A Sweven Elegy from Nature Chapter (25)

Unicode 


အခန်း (၂၅)


"အာာာာား!!!!"


မျက်လုံးကြောင်ကြောင်ဖြင့်နိုးထလာရတဲ့နေ့တစ်နေ့ရဲ့အစဟာQuအဖို့သိပ်တော့အဆင်မပြေလှ။သို့သော်မျှော်မှန်းထားသလိုဖြစ်မနေဘဲတစ်ကိုယ်လုံးနွေးထွေးကာသန့်ရှင်းလို့နေသည်မှာနေသန့်လက်ချက်ဆိုတာကိုQuသိသည်။


နောက်ပြီးတစ်ကိုယ်လုံးဆွဲစုတ်ထားသလိုကိုက်ခဲ၍နာကျင်နေသည်မှာလည်းနေသန့်လက်ချက်ဆိုတာသိသည်။


"ကျစ်"


စောင်အထပ်ထပ်လွှမ်းခြုံပေးထားခံရတဲ့ကိုယ့်ကိုယ်ကိုယ်မြင်တော့အနည်းငယ်စိတ်ဆိုးမိသေးသည်။သို့သော်ဤသည်ကလဲလိုအပ်ပါပေသည်။Quနဖူးကိုတစ်ချက်နှိပ်နှယ်ရင်းထပ်ခိုးပြတင်းပေါက်မှတဆင့်အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။


သစ်ပင်တွေကိုရေဖြန်းနေသံကနားထဲသို့ကြည်ကြည်လင်လင်ဖြင့်တိုးဝင်လာတော့ 

Quစပ်စုလိုစိတ်ဖြင့်ထကာကြည့်မည်လုပ်သည်။


အိပ်ယာကနေထကာခြေထောက်နှစ်ဖက်နှင့်ခန္ဓာကိုယ်ကိုရပ်တည်မယ်လုပ်တော့နာကျင်မှုကအထက်သို့ဆန်တက်လာသည်။အနည်းငယ်ယိမ်းယိုင်သွားပြီးဘေးနားကစားပွဲခုံကိုအားပြုကာ လက်ဖြင့်ထောက်ရပ်လိုက်ရသည်။အဆင်ပြေပြီဆိုမှQuတစ်လှမ်းချင်းဆီပြတင်းပေါက်နားသို့လျှောက်ကာသွားရသည်။


ကြည်လင်နေသောရာသီဥတုနှင့်ခြံဝင်းပြင်ပရှိ သိုးအုပ်ငယ်တစ်စု။နွားမများကမြက်ခြောက်များအား ဖြည်းဖြည်းချင်းဆီမြုံလို့နေကြပြီး ခဏအတွင်းမှာပင်မြင်ကွင်းအတွင်းသို့ရေစက်အနည်းငယ်ကQuကြည့်နေရာအရပ်ဆီသို့လာ၍စင်လာပါတော့သည်။


ပြတင်းပေါက်မှန်တစ်ချို့ရေစိုသွားပြီး မျက်နှာထက်ရေစက်တစ်ချို့ပေကျန်သွားတော့Quခပ်တိုးတိုးရယ်မိလိုက်သည်။


"ဟိတ် ကောင်လေး နိုးပြီလား"


အသံလာရာကိုကြည့်မိတော့ခန့်မှန်းထားသည့်အတိုင်း နိတ် ထလင်းနော့တ်ပါပင်။သစ်ပင်နှင့်ပန်းပင်တချို့ကိုရေဖြန်းပေးလို့နေပြီးတစ်ချက်တစ်ချက်ရေပိုက်ကိုင်ထားသောလက်ကိုအပေါ်သို့မြှောက်ကာQuအားရေဖြင့်စနောက်တတ်သေးလေသည်။Quပြုံးပြလိုက်သည်။နေသန်က ပြန်လည်ကာပြုံးပြလာသည်။


"..."


"..."


တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်ကာနားလည်မှုရယူတော့Quရဲ့ရင်ဘတ်ထဲမှထိုးကာအောင့်လာရသည်။ရင်ဘတ်ကိုသတိမထားမိဘဲရုတ်တရက်ဖိကာနှိပ်မိလိုက်တော့နေသန်ကလန့်သွားသည်ထင်၏။ချက်ချင်းဆိုသလို မိမိမြင်ကွင်းထဲမှရုတ်တရက်ဆိုသလိုပျောက်သွားကာ မိမိရှိရာအပေါ်သို့အပြေးအလွှားတက်လာသော ခြေသံများကိုအဝေးမှယဲ့ယဲ့ကြားနေရသည်။


"Qu.."


နေသန်ခပ်လောလောအခန်းထဲသို့ပြေးဝင်လာပြီးQuဖိနှိပ်ထားသောရင်ဘတ်နေရာသို့Quလက်ပေါ်ကနေတစ်ဆင့်ဖိနှိပ်ပေးသည်။အဆင်ပြေပါသည်ဟုပါးစပ်ကQuပြောနေသော်လည်းနေသန်ကဂရုမစိုက်။တကယ်တမ်းအဆင်ပြေနေသည်မှမဟုတ်ပေဘဲလေ။ထို့နောက်တွင်Quရုတ်တရက်ထိုင်ချလိုက်မိသည်ဖြစ်တာကြောင့် ကုတ်ကုတ်လေးဖြစ်သွားသောသူ့ကိုနေသန်ခြေစုံခေါင်းစုံစိုက်ကြည့်ကာစမ်းသပ်နေသည်။


"ကိုယ်တွေပူနေလား ပြစမ်း ကိုယ့်ကို"


"မပူပါဘူး ငါဒီလောက်တော့ဘာမှမဖြစ်ပါဘူး"


နဖူးကိုစမ်းမည်လုပ်တော့Quကလက်ကိုပထုတ်လေ၏။ထို့နောက်ပြောလိုက်သည့်စကားကနေသန့်အားခပ်ညစ်ညစ်အတွေးတချို့ဝင်စေသည်။ထို့ကြောင့်နေသန်က ခပ်နောက်နောက်စလိုက်သည်။


"ဝါး ဟုတ်လား ကိုယ်မနေ့ညကခြောက်ချီတောင်လားပဲ နေပါအုန်း မဟုတ်သေးဘူး ခုနစ်ချီ.."


"ဟ!! နိတ် ဘာတွေပြောနေတာလဲ ငါကအဲ့လိုပြောတာမဟုတ်ဘူးလေ အာာား.. စိတ်ညစ်တယ် ဖယ်စမ်းဖယ်စမ်း တကယ်ပဲ အ့ အ့ နာ..နာတယ် နိတ် "


ဒေါသသံနှင့်နေသန့်အားဟိန်းဟောက်ကာချက်ချင်းထသွားတော့နေသန်ထိုနေရာမှာပင်ရပ်ကာနေလိုက်သည်။သုံးလှမ်းတောင်မပြည့်လိုက်ပါပေ။တစ်ခါတည်းသူ့နာမည်အားမြည်တမ်းကာနောက်သို့လှည့်ကြည့်လာသောQuအားနေသန်လက်ပိုက်ရင်း မျက်ခုံးပင့်ကာကြည့်ပေးလိုက်သည်။ခြေထောက်တစ်ဖက်တည်းထော့နဲ့ထော့နဲ့နှင့်နေသန့်အားအကူခေါ်နေသည်မှာကလေးငယ်တစ်ယောက်နှင့်တူနေသည်။


"ဘာကြည့်နေတာလဲ ကူအုန်းလေ"


​မှားသည်။သခင်လေးတစ်ပါးနှင့်တူသည်။အမိန့်ပေးနေသည်ကိုကြည့်ပါလား။နေသန် တစ်ချက်ရယ်လိုက်ပြီးအနားသို့သွားကာQuအားခါးကနေတစ်ဆင့်မချီလိုက်သည်။


"အင့်"


ပုခုံးပေါ်သို့လက်လေးနှစ်ဖက်တင်ကာပါလာသောQuသည်နေသန်ကုတင်ပေါ်ဂရုတစိုက်ချပေးလေတော့မျက်ဆံကိုလှန်ကာအပိုတွေဟုဆိုသည်။နောက်သူ့ဘာသာစောင်ခြုံထဲသို့ခြေထောက်တွေကိုထိုးထည့်နေပြီးနောက်နေသန့်အားမျက်နှာရွှင်ရွှင်ဖြင့်လှည့်ကြည့်ကာစွတ်ပြုတ်ဟုဆိုလာသည်။


နေသန်ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်အခန်းထဲမှထွက်လာခဲ့သည်။အောက်ဆင်းတော့အသင့်လုပ်ထားသည့်စွပ်ပြုတ်အိုးကိုနွှေးလိုက်ပြီးပေါင်မုန့်အနည်းငယ်ကိုလှီးကာယိုသုတ်ပေးနေလိုက်သည်။လိမ္မော်ရည်တိုက်ရမည်လား နွားနို့တိုက်ရမည်လား စဉ်းစားနေချိန်မီးဖိုပြတင်းပေါက်မှတစ်ဆင့်စင်သီယာနှင့်လီယွန်ခြံထဲသို့လျှောက်လှမ်းလာသည်ကိုရိပ်ခနဲလှမ်းမြင်လိုက်ရသည်။


ဒေါက်။ဒေါက်။ကျွီ။


တံခါးခေါက်နေသည့်သီယာ့ကိုလီယွန်ကရုပ်တည်ကြီးနှင့်ကြည့်ပြီးနောက်လက်ဖြင့်တိုးကာဖွင့်ပေးလိုက်သည်။ထိုအခါစင်သီယာမျက်နှာကြီးဟာဆယ်မိနစ်လောက်ထိုးရယ်ချင်စရာကောင်းတဲ့ရုပ်ကြီးဖြစ်လို့သွားသည်။


နေသန်စင်သီယာဖြစ်သွားတဲ့ရုပ်ကိုလှမ်းကြည့်ကာရယ်လိုက်ရင်းနွားနို့ဗူးကိုယူကာဖန်ခွက်ထဲသို့ငှဲ့ထည့်လိုက်ပြီးစင်သီယာ့အားမေးငေါ့ကာကြိုဆိုလိုက်သည်။စင်သီယာကပြန်လည်ကာမေးငေါ့ပြသည်။ထို့နောက်အိမ်၏ပတ်ပတ်လည်အားဝေ့ဝဲကာကြည့်ရှုလေသည်။


"Quကော?? အပေါ်မှာလား"


"အင်း စွပ်ပြုတ်ဆိုလို့ .. ထိုင်လေသီယာ"


"အင်း နေပါအုန်း သူကဒီမှာအမြဲတမ်းနေခဲ့ရတာလား တော်တော်အထီးကျန်ခဲ့မှာပဲ"


"အင်း ..."


"..."


"..ငါလဲအဲ့တာတွေးမိတယ် အဲ့နားမထိုင်နဲ့

အဲ့နားကQuနေရာ"


နေသန်ကဗန်းထဲသို့သူ့နေရာနှင့်သူနွားနို့၊စွပ်ပြုတ်၊ရေတွေကိုစီကာထည့်ပြီးတော့ ဗန်းကိုမီးဖိုစားပွဲပေါ်သို့ချတင်ထားပြီးစင်သီယာ့အနီးနားသို့လာကာထိုင်ကာချလိုက်သည်။စင်သီယာကခပ်ရိုးရိုးလေးဝတ်ဆင်ထားသည်။လီယွန်ကတော့ရောက်လာကတည်းကအပေါ်သို့တက်သွားပြီဖြစ်ပြီးယခုထိဘာသံမှမကြားရသေးဖူးဆိုတော့Quအဆင်ပြေနေသည်ဟုယူဆလို့ရသည်။


"ဆိုတော့ စာထဲကဟာတွေကတကယ်လား

နည်းနည်းပါးပါး ရှင်းပြပါအုန်း"


"ကျွန်တော်လဲမပြောတတ်ဘူး ကျွန်တော်နဲ့လီယွန်ရောက်သွားတော့Quပုံစံကအခြေအနေမဟန်တော့ဘူး အဲ့သမင်အိုကြီးကဘာတွေတရားဟောလွှတ်လိုက်လဲမှမသိတာ"


နေသန်စိတ်တိုတိုနှင့်ရေရွတ်သည်။

စင်သီယာကမျက်မှောင်ကုတ်ကာလေးလေးနက်နက်စဉ်းစားသည်။


"အင်း..ငါတို့လဲခုမှအသစ်အဆန်းတွေတွေ့နေရတာ ဘယ်သိနိုင်ပါ့မလဲ ကံကြမ္မာကဘာတွေစီစဉ်ထားလဲမှမသိဘဲ နိတ် ငါပြောမယ် ဘာတွေပဲဖြစ်ဖြစ်အကောင်းဆုံးပြင်ဆင်ထားရအောင်"


"..."


"ငါတို့ အကောင်းဆုံးမျှော်လင့်ထားပြီး အဆိုးဆုံးတွက်ချက်ထားရအောင်ဘာတွေလာမလဲငါတို့မသိနိုင်ဘူး"


"..အင်း ကျေးဇူးပါ သီယာ ကျွန်တော်နှင့်Quသီယာမရှိဘဲဒီအခက်အခဲတွေကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"


စင်သီယာခပ်ယဲ့ယဲ့ပြုံးကာခေါင်းငြိမ့်ပြသည်။နွေးထွေးမှုတစ်ချို့တစ်ဝက်ကိုခံစားရပေမဲ့ စိုးရိမ်မှုတွေကသီယာ့မျက်နှာထက်ဝယ်ကြီးစိုးနေကြသည်။နေသန်သီယာ့ကိုဒီအရှုပ်ထဲဆွဲမထည့်ချင်ဘူးဆိုတာမှန်ပေမဲ့ ပြောခဲ့သလိုပဲ စင်သီယာမရှိလျှင်သူနဲ့Quဒီအထိကျော်ဖြတ်လာနိုင်မည်မဟုတ်ပေ။နေသန်အားတင်းထားမိသည်။အစစအရာရာအဆင်ပြေလာပါစေသားဟူ၍။


‎                          𐮜 𐮜 𐮜


Netherland,Giethoorn

November,Winter

Early Morning . .


ခီလာထလင်းနော့တ်တစ်ယောက်ဤကနေ့မနက်အစောကြီးနိုးလို့နေသည်။မဒမ်ကတ်နှင့်ဘွားဘွားအတွက်မနက်စာကိုအဆင်သင့်လုပ်ပေးခဲ့ပြီး ပန်းခူးဖို့အပြင်သို့ထွက်လာခဲ့သည်။ဝတ်ရုံကျပ်ကိုအပေါ်ကနေခေါင်းမှီခြုံကာလူမသိလေအောင်စောင်းလာသော်လည်းတစ်မြို့လုံးဤသည်ကထလင်းနော့တ်စံအိမ်ကြီးမှမဒမ်ခီလာဆိုတာကိုသိသည်။


လှေတစ်ဆင်းနှင့်ပတ်ကာပန်းခူးနေချိန်တွေးမိတဲ့အတွေးတွေကနေ့စဉ်နှင့်အမျှအများကြီး။ကြားလေရာအရပ်မှသူ၏တူ၏သတင်းများကလဲနားထဲသို့တိုးဝင်​နေသည်မှာဆန့်ပင်ဆန့်သေးရဲ့လားမသိ။Giethoornမြို့ရှိအိမ်ဖော်မများနေ့လည်နေ့ခင်းနွားသိုးဂျယ်လီမြုံရင်း တွေ့ဆုံကြပြီဆိုနေသန့်သတင်းကမပါမဖြစ်။


​ဟိုတလောကကောင်လေးစင်သီယာ့အိမ်မှထွက်သွားပြီဟုသတင်းရသည်။ဟိုတလောကနေသန်ကောင်လေးနောက်လိုက်ပါသွားပြီဟုသတင်းရသည်။ဟိုတလောက စင်သီယာကထိုကောင်လေးနှင့်နေသန့်ထံအလည်သွားသည်ဟုသတင်းရသည်။


ခီလာတကယ်တမ်းပြောလျှင်ကောင်လေးနှစ်ယောက်၏အချစ်ကိုလုံးဝမယုံ။အချစ်မပြောနှင့်ကောင်လေးတစ်ယောက်နှင့်တစ်ယောက်ကဘာများတက်မက်စရာရှိနေကြလို့အချစ်ဟုခေါ်ရမည်လဲ။ထို့ကြောင့် ခီလာတကယ်သူ့တူထိုကောင်လေးကိုချစ်သည်ဟုမယုံသေး။


ဒီတိုင်းအပျော်ရှာသည်ဟုတွေးမိချင်သည်။သို့သော်လည်းမသိစိတ်တစ်နေရာကဒီကောင်လေးအတွက်နေသန်အရာရာပေးဆပ်ရဲသည်ဖြစ်ကြောင်းလည်းသိထားသည်။အချစ်ဆိုတာတပ်မက်ခြင်းပဲမဟုတ်လေဘူးလေ။


"ဟူး..."


မဒမ်ခီလာသက်ပြင်းသာချဖြစ်သည်။

စံအိမ်ကြီးတစ်အိမ်လုံးတိတ်ဆိတ်လို့နေသည်မှာလပင်ချီလို့နေပြီ။အရင်ကလည်းနွေးထွေးနေသည်မဟုတ်သော်လည်းတစ်ယောက်နှင့်တစ်ယောက်အခေါ်အပြောတော့ရှိကြသေးသည်လေ။ယခုတော့ ခီလာနှင့်ကတ်ပင်အရင်လိုစကားမပြောကြတော့။ဘွားဘွားထလင်းနော့တ်ကလဲအစာမှလွဲ၍ကျန်တာခီလာတို့နှင့်လာမပတ်သက်တော့။


သုံးယောက်သားမယုံကြည်နိုင်ဖြစ်နေကြသည်လား။ဒါမှမဟုတ် စိတ်ဆိုးနေကြသည်လား။ဒါမှမဟုတ်စဉ်းစားရန်အချိန်ယူနေကြသည်လား။တကယ်တမ်းတော့ဘာမှန်းသုံးယောက်လုံးရေရေရာရာမရှိချေ။ဒီတိုင်း...ဒီတိုင်း..သာ။


‎                          𐮜 𐮜 𐮜


ယခုလအတွင်းQu၏အခြေအနေသည်သွေးပျက်မတက်ဆိုးယုတ်နေသည်။တစ်ကိုယ်လုံးနုံးကာနွမ်းနေပြီးအာဟာရမရှိသည့်လူတစ်ယောက်နှယ်ဖြစ်လို့နေသည်မှာထိုနေ့ကတည်းက။တစ်ရက်တစ်ရက်ပိုပိုပြီးသိသာလာပါသော်လည်းမည်သူမှထိုအကြောင်းကိုမဟကြသေး။


တစ်ခါတစ်လေစွတ်ပြုတ်ပင်စားမဝင်သဖြင့်ရေပဲတိုက်ရသည့်နေ့တွေလဲရှိသည်။နေသန်သည်သူမထင်အောင်အကောင်းဆုံးပြုစုပါသည်။လီယွန်ကဘေးကနေကူညီပေးတတ်ပြီးတစ်ခါတစ်လေQu၏ရင်ခွင်နားတွင်ထိုင်ကာQuအားအကြာကြီးစိုက်ကြည့်နေတတ်သည်။ထိုအချိန်များတွင် နေသန်သည်လည်းQuအားမေ့မေ့မောမောစိုက်ကြည့်နေမိလေသည်။


တစ်ကိုယ်လုံးချုံးချုံးကျသွားသည်မှာရစရာပင်မရှိ။စင်သီယာကထိုအကြောင်းကိုတိုင်ပင်ရန်လီယွန်နှင့်နေသန့်ကိုစကားစမည်လုပ်တိုင်းနှစ်ယောက်သားတိုင်ပင်မထားဘဲအခန်းထဲကထွက်သွားတတ်ကြသည်။ထို့ကြောင့်နောက်ပိုင်းစင်သီယာလဲမပြောဖြစ်တော့။သူမတောင်ဒီလောက်ထိရင်ထဲနေရမကောင်းနေသည်မှာနေသန်ဆိုလျှင်ဘယ်လိုနေမည်လဲတွေးကိုမတွေးရဲပေ။


စင်သီယာQu၏ဆံပင်လေးများကသပ်ကာတင်ပေးလိုက်သည်။အဖြူရောင်အောက်ခံအင်္ကျီမှာခပ်ဖျော့ဖျော့မီးခိုးရောင်လက်ပြတ်လေးကိုထပ်ဝတ်လို့ထားပြီးအိပ်စက်နေသည်မှာဘယ်တော့မှပြန်မထလာနိုင်တော့သလိုလို။စင်သီယာမျက်ရည်တွေကျမိသွားပြန်သည်။တိတ်တဆိတ်ငိုရှိုက်လိုက်ပေမဲ့ရင်ထဲကအသံကကျယ်သွားသည်ထင်ပါရဲ့။Quမျက်လုံးလေးတွေပွင့်လို့လာသည်။


"သီယာ.."







Zawgyi


အခန္း (၂၅)


"အာာာာား!!!!"


မ်က္လုံးေၾကာင္ေၾကာင္ျဖင့္ႏိုးထလာရတဲ့ေန႔တစ္ေန႔ရဲ႕အစဟာQuအဖို႔သိပ္ေတာ့အဆင္မေျပလွ။သို႔ေသာ္ေမွ်ာ္မွန္းထားသလိုျဖစ္မေနဘဲတစ္ကိုယ္လုံးေႏြးေထြးကာသန႔္ရွင္းလို႔ေနသည္မွာေနသန႔္လက္ခ်က္ဆိုတာကိုQuသိသည္။


ေနာက္ၿပီးတစ္ကိုယ္လုံးဆြဲစုတ္ထားသလိုကိုက္ခဲ၍နာက်င္ေနသည္မွာလည္းေနသန႔္လက္ခ်က္ဆိုတာသိသည္။


"က်စ္"


ေစာင္အထပ္ထပ္လႊမ္းၿခဳံေပးထားခံရတဲ့ကိုယ့္ကိုယ္ကိုယ္ျမင္ေတာ့အနည္းငယ္စိတ္ဆိုးမိေသးသည္။သို႔ေသာ္ဤသည္ကလဲလိုအပ္ပါေပသည္။Quနဖူးကိုတစ္ခ်က္ႏွိပ္ႏွယ္ရင္းထပ္ခိုးျပတင္းေပါက္မွတဆင့္အျပင္ဘက္ကိုလွမ္းၾကည့္လိုက္သည္။


သစ္ပင္ေတြကိုေရျဖန္းေနသံကနားထဲသို႔ၾကည္ၾကည္လင္လင္ျဖင့္တိုးဝင္လာေတာ့ 

Quစပ္စုလိုစိတ္ျဖင့္ထကာၾကည့္မည္လုပ္သည္။


အိပ္ယာကေနထကာေျခေထာက္ႏွစ္ဖက္ႏွင့္ခႏၶာကိုယ္ကိုရပ္တည္မယ္လုပ္ေတာ့နာက်င္မႈကအထက္သို႔ဆန္တက္လာသည္။အနည္းငယ္ယိမ္းယိုင္သြားၿပီးေဘးနားကစားပြဲခုံကိုအားျပဳကာ လက္ျဖင့္ေထာက္ရပ္လိုက္ရသည္။အဆင္ေျပၿပီဆိုမွQuတစ္လွမ္းခ်င္းဆီျပတင္းေပါက္နားသို႔ေလွ်ာက္ကာသြားရသည္။


ၾကည္လင္ေနေသာရာသီဥတုႏွင့္ၿခံဝင္းျပင္ပရွိ သိုးအုပ္ငယ္တစ္စု။ႏြားမမ်ားကျမက္ေျခာက္မ်ားအား ျဖည္းျဖည္းခ်င္းဆီၿမဳံလို႔ေနၾကၿပီး ခဏအတြင္းမွာပင္ျမင္ကြင္းအတြင္းသို႔ေရစက္အနည္းငယ္ကQuၾကည့္ေနရာအရပ္ဆီသို႔လာ၍စင္လာပါေတာ့သည္။


ျပတင္းေပါက္မွန္တစ္ခ်ိဳ႕ေရစိုသြားၿပီး မ်က္ႏွာထက္ေရစက္တစ္ခ်ိဳ႕ေပက်န္သြားေတာ့Quခပ္တိုးတိုးရယ္မိလိုက္သည္။


"ဟိတ္ ေကာင္ေလး ႏိုးၿပီလား"


အသံလာရာကိုၾကည့္မိေတာ့ခန႔္မွန္းထားသည့္အတိုင္း နိတ္ ထလင္းေနာ့တ္ပါပင္။သစ္ပင္ႏွင့္ပန္းပင္တခ်ိဳ႕ကိုေရျဖန္းေပးလို႔ေနၿပီးတစ္ခ်က္တစ္ခ်က္ေရပိုက္ကိုင္ထားေသာလက္ကိုအေပၚသို႔ေျမႇာက္ကာQuအားေရျဖင့္စေနာက္တတ္ေသးေလသည္။Quၿပဳံးျပလိုက္သည္။ေနသန္က ျပန္လည္ကာၿပဳံးျပလာသည္။


"..."


"..."


တစ္ေယာက္ႏွင့္တစ္ေယာက္အျပန္အလွန္ၾကည့္ကာနားလည္မႈရယူေတာ့Quရဲ႕ရင္ဘတ္ထဲမွထိုးကာေအာင့္လာရသည္။ရင္ဘတ္ကိုသတိမထားမိဘဲ႐ုတ္တရက္ဖိကာႏွိပ္မိလိုက္ေတာ့ေနသန္ကလန႔္သြားသည္ထင္၏။ခ်က္ခ်င္းဆိုသလို မိမိျမင္ကြင္းထဲမွ႐ုတ္တရက္ဆိုသလိုေပ်ာက္သြားကာ မိမိရွိရာအေပၚသို႔အေျပးအလႊားတက္လာေသာ ေျခသံမ်ားကိုအေဝးမွယဲ့ယဲ့ၾကားေနရသည္။


"Qu.."


ေနသန္ခပ္ေလာေလာအခန္းထဲသို႔ေျပးဝင္လာၿပီးQuဖိႏွိပ္ထားေသာရင္ဘတ္ေနရာသို႔Quလက္ေပၚကေနတစ္ဆင့္ဖိႏွိပ္ေပးသည္။အဆင္ေျပပါသည္ဟုပါးစပ္ကQuေျပာေနေသာ္လည္းေနသန္ကဂ႐ုမစိုက္။တကယ္တမ္းအဆင္ေျပေနသည္မွမဟုတ္ေပဘဲေလ။ထို႔ေနာက္တြင္Qu႐ုတ္တရက္ထိုင္ခ်လိုက္မိသည္ျဖစ္တာေၾကာင့္ ကုတ္ကုတ္ေလးျဖစ္သြားေသာသူ႔ကိုေနသန္ေျခစုံေခါင္းစုံစိုက္ၾကည့္ကာစမ္းသပ္ေနသည္။


"ကိုယ္ေတြပူေနလား ျပစမ္း ကိုယ့္ကို"


"မပူပါဘူး ငါဒီေလာက္ေတာ့ဘာမွမျဖစ္ပါဘူး"


နဖူးကိုစမ္းမည္လုပ္ေတာ့Quကလက္ကိုပထုတ္ေလ၏။ထို႔ေနာက္ေျပာလိုက္သည့္စကားကေနသန႔္အားခပ္ညစ္ညစ္အေတြးတခ်ိဳ႕ဝင္ေစသည္။ထို႔ေၾကာင့္ေနသန္က ခပ္ေနာက္ေနာက္စလိုက္သည္။


"ဝါး ဟုတ္လား ကိုယ္မေန႔ညကေျခာက္ခ်ီေတာင္လားပဲ ေနပါအုန္း မဟုတ္ေသးဘူး ခုနစ္ခ်ီ.."


"ဟ!! နိတ္ ဘာေတြေျပာေနတာလဲ ငါကအဲ့လိုေျပာတာမဟုတ္ဘူးေလ အာာား.. စိတ္ညစ္တယ္ ဖယ္စမ္းဖယ္စမ္း တကယ္ပဲ အ့ အ့ နာ..နာတယ္ နိတ္ "


ေဒါသသံႏွင့္ေနသန႔္အားဟိန္းေဟာက္ကာခ်က္ခ်င္းထသြားေတာ့ေနသန္ထိုေနရာမွာပင္ရပ္ကာေနလိုက္သည္။သုံးလွမ္းေတာင္မျပည့္လိုက္ပါေပ။တစ္ခါတည္းသူ႔နာမည္အားျမည္တမ္းကာေနာက္သို႔လွည့္ၾကည့္လာေသာQuအားေနသန္လက္ပိုက္ရင္း မ်က္ခုံးပင့္ကာၾကည့္ေပးလိုက္သည္။ေျခေထာက္တစ္ဖက္တည္းေထာ့နဲ႔ေထာ့နဲ႔ႏွင့္ေနသန႔္အားအကူေခၚေနသည္မွာကေလးငယ္တစ္ေယာက္ႏွင့္တူေနသည္။


"ဘာၾကည့္ေနတာလဲ ကူအုန္းေလ"


​မွားသည္။သခင္ေလးတစ္ပါးႏွင့္တူသည္။အမိန႔္ေပးေနသည္ကိုၾကည့္ပါလား။ေနသန္ တစ္ခ်က္ရယ္လိုက္ၿပီးအနားသို႔သြားကာQuအားခါးကေနတစ္ဆင့္မခ်ီလိုက္သည္။


"အင့္"


ပုခုံးေပၚသို႔လက္ေလးႏွစ္ဖက္တင္ကာပါလာေသာQuသည္ေနသန္ကုတင္ေပၚဂ႐ုတစိုက္ခ်ေပးေလေတာ့မ်က္ဆံကိုလွန္ကာအပိုေတြဟုဆိုသည္။ေနာက္သူ႔ဘာသာေစာင္ၿခဳံထဲသို႔ေျခေထာက္ေတြကိုထိုးထည့္ေနၿပီးေနာက္ေနသန႔္အားမ်က္ႏွာ႐ႊင္႐ႊင္ျဖင့္လွည့္ၾကည့္ကာစြတ္ျပဳတ္ဟုဆိုလာသည္။


ေနသန္ေခါင္းၿငိမ့္ျပလိုက္သည္။

ထို႔ေနာက္အခန္းထဲမွထြက္လာခဲ့သည္။ေအာက္ဆင္းေတာ့အသင့္လုပ္ထားသည့္စြပ္ျပဳတ္အိုးကိုေႏႊးလိုက္ၿပီးေပါင္မုန႔္အနည္းငယ္ကိုလွီးကာယိုသုတ္ေပးေနလိုက္သည္။လိေမၼာ္ရည္တိုက္ရမည္လား ႏြားႏို႔တိုက္ရမည္လား စဥ္းစားေနခ်ိန္မီးဖိုျပတင္းေပါက္မွတစ္ဆင့္စင္သီယာႏွင့္လီယြန္ၿခံထဲသို႔ေလွ်ာက္လွမ္းလာသည္ကိုရိပ္ခနဲလွမ္းျမင္လိုက္ရသည္။


ေဒါက္။ေဒါက္။ကြၽီ။


တံခါးေခါက္ေနသည့္သီယာ့ကိုလီယြန္က႐ုပ္တည္ႀကီးႏွင့္ၾကည့္ၿပီးေနာက္လက္ျဖင့္တိုးကာဖြင့္ေပးလိုက္သည္။ထိုအခါစင္သီယာမ်က္ႏွာႀကီးဟာဆယ္မိနစ္ေလာက္ထိုးရယ္ခ်င္စရာေကာင္းတဲ့႐ုပ္ႀကီးျဖစ္လို႔သြားသည္။


ေနသန္စင္သီယာျဖစ္သြားတဲ့႐ုပ္ကိုလွမ္းၾကည့္ကာရယ္လိုက္ရင္းႏြားႏို႔ဗူးကိုယူကာဖန္ခြက္ထဲသို႔ငွဲ႔ထည့္လိုက္ၿပီးစင္သီယာ့အားေမးေငါ့ကာႀကိဳဆိုလိုက္သည္။စင္သီယာကျပန္လည္ကာေမးေငါ့ျပသည္။ထို႔ေနာက္အိမ္၏ပတ္ပတ္လည္အားေဝ့ဝဲကာၾကည့္ရႈေလသည္။


"Quေကာ?? အေပၚမွာလား"


"အင္း စြပ္ျပဳတ္ဆိုလို႔ .. ထိုင္ေလသီယာ"


"အင္း ေနပါအုန္း သူကဒီမွာအၿမဲတမ္းေနခဲ့ရတာလား ေတာ္ေတာ္အထီးက်န္ခဲ့မွာပဲ"


"အင္း ..."


"..."


"..ငါလဲအဲ့တာေတြးမိတယ္ အဲ့နားမထိုင္နဲ႔

အဲ့နားကQuေနရာ"


ေနသန္ကဗန္းထဲသို႔သူ႔ေနရာႏွင့္သူႏြားႏို႔၊စြပ္ျပဳတ္၊ေရေတြကိုစီကာထည့္ၿပီးေတာ့ ဗန္းကိုမီးဖိုစားပြဲေပၚသို႔ခ်တင္ထားၿပီးစင္သီယာ့အနီးနားသို႔လာကာထိုင္ကာခ်လိုက္သည္။စင္သီယာကခပ္႐ိုး႐ိုးေလးဝတ္ဆင္ထားသည္။လီယြန္ကေတာ့ေရာက္လာကတည္းကအေပၚသို႔တက္သြားၿပီျဖစ္ၿပီးယခုထိဘာသံမွမၾကားရေသးဖူးဆိုေတာ့Quအဆင္ေျပေနသည္ဟုယူဆလို႔ရသည္။


"ဆိုေတာ့ စာထဲကဟာေတြကတကယ္လား

နည္းနည္းပါးပါး ရွင္းျပပါအုန္း"


"ကြၽန္ေတာ္လဲမေျပာတတ္ဘူး ကြၽန္ေတာ္နဲ႔လီယြန္ေရာက္သြားေတာ့Quပုံစံကအေျခအေနမဟန္ေတာ့ဘူး အဲ့သမင္အိုႀကီးကဘာေတြတရားေဟာလႊတ္လိုက္လဲမွမသိတာ"


ေနသန္စိတ္တိုတိုႏွင့္ေရ႐ြတ္သည္။

စင္သီယာကမ်က္ေမွာင္ကုတ္ကာေလးေလးနက္နက္စဥ္းစားသည္။


"အင္း..ငါတို႔လဲခုမွအသစ္အဆန္းေတြေတြ႕ေနရတာ ဘယ္သိႏိုင္ပါ့မလဲ ကံၾကမၼာကဘာေတြစီစဥ္ထားလဲမွမသိဘဲ နိတ္ ငါေျပာမယ္ ဘာေတြပဲျဖစ္ျဖစ္အေကာင္းဆုံးျပင္ဆင္ထားရေအာင္"


"..."


"ငါတို႔ အေကာင္းဆုံးေမွ်ာ္လင့္ထားၿပီး အဆိုးဆုံးတြက္ခ်က္ထားရေအာင္ဘာေတြလာမလဲငါတို႔မသိႏိုင္ဘူး"


"..အင္း ေက်းဇူးပါ သီယာ ကြၽန္ေတာ္ႏွင့္Quသီယာမရွိဘဲဒီအခက္အခဲေတြေက်ာ္ျဖတ္ႏိုင္မွာမဟုတ္ဘူး"


စင္သီယာခပ္ယဲ့ယဲ့ၿပဳံးကာေခါင္းၿငိမ့္ျပသည္။ေႏြးေထြးမႈတစ္ခ်ိဳ႕တစ္ဝက္ကိုခံစားရေပမဲ့ စိုးရိမ္မႈေတြကသီယာ့မ်က္ႏွာထက္ဝယ္ႀကီးစိုးေနၾကသည္။ေနသန္သီယာ့ကိုဒီအရႈပ္ထဲဆြဲမထည့္ခ်င္ဘူးဆိုတာမွန္ေပမဲ့ ေျပာခဲ့သလိုပဲ စင္သီယာမရွိလွ်င္သူနဲ႔Quဒီအထိေက်ာ္ျဖတ္လာႏိုင္မည္မဟုတ္ေပ။ေနသန္အားတင္းထားမိသည္။အစစအရာရာအဆင္ေျပလာပါေစသားဟူ၍။


‎                          𐮜 𐮜 𐮜


Netherland,Giethoorn

November,Winter

Early Morning . .


ခီလာထလင္းေနာ့တ္တစ္ေယာက္ဤကေန႔မနက္အေစာႀကီးႏိုးလို႔ေနသည္။မဒမ္ကတ္ႏွင့္ဘြားဘြားအတြက္မနက္စာကိုအဆင္သင့္လုပ္ေပးခဲ့ၿပီး ပန္းခူးဖို႔အျပင္သို႔ထြက္လာခဲ့သည္။ဝတ္႐ုံက်ပ္ကိုအေပၚကေနေခါင္းမွီၿခဳံကာလူမသိေလေအာင္ေစာင္းလာေသာ္လည္းတစ္ၿမိဳ႕လုံးဤသည္ကထလင္းေနာ့တ္စံအိမ္ႀကီးမွမဒမ္ခီလာဆိုတာကိုသိသည္။


ေလွတစ္ဆင္းႏွင့္ပတ္ကာပန္းခူးေနခ်ိန္ေတြးမိတဲ့အေတြးေတြကေန႔စဥ္ႏွင့္အမွ်အမ်ားႀကီး။ၾကားေလရာအရပ္မွသူ၏တူ၏သတင္းမ်ားကလဲနားထဲသို႔တိုးဝင္​ေနသည္မွာဆန႔္ပင္ဆန႔္ေသးရဲ႕လားမသိ။Giethoornၿမိဳ႕ရွိအိမ္ေဖာ္မမ်ားေန႔လည္ေန႔ခင္းႏြားသိုးဂ်ယ္လီၿမဳံရင္း ေတြ႕ဆုံၾကၿပီဆိုေနသန႔္သတင္းကမပါမျဖစ္။


​ဟိုတေလာကေကာင္ေလးစင္သီယာ့အိမ္မွထြက္သြားၿပီဟုသတင္းရသည္။ဟိုတေလာကေနသန္ေကာင္ေလးေနာက္လိုက္ပါသြားၿပီဟုသတင္းရသည္။ဟိုတေလာက စင္သီယာကထိုေကာင္ေလးႏွင့္ေနသန႔္ထံအလည္သြားသည္ဟုသတင္းရသည္။


ခီလာတကယ္တမ္းေျပာလွ်င္ေကာင္ေလးႏွစ္ေယာက္၏အခ်စ္ကိုလုံးဝမယုံ။အခ်စ္မေျပာႏွင့္ေကာင္ေလးတစ္ေယာက္ႏွင့္တစ္ေယာက္ကဘာမ်ားတက္မက္စရာရွိေနၾကလို႔အခ်စ္ဟုေခၚရမည္လဲ။ထို႔ေၾကာင့္ ခီလာတကယ္သူ႔တူထိုေကာင္ေလးကိုခ်စ္သည္ဟုမယုံေသး။


ဒီတိုင္းအေပ်ာ္ရွာသည္ဟုေတြးမိခ်င္သည္။သို႔ေသာ္လည္းမသိစိတ္တစ္ေနရာကဒီေကာင္ေလးအတြက္ေနသန္အရာရာေပးဆပ္ရဲသည္ျဖစ္ေၾကာင္းလည္းသိထားသည္။အခ်စ္ဆိုတာတပ္မက္ျခင္းပဲမဟုတ္ေလဘူးေလ။


"ဟူး..."


မဒမ္ခီလာသက္ျပင္းသာခ်ျဖစ္သည္။

စံအိမ္ႀကီးတစ္အိမ္လုံးတိတ္ဆိတ္လို႔ေနသည္မွာလပင္ခ်ီလို႔ေနၿပီ။အရင္ကလည္းေႏြးေထြးေနသည္မဟုတ္ေသာ္လည္းတစ္ေယာက္ႏွင့္တစ္ေယာက္အေခၚအေျပာေတာ့ရွိၾကေသးသည္ေလ။ယခုေတာ့ ခီလာႏွင့္ကတ္ပင္အရင္လိုစကားမေျပာၾကေတာ့။ဘြားဘြားထလင္းေနာ့တ္ကလဲအစာမွလြဲ၍က်န္တာခီလာတို႔ႏွင့္လာမပတ္သက္ေတာ့။


သုံးေယာက္သားမယုံၾကည္ႏိုင္ျဖစ္ေနၾကသည္လား။ဒါမွမဟုတ္ စိတ္ဆိုးေနၾကသည္လား။ဒါမွမဟုတ္စဥ္းစားရန္အခ်ိန္ယူေနၾကသည္လား။တကယ္တမ္းေတာ့ဘာမွန္းသုံးေယာက္လုံးေရေရရာရာမရွိေခ်။ဒီတိုင္း...ဒီတိုင္း..သာ။


‎                          𐮜 𐮜 𐮜


ယခုလအတြင္းQu၏အေျခအေနသည္ေသြးပ်က္မတက္ဆိုးယုတ္ေနသည္။တစ္ကိုယ္လုံးႏုံးကာႏြမ္းေနၿပီးအာဟာရမရွိသည့္လူတစ္ေယာက္ႏွယ္ျဖစ္လို႔ေနသည္မွာထိုေန႔ကတည္းက။တစ္ရက္တစ္ရက္ပိုပိုၿပီးသိသာလာပါေသာ္လည္းမည္သူမွထိုအေၾကာင္းကိုမဟၾကေသး။


တစ္ခါတစ္ေလစြတ္ျပဳတ္ပင္စားမဝင္သျဖင့္ေရပဲတိုက္ရသည့္ေန႔ေတြလဲရွိသည္။ေနသန္သည္သူမထင္ေအာင္အေကာင္းဆုံးျပဳစုပါသည္။လီယြန္ကေဘးကေနကူညီေပးတတ္ၿပီးတစ္ခါတစ္ေလQu၏ရင္ခြင္နားတြင္ထိုင္ကာQuအားအၾကာႀကီးစိုက္ၾကည့္ေနတတ္သည္။ထိုအခ်ိန္မ်ားတြင္ ေနသန္သည္လည္းQuအားေမ့ေမ့ေမာေမာစိုက္ၾကည့္ေနမိေလသည္။


တစ္ကိုယ္လုံးခ်ဳံးခ်ဳံးက်သြားသည္မွာရစရာပင္မရွိ။စင္သီယာကထိုအေၾကာင္းကိုတိုင္ပင္ရန္လီယြန္ႏွင့္ေနသန႔္ကိုစကားစမည္လုပ္တိုင္းႏွစ္ေယာက္သားတိုင္ပင္မထားဘဲအခန္းထဲကထြက္သြားတတ္ၾကသည္။ထို႔ေၾကာင့္ေနာက္ပိုင္းစင္သီယာလဲမေျပာျဖစ္ေတာ့။သူမေတာင္ဒီေလာက္ထိရင္ထဲေနရမေကာင္းေနသည္မွာေနသန္ဆိုလွ်င္ဘယ္လိုေနမည္လဲေတြးကိုမေတြးရဲေပ။


စင္သီယာQu၏ဆံပင္ေလးမ်ားကသပ္ကာတင္ေပးလိုက္သည္။အျဖဴေရာင္ေအာက္ခံအက်ႌမွာခပ္ေဖ်ာ့ေဖ်ာ့မီးခိုးေရာင္လက္ျပတ္ေလးကိုထပ္ဝတ္လို႔ထားၿပီးအိပ္စက္ေနသည္မွာဘယ္ေတာ့မွျပန္မထလာႏိုင္ေတာ့သလိုလို။စင္သီယာမ်က္ရည္ေတြက်မိသြားျပန္သည္။တိတ္တဆိတ္ငိုရႈိက္လိုက္ေပမဲ့ရင္ထဲကအသံကက်ယ္သြားသည္ထင္ပါရဲ႕။Quမ်က္လုံးေလးေတြပြင့္လို႔လာသည္။


"သီယာ.."

Comments

Post a Comment