A Sweven Elegy from Nature - Chapter (29)

Unicode


အခန်း (၂၉)


တံခါးကိုဒုန်းခနဲနေအောင်ဆောင့်ဖွင့်လိုက်တဲ့နေသန့်ကိုမည်သူမှမတားကြ။လီယွန်ကဖျာလေးကိုပါးစပ်လေးနဲ့ကိုက်ကာနေသန့်ရှေ့သို့ဆွဲယူလာပေးပြီးစင်သီယာကအထဲသို့အမြန်ဝင်ကာခေါင်းအုံးတချို့ကိုယူလာပေးသည်။ထို့နောက်ထင်းတွေကိုအလျှင်စလိုထည့်ကာမီးဖိုထဲတွင်ရေနွေးတည်လိုက်ပြီးတဘက်တစ်ထည်လဲပြေးကာယူရသည်။


Qu Churchကျောင်း​တွင်အခြေအနေမဟန်တော့၍တိတ်တိတ်လေးခိုးကာစင်သီယာ့အိမ်သို့ခေါ်လာရခြင်း။မည်သူမှမနှုတ်ဆက်ခဲ့ရပဲပြာယာပြာယာဖြင့်လဲထွက်လာခဲ့ရသည်။ထလင်းနော့တ်အမျိုးသမီးတွေကလဲဂုဏ်ပြုနေသည်ကိုသဘောကျနေဟန်ဒီနေ့တော့ပျော်ပါးလို့နေသည်။ပြောပြောဆိုဆိုမရှိသောဤသုံးယောက်ပေမို့လူအများအနားစုကာစကားအပိုတွေပြောကြသည်။


"Qu Quအားတင်းထား ကိုယ်ရှိတယ် ကိုယ်ရှိတယ်..."


အပေါ်ထပ်ကုတ်အင်္ကျီကိုအလုအယက်ချွတ်ပြီးQuအပေါ်သို့ထပ်ပေးတော့Quကပြုံးသည်။နေသန်ဘာလဲဟုမမေးမိ။ဒီတိုင်းလုပ်စရာရှိတာတွေကိုလုပ်ပေးနေမိသည်။သို့သော်ရေဘက်တိုက်တော့မည်အချိန်တွင်Quကခုနအပြုံးအကြောင်းစကားစလာပါသည်။


"မင်း .. သတို့သား ဝတ်စုံနဲ့အရမ်း..လိုက်..တာပဲ"


နေသန်မနေနိုင်တော့တဲ့အဆုံးQuအားဆွဲကာမလိုက်ပြီးမလွှတ်တမ်းဖက်ထားမိသည်။စင်သီယာကရေဘက်တိုက်ရန်တောင်းဆိုသော်လည်းQu၏ပူတက်ကာတုန်ရင်နေသောခန္ဓာကိုယ်လေးကိုနေသန်ယူကြုံးမရဖက်ထားနေမိသည်။ခဏအကြာမှမေ့မျောလို့သွားသောQuကိုစင်သီယာရေဘက်တိုက်ပေးနေပြီးလီယွန်ကတော့ပြတင်းပေါက်တစ်နေရာကနေညနေ၏ဆည်းဆာအလှကိုတစ်ယောက်ထဲခံစားလို့နေသည်။


မြူနှင်းများကျနေကာဝေ့ဝါးနေသောပုံရိပ်လေးကလှသည်။လီယွန်မပြောမဆိုဘဲ မျက်ရည်တစ်စက်ကျမိပြန်သည်။သမိုင်းတွင်ပထမဆုံးမျက်ရည်ကျဖူးသည့်ကြောင်အားပြပါဆိုလျှင်လီယွန့်အားပြရမည်။အငိုအများဆုံးကြောင်အားပြပါဆိုလျှင်လည်းလီယွန့်အားလက်ညိုးထိုးရပေမည်။


နေသန်အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်ကာဘေးသို့ချထားလိုက်သည်။လည်ဂုတ်မှလှိုက်တက်လာသောအပူကြောင့်နေသန်ခေါင်းတွေပူထူနေသည်။စင်သီယာကရေဘက်တိုက်ပေးပြီးတော့နေသန့်အားရေချိုးလိုက်ရန်ပြောသည်။ဆောင်းရာသီကြီးမို့ရေချိုးဆင်ခြင်ရမည်ဟုသာနေသန်အဖြေပေးလိုက်သည်။


နေသန်ဧည့်ခန်းဖျာပါးအထပ်တွင်စောင်အထပ်ထပ်နှင့်လဲလျောင်းမေ့မျောနေသောQuအားကြည့်နေမိသည်။သူ​Church ကျောင်းတွင်သူ့အားပြောခဲ့သောစကားများကိုကြားနေမိသည်။သူကဤကလေးငယ်ကိုသူမတူအောင်အရမ်းချစ်သည်ဟုထင်ခဲ့ဖူးသည်။သူမသိသည်မှာဤကလေးငယ်ကလဲသူ့အားမလျော့သောချစ်ခြင်းများနဲ့အတူချစ်သည်ဆိုတာကိုပါပဲ။


‎                          𐮜 𐮜 𐮜


Netherland,Giethoorn

April,Summer

Time Unknown . .


အိပ်ယာအထက်တွင်လဲလျောင်းနေသောQuကရုတ်တရက်လိပ်ပြာထကာလွင့်သွားပြန်သည်။အခြေအနေကအကြီးအကျယ်ဖြစ်လို့သွားပြီးအရေးပေါ်အဆင့်ထိရောက်ရှိလို့သွားသည်။သာမာန်ဖျားနာ၊ရောဂါမျိုးမဟုတ်တော့ဆရာဝန်တွေလဲမကုနိုင်။မိမိတို့တစ်တွေသာအကောင်းဆုံးပြုစုရသည်။


မိနစ်အနည်းငယ်ကြာတော့Quငြိမ်ကျသွားသည်။လီယွန်ကဒီကနေ့မနက်ကတည်းကQuအနားတွင်တဝဲဝဲတလည်လည်လုပ်နေသည်ကိုရိပ်မိသည်။စင်သီယာနေသန့်အားပုခုံးပုတ်ကာအခန်းထဲကထွက်သွားတော့နေသန်လီယွန့်အားမေးခွန်းထုတ်မည်ကြံသည့်အချိန် . . 


"လီယွန် .."


Qu - "လီ .. ယွန့် .. ငါ..."


"အင်းပြော ပြောQuကိုယ်တို့ရှိတယ်"


"ငါမင်း..နဲ့..အတူ လှေစီး..ပြီး မြို့အနှံ့ပန်းကြဲ..အဟွတ် နေထွက်ချိန်လေးကြည့်ချင်တယ်...အရမ်း..အဟွတ် လှမှာပဲ"


လီယွန်ကQuစကားအဆုံးမျက်နှာကိုအောက်သို့စိုက်သွားသည်။နေသန်ကမျက်လုံးမပွင့်သေးသည့်Quအားအကြည့်တစ်လှည့်၊လီယွန့်အားအကြည့်တစ်လှည့်ဖြင့်အခန်းထဲတစ်ဖန်ပြန်ဝင်လာသောစင်သီယာ့ကိုအပြင်ထွက်ရန်မေးငေါ့ပြသည်။


"လုပ်ပေးလိုက် နိတ်"


နေသန့်စကားအဆုံးချက်ချင်းသဘောတူလာသည့်သီယာ့ကြောင့်နေသန်အံ့ဩရပြန်သည်။ဒီနှစ်ကောင်ဘာတွေဖြစ်နေကြတာလဲ။Quနေမကောင်းဖြစ်နေသည်ကိုအတင်းတွေလက်ခံနေပါ့လား။


"ငါလှေနဲ့ပန်းနဲ့သွားပြင်လိုက်အုန်းမယ် နင်Quပြင်ဆင်ပေးလိုက် ပြီးတော့ .. လီယွန်လဲလိုက်ပစေ"


အမိန့်ပေးကာချက်ချင်းဆိုသလိုဝုန်းခနဲထွက်သွားသောသီယာ့အားကြည့်၍နေသန်ခေါင်းကုတ်မိသည်။ဘာတွေလဲ။နေသန်Quအားဘောင်းဘီဝတ်ပေးနေသည်။သူအရင်တုန်းကဝတ်သည့်အနားစမှ 'Qu' လို့သူ့မွေးစားအမေထိုးပေးခဲ့သည့်ဘောင်းဘီလေးကိုဝတ်ပေးနေခြင်း။


Quကမျက်လုံးပွင့်လာတော့မြင်ရတဲ့နေသန့်ကိုပြုံးကာကြည့်သည်။ထို့နောက်သူ့အားဖက်ပါရန်လက်ကိုမြှောက်ထားပေးသည်။နေသန်ပြုံးကာသူ့အားပွေ့ပိုက်လိုက်သည်။နောက်သူ့အပေါ်သို့ခွကာတက်စေလိုက်ပြီးလီယွန့်အားမေးငေါ့ပြကာအခန်းထဲမှထွက်လာခဲ့သည်။


အိမ်ရှေ့တွင်သီယာကပန်းတွေကိုပြင်ဆင်နေသည်။နေသန်တို့ထွက်လာတော့ သူမကလှေပေါ်သို့တက်လိုက်ပြီးလှေလှော်တက်အားအသင့်ကိုင်လိုက်သည်။လီယွန်ကဘေးနားတွင်ခပ်တုံ့တုံ့လေးထိုင်လေသည်။


ဤကနေ့ရာသီဥတုက

အထူးသာယာဝပြောလှသည်။


နေသန်Quအားလှေပေါ်သို့ချပေးလိုက်တော့Quကနေသန့်နားမှတစ်ဖဝါးမှမခွာဘဲဘေးနားတွင်သာထိုင်သည်။ထို့နောက်ပတ်ဝန်းကျင်ကိုငေးမောစွာကြည့်နေပြီးမှအနောက်သို့ဆွေးမြေ့စွာလှည့်ကြည့်လာသောသီယာ့အားသွားမယ်လေဟုဆိုသည်။


သီယာမျက်ဝန်းအထက်မှမျက်ရည်တစ်ပေါက်ကအရှေ့သို့ပြန်အလှည့်မှာလှေရင်းပေါ်သို့ကျသွားသည်။သို့သော်သီယာလှေကိုသာအာရုံစိုက်၍စတင်ကာလှော်လေသည်။


လီယွန်ကပန်းလေးတွေကိုပါးစပ်လေးနှင့်ကောက်ကာကောက်ကာရေထဲသို့ကြဲချသည်။Quကနေသန့်ပုခုံးအထက်တွင်ပြုံးကာမှီထိုင်နေသည်။နေသန်ကQuအားဖက်ထားသည်။ပြုံးရွှင်စွာ။


"နိတ် .. ဒီနေ့မလှပ..ပေ...ဘူးလား"


"အင်း လှတယ် မင်းလိုပဲ"


"အဟစ် .. အဟွတ် အဟွတ် 

ငါ...အဲ့စကားကြားဖူးပြီးသား..."


"ဟုတ်လား ဒါဆိုကိုယ်နောက်တစ်မျိုးပြောင်းပြောပေးမယ်လေ အင်မ် .. တင်စားစရာတွေများလွန်းနေတယ် ကိုယ့်အချစ်ကရှိသမျှအလှအပတကာတွေစုဝေးဖန်တီးထားတာဆိုတော့လေ ပြီးတော့Qu..မင်းဟာကိုယ့်ဘဝရဲ့ဘုရင်လေးပဲ.."


"ခစ်ခစ် ... ငါသဘောကျတယ် သဘောကျတယ် အဟွတ်"


ထိုသို့ပြောကာQuကကောင်းကင်ပြာကြီးကိုမော့ကြည့်လေသည်။တစ်ခါကဆောင်းရာသီကယခုပုန်းကွယ်ကာနေပြီးငုပ်လျှိုးလို့သွားနေသည်။နှင်းခဲတို့သည်လဲအရည်များပျော်ကြကာဤစမ်းချောင်းအတွင်းသို့စီးဝင်ကာလာသည်။


ထိုအချိန်။

ရေထဲကိုအာရုံစိုက်မိနေသည့်အချိန်။ရေထဲတွင်ဖြူလွှလွှအရာလေးတွေကရုတ်တရက်ဆိုသလိုပေါ်လာလေသည်။ပထမတော့တစ်ကောင်၊နောက်တော့နှစ်ကောင်နှင့်နောက်ထောင်ပေါင်းများစွာကQuတို့လှေနားတွင်ကူးခတ်လို့လာသည်။


အဖြူရောင်ငါးလေးများ။


ထို့နောက်အရှေ့တစ်အိမ်ရှိသစ်ပင်ပေါ်တွင်ထင်းခနဲပေါ်လာသည့်အရာတစ်ခု။မျက်စိပြူးပြူးနှင့်တစ်ကိုယ်လုံးဖြူကာနေပြီးမျက်လုံးများနီစုပ်နေသည်ကနှင်းတောင်ကြားတွေထဲရှိသားရဲသတ္တဝါလိုမျိုး။


ဇီးကွက်ဖြူ။


ထို့နောက်သစ်ပင်တွေလှုပ်ခတ်သွားပြီးကောင်းကင်ယံထက်အဖြူရောင်လေးများထပ်ဆင့်ဝဲကာပျံလို့သွားသည်။ဝါး .. လှလိုက်စမ်းပါဘိ။


အဖြူရောင်ငှက်ငယ်လေးများ။


ထို့နောက်Qu၏မြင်ကွင်းထဲသို့တိုးကာဝင်လာသောအဖြူရောင်သတ္တဝါမျိုးစုံစုကာရောက်ချလာသည်။သူ့နားထိတိုးကာလာပြီးအနားသို့ရောက်တော့သူ့အားတစ်ယောက်တစ်လှည့်စီဦးညွတ်ကာသွားကြသည်။ပြီးနောက်သူတို့လာရာအရပ်ရပ်ဆီသို့ပြန်သွားကြလေသည်။Quသည်ဤအနက်အဓိပ္ပာယ်ကိုသိသည့်အလားပြုံးကာသာကြည့်သည်။


ထို့နောက်ရှေ့တစ်နေရာတွင်အဖြူရောင်ဒရယ်ကြီးတစ်ကောင်ရေပေါ်သို့ဖြည်းညင်းစွာလမ်းလျှောက်လို့လာနေသည်။Quပြုံးခနဲဖြစ်သွားသည်။ရှေ့၌ပန်းကြဲနေသောလီယွန်ကဒရယ်ကြီးအားခေါင်းငုံ့ကာဦးညွတ်သည်။နေသန်ကQuအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။စင်သီယာကတော့ဒီဘက်ကိုပင်မလှည့်တော့။သူမရဲ့မသင့်လျောသောမျက်နှာကြီးအားQuအားမကြည့်စေချင်လိုသောကြောင့်တဲ့လေ။


အဖြူရောင်ဒရယ်ကြီးကQuအားမြင်တော့ပြန်လည်ကာဦးညွှတ်လေသည်။Quပြန်လည်ကာအသိမှတ်ပြုသည်ထိဦးညွှတ်လို့နေသောကြောင့်Quခေါင်းကိုငြိမ့်ပြလိုက်သည်။


ထိုခေါင်းငြိမ့်လိုက်ပြီးသည့်အချိန်တွင်မှာပဲသူ၏ဆံပင်ခပ်ညိုညိုတွေဟာဖြည်းဖြည်းချင်းနှင်းထုပမာအဖြူရောင်သို့ပြောင်းလဲလို့သွားလေသည်။တစ်ခိုက်တန့်အတွင်းမှာပဲဒရယ်ကြီးသည်လဲပဲပျောက်ကွယ်လို့သွားသည်။


မျက်လုံးတွေပြန်ပွင့်လာတော့Quဟာပြုံးနေသည်။ဒရယ်ဖြူကြီးပျောက်ကွယ်သွားသည်နှင့်ခံစားလာရသည့်ခံစားချက်အချို့ကြောင့်နေသန့်ရင်တွေထစ်ခနဲစိုးထိတ်လို့သွားပြီးQu၏အားပျော့နေသောခန္ဓာကိုယ်လေးအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ထားသည်။


လီယွန်ကခပ်ဖြည်းဖြည်းနောက်သို့လှည့်လာသည်။ထို့နောက်ဖြည်းညင်းစွာQuကိုတစ်ရိုတစ်သေဖြင့်ဦးညွှတ်ကာဆိုသည်။


"ကျွန်တော်မျိုး .. အရှင့်နားမှာနေခွင့်ရခဲ့လို့

အင်မတန်ကံကောင်းခဲ့ပါတယ်အရှင်"


Quကထိုစကားကိုဘာမျှမပြောလိုဘဲခေါင်းသာငြိမ့်ပြသည်။နေသန်Quအားခပ်တင်းတင်းဖက်ထားဆဲ။Quကခေါင်းလေးမော့ကာနေသန့်အားပြုံးကာကြည့်လာသည်။နေသန့်မျက်နှာလေးအားစေ့စေ့စပ်စပ်စိုက်ကာကြည့်ပြီးနောက်ပါးလေးကိုအမြတ်တနိုးထားကာနမ်းရှာသည်။


နေသန်မျက်ရည်တွေမထိန်းနိုင်တော့။တစ်စက်ချင်းဆီအတားဆီးမရှိစီးကျလို့လာသည်။Quကဒီတစ်ခါတော့ပြုံးပါသည်။


"Qu Quကိုယ့်ကိုမစပါနဲ့ မလုပ်ပါနဲ့ 

ကိုယ့်ကိုမစပါနဲ့လို့ ကိုယ့်ယောင်္ကျားလေးရယ်.."


"..ကောင်းကောင်းနေခဲ့ပါ နိတ်

မင်းအတွက်...အကောင်းဆုံးတွေပဲ...ဖြစ်ပါစေ.."


စင်သီယာနှင့်ထပ်တူညီသောဆုတောင်းကိုနေသန်ကြားလိုက်ရတဲ့အခါတွင်အော်ကာငိုပစ်လိုက်တော့သည်။


"Quuလို့ Quu ကိုယ့်ကလေးလေး"


"..."


"ကိုယ့်ကိုမနောက်ပါနဲ့လို့ Quရေ..သီယာ လုပ်ပါအုန်း Qu Quကိုယ်တွေပေါ့နေပြီ အစာစားရမယ်နဲ့တူတယ် Qu လို့ကိုယ့်ကိုကြည့်ပါအုန်း Qu..."


ပန်းပွင့်လိုအမှုန်လေးတွေအဖြင့်စတင်ကာပြောင်းလဲလာသောQu၏ခန္ဓာကိုယ်မှဆဲလ်သေးသေးလေးများ။တစ်ဆင့်ချင်းဆီဖြည်းဖြည်းချင်းပြောင်းလဲနေတာကြောင့်အချိန်ကြာသည်။တဖြည်းဖြည်းချင်းဆီပေါ့လို့လာလည်။တချို့တစ်ဝက်တွေကလေထဲသို့လွင့်ပျံလို့သွားနေပြီ။နေသန် ထိုအမှုန်လေးတွေကိုလိုက်လံကာဖမ်းနေမိသည်။


စက္ကန့်ဝက်မျှအကြာတွင်တော့Qu၏ပြုံးနေသောမျက်လုံးလေးတွေကပိတ်စက်လို့သွားသည်။နောက်ဆုံးသောပန်းဝတ်မှုန်လေးတစ်မှုန်ကနေသန့်နှုတ်ခေါင်းထက်ဝယ်ရစ်ဝဲလို့လာပေးသည်။နေသန်မျက်ရည်များဖြင့်သာလက်ကလေးနှင့်တို့ကာထိလိုက်သည်။နောက်ဘေးနားရှိအမှုန်များဟာလဲအေးစက်စက်လေစိမ်းများနှင့်အတူ လောကကြီးထဲမှထာဝရပျောက်ကွယ်ကာသွားလေတော့သည်။


"...(cries*)(laughs in pain*)"


နေသန်အစကတည်းက .. လီယွန်နှင့်သီယာအမူအယာတွေစပြောင်းလာကတည်းက .. Quလိပ်ပြာလွင့်တဲ့အခြေအနေကိုမြင်လိုက်ကတည်းက .. သူသိပါသည်။သူသိခဲ့ပါသည်။


ဘာကိုသိသည်လဲ . . ။


ဒီနေ့ဟာသူအမြတ်နိုးရဆုံးလူသားမဟုတ်တဲ့လူသားလေးနှင့်တစ်ခန်းတည်း .. တစ်အိမ်တည်း .. တစ်မိုးအောက်တည်းတွင် .. အတူတူနေရမည့်နောက်ဆုံးသောနေ့ရက်ဟူ၍ဆိုတာကိုပင်။


နေသန်မျက်ရည်များနှင့်ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။ထို့နောက်စိတ်တွေကိုလွှတ်ချပစ်လိုက်သည်။ထို့နောက်ရှိသမျှအားတွေစုကာQuအတွက်နေသန်၏နောက်ဆုံးသောစကားအားဆိုလိုက်သည်။


"I shall always love you,my love,even in the face of the death .. (tears dropped)farewell my love..farewell..."


Epilogue~


ကျန်ရစ်ခဲ့သူကပိုကာနာကျင်ရသည်။

ထားရစ်ခဲ့သူကပိုကာလွမ်းဆွတ်ရသည်။

သို့သော်ထားရစ်ခဲ့သူကဤကမ္ဘာနှယ်ထာဝရပျောက်ဆုံးသွားပါလျှင်တော့ကျန်ရစ်သူကအသက်သေရုံသာရှိလေတော့သည်။

                                                              

The End.

@Aeinthrazi🤍🦌






Zawgyi

အခန္း (၂၉)

တံခါးကိုဒုန္းခနဲေနေအာင္ေဆာင့္ဖြင့္လိုက္တဲ့ေနသန႔္ကိုမည္သူမွမတားၾက။လီယြန္ကဖ်ာေလးကိုပါးစပ္ေလးနဲ႔ကိုက္ကာေနသန႔္ေရွ႕သို႔ဆြဲယူလာေပးၿပီးစင္သီယာကအထဲသို႔အျမန္ဝင္ကာေခါင္းအုံးတခ်ိဳ႕ကိုယူလာေပးသည္။ထို႔ေနာက္ထင္းေတြကိုအလွ်င္စလိုထည့္ကာမီးဖိုထဲတြင္ေရေႏြးတည္လိုက္ၿပီးတဘက္တစ္ထည္လဲေျပးကာယူရသည္။

Qu Churchေက်ာင္း​တြင္အေျခအေနမဟန္ေတာ့၍တိတ္တိတ္ေလးခိုးကာစင္သီယာ့အိမ္သို႔ေခၚလာရျခင္း။မည္သူမွမႏႈတ္ဆက္ခဲ့ရပဲျပာယာျပာယာျဖင့္လဲထြက္လာခဲ့ရသည္။ထလင္းေနာ့တ္အမ်ိဳးသမီးေတြကလဲဂုဏ္ျပဳေနသည္ကိုသေဘာက်ေနဟန္ဒီေန႔ေတာ့ေပ်ာ္ပါးလို႔ေနသည္။ေျပာေျပာဆိုဆိုမရွိေသာဤသုံးေယာက္ေပမို႔လူအမ်ားအနားစုကာစကားအပိုေတြေျပာၾကသည္။

"Qu Quအားတင္းထား ကိုယ္ရွိတယ္ ကိုယ္ရွိတယ္..."

အေပၚထပ္ကုတ္အက်ႌကိုအလုအယက္ခြၽတ္ၿပီးQuအေပၚသို႔ထပ္ေပးေတာ့Quကၿပဳံးသည္။ေနသန္ဘာလဲဟုမေမးမိ။ဒီတိုင္းလုပ္စရာရွိတာေတြကိုလုပ္ေပးေနမိသည္။သို႔ေသာ္ေရဘက္တိုက္ေတာ့မည္အခ်ိန္တြင္Quကခုနအၿပဳံးအေၾကာင္းစကားစလာပါသည္။

"မင္း .. သတို႔သား ဝတ္စုံနဲ႔အရမ္း..လိုက္..တာပဲ"

ေနသန္မေနႏိုင္ေတာ့တဲ့အဆုံးQuအားဆြဲကာမလိုက္ၿပီးမလႊတ္တမ္းဖက္ထားမိသည္။စင္သီယာကေရဘက္တိုက္ရန္ေတာင္းဆိုေသာ္လည္းQu၏ပူတက္ကာတုန္ရင္ေနေသာခႏၶာကိုယ္ေလးကိုေနသန္ယူႀကဳံးမရဖက္ထားေနမိသည္။ခဏအၾကာမွေမ့ေမ်ာလို႔သြားေသာQuကိုစင္သီယာေရဘက္တိုက္ေပးေနၿပီးလီယြန္ကေတာ့ျပတင္းေပါက္တစ္ေနရာကေနညေန၏ဆည္းဆာအလွကိုတစ္ေယာက္ထဲခံစားလို႔ေနသည္။

ျမဴႏွင္းမ်ားက်ေနကာေဝ့ဝါးေနေသာပုံရိပ္ေလးကလွသည္။လီယြန္မေျပာမဆိုဘဲ မ်က္ရည္တစ္စက္က်မိျပန္သည္။သမိုင္းတြင္ပထမဆုံးမ်က္ရည္က်ဖူးသည့္ေၾကာင္အားျပပါဆိုလွ်င္လီယြန႔္အားျပရမည္။အငိုအမ်ားဆုံးေၾကာင္အားျပပါဆိုလွ်င္လည္းလီယြန႔္အားလက္ညိဳးထိုးရေပမည္။

ေနသန္အေပၚထပ္ကုတ္အက်ႌကိုခြၽတ္ကာေဘးသို႔ခ်ထားလိုက္သည္။လည္ဂုတ္မွလႈိက္တက္လာေသာအပူေၾကာင့္ေနသန္ေခါင္းေတြပူထူေနသည္။စင္သီယာကေရဘက္တိုက္ေပးၿပီးေတာ့ေနသန႔္အားေရခ်ိဳးလိုက္ရန္ေျပာသည္။ေဆာင္းရာသီႀကီးမို႔ေရခ်ိဳးဆင္ျခင္ရမည္ဟုသာေနသန္အေျဖေပးလိုက္သည္။

ေနသန္ဧည့္ခန္းဖ်ာပါးအထပ္တြင္ေစာင္အထပ္ထပ္ႏွင့္လဲေလ်ာင္းေမ့ေမ်ာေနေသာQuအားၾကည့္ေနမိသည္။သူ​Church ေက်ာင္းတြင္သူ႔အားေျပာခဲ့ေသာစကားမ်ားကိုၾကားေနမိသည္။သူကဤကေလးငယ္ကိုသူမတူေအာင္အရမ္းခ်စ္သည္ဟုထင္ခဲ့ဖူးသည္။သူမသိသည္မွာဤကေလးငယ္ကလဲသူ႔အားမေလ်ာ့ေသာခ်စ္ျခင္းမ်ားနဲ႔အတူခ်စ္သည္ဆိုတာကိုပါပဲ။

‎                          𐮜 𐮜 𐮜

Netherland,Giethoorn
April,Summer
Time Unknown . .

အိပ္ယာအထက္တြင္လဲေလ်ာင္းေနေသာQuက႐ုတ္တရက္လိပ္ျပာထကာလြင့္သြားျပန္သည္။အေျခအေနကအႀကီးအက်ယ္ျဖစ္လို႔သြားၿပီးအေရးေပၚအဆင့္ထိေရာက္ရွိလို႔သြားသည္။သာမာန္ဖ်ားနာ၊ေရာဂါမ်ိဳးမဟုတ္ေတာ့ဆရာဝန္ေတြလဲမကုႏိုင္။မိမိတို႔တစ္ေတြသာအေကာင္းဆုံးျပဳစုရသည္။

မိနစ္အနည္းငယ္ၾကာေတာ့Quၿငိမ္က်သြားသည္။လီယြန္ကဒီကေန႔မနက္ကတည္းကQuအနားတြင္တဝဲဝဲတလည္လည္လုပ္ေနသည္ကိုရိပ္မိသည္။စင္သီယာေနသန႔္အားပုခုံးပုတ္ကာအခန္းထဲကထြက္သြားေတာ့ေနသန္လီယြန႔္အားေမးခြန္းထုတ္မည္ႀကံသည့္အခ်ိန္ . . 

"လီယြန္ .."

Qu - "လီ .. ယြန႔္ .. ငါ..."

"အင္းေျပာ ေျပာQuကိုယ္တို႔ရွိတယ္"

"ငါမင္း..နဲ႔..အတူ ေလွစီး..ၿပီး ၿမိဳ႕အႏွံ႔ပန္းႀကဲ..အဟြတ္ ေနထြက္ခ်ိန္ေလးၾကည့္ခ်င္တယ္...အရမ္း..အဟြတ္ လွမွာပဲ"

လီယြန္ကQuစကားအဆုံးမ်က္ႏွာကိုေအာက္သို႔စိုက္သြားသည္။ေနသန္ကမ်က္လုံးမပြင့္ေသးသည့္Quအားအၾကည့္တစ္လွည့္၊လီယြန႔္အားအၾကည့္တစ္လွည့္ျဖင့္အခန္းထဲတစ္ဖန္ျပန္ဝင္လာေသာစင္သီယာ့ကိုအျပင္ထြက္ရန္ေမးေငါ့ျပသည္။

"လုပ္ေပးလိုက္ နိတ္"

ေနသန႔္စကားအဆုံးခ်က္ခ်င္းသေဘာတူလာသည့္သီယာ့ေၾကာင့္ေနသန္အံ့ဩရျပန္သည္။ဒီႏွစ္ေကာင္ဘာေတြျဖစ္ေနၾကတာလဲ။Quေနမေကာင္းျဖစ္ေနသည္ကိုအတင္းေတြလက္ခံေနပါ့လား။

"ငါေလွနဲ႔ပန္းနဲ႔သြားျပင္လိုက္အုန္းမယ္ နင္Quျပင္ဆင္ေပးလိုက္ ၿပီးေတာ့ .. လီယြန္လဲလိုက္ပေစ"

အမိန႔္ေပးကာခ်က္ခ်င္းဆိုသလိုဝုန္းခနဲထြက္သြားေသာသီယာ့အားၾကည့္၍ေနသန္ေခါင္းကုတ္မိသည္။ဘာေတြလဲ။ေနသန္Quအားေဘာင္းဘီဝတ္ေပးေနသည္။သူအရင္တုန္းကဝတ္သည့္အနားစမွ 'Qu' လို႔သူ႔ေမြးစားအေမထိုးေပးခဲ့သည့္ေဘာင္းဘီေလးကိုဝတ္ေပးေနျခင္း။

Quကမ်က္လုံးပြင့္လာေတာ့ျမင္ရတဲ့ေနသန႔္ကိုၿပဳံးကာၾကည့္သည္။ထို႔ေနာက္သူ႔အားဖက္ပါရန္လက္ကိုေျမႇာက္ထားေပးသည္။ေနသန္ၿပဳံးကာသူ႔အားေပြ႕ပိုက္လိုက္သည္။ေနာက္သူ႔အေပၚသို႔ခြကာတက္ေစလိုက္ၿပီးလီယြန႔္အားေမးေငါ့ျပကာအခန္းထဲမွထြက္လာခဲ့သည္။

အိမ္ေရွ႕တြင္သီယာကပန္းေတြကိုျပင္ဆင္ေနသည္။ေနသန္တို႔ထြက္လာေတာ့ သူမကေလွေပၚသို႔တက္လိုက္ၿပီးေလွေလွာ္တက္အားအသင့္ကိုင္လိုက္သည္။လီယြန္ကေဘးနားတြင္ခပ္တုံ႔တုံ႔ေလးထိုင္ေလသည္။

ဤကေန႔ရာသီဥတုက
အထူးသာယာဝေျပာလွသည္။

ေနသန္Quအားေလွေပၚသို႔ခ်ေပးလိုက္ေတာ့Quကေနသန႔္နားမွတစ္ဖဝါးမွမခြာဘဲေဘးနားတြင္သာထိုင္သည္။ထို႔ေနာက္ပတ္ဝန္းက်င္ကိုေငးေမာစြာၾကည့္ေနၿပီးမွအေနာက္သို႔ေဆြးေျမ့စြာလွည့္ၾကည့္လာေသာသီယာ့အားသြားမယ္ေလဟုဆိုသည္။

သီယာမ်က္ဝန္းအထက္မွမ်က္ရည္တစ္ေပါက္ကအေရွ႕သို႔ျပန္အလွည့္မွာေလွရင္းေပၚသို႔က်သြားသည္။သို႔ေသာ္သီယာေလွကိုသာအာ႐ုံစိုက္၍စတင္ကာေလွာ္ေလသည္။

လီယြန္ကပန္းေလးေတြကိုပါးစပ္ေလးႏွင့္ေကာက္ကာေကာက္ကာေရထဲသို႔ႀကဲခ်သည္။Quကေနသန႔္ပုခုံးအထက္တြင္ၿပဳံးကာမွီထိုင္ေနသည္။ေနသန္ကQuအားဖက္ထားသည္။ၿပဳံး႐ႊင္စြာ။

"နိတ္ .. ဒီေန႔မလွပ..ေပ...ဘူးလား"

"အင္း လွတယ္ မင္းလိုပဲ"

"အဟစ္ .. အဟြတ္ အဟြတ္ 
ငါ...အဲ့စကားၾကားဖူးၿပီးသား..."

"ဟုတ္လား ဒါဆိုကိုယ္ေနာက္တစ္မ်ိဳးေျပာင္းေျပာေပးမယ္ေလ အင္မ္ .. တင္စားစရာေတြမ်ားလြန္းေနတယ္ ကိုယ့္အခ်စ္ကရွိသမွ်အလွအပတကာေတြစုေဝးဖန္တီးထားတာဆိုေတာ့ေလ ၿပီးေတာ့Qu..မင္းဟာကိုယ့္ဘဝရဲ႕ဘုရင္ေလးပဲ.."

"ခစ္ခစ္ ... ငါသေဘာက်တယ္ သေဘာက်တယ္ အဟြတ္"

ထိုသို႔ေျပာကာQuကေကာင္းကင္ျပာႀကီးကိုေမာ့ၾကည့္ေလသည္။တစ္ခါကေဆာင္းရာသီကယခုပုန္းကြယ္ကာေနၿပီးငုပ္လွ်ိဳးလို႔သြားေနသည္။ႏွင္းခဲတို႔သည္လဲအရည္မ်ားေပ်ာ္ၾကကာဤစမ္းေခ်ာင္းအတြင္းသို႔စီးဝင္ကာလာသည္။

ထိုအခ်ိန္။
ေရထဲကိုအာ႐ုံစိုက္မိေနသည့္အခ်ိန္။ေရထဲတြင္ျဖဴလႊလႊအရာေလးေတြက႐ုတ္တရက္ဆိုသလိုေပၚလာေလသည္။ပထမေတာ့တစ္ေကာင္၊ေနာက္ေတာ့ႏွစ္ေကာင္ႏွင့္ေနာက္ေထာင္ေပါင္းမ်ားစြာကQuတို႔ေလွနားတြင္ကူးခတ္လို႔လာသည္။

အျဖဴေရာင္ငါးေလးမ်ား။

ထို႔ေနာက္အေရွ႕တစ္အိမ္ရွိသစ္ပင္ေပၚတြင္ထင္းခနဲေပၚလာသည့္အရာတစ္ခု။မ်က္စိျပဴးျပဴးႏွင့္တစ္ကိုယ္လုံးျဖဴကာေနၿပီးမ်က္လုံးမ်ားနီစုပ္ေနသည္ကႏွင္းေတာင္ၾကားေတြထဲရွိသားရဲသတၱဝါလိုမ်ိဳး။

ဇီးကြက္ျဖဴ။

ထို႔ေနာက္သစ္ပင္ေတြလႈပ္ခတ္သြားၿပီးေကာင္းကင္ယံထက္အျဖဴေရာင္ေလးမ်ားထပ္ဆင့္ဝဲကာပ်ံလို႔သြားသည္။ဝါး .. လွလိုက္စမ္းပါဘိ။

အျဖဴေရာင္ငွက္ငယ္ေလးမ်ား။

ထို႔ေနာက္Qu၏ျမင္ကြင္းထဲသို႔တိုးကာဝင္လာေသာအျဖဴေရာင္သတၱဝါမ်ိဳးစုံစုကာေရာက္ခ်လာသည္။သူ႔နားထိတိုးကာလာၿပီးအနားသို႔ေရာက္ေတာ့သူ႔အားတစ္ေယာက္တစ္လွည့္စီဦးၫြတ္ကာသြားၾကသည္။ၿပီးေနာက္သူတို႔လာရာအရပ္ရပ္ဆီသို႔ျပန္သြားၾကေလသည္။Quသည္ဤအနက္အဓိပၸာယ္ကိုသိသည့္အလားၿပဳံးကာသာၾကည့္သည္။

ထို႔ေနာက္ေရွ႕တစ္ေနရာတြင္အျဖဴေရာင္ဒရယ္ႀကီးတစ္ေကာင္ေရေပၚသို႔ျဖည္းညင္းစြာလမ္းေလွ်ာက္လို႔လာေနသည္။Quၿပဳံးခနဲျဖစ္သြားသည္။ေရွ႕၌ပန္းႀကဲေနေသာလီယြန္ကဒရယ္ႀကီးအားေခါင္းငုံ႔ကာဦးၫြတ္သည္။ေနသန္ကQuအားက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။စင္သီယာကေတာ့ဒီဘက္ကိုပင္မလွည့္ေတာ့။သူမရဲ႕မသင့္ေလ်ာေသာမ်က္ႏွာႀကီးအားQuအားမၾကည့္ေစခ်င္လိုေသာေၾကာင့္တဲ့ေလ။

အျဖဴေရာင္ဒရယ္ႀကီးကQuအားျမင္ေတာ့ျပန္လည္ကာဦးၫႊတ္ေလသည္။Quျပန္လည္ကာအသိမွတ္ျပဳသည္ထိဦးၫႊတ္လို႔ေနေသာေၾကာင့္Quေခါင္းကိုၿငိမ့္ျပလိုက္သည္။

ထိုေခါင္းၿငိမ့္လိုက္ၿပီးသည့္အခ်ိန္တြင္မွာပဲသူ၏ဆံပင္ခပ္ညိဳညိဳေတြဟာျဖည္းျဖည္းခ်င္းႏွင္းထုပမာအျဖဴေရာင္သို႔ေျပာင္းလဲလို႔သြားေလသည္။တစ္ခိုက္တန႔္အတြင္းမွာပဲဒရယ္ႀကီးသည္လဲပဲေပ်ာက္ကြယ္လို႔သြားသည္။

မ်က္လုံးေတြျပန္ပြင့္လာေတာ့Quဟာၿပဳံးေနသည္။ဒရယ္ျဖဴႀကီးေပ်ာက္ကြယ္သြားသည္ႏွင့္ခံစားလာရသည့္ခံစားခ်က္အခ်ိဳ႕ေၾကာင့္ေနသန႔္ရင္ေတြထစ္ခနဲစိုးထိတ္လို႔သြားၿပီးQu၏အားေပ်ာ့ေနေသာခႏၶာကိုယ္ေလးအားတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လို႔ထားသည္။

လီယြန္ကခပ္ျဖည္းျဖည္းေနာက္သို႔လွည့္လာသည္။ထို႔ေနာက္ျဖည္းညင္းစြာQuကိုတစ္႐ိုတစ္ေသျဖင့္ဦးၫႊတ္ကာဆိုသည္။

"ကြၽန္ေတာ္မ်ိဳး .. အရွင့္နားမွာေနခြင့္ရခဲ့လို႔
အင္မတန္ကံေကာင္းခဲ့ပါတယ္အရွင္"

Quကထိုစကားကိုဘာမွ်မေျပာလိုဘဲေခါင္းသာၿငိမ့္ျပသည္။ေနသန္Quအားခပ္တင္းတင္းဖက္ထားဆဲ။Quကေခါင္းေလးေမာ့ကာေနသန႔္အားၿပဳံးကာၾကည့္လာသည္။ေနသန႔္မ်က္ႏွာေလးအားေစ့ေစ့စပ္စပ္စိုက္ကာၾကည့္ၿပီးေနာက္ပါးေလးကိုအျမတ္တႏိုးထားကာနမ္းရွာသည္။

ေနသန္မ်က္ရည္ေတြမထိန္းႏိုင္ေတာ့။တစ္စက္ခ်င္းဆီအတားဆီးမရွိစီးက်လို႔လာသည္။Quကဒီတစ္ခါေတာ့ၿပဳံးပါသည္။

"Qu Quကိုယ့္ကိုမစပါနဲ႔ မလုပ္ပါနဲ႔ 
ကိုယ့္ကိုမစပါနဲ႔လို႔ ကိုယ့္ေယာက်ၤားေလးရယ္.."

"..ေကာင္းေကာင္းေနခဲ့ပါ နိတ္
မင္းအတြက္...အေကာင္းဆုံးေတြပဲ...ျဖစ္ပါေစ.."

စင္သီယာႏွင့္ထပ္တူညီေသာဆုေတာင္းကိုေနသန္ၾကားလိုက္ရတဲ့အခါတြင္ေအာ္ကာငိုပစ္လိုက္ေတာ့သည္။

"Quuလို႔ Quu ကိုယ့္ကေလးေလး"

"..."

"ကိုယ့္ကိုမေနာက္ပါနဲ႔လို႔ Quေရ..သီယာ လုပ္ပါအုန္း Qu Quကိုယ္ေတြေပါ့ေနၿပီ အစာစားရမယ္နဲ႔တူတယ္ Qu လို႔ကိုယ့္ကိုၾကည့္ပါအုန္း Qu..."

ပန္းပြင့္လိုအမႈန္ေလးေတြအျဖင့္စတင္ကာေျပာင္းလဲလာေသာQu၏ခႏၶာကိုယ္မွဆဲလ္ေသးေသးေလးမ်ား။တစ္ဆင့္ခ်င္းဆီျဖည္းျဖည္းခ်င္းေျပာင္းလဲေနတာေၾကာင့္အခ်ိန္ၾကာသည္။တျဖည္းျဖည္းခ်င္းဆီေပါ့လို႔လာလည္။တခ်ိဳ႕တစ္ဝက္ေတြကေလထဲသို႔လြင့္ပ်ံလို႔သြားေနၿပီ။ေနသန္ ထိုအမႈန္ေလးေတြကိုလိုက္လံကာဖမ္းေနမိသည္။

စကၠန႔္ဝက္မွ်အၾကာတြင္ေတာ့Qu၏ၿပဳံးေနေသာမ်က္လုံးေလးေတြကပိတ္စက္လို႔သြားသည္။ေနာက္ဆုံးေသာပန္းဝတ္မႈန္ေလးတစ္မႈန္ကေနသန႔္ႏႈတ္ေခါင္းထက္ဝယ္ရစ္ဝဲလို႔လာေပးသည္။ေနသန္မ်က္ရည္မ်ားျဖင့္သာလက္ကေလးႏွင့္တို႔ကာထိလိုက္သည္။ေနာက္ေဘးနားရွိအမႈန္မ်ားဟာလဲေအးစက္စက္ေလစိမ္းမ်ားႏွင့္အတူ ေလာကႀကီးထဲမွထာဝရေပ်ာက္ကြယ္ကာသြားေလေတာ့သည္။

"...(cries*)(laughs in pain*)"

ေနသန္အစကတည္းက .. လီယြန္ႏွင့္သီယာအမူအယာေတြစေျပာင္းလာကတည္းက .. Quလိပ္ျပာလြင့္တဲ့အေျခအေနကိုျမင္လိုက္ကတည္းက .. သူသိပါသည္။သူသိခဲ့ပါသည္။

ဘာကိုသိသည္လဲ . . ။

ဒီေန႔ဟာသူအျမတ္ႏိုးရဆုံးလူသားမဟုတ္တဲ့လူသားေလးႏွင့္တစ္ခန္းတည္း .. တစ္အိမ္တည္း .. တစ္မိုးေအာက္တည္းတြင္ .. အတူတူေနရမည့္ေနာက္ဆုံးေသာေန႔ရက္ဟူ၍ဆိုတာကိုပင္။

ေနသန္မ်က္ရည္မ်ားႏွင့္ေကာင္းကင္ထက္သို႔ေမာ့ၾကည့္လိုက္သည္။ထို႔ေနာက္စိတ္ေတြကိုလႊတ္ခ်ပစ္လိုက္သည္။ထို႔ေနာက္ရွိသမွ်အားေတြစုကာQuအတြက္ေနသန္၏ေနာက္ဆုံးေသာစကားအားဆိုလိုက္သည္။

"I shall always love you,my love,even in the face of the death .. (tears dropped)farewell my love..farewell..."

Epilogue~

က်န္ရစ္ခဲ့သူကပိုကာနာက်င္ရသည္။
ထားရစ္ခဲ့သူကပိုကာလြမ္းဆြတ္ရသည္။
သို႔ေသာ္ထားရစ္ခဲ့သူကဤကမာၻႏွယ္ထာဝရေပ်ာက္ဆုံးသြားပါလွ်င္ေတာ့က်န္ရစ္သူကအသက္ေသ႐ုံသာရွိေလေတာ့သည္။
                                                              
The End.
@Aeinthrazi🤍🦌

Comments

Post a Comment