A Sweven Elegy from Nature - Chapter (27)
Unicode
အခန်း (၂၇)
Giethoorn(ဂိထော်န်)ရှိChurchဘုရားကျောင်းလေးဟာယနေ့ဗုဒ္ဓဟူးနေ့မို့သာမာန်Nunsများနှင့်ဘုန်းတော်ကြီးများသာရှိလေသည်။ဘုရားကျောင်းစောင့်ပုဂ္ဂိုလ်ကြီးကတော့ဘုရားကျောင်းတစ်ဝိုက်တံမြက်စည်းလှည်းကျင်းလို့နေပြီးကလေးတချို့ကလဲNunsများနှင့်ဆော့ကစားလို့နေသည်။
နေသန်မနေ့ကမှGiethoornကိုပြန်ရောက်လာခြင်းဖြစ်သည်။ရောက်ရောက်ချင်း ဘယ်ကိုမှမသွားဘဲဒီသို့သာဦးတည်ခဲ့သည်။လီယွန်ကအဖော်လိုက်မည်ဟုပြောပါသော်လည်းနေသန်မျက်နှာတည်ကြီးနှင့်ကြည့်လိုက်၍ကောင်းကောင်းသွားပါဟူ၍သာအဆုံးသတ်သွားသည်။
ဘုရားကျောင်းထဲဝင်ခါစတွင်နေသန်အေးချမ်းမှုတချို့ကိုခံယူလိုက်သည်။ထို့နောက်Nunsတချို့နှင့်တွေ့ကာလက်ထပ်ပေးတဲ့ဘုန်းတော်ကြီးဘယ်မှာတွေ့လို့ရလဲမေးပြီးလျှောက်လမ်းအတိုင်းဆင်းလာခဲ့သည်။ဒီကနေ့ဘုန်းတော်ကြီးရှိသည်တဲ့။ဒီနေ့လာတာကံကောင်းသည်ဟုဆိုကြသည်။တစ်ခါမှဘုန်းတော်ကြီးဒီလိုနေ့မျိုးမရှိဖူးဘူးတဲ့လေ။
နေသန်Churchခုံတန်းတစ်နေရာတွင်ဝင်ကာထိုင်လိုက်သည်။ထို့နောက် အကြာကြီး 'Jesus' အားစိုက်ကြည့်နေမိသည်။ထာဝရဘုရားသခင်အားယုံကြည်ရမည်လား ဒါမှမဟုတ် သဘာဝတရားကြီးကိုကိုးကွယ်ရတော့မည်လား။လောကမှာသူတို့မသိတာတွေကသိပ်ကိုများပြားလွန်းလှသည်။
နေသန်လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ ခေါင်းကိုအောက်သို့စိုက်ထားလိုက်သည်။နောက်လည်ပင်းအထပ်ရှိလက်ဝါးကပ်တိုင်ဆွဲကြိုးကိုဆွဲကာဖြုတ်ယူလိုက်ပြီးခုံတန်းဘေးတစ်နေရာတွင်အသာအယာချထားခဲ့လိုက်သည်။ထို့နောက်တွင်ဘုန်းတော်ကြီးရှိရာအဆောင်သို့လျှောက်လာခဲ့လိုက်သည်။
"မင်္ဂလာဆောင်??"
"အင်း .. ကျွန်တော် မင်္ဂလာဆောင်မှာ"
ဤမြို့တွင်နေသန်ထလင်းနော့တ်ကိုမသိသူမရှိ၊မကြောက်သူဟူ၍လဲမရှိပေ။ထိုထဲတွင်ဘုန်းတော်ကြီးလဲအပါဝင်ဖြစ်ကြောင်းနေသန်အခုမှသိရသည်။
"ဘယ်သူနဲ့လဲ"
"ကျွန်တော့်ကောင်လေးနဲ့"
"ကောင်လေး..??"
"အင်း.."
"အင်း..ယောင်္ကျားလေးချင်းဆိုတော့..."
"ရပါတယ် ဒါဆိုသွားခွင့်ပြုပါအုန်း"
အတင်းမတောင်းဆိုလိုသောနေသန်၊ထိုယောင်္ကျားလေးနှစ်ယောက်ဆိုပြီးအစချီလာတဲ့စကားလုံးကိုမကြားချင်တော့သည့်နေသန်သည်ဘုန်းတော်ကြီးစကားစလာကတည်းကဖြတ်ချလိုက်သည်။ထို့နောက်တခြားနည်းလမ်းအားစဉ်းစားရန်ကြံနေစဉ်ဘုန်းတော်ကြီးကနောက်ကနေလှမ်းကာခေါ်သည်။
"နေသန်.."
"..."
"ချစ်ခြင်းတရားမှာကျားမမလိုဘူး ငါ့တူငယ်.."
ဘုန်းတော်ကြီးစာအုပ်ကိုလက်ကနေပိုက်ကာနေသန့်အားပြုံးကာကြည့်ရင်းဆိုသည်။နေသန်ပြုံးလိုက်သည်။ထို့နောက်အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှုလိုက်ရင်း ဘုန်းတော်ကြီးအားဆိုလိုက်သည်။
"ဘယ်နေ့လောက်စကြမလဲ"
𐮜 𐮜 𐮜
Quဒီကနေ့အတော်လန်းဆန်းလို့နေသည်။ပြတင်းပေါက်မှတစ်ဆင့်နှင်းထုများကျဆင်းနေသည်ကိုပြုံးကာကြည့်လို့နေပြီးအဝတ်အစားကိုယ်စားခြုံထည်ခပ်ထူထူတစ်ခုကိုသာပတ်လို့ထားသည်။အခန်းထဲတွင်မည်သူမှရှိမနေဘဲအိပ်ယာထက်တွင်ချထားသောမင်္ဂလာသတို့သားဝတ်စုံတစ်စုံသာရှိသည်။
Quသူမင်္ဂလာဆောင်ချင်သည်ပြောပြီးကတည်းကနေသန့်ကိုမတွေ့ရတော့။သတင်းတွေကိုသီယာနှင့်လီယွန်မှတစ်ဆင့်သာနာကြားရသည်။တစ်ခါတစ်လေမှေးစက်ကာအိပ်ပျော်လုချိန်တွင်ခြေသံတချို့ကိုခပ်ယဲ့ယဲ့ကြားတတ်ရသည်။ထိုအခါနေသန်များလားလို့မျှော်မျှော်ကြည့်မိတတ်ပေမယ့် မဟုတ်နေတတ်တာကများသည်။သို့သော်သူနေသန့်ခြေသံကိုသိပါသည်။နေသန်အပေါ်သို့အကြိမ်ကြိမ်တက်လာမှန်းလဲသိပါသည်။
သူ့အားလာသာမကြည့်တာ။အနီးကပ်မည်သို့စောင့်ရှောက်နေမှန်းလဲသိပါသည်။ထိုနေ့ကနေသန်ပြောလိုက်တဲ့စကားကြောင့်Quအတော်လေးဝမ်းနည်းခဲ့ရပေမယ့်နောက်ပိုင်းနေသန့်ဆီမှတောင်းပန်ပါတယ်ဟုစကားပါးလာတော့သူမျက်ရည်ကျမိပါသေးသည်။တကယ်တမ်းတောင်းပန်ရမည့်သူကသူမဟုတ်ပါပေလား။
ယနေ့ဆောင်းသည်အလွန်ပင်အေးမြလှသည်။ချမ်းစိမ့်စိမ့်အေးမြသည်မဟုတ်ဘဲ ဒီတိုင်းအေးချမ်းစွာအေးမြယုံသာ။
ဒေါက်..ဒေါက်။
"Qu အချိန်ကျပြီ"
တံခါးမရှိပေမယ့်အခန်းနံရံကိုခေါက်ကာသတိပေးတတ်သောသီယာ့ရဲ့အသံကြောင့်Quနောက်သို့လှည့်ကြည့်မိသည်။သီယာကအဖြူရောင်အနောက်တိုင်းကိုယ်ကျပ်ဂါဝန်တိုကိုလှပစွာဝတ်ဆင်ထားပြီးခေါင်းတွင်ပန်းခက်လေးကိုပန်ထားသည်။မိတ်ကပ်ပါးပါးလေးကိုအနုပညာဆန်စွာခြယ်မှုန်းထားပြီးပါးနီလေးကမူမို့လို့နေသည်။
"သီယာလှနေတယ်"
စင်သီယာQuစကားကြောင့်ခပ်ရွှင်ရွှင်ပြုံးပြလိုက်သည်။ထို့နောက်ကုတင်ပေါ်မှာတင်ထားသောသတို့သားဝတ်စုံကိုဆွဲယူလိုက်ပြီးQuလက်ရှိခြုံထည်ကိုကူကာချွတ်ပေးလိုက်သည်။ပိန်လျသွားသောခန္ဓာကိုယ်လေးကိုသီယာမျက်နှာလွှဲထားရင်းအဝတ်အစားကိုသာဝတ်ဆင်ပေးနေမိသည်။
ပြီးပြီ။
အဖြူရောင်အနောက်တိုင်းဝတ်စုံကတစ်ကိုယ်လုံးဖြူစွတ်လို့။ရင်ဘတ်တွင်ထိုးထားသောပန်းခက်ကသီယာ့ခေါင်းတွင်ထိုးထားသောပန်းခက်နှင့်ဆင်တူ။Qu၏လှပသောအရပ်မောင်းနှင့်အတူသွယ်တန်းနေသောသတို့သားဝတ်စုံကQuခန္ဓာကိုယ်ထက်တွင်ခန့်ညားစွာတည်ရှိလို့သွားသည်။
"Prefect .. လာ သီယာနည်းနည်းလိမ်းပေးမယ်"
Quကပြုံးကာခေါင်းငြိမ့်သည်။စားပွဲပေါ်တွင်တင်ထားသော ဆေးခြယ်မှုန့်တို့ကိုသီယာကျွမ်းကျင်စွာQuမျက်နှာထက်တွင်ခြယ်မှုန်းပေးနေလိုက်သည်။ညိုမည်းနေသောမျက်ခွံများထက်တွင်အသားနုရောင်လေးထည့်သည်။ဖြူစွတ်နေသောနှုတ်ခမ်းများကိုပန်းနုရောင်တင်သည်။မျက်တောင်တိုတိုပုပုလေးများကိုအနည်းငယ်ရှည်လျားစေသည်။ထို့နောက်ပါးလွှာနေသောပါးလေးနှစ်ဖက်အားခပ်နီနီမို့မောက်စေသည်။
"Done!!အား ချောလိုက်တာ ငါ့မောင်ရာ.."
သီယာကအသည်းယားစွာညည်းတွားသည်။Quခပ်ဖွဖွရယ်ပါသည်။ထို့နောက်ကြေးမုံထက်တွင်ထင်ဟတ်နေသောမိမိပုံရိပ်ကိုပြုံးကာကြည့်သည်။ထိုအချိန် လီယွန်ကတံခါးပေါက်ကနေဝင်လာသည်။
မည်းနက်နေသောကိုယ်လုံးထက်တွင်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပါသောလီယွန်။
Quထစ်ခနဲဆိုရယ်ချလိုက်မိသည်။ဒါကိုမြင်တော့လီယွန်ကမျက်စောင်းထိုးပါသည်။သူ့တွင်ခက်ခက်ခဲခဲဝတ်ထားရသည်ကို ဒင်းကများ။ဒင်းမင်္ဂလာဆောင်သည်ကြောင့်အကျွန်တော်မျိုးဤသို့ဝတ်ဆင်ထားရသည်လေ။ဟင့်။လီယွန်ဟိုဘက်သို့ဟင့်ခနဲလှည့်သွားသည်။Quကခပ်ဟဟပြုံးရင်းလီယွန့်အမွှေးတွေကိုပွတ်သပ်ကာဆိုသည်။
"ကျေးဇူးပါ လီယွန် ငါ့ပြက္ခဒိန်တွေဆုံးသည်ထိရှိနေပေးလို့"
လီယွန်ကောဘေးနားရှိပြုံးနေသောစင်သီယာပါQu၏စကားကြောင့်ရုတ်တရက်ငိုင်ကာကျသွားသည်။လီယွန်ကအဆိုးဆုံးပင်။မျက်နှာကြီးငိုင်ကာကျသွားပြီးQuရှေ့တွင်မကျမိစေရန်ထိန်းထားသောမျက်ရည်များစီးလို့လာသည်မှာကြောင်တစ်ကောင်အတွက်အလွန်ထူးဆန်းသောဖြစ်ရပ်တစ်ခုဖြစ်မည်။
"မင်းလဲပဲအရမ်းခန့်ညားနေတယ် Qu"
လီယွန်ကမျက်ရည်များဖြင့်Quအားစိတ်ထဲကနေစကားဆိုသည်။Quပြုံးကာရယ်မောဖြစ်သည်။ဒီရယ်မောရသောရက်တွေမကုန်ဆုံးခင်လေးလွတ်လပ်စွာရယ်မောချင်သည်။အချိန်တွေကတဖြည်းဖြည်းသွားလို့နေသည်။စက္ကန့်လက်တိုင်တွေဟာဘယ်တုန်းကမှရပ်မသွား။သူ၏ပြက္ခဒိန်နေ့စွဲတွေဟာလဲတစ်ရွက်တစ်ရွက်ကြွေလို့သွားနေပြီ။
𐮜 𐮜 𐮜
Giethoornမြို့ရှိChurchကျောင်းတွင်ဤကနေ့ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။မင်္ဂလာဆောင်မည်ဟုကြားရပြီးနေသန်ထလင်းနော့ရဲ့မင်္ဂလာပွဲဟုဆိုကြသဖြင့်ပွဲစည်နေခြင်းဖြစ်သည်။အမျိုးသမီးငယ်အချို့ကသတို့သမီးမိမိထက်မည်မျှလှသလဲယှဉ်ရန်လာကြသည်။တချို့ကစပ်စုရန်လာကြသည်။တချို့ကတော့မည်သူမှန်းရိပ်မိကြ၍အတင်းတုပ်ရန်လာခဲ့ကြသည်။
မစ္စစ်နှင့်မစ္စတာဂရမ်းဒေ့ကတော့တစ်ယောက်ကိုယ်တစ်ယောက်အပြုံးဖလှယ်ရင်းဘေးတစ်နေရာတွင်ကောင်းချီးပေးဖို့အေးဆေးသာထိုင်နေသည်။
Churchကျောင်းလေးဟာယနေ့ကျက်သရေရှိလို့နေသည်။အဖြူရောင်ငွေလှိုင်းလေးတွေကကောင်းကင်ထက်ဝယ်ရစ်တွယ်လို့နေပြီးငှက်ဖြူများအချို့ဟာထူးဆန်းစွာChurchကျောင်းတွင်ခိုနားနေကြသည်။သတို့သားတစ်ဦးကတော့ဤနေရာသို့လာနေပြီဖြစ်ပြီးတစ်ဦးကတော့ထလင်းနော့တ်စံအိမ်ကြီးတွင်...။
"ကျွန်တော့်ကိုခွင့်ပြုပေးပါ မခွင့်ပြုလဲပဲသူ့ကိုပဲလက်ထက်မှာမလို့လာကာအသိပေးတာပါ"
အဖြူရောင်သတို့သားဝတ်စုံရှည်ကိုခန့်ညားစွာဝတ်ဆင်ထားပြီးဆံပင်ရှည်ရှည်များကိုနောက်သို့စု၍ဖြီးကျမ်းကာလိမ်းထားသည်။ဝတ်စုံရှည်ဖြစ်သဖြင့်အနောက်နားတွင်အစွန်လေးနှစ်ဖက်ရှိပြီးကော်လံမှာအဖြူရောင်စွတ်စွတ်လေးဖြစ်ပေသည်။ပန်းခက်များကသီယာ့သဘောအတိုင်းဖြစ်တာကြောင့်တူတူကြီးသာဖြစ်ပြီးသီယာသည်ဝတ်စုံဖြူနှင့်လိုက်ဖက်စွာစီစဉ်ပေးထားပုံရသည်။
လက်အိတ်ဇာအဖြူပါးကိုစွပ်ကာထားသည်။ဘွတ်ဖိနပ်အဖြူကိုစီးနင်ကာထားသည်။ဒူးနှစ်ဖက်ကထလင်းနော့တ်စံအိမ်ကြီး၏အမျိုးသမီးသုံးယောက်ရှေ့တွင် ထောက်ကာထားသည်။
"ကျွန်တော့်ကိုကောင်းချီးပေးပေးပါ"
"နိတ် မင်းတကယ်ကြီးလုပ်တော့မှာလား မင်းနောက်ကျရင်နောင်တရလို့ဆိုပြီး.."
"ကျွန်တော်ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး စိတ်ချပါ"
"နေသန် ဒါက မင်းယောကျ်ားချင်း.."
"ကျွန်တော်သူ့ကိုချစ်တယ် ဒါပဲလိုတယ် ခီလာ"
"...."
"...."
"မင်း..မင်းတို့နှစ်ယောက် တစ်သက်တာကောင်းကောင်းမွန်မွန်ပေါင်းဖက်နိုင်ကြပါစေ"
ကတ်ထလင်းနော့တ်ဆီမှထွက်လာသော အသံယဲ့ယဲ့လေးဖြစ်သည်။ခီလာကောမဒမ်ကောအံ့ဩကာကတ်ကိုကြည့်လိုက်ကြသည်။နေသန်ကသူ၏အမေအားပြုံးရွှင်စွာကြည့်လိုက်ပြီးကောင်းချီးပေးမှုကိုခံယူလိုက်သည်။
"ကျေးဇူးပါ အမေ"
"ကတ်..နင်ဘာလို့"
"အမေ အမေ့မြေးပျော်ရင်ကျားမတွေကအရေးကြီးပေလို့လား အမေ့တုန်းကတောင်အမေ့ထက်အသက်ကိုးနှစ်ကြီးတဲ့အဖေ့ကိုယူခဲ့သေးတာပဲ ဒါလဲတူတူပဲ ကျားမကွဲလို့ဘာဖြစ်သွားလို့လဲ"
"..."
"...."
"နိတ် ပျော်ရင်ကျွန်မတို့ပျော်တယ်မလား ကျွန်မတို့ကန့်ကွက်တော့ သူပျော်မယ်ထင်နေလား သူဘာတွေအခက်အခဲရှိပေလို့မှန်းမသိပေမဲ့ နေသန် ဒီကောင်လေးကိုအရမ်းချစ်မှန်း အမေတို့ အစ်မတို့မခံစားမိဘူးလား..."
အခန်းထဲရှိလေထုကအေးစက်လို့သွားသည်။ခီလာကခေတ္တကြာတော့တဖြည်းဖြည်းချင်းခေါင်းကိုငြိမ့်လာသည်။ဘွားဘွားထလင်းနော့တ်ကသူသမီးနှစ်ယောက်ကိုမယုံကြည်နိုင်သလိုကြည့်သည်။
"အမေ ယောက်ျားလေးလဲဘာဖြစ်လဲအမေရဲ့သူတို့ချစ်နေကြတာပဲလေ"
"ဒါပေမဲ့.."
".."
"ဒါပေမဲ့..."
ဘွားဘွားထလင်းနော့တ်သူ၏မြေးအားကြည့်လိုက်သည်။သူတို့ခွင့်ပြုမှုကိုချင်ပါသော်လည်းကြောက်နေတာကသိသာလှသည်။တစ်ဖက်ကသူအမေ၊သူ့အဘွားတစ်ဖက်ကသူမြတ်နိုးရတဲ့ကောင်လေး။သူ့တွင်လဲဝန်တွေပိပါသည်။ချစ်သည်ကလွတ်လွတ်လပ်လပ်မချစ်ရဘဲမိမိတို့ကပိတ်ပင်သလိုဖြစ်မိသွားသည်။
အေးလေ။ချစ်တာပဲ။
ကျားမလိုလို့လား။သူတို့ပျော်ရင်ကိုယ်တွေလဲပျော်တာပဲ။
ခေါင်းငုံ့နေသောနေသန့်ကိုထလင်းနော့တ်အမျိုးသမီးသုံးယောက်တစ်ယောက်ကိုယ်တစ်ယောက်ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်ကိုမမြင်လိုက်ရ။ခီလာထလင်းနော့တ်နှင့်ဘွားဘွားထလင်းနော့တ်ကပြိုင်တူဆိုလာသည်။
"မင်းတို့နှစ်ယောက်တစ်သက်တာကောင်းကောင်းမွန်မွန်ပေါင်းဖက်နိုင်ကြပါစေကွယ်.."
"....(smiles)"
Zawgyi
အခန်း (၂၇)
"မင်္ဂလာဆောင်??"
"ဘယ်သူနဲ့လဲ"
"ကောင်လေး..??"
"အင်း.."
"နေသန်.."
"..."
"ဘယ်နေ့လောက်စကြမလဲ"
𐮜 𐮜 𐮜
ဒေါက်..ဒေါက်။
"Qu အချိန်ကျပြီ"
"သီယာလှနေတယ်"
ပြီးပြီ။
𐮜 𐮜 𐮜
"နေသန် ဒါက မင်းယောက်ျားချင်း.."
"...."
"...."
"ကျေးဇူးပါ အမေ"
"ကတ်..နင်ဘာလို့"
"..."
"...."
"ဒါပေမဲ့.."
".."
"ဒါပေမဲ့..."
အေးလေ။ချစ်တာပဲ။
"....(smiles)"
Done 💪
ReplyDeleteDone 🍀
ReplyDelete