႕က်ဳံ႕ေလးထိုင္ေနသည္။

မ်က္လုံးမ်ားကေအးစက္ကာမွင္ေသလို႔ေနၿပီးလက္ႏွစ္ဖက္ကQuေခါင္းအုံးတစ္လုံးကိုေပြ႕ပိုက္ထားသည္။ပါးစပ္ကစကားလုံးတစ္လုံးကိုသာေရ႐ြတ္ေနၿပီး ထိုစကားလုံးမွာမည္သည္ျဖစ္ေၾကာင္းခန႔္မွန္းစရာပင္မလို။စင္သီယာသက္ျပင္းခ်ကာေအာက္သို႔ဆင္းလာခဲ့သည္။

ကိုင္လာသည့္စြတ္ျပဳတ္ပန္းကန္ကိုေဘစင္ေပၚသို႔ခ်လိုက္ၿပီးေနာက္ေနသန႔္မ်က္ႏွာခ်င္းဆိုင္ဆိုဖာေပၚတြင္အသာအယာဝင္၍ထိုင္လိုက္သည္။ေနသန္ကတစ္ခ်က္မ်က္လုံးမ်ားကိုေ႐ြ႕ကာၾကည့္လာပါသည္။သို႔ေသာ္ေျပာသည့္အတိုင္းပင္တစ္ခဏမွ်တာ။

"ကြၽန္ေတာ္အဲ့​ေ*ာက္သမင္ကိုသြားသတ္မယ္ သိလား သီယာ"

"..."

"အဲ့သစ္ေတာကိုလဲမီးရႈိ႕မယ္ ဒီအိမ္ႀကီးကိုလဲမီးရႈိ႕မယ္ ၿပီးရင္Quကိုအေဝးဆုံးကိုေခၚထုတ္သြားမယ္..."

ၾကားရသည္မွာစိတ္မခ်မ္းသာရ။စင္သီယာလက္ႏွစ္ဖက္ကိုကိုယ့္ဘာသာပြတ္ကာ စကားစရွာရန္စဥ္းစားေနမိသည္။ေနသန္ကဆက္ကာေျပာလာသည္။

"တကယ္လို႔ကြၽန္ေတာ္က်န္ေသးတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္သတ္ပစ္လိုက္မယ္.."

"နိတ္ ..."

"ဘာလဲ သီယာ မွန္သြားလို႔လား အရႈိက္ထိသြားလို႔လား အမွန္တရားကခါးတယ္လို႔ဆိုပဲ ကြၽန္ေတာ္ေတာ့အရသာကိုမေတြ႕မိေသးေပါင္ အဟက္"

"..နိတ္ မင္းအဲ့ဒီလိုေတြလုပ္ရင္ပိုဆိုးသြားမယ္ဆိုတာမင္းသိပါတယ္ အဲ့သမင္ကသဘာဝရဲ႕spirit animalဆို အဲ့သစ္ေတာက Quေမြးဖြားခဲ့တဲ့ေနရာဆိုအဲ့တာေတြနဲ႔Quကတစ္ဆက္တည္းေလ နိတ္ ဒါေတြမင္းမသိတာလဲမဟုတ္ဘဲနဲ႔ "

"..."

"ၿပီးေတာ့ မင္းကိုယ့္ကိုယ္ကိုယ္သတ္လိုက္တာမေျပာနဲ႔ မင္းငိုရင္ေတာင္အိပ္ရာေပၚကဆင္းလာတဲ့သူကမင္းကိုယ့္ကိုယ္ကိုယ္သတ္မွာကိုၾကည့္ေနမယ္ထင္လား သူလဲလိုက္.."

"...."

ေနသန႔္ဆီကတုံ႔ျပန္မႈကမဲ့ေနဆဲ။စင္သီယာစကားကိုအဆုံးမသတ္ဘဲထားလိုက္သည္။ဆိုလိုရင္းကိုႏွစ္ေယာက္လုံးသိပါသည္။ေနသန္Quဆီသို႔သြားမၾကည့္တာတစ္လေက်ာ္နီးပါးေလာက္ေတာင္ရွိၿပီ။သူ႔ကိုေတြ႕ရင္ပိုပိုဆိုးသြားေသာQuေၾကာင့္ေနသန္သြားမေတြ႕ရန္ဆုံးျဖတ္လိုက္ျခင္း။

ထိုသို႔ဆုံးျဖတ္လိုက္သည္ကေနသန႔္အားပို၍အေျခအေနဆိုးသြားေစသည္။Quကေနသန႔္အားခဏခဏေမးပါသည္။ထိုအခ်ိန္မ်ားတြင္စင္သီယာမည္သို႔ေျဖရမည္မသိ၍သူအဆင္ေျပပါသည္ဆိုသည့္က်ပန္းစကားလုံးကိုသာေခတၱငွားသုံးျဖစ္ခဲ့သည္။

ကြၽီ။

တံခါးပြင့္လာသံၾကားတာေၾကာင့္စင္သီယာအေရွ႕တံခါးဆီသို႔မ်က္ႏွာလွည့္မိလိုက္သည္။မည္သူမွဝင္မလာသလိုပြင့္လဲမလာေသာေၾကာင့္စင္သီယာမ်က္လုံးမ်ားျပဴးမိသြားသည္။ဒီအိမ္မွာတံခါးႏွစ္လက္သာရွိသည္။ထိုသည္မွာအိမ္ေရွ႕တံခါႏွင့္ေျမေအာက္ခန္းတံခါး။အိမ္ေရွ႕တံခါးမွမဟုတ္လွ်င္ယခုပြင့္သြားသည္က။ေနသန႔္မ်က္လုံးေတြေ႐ြ႕လ်ားလို႔သြားသည္။

ေျမေအာက္ခန္းတံခါးဆီမွထြက္လာေသာလီယြန္ကသူ႔အားစိုက္ၾကည့္ေနေသာစင္သီယာႏွင့္စုတ္ျပတ္ေနေပေသာေနသန႔္ကိုျမင္ေတာ့ဘာမွ်မေျပာဘဲ႐ုပ္တည္ႀကီးႏွင့္ပင္တံခါးကိုေျခႏွင့္ေဆာင့္ပိတ္လိုက္သည္။လီယြန္သည္လဲဒီတေလာအေျပာအဆိုအဆက္အဆံနည္းလာသည္။

ဟိုတစ္ပတ္ကတည္းကေပ်ာက္သြားသည္ကိုသတိထားမိေပမယ့္အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္သိပ္ၿပီးဂ႐ုမစိုက္မိ။ယခုမွအေျဖေပၚသည္။ေျမေအာက္ခန္းထဲသို႔ဆင္းေနျခင္း။

လီယြန္လမ္းကိုျဖည္းညႇင္းစြာေလွ်ာက္လာသည္။ထို႔ေနာက္သူ၏ဆိုဖာေပၚသို႔လွစ္ခနဲခုန္တက္လိုက္ၿပီးခႏၶာကိုယ္ေလးကိုေကြးကာသက္ျပင္းခ်သည္။ထို႔ေနာက္အိပ္စက္မည္ျပဳသည္။သို႔ေသာ္မ်က္ဝန္းမ်ားထဲမွမ်က္ရည္တစ္စက္ကလီယြန႔္ေျခဖဝါးေလးေပၚသို႔ေပါက္ခနဲက်ကာသြားသည္။လီယြန္ထိုမ်က္ရည္ေပါက္ေလးကိုေငးေမာကာၾကည့္ေနသည္။ေနသန္ကခနဲ႔စြာရယ္သည္။သီယာကခပ္ယဲ့ယဲ့သာၿပဳံးျဖစ္သည္။

"ႀကိဳတင္ႏႈတ္ဆက္ထားၾကပါတဲ့"

လီယြန႔္ဆီမွလူစကားသံပထမဆုံးၾကားရတာျဖစ္သည္။စင္သီယာကအံ့ဩသြားသည္။ေနသန္ကတစ္ခ်က္တုံ႔ခနဲျဖစ္သြားၿပီး ေနာက္မွေအာ္ႀကီးဟစ္က်ယ္ထကာရယ္ေပေတာ့သည္။စင္သီယာမ်က္ႏွာကစကားအဓိပၸာယ္နားလည္လိုက္သည္ႏွင့္ခ်က္ခ်င္းညႇိဳးကာက်သြားသည္။လီယြန္ကေနသန႔္အားၾကည့္ရင္းစိတ္မေကာင္းဟန္ရွိသည္။ထို႔ေနာက္သူသည္လည္းေခြေခြေလးရင္ကြဲနာက်ကာတိတ္တဆိတ္ အိပ္စက္ဟန္ျပဳလို႔သြားသည္။

‎                           𐮜 𐮜 𐮜

Netherland,Volant Aera
December,Winter
One Cold deep night . .

"ငါတို႔လုပ္ရမွာကငါတို႔ေပးထားေသးတဲ့အခ်ိန္ေတြကိုေကာင္းေကာင္းအသုံးခ်ဖို႔ပဲ"

လီယြန္၊ေနသန္၊စင္သီယာႏွင့္Quတို႔တစ္စုတစ္စည္းတည္းအိမ္ေလး၏ထပ္ခိုးအထပ္တြင္ရွိေနၾကသည္။Quကအိပ္ယာထက္လဲေလ်ာင္းလို႔ေနၿပီး စင္သီယာကေဘးနားရွိခုံတြင္စြပ္ျပဳတ္ပန္းကန္ေလးအားကိုင္ကာျဖင့္ထိုင္ေနသည္။

လီယြန္ကQu၏ေျခရင္းတြင္ေခြေခြေလးရွိေနၿပီးစကားဝိုင္းကိုနားေထာင္ေနသည္။ေနသန္ကေတာ့တံခါးဝတြင္မတ္တပ္ႀကီးရပ္လို႔ေနၿပီးQuအားမၾကည့္ဘဲေအာက္သို႔တည့္တည့္မတ္မတ္စိုက္ၾကည့္ေနသည္။

Quေနသန႔္အားလအနည္းငယ္ၾကာသည္ထိမျမင္ရ၍ယခုေတြ႕ေတာ့႐ႊင္ျမဴးေနမိသည္။ႏွလုံးေနရာကေအာင့္ကာတဆစ္ဆစ္တိုက္စားေနေပလို႔ေပမယ့္Quအၿပဳံးေတြကေတာ့အမွန္တကယ္အသက္ဝင္လို႔ေနသည္မွာေသခ်ာသည္။

ဟိုတစ္ေန႔ကQu၏ေတာင္းဆိုခ်က္တစ္ခုေတာင္းဆိုျခင္းသည္ဟုေျပာသည္။ဆိုေသာေၾကာင့္ယေန႔ေလးေယာက္စုေဝးေနျခင္းျဖစ္သည္။

"ငါ .. ေနသန္နဲ႔လက္ထပ္ခ်င္တယ္"

"...????"

"..!!!!"

"..Quu.."

တုံ႔ျပန္မႈသုံးရပ္ကိုQuကယခုအခ်ိန္တြင္အလွပဆုံးဆိုသည့္အၿပံးႏွင့္ၿပဳံးကာဆိုသည္။စင္သီယာေတြေဝသြားဟန္ရွိၿပီးလီယြန္ကအလြန႔္အလြန္အံ့ဩသြားဟန္ရွိသည္။ေနသန္ကေတာ့မ်က္လုံးမ်ားျပဴးက်ယ္သြားကာလေပါင္းမ်ားစြာၾကာၿပီးမွQuႏွင့္ပထမဆုံးအႀကိမ္အၾကည့္ခ်င္းဆုံျဖစ္သည္။

"ဝါး .. ခံစားလို႔ေကာင္းလိုက္တာ"

ထိုစကားသည္Quဆီမွထြက္လာျခင္းျဖစ္သည္။ေနသန္သူ႔ကိုလန႔္ကာၾကည့္မည္ကိုရိပ္မိေနသည့္အလားသူႏွင့္မ်က္လုံးခ်င္းဆုံသည္ကိုေစာင့္ကာဆုံေစလိုက္ၿပီးေနာက္ ႐ုတ္တရက္ဆန္စြာထြက္လာေသာစကားစုတစ္ခုျဖစ္သည္။ေနသန္ကခ်က္ခ်င္းမ်က္လႊာကိုေအာက္သို႔ျပန္ခ်လိုက္သည္။

Quကစကားေျပာအၿပီးမွာပဲေဘးသို႔လွည့္ကာေသြးအန္ခြက္ထဲသို႔ေသြးတစ္ခ်ိဳ႕ေထြးထုတ္လိုက္သည္။စင္သီယာQuပါးစပ္မွေသြးစေတြကိုပုဝါျဖဴေလးႏွင့္သုတ္ေပးလိုက္သည္။နီစြတ္ေနၿပီျဖစ္ေသာပုဝါျဖဴေလးႏွင့္။

"ေနာ္.."

"မရဘူး!!!"

"ဘာလို႔လဲ"

"မ..ရ...ဘူး...!!!!"

ခက္ထန္ေသာတုံ႔ျပန္သံႏွစ္ရပ္လုံးကေနသန႔္ဆီမွသာျဖစ္သည္။Quဝမ္းနည္းလို႔သြားသည္။သူ႔အေတြးတြင္သူမရွိေတာ့လွ်င္ေနာက္ထပ္သူႏွင့္အေျခခ်မည္တြင္နာမည္ဆိုးရမည္ဆိုး၍တားေနျခင္းဟုမဟုတ္ကဟုတ္ကထင္သြားေလသည္။ယခုလဲလာကာသိပ္မၾကည့္ေတာ့သျဖင့္ေသခ်ာသြားပါၿပီဟုစိတ္ထဲကေရ႐ြတ္လိုက္ေတာ့ လီယြန႔္နား႐ြက္ေတြထေထာင္လာကာအတင္းေခါင္းရမ္းကာျပလာေလေတာ့သည္။

႐ုတ္တရက္ျဖစ္ေသာေၾကာင့္Quကဘာျဖစ္သလဲဟုလီယြန႔္အားေမးသည္။စင္သီယာကထူးဆန္းစြာၾကည့္ေတာ့လီယြန္ကစကားဆိုလာသည္။

"မဟုတ္ဘူး မဟုတ္ဘူး ေနသန္ကမင္းသူနဲ႔ရွိရင္ေနရခက္မွာဆိုးလို႔ အခုတားေနတာကလဲ မင္းအတြက္ မင္းမလုပ္ႏိုင္မွာဆိုးလို႔ Quမင္းေတြးေနတာေတြတစ္ခုမွမဟုတ္ဘူးေနာ္"

"..."

"သူကဘာေတြးေနလို႔လဲ"

"..."

လီယြန္ကတုံ႔ဆိုင္းဟန္ျပသည္။ေနသန္မ်က္ေမွာင္ကိုကုတ္လိုက္ကာခက္ထန္စြာအမိန႔္ေပးလိုက္သည္။တကယ္တမ္းအေျခအေနေတြဟာQuေနမေကာင္းလာကတည္းကဆိုးဝါးလာသည္ျဖစ္သည္။ေနသန္ေျပာင္းလဲလာပုံမ်ား၊စင္သီယာအၿမဲတမ္းေငးငိုင္ေနပုံမ်ား၊သူကိုယ္တိုင္ကိုယ္က်လဲ႐ုပ္တည္လာတာမ်ားေနသည္မ်ား။

"ေျပာ လီယြန္"

"သူ သူက မင္းသူ႔ကိုမခ်စ္ေတာ့ဘူးထင္ေနတာ မင္းလက္မထက္ခ်င္တာ မင္းတျခားတစ္ေယာက္ႏွင့္သူမရွိရင္ လက္ထပ္တဲ့အခ်ိန္ နာမည္ပ်က္မွာဆိုး..."

ဘုန္း!!!!ဒိုင္း!!!!!

"ဟာကြာာာာာ ငါ-ီးဟာကြာ အကုန္ အကုန္လုံး-ီးပဲ F***!! Mother F***ing f***!!ငါ...***"

ခ်က္ခ်င္းထကာတံခါးေတြထုပစၥည္းေတြေကာက္ခြဲလိုက္ေသာေၾကာင့္Quတုန္ကာတက္သြားသည္။စင္သီယာကပစၥည္းမွန္မည္ဆိုး၍Quအားကိုယ္ႏွင့္ဝင္ကာေပးလိုက္သည္။လီယြန္ကခါးမတ္ကာၾကည့္လာသည္။

"..."

"..."

"......."

ေနသန႔္လက္ေတြမွတစ္ဆင့္စီးက်လာတဲ့ေသြးစက္ေသြးေပါက္ေတြၾကမ္းျပင္ေပၚကိုတစ္ေပါက္ေပါက္က်ေနသည္မွလြဲ၍အခန္းထဲ၌က်န္သည့္အသံမၾကားရ။ေနသန္Quအားမ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္လာသည္။Quအမွန္တကယ္ကိုေၾကာက္သြားရွာသည္။သူေနသန႔္ကိုဒီလိုပုံစံေတြမျမင္ခ်င္ဆုံးျဖစ္သည္။ေနသန္ကေအးစက္စြာဆိုလာသည္။သို႔ေသာ္ထိုအသံထဲေတြဝမ္းနည္းမႈေတြစြက္ဖက္လို႔ေနသည္မွာQuသာသိသည္။

"မင္းမလို႔ေတြးရက္တယ္ကြာ..."

အနာဂတ္ ေနသန္ထလင္းေနာ့တ္ဆီမွ . .

Sometimes I don't want to heal(chuckles)because the pain is the last connection to what I've lost .. (quiet)I miss you Qu.And I love to miss you.

-NATHANIAL
 
I couldn't heal because I kept pretending it wasn't hurt.Actually it hurts .. right here in this left corner.The pain.It was just a short time we've spent together in my house.But .. I see him everyday.Oh it damn hurts.(cries)

-CYNTHIA

you don't know PAIN.
until you sat and begged god to heal your heart.But unfortunately this is the god will.What can we do.

-LEON

Comments

Post a Comment