A Sweven Elegy from Nature - Chapter (24)

 Unicode


အခန်း (၂၄)


•Mature alertအရေးသားနုတာကြောင့်တချို့နေရာတွေမှာအမှားပါကောင်းပါနိုင်ပါတယ်။သည်းခံပေးပါ။•


နေသန်လီယွန့်အားစင်သီယာ့ဆီအမှာပါးရအောင်စာအိတ်တစ်အိတ်နှင့်စေလွှတ်လိုက်သည်။စာကြောင်းလေးငါးကြောင်းလောက်နှင့်ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်တစ်ခုလုံးကိုခြုံငုံကာရေးပေးလိုက်ပြီးလီယွန့်ပါးစပ်ထဲသို့ထည့်ကာပေးလိုက်၏။လီယွန်က စိတ်ချပါဟုဆိုသည်။နေသန်ကလဲစိတ်ချပါသည်။


သို့သော်ဒီစကားဆိုခြင်းဟာအပြန်အလှန်တစ်ယောက်ကိုယ်တစ်ယောက်အားပေးနေတာဖြစ်ကြောင်းကိုယ်တိုင်ကိုယ်ကျဖြစ်သူတွေသာသိလေသည်။


နေသန်အိပ်ယာအထက်ဝယ်လှဲလျောင်းလျက်ရှိနေပေသောQuအားတစ်ချက်ကြည့်လိုက်သည်။မျက်ဝန်းအထက်မှမျက်တောင်သေးသေးလေးများကတိုလျပြီးချစ်စဖွယ်ကောင်းလွန်းနေပြီးမျက်ရစ်လှလှလေးများကမျက်ဝန်းအိမ်ကိုအထူးအလှဆင်ထားကာမျက်ခုံးခပ်ထူထူလေးကတော့ဖြင့်ဇာချဲ့လို့ထားသည်။


နှုတ်ခမ်းလေးတွေကပိရိကာအိပ်စက်နေသယောင်။မေ့လျောနေသောQuကိုနေသန်ငေးကြည့်နေမိသည်။လက်နှစ်ဖက်ကိုမိမိဘာသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေရာမှနေသန်Qu၏မျက်ခုံးလေးတွေကိုပွတ်သပ်မိလို့သွားသည်။နူးညံ့လှပေရော့လားအချစ်ရယ်။


နေသန်ပြုံးလိုက်မိသည်။ဤကလေးငယ်၏အလှတရားဟာတကယ်ကိုတုနှိုင်းမဲ့ပါပေလား။တွေးနေရင်းမှအနည်းငယ်လှုပ်လာသောကောင်လေး၏မျက်ခုံးလေးတွေဟာချက်ချင်းအလယ်သို့စုကြုံ့သွားသည်။နေသန်လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။တအမ်အမ်နှင့်စတင်ငြီးငြူကာမျက်လုံးပွင့်လာတော့မည့်Quအားနေသန်လက်တွေကိုဆုပ်ကိုင်ပေးလိုက်သည်။


"Qu..."


မျက်လုံးဖွင့်ဖွင့်ချင်းမျက်နှာကြက်ကိုမျက်နှာသေဖြင့်စက္ကန့်ပိုင်းမျှစိုက်ကြည့်နေပြီးမှတရှုံ့ရှုံ့နှင့်စတင်ကာငိုလေတော့သည်။နေသန်စိတ်မကောင်းဖြစ်မိသည်။Quအား လက်မောင်းကနေလျှိုကာထူမပေးလိုက်ပြီးမိမိ၏ရင်ခွင်အတွင်းသို့ထည့်ပေးလိုက်လေတော့Quကပြန်လည်ကာသိုင်းဖက်လို့လာသည်။


ကျောလေးကိုအသာအယာပုတ်ပေးကာ နှစ်သိမ့်တော့Quကပို၍ရှိုက်ကာငိုလာသည်။တစ်ချက်၊တစ်ချက်ကျွတ်ပါထိုးနေသောကြောင့်အနားရှိရေခွက်ထဲမှရေကိုငှဲ့ကာတိုက်ရသည်။Quကဖြည်းဖြည်းချင်းယူကာသောက်သည်။


မျက်လုံးစဖွင့်ပြီးကတည်းကနေသန့်ကိုတည့်တည့်မကြည့်လေသောQu၏အမူအရာကိုနေသန်ရိပ်မိပါသည်။သို့သော်ဘာမှမပြောလို၍ဤအတိုင်းသာလွှတ်ထားလိုက်သည်။ယခုအချိန်သူလေးစိတ်လိုရာသာလုပ်ပါစေ။


"အဆင်ပြေပြီလား"


နေသန်ကျောလေးပုတ်ပေးကာမေးလိုက်တော့ခေါင်းပြန်ငြိမ့်လာသည်။ထို့နောက်တွင်တစ်ခါထပ်ကာတွေဝေသွားဟန်ဖြင့်မျက်စိများကစတင်ကာလှုပ်ရှားသွားပြန်တော့သည်။မျက်ရည်ပေါက်များကတစ်စက်တစ်စက်ပြန်ကာစီးကျလို့လာသည်မှာမြင်လို့ပေမကောင်း။နေသန်ကြည့်နေရင်းမှထိန်းမရတဲ့နောက်ဆုံးQuကိုယ်လုံးအားဆွဲမလိုက်ကာမိမိပေါင်ပေါ်သို့အသာအယာခွစေကာမတင်လိုက်သည်။


အားပျော့ကာအလိုက်သင့်လဲပါလာသောခန္ဓာကိုယ်လေးကြောင့်Qu၏ခြေတံရှည်ရှည်လေးများသည်နေသန့်ပေါင်ကိုခွထိုင်လျက်ခုံ၏တစ်ဖက်တစ်ချက်သို့ဝဲကျလို့သွားသည်။


ငွေဖြူရောင်ညအိပ်ဘောင်းဘီကဖြူလွှလွှ။ရင်ဘတ်နေရာမှလစ်ဟာနေသောနေရာလပ်များကအေးမြမြ။နှုတ်ခမ်းအထက်ရှိနုံးနေပြီးဖြစ်သောနှုတ်ခမ်းဖူးဖူးလေးများကချိုမြမြ။ဟုတ်လေသလားဟုစမ်းကြည့်စမ်းချင်သည်ပါ့။


နေသန့်မျက်စိများကQu၏မျက်နှာထက်သို့ရမ္မက်ခိုးပြည့်စွာဝဲဖျာလို့နေသည်။ဒါကိုQuသိပါသည်။ထို့ကြောင့်မျက်လွှာကိုအောက်သို့ချထားပါသော်လည်းရှက်သည်ကတော့ရှက်သည်ပါပဲ။


"မငိုနဲ့တော့ ကိုယ်ရှိတယ်.."


နေသန့်ဆီမှထွက်လာသောအသံအောအောကြီးကQuနားထဲသို့ကန့်လန့်ဆန်ကာဝင်လို့လာသည်။လက်မနှစ်ဖက်နှင့်Qu၏ပါးပြင်ရှိမျက်ရည်များကိုစိတ်ရှည်ရှည်သုတ်ပေးလို့နေပြီးQuအားစိုက်ကြည့်နေသည်။


"ငါအဆင်ပြေတယ်"


"အင်း okပါ အချစ်အဆင်ပြေရင်ပြီး.."


"မဟုတ်ဘူး ငါမင်းလုပ်ချင်တာလုပ်ဖို့

အဆင်ပြေတယ်"


"...??"


နေသန်ခပ်ကြောင်ကြောင်ဖြစ်သွားပါ၏။ထိုသို့ခပ်ကြောင်ကြောင်ဖြစ်နေချိန်မှယသူ၏အမူအရာတစ်ခုစီတိုင်းကQuကိုပြုံးကာကြည့်မိစေသည်။မျက်လုံးလေးများပြူးကာကလေးငယ်တစ်ယောက်သဖွယ်ဖြစ်လို့သွားသည်ကိုQuကြည့်နေရင်းတစ်ချက်ထရယ်လိုက်မိသည်။


Quမျက်ရည်တွေမခြောက်သေးသည့်ကြားကမျက်စိများပိတ်သည်ထိရယ်ချလိုက်သည်ဖြစ်၏။နေသန်ကတော့ထိုရယ်မောမှုကိုသဘောကျစွာရှုစားသည်။


ရယ်လို့ပြီးတော့ကျရောက်လာတဲ့Quရဲ့လက်လေးတွေကနေသန့်နှာခေါင်းပေါ်သို့။လက်ညိုးနှင့်လက်ခလယ်နှစ်ခုကိုကပ်ကြေးတစ်ဖွယ်ညှပ်ကာနိတ်၏နှာခေါင်းလေးကိုဆွဲကာရမ်းလိုက်သည်မှာသူလေးအူးယားနေသောကြောင့်။


ခေတ္တတော့တိတ်ဆိတ်လို့သွားသည်။


ပြွတ်။


နိတ်၏အောက်နှုတ်ခမ်းကိုအတော်ကြာဆွဲကာကိုက်နေပြီးမှတစ်ချက်အာခေါင်တွင်းထဲသို့ထိုးကာဘေးခံတွင်းသားများကိုလျက်လိုက်ပြီးနှုတ်ခမ်းထက်အနမ်းတစ်ခုနှင့်အဆုံးသတ်လိုက်သောQu။ငွေရောင်မျှင်တန်းရေးရေးလေးများကနေသန့်၏အောက်နှုတ်ခမ်းထက်ဝယ်ရစ်သီလို့သွားသည်။


Qu၏လုပ်ရပ်ကြောင့်နေသန့်နှုတ်ခမ်းများကခပ်ဟဟလေးဖြစ်လို့သွားရသည်။ပါးစပ်ကြီးကိုဟကာခုနကပြူးကြောင်ကြောင်အနေအထားအတိုင်းQuအားကြည့်နေသေးသဖြင့်Quရယ်ချင်တာကိုထိန်းကာ ပြန်ကာစိုက်ကြည့်နေလိုက်သည်။


"Quu.."


"အင်း.."


"ဒါမင်းစတာနော်.."


"အင်း.."


နေသန်Qu၏စကားဆုံးသည်နှင့်Qu၏ခေါင်းကိုဆတ်ခနဲဆွဲလှည့်လိုက်ကာနှုတ်ခမ်းတစ်ခုလုံးဆွဲကာစုပ်ချပစ်လိုက်သည်။


တိုးကာနမ်းရင်းနှင့်မှQu၏ခါးနားရှိသူ၏လက်တွေကိုစတင်ကာကြမ်းတမ်းစေလိုက်ပြီးတစ်ချက်တစ်ချက်ခန္ဓာကိုယ်အထက်မှအကြောတွေကိုဖိနှိပ်ပစ်လိုက်သည်။ဤလုပ်ရပ်ကQuအားအတော်ပင်နေရခက်စေသည်။သို့သော်Quအလိုက်သင့်နေပေးထားသည်။နေသန်ဒီနေ့သူ့ကိုကြိုက်ရာလုပ်ခွင့်ရှိသည်။နေသန်သူ့ကိုပိုင်သည်။သူသည်နေသန့်အပိုင်ဖြစ်ရမည်။


ထိုစိတ်နှင့်ပင်ကြမ်းတမ်းနေပြီးဖြစ်သောနေသန့်၏စိတ်ရိုင်းစိတ်ကိုQuထပ်တိုးကာဆွပေးလိုက်သည်။ထိုအခါနေသန်ကအသိစိတ်လွတ်သွားဟန်Qu၏ကိုယ်အားအိပ်ရာထက်သို့ဘုန်းခနဲပစ်ချကာနုံးနေပြီဖြစ်သောနှုတ်ခမ်းလေးအားကြမ်းကြမ်းတမ်းတမ်းဖြင့်စုပ်ကာနမ်းလေတော့သည်။


ပါးစပ်ကိုပင်ဟခွင့်မပေးဘဲသူ၏လျှာနှင့်အလိပ်လိုက်တိုးဝင်လာသည်မှာအာခေါင်၏အတွင်းသားထဲသို့။တစ်ခါတစ်ခါနှုတ်ခမ်းကိုလစ်ဟာပေးသည့်အခါလည်းရှိပါသည်။ထိုအချိန်များတွင်လည်ပင်းရှိQu၏လည်စလုပ်ကိုလာလာရမ်းကားတတ်သည်မှာလည်စလုပ်စွဲလမ်းနေသောသူရူးတစ်ယောက်လို။


Quနေသန်၏ခေါင်းလေးအားခပ်ဖွဖွဆုပ်ကိုင်ပေးထားမိသည်။ခြေထောက်နှစ်ဖက်ကိုနေသန့်ခါးထက်ဝယ်ချိတ်ဆွဲလို့ထားပြီးနေသန်ပြုသမျှကိုအနုနည်းနှင့်ခံနေပေသည်။


"..."


"အ့ နိတ်"


ရုတ်တရက်မိမိ၏ချယ်ရီသီးတစ်ပွင့်ကိုလာကာသွားနှင့်ခပ်ဖွဖွကျိတ်လိုက်လေသောကြောင့်လန့်ကာအော်လိုက်မိခြင်း။ထိုအခါနေသန်ကခေါင်းထောင်ကာကြည့်လာသည်။ငွေရောင်မျှင်တန်းတန်းလေးများကသူ့နှုတ်ခမ်းထက်ဝယ်ညှိတွယ်လို့နေပြီး သားရဲတစ်ကောင်သူ၏အစားကိုရမ္မက်

ကြီးစွာကြည့်နေသလိုအကြည့်မှာဆွဲဆောင်မှုအားပြင်းလှသည်။


သို့သော်ထိုအကြည့်များထဲတွင်သူ့အတွက်ညှင်သာမှုနှင့်နွေးထွေးမှုတွေရောယှက်ကာပါဝင်သည်။အမြဲတမ်းပါဝင်ခဲ့သည်။ယခုလဲထိုသို့ဖြစ်ဆဲ။


"ကိုယ်တောင်းပန်ပါတယ် ကိုယ်အခုရပ်လိုက်မယ် အချစ်နေမကောင်းဖြစ်လိမ့်မယ်.."


"နိတ်..."


ချက်ချင်းထသွားတော့မည်လုပ်နေသော နေသန့်ကိုလည်ပင်းကနေဖက်ကာတွယ်ကပ်လိုက်သည်။ထို့နောက်ဘာမှမပြောဘဲစက္ကန့်အတော်ကြာသည်အထိမျက်နှာကိုဝှက်ကာတင်းကြပ်စွာဖက်ထားလေသည်။အတော်အကြာမှQu၏ကျောကုန်းလေးလှုပ်ရှားလာပြီးမိမိပုခုံးပေါ်မှရွှဲစိုစိုခံစားချက်ကြောင့်သာQuတစ်ယောက်ထပ်ကာငိုနေပြီမှန်းသိရသည်။


"Qu.."


"မဟုတ်ဘူး နိတ် သူတို့ပြောတာမှန်တယ် ကမ္ဘာမှာဘယ်တုန်းကမှလိင်တူကြိုက်တဲ့သူတွေကောင်းကောင်းမရှင်သန်နိုင်ဘူး နှိမ်ကြတယ်၊ရှုံ့ချကြတယ် နောက်ဆုံးမျိုးတုံးအောင်ဆိုပြီး သတ်ဖြတ်ပစ်ရက်ကြတယ် သိပ်ရက်စက်တယ် နိတ် သိပ်ရက်စက်တယ်.."


"..."


"တချို့မနေနိုင်တော့လို့သတ်သေကြတယ် တချို့ကြံ့ကြံ့ခံတဲ့သူတွေကျတော့တစ်ဘဝလုံးခြိမ်းခြောက်မှုတွေနဲ့နေခဲ့ရတယ် ငါတို့ကကော နိတ်.."


"..."


"..ငါတို့ကြံ့ကြံ့ခံနိုင်ရင်တောင် ငါ့ရဲ့ဖြစ်တည်မှုကြီးကအားမပေးဘူး လှောင်ရယ်နေတယ် ရှုံ့ချနေတယ် ကဲ့ရဲ့နေတယ်.."


"..Quu.."


"ငါမင်းနဲ့အတူရှိနေချင်ရုံလေးပါ နိတ်

ဒါပေမဲ့ မင်းကိုငါကိုယ်တိုင်ထက်ပိုချစ်တာကြောင့်မင်းဘဝကိုအလှဆုံးဖြစ်စေချင်တယ် တကယ်လို့မင်းဘဝလှပဖို့ရာငါကထွက်သွားပေးရမယ်ဆို .."


"တော်တော့ Qu တော်ပါတော့ ကိုယ့်ဘဝမှာမင်းမရှိတုန်းကအရာရာဟာအမှောင်ကျနေခဲ့တာ မင်းမရှိတော့ရင်ဘယ်လိုလုပ်လှပတော့မလဲ မင်းရှိလို့ မင်းရှိနေလို့ငါ့ဘဝလှပခဲ့တာ မင်းမရှိတော့တဲ့ဘဝ ဘယ်လိုလုပ်သာယာနိုင်ပါတော့မလဲ ဘယ်သာယာနိုင်ပါတော့မလဲ..."


တစ်ယောက်နှင့်တစ်ယောက်အတင်းတိုးဝှေ့ကာဖက်ရင်းရှိုက်ကြီးတငင်ငိုနေကျသောဤအချစ်ငှက်ငယ်နှစ်ကောင်ပေးဆပ်ရမည့်အမှုသည်ကြီးမားလှသည်။အခက်အခဲတွေများလှသည်။သဘာဝအလျောက်ဖြစ်တဲ့အခက်အခဲတွေထက်သဘာဝလွန်အခက်အခဲတွေကဤကမ္ဘာနှယ်အံတုနိုင်သူမည်သူမျှမရှိခဲ့။


Quနေသန့်ပုခုံးတွေကိုမျက်လုံးလေးများနှင့်ပွတ်သပ်လိုက်ကာနားနားသို့တီးတိုးစကားဆိုလိုက်သည်။တစ်ကိုယ်လုံးချွေးတွေ၊သရေတွေနှင့်ပြည့်နှက်နေသည်တောင်မှသူ၏လူကြီးကကြည့်ကောင်းနေတုန်း၊ချေမောနေတုန်း။Quနေသန့်နားနားသို့ကပ်ကာပြောလိုက်သည်။


"ဒီ..နေ့ ငါ့ကို...မင်းအပိုင်ယူတော့.."


စကားအဆုံးနေသန့်ကိုယ်ကြီးလှုပ်ခါသွားသည်ကိုQuခံစားမိပါသည်။သို့သော်ဘာမျှမဖြစ်သလိုနေနေလိုက်သည်။နေသန်ကခေတ္တကြာနေပြီးမှ 'သေချာရဲ့လား' ဟုစိုးရိမ်တကြီးမေးရှာသည်။Quပြုံးလိုက်သည်။နေသန်မှမဟုတ်လျှင်သူမည်သူ့မှဤသို့ပြောမည်မဟုတ်။ထိုသို့မပြောလျှင်လည်း နေသန်မဟုတ်။Quခေါင်းလေးကိုငြိမ့်ပြလိုက်သည်။ထိုအခါနေသန်ကကျောလေးကိုနှစ်ချက်မျှခပ်ဖွဖွပုတ်ကာဆိုသည်။


"Ok ဆိုတော့ Clam down နော် အာ ကိုယ် ကိုယ် .. ဟိုဟို"


" .. Just do ittt man .. "


"...."


နေသန်သူနဲ့ခန္ဓာကိုယ်ခွာလိုက်ချိန်မြင်လိုက်ရတဲ့Qu၏အလှဟာနေသန့်အားသွေးများကိုပြောင်းပြန်စီးသွားစေသည်။အင်္ကျီဟပြဲနှင့်တစ်ဝက်တစ်ပျက်ပေါ်နေသောချယ်ရီသီးရဲရဲလေးများ။နှုတ်ခမ်းထက်ကသူနှင့်ရောယှက်ထားသောကြောင့်ယစ်ထွေနေသောငွေရောင်အမျှင်အတန်းအစုလေးများ။


ဘောင်းဘီမှာနေသန်ဆုပ်နယ်ထားသောကြောင့်အောက်သို့လျှောကျကာပေါ်လှစ်နေသောခါးဝန်းဝန်းလေးများ။လက်နှစ်ဖက်ကိုရှေ့သို့စုကာထားသော ခပ်ဖြူဖြူလက်သွယ်လေးများ။


နောက်ပြီးရှက်နေသောQu၏မျက်နှာအမူအရာလေးများ။


အား..နေသန်ရူးပြီ။နေသန်ရူးမိတော့မည်။


ဒီမြင်ကွင်းနှင့်တင်နေသန့်အားတစ်ခရီးလွတ်လွတ်လပ်လပ်ရောက်သွားနိုင်သည်။နေသန်စိတ်ကိုမြဲမြံစွာချုပ်တည်းလိုက်ပြီးအင်္ကျီတွေချွတ်ချလိုက်သည်။ပေါ်လာသည့်ဟင်းလင်းဗလာထက်ကကျစ်လစ်ကာသန်မာတောင့်တင်းလှသောနေသန့်၏ခန္ဓာကိုယ်အချိုးအစားကိုQuကမျက်နှာမဲ့ကာကြည့်သည်။


ထို့နောက်သူ၏ဗိုက်အားထောက်ပြလိုက်ကာရှိနေသောမာဆယ်လ်ကြွက်သားအထစ်လိုက်ကိုမျက်ခုံးပင့်ကာနေသန့်အားမောကြွားလိုက်သည်။နေသန်တစ်ချက်ဟင့်ခနဲခနဲ့လိုက်သည်။ထို့နောက်ထိုဆွဲအားပြင်းလှသောQu၏မျက်နှာအားမေးစေ့ကနေဆွဲကာမော့စေလိုက်ရင်း...။




Zawgyi

အခန္း (၂၄)

•Mature alertအေရးသားႏုတာေၾကာင့္တခ်ိဳ႕ေနရာေတြမွာအမွားပါေကာင္းပါႏိုင္ပါတယ္။သည္းခံေပးပါ။•

ေနသန္လီယြန႔္အားစင္သီယာ့ဆီအမွာပါးရေအာင္စာအိတ္တစ္အိတ္ႏွင့္ေစလႊတ္လိုက္သည္။စာေၾကာင္းေလးငါးေၾကာင္းေလာက္ႏွင့္ျဖစ္ပ်က္ခဲ့သည့္ျဖစ္ရပ္တစ္ခုလုံးကိုၿခဳံငုံကာေရးေပးလိုက္ၿပီးလီယြန႔္ပါးစပ္ထဲသို႔ထည့္ကာေပးလိုက္၏။လီယြန္က စိတ္ခ်ပါဟုဆိုသည္။ေနသန္ကလဲစိတ္ခ်ပါသည္။

သို႔ေသာ္ဒီစကားဆိုျခင္းဟာအျပန္အလွန္တစ္ေယာက္ကိုယ္တစ္ေယာက္အားေပးေနတာျဖစ္ေၾကာင္းကိုယ္တိုင္ကိုယ္က်ျဖစ္သူေတြသာသိေလသည္။

ေနသန္အိပ္ယာအထက္ဝယ္လွဲေလ်ာင္းလ်က္ရွိေနေပေသာQuအားတစ္ခ်က္ၾကည့္လိုက္သည္။မ်က္ဝန္းအထက္မွမ်က္ေတာင္ေသးေသးေလးမ်ားကတိုလ်ၿပီးခ်စ္စဖြယ္ေကာင္းလြန္းေနၿပီးမ်က္ရစ္လွလွေလးမ်ားကမ်က္ဝန္းအိမ္ကိုအထူးအလွဆင္ထားကာမ်က္ခုံးခပ္ထူထူေလးကေတာ့ျဖင့္ဇာခ်ဲ႕လို႔ထားသည္။

ႏႈတ္ခမ္းေလးေတြကပိရိကာအိပ္စက္ေနသေယာင္။ေမ့ေလ်ာေနေသာQuကိုေနသန္ေငးၾကည့္ေနမိသည္။လက္ႏွစ္ဖက္ကိုမိမိဘာသာက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားေနရာမွေနသန္Qu၏မ်က္ခုံးေလးေတြကိုပြတ္သပ္မိလို႔သြားသည္။ႏူးညံ့လွေပေရာ့လားအခ်စ္ရယ္။

ေနသန္ၿပဳံးလိုက္မိသည္။ဤကေလးငယ္၏အလွတရားဟာတကယ္ကိုတုႏႈိင္းမဲ့ပါေပလား။ေတြးေနရင္းမွအနည္းငယ္လႈပ္လာေသာေကာင္ေလး၏မ်က္ခုံးေလးေတြဟာခ်က္ခ်င္းအလယ္သို႔စုႀကဳံ႕သြားသည္။ေနသန္လႈပ္လႈပ္ရွားရွားျဖစ္သြားရသည္။တအမ္အမ္ႏွင့္စတင္ၿငီးျငဴကာမ်က္လုံးပြင့္လာေတာ့မည့္Quအားေနသန္လက္ေတြကိုဆုပ္ကိုင္ေပးလိုက္သည္။

"Qu..."

မ်က္လုံးဖြင့္ဖြင့္ခ်င္းမ်က္ႏွာၾကက္ကိုမ်က္ႏွာေသျဖင့္စကၠန႔္ပိုင္းမွ်စိုက္ၾကည့္ေနၿပီးမွတရႈံ႕ရႈံ႕ႏွင့္စတင္ကာငိုေလေတာ့သည္။ေနသန္စိတ္မေကာင္းျဖစ္မိသည္။Quအား လက္ေမာင္းကေနလွ်ိဳကာထူမေပးလိုက္ၿပီးမိမိ၏ရင္ခြင္အတြင္းသို႔ထည့္ေပးလိုက္ေလေတာ့Quကျပန္လည္ကာသိုင္းဖက္လို႔လာသည္။

ေက်ာေလးကိုအသာအယာပုတ္ေပးကာ ႏွစ္သိမ့္ေတာ့Quကပို၍ရႈိက္ကာငိုလာသည္။တစ္ခ်က္၊တစ္ခ်က္ကြၽတ္ပါထိုးေနေသာေၾကာင့္အနားရွိေရခြက္ထဲမွေရကိုငွဲ႔ကာတိုက္ရသည္။Quကျဖည္းျဖည္းခ်င္းယူကာေသာက္သည္။

မ်က္လုံးစဖြင့္ၿပီးကတည္းကေနသန႔္ကိုတည့္တည့္မၾကည့္ေလေသာQu၏အမူအရာကိုေနသန္ရိပ္မိပါသည္။သို႔ေသာ္ဘာမွမေျပာလို၍ဤအတိုင္းသာလႊတ္ထားလိုက္သည္။ယခုအခ်ိန္သူေလးစိတ္လိုရာသာလုပ္ပါေစ။

"အဆင္ေျပၿပီလား"

ေနသန္ေက်ာေလးပုတ္ေပးကာေမးလိုက္ေတာ့ေခါင္းျပန္ၿငိမ့္လာသည္။ထို႔ေနာက္တြင္တစ္ခါထပ္ကာေတြေဝသြားဟန္ျဖင့္မ်က္စိမ်ားကစတင္ကာလႈပ္ရွားသြားျပန္ေတာ့သည္။မ်က္ရည္ေပါက္မ်ားကတစ္စက္တစ္စက္ျပန္ကာစီးက်လို႔လာသည္မွာျမင္လို႔ေပမေကာင္း။ေနသန္ၾကည့္ေနရင္းမွထိန္းမရတဲ့ေနာက္ဆုံးQuကိုယ္လုံးအားဆြဲမလိုက္ကာမိမိေပါင္ေပၚသို႔အသာအယာခြေစကာမတင္လိုက္သည္။

အားေပ်ာ့ကာအလိုက္သင့္လဲပါလာေသာခႏၶာကိုယ္ေလးေၾကာင့္Qu၏ေျခတံရွည္ရွည္ေလးမ်ားသည္ေနသန႔္ေပါင္ကိုခြထိုင္လ်က္ခုံ၏တစ္ဖက္တစ္ခ်က္သို႔ဝဲက်လို႔သြားသည္။

ေငြျဖဴေရာင္ညအိပ္ေဘာင္းဘီကျဖဴလႊလႊ။ရင္ဘတ္ေနရာမွလစ္ဟာေနေသာေနရာလပ္မ်ားကေအးျမျမ။ႏႈတ္ခမ္းအထက္ရွိႏုံးေနၿပီးျဖစ္ေသာႏႈတ္ခမ္းဖူးဖူးေလးမ်ားကခ်ိဳျမျမ။ဟုတ္ေလသလားဟုစမ္းၾကည့္စမ္းခ်င္သည္ပါ့။

ေနသန႔္မ်က္စိမ်ားကQu၏မ်က္ႏွာထက္သို႔ရမၼက္ခိုးျပည့္စြာဝဲဖ်ာလို႔ေနသည္။ဒါကိုQuသိပါသည္။ထို႔ေၾကာင့္မ်က္လႊာကိုေအာက္သို႔ခ်ထားပါေသာ္လည္းရွက္သည္ကေတာ့ရွက္သည္ပါပဲ။

"မငိုနဲ႔ေတာ့ ကိုယ္ရွိတယ္.."

ေနသန႔္ဆီမွထြက္လာေသာအသံေအာေအာႀကီးကQuနားထဲသို႔ကန႔္လန႔္ဆန္ကာဝင္လို႔လာသည္။လက္မႏွစ္ဖက္ႏွင့္Qu၏ပါးျပင္ရွိမ်က္ရည္မ်ားကိုစိတ္ရွည္ရွည္သုတ္ေပးလို႔ေနၿပီးQuအားစိုက္ၾကည့္ေနသည္။

"ငါအဆင္ေျပတယ္"

"အင္း okပါ အခ်စ္အဆင္ေျပရင္ၿပီး.."

"မဟုတ္ဘူး ငါမင္းလုပ္ခ်င္တာလုပ္ဖို႔
အဆင္ေျပတယ္"

"...??"

ေနသန္ခပ္ေၾကာင္ေၾကာင္ျဖစ္သြားပါ၏။ထိုသို႔ခပ္ေၾကာင္ေၾကာင္ျဖစ္ေနခ်ိန္မွယသူ၏အမူအရာတစ္ခုစီတိုင္းကQuကိုၿပဳံးကာၾကည့္မိေစသည္။မ်က္လုံးေလးမ်ားျပဴးကာကေလးငယ္တစ္ေယာက္သဖြယ္ျဖစ္လို႔သြားသည္ကိုQuၾကည့္ေနရင္းတစ္ခ်က္ထရယ္လိုက္မိသည္။

Quမ်က္ရည္ေတြမေျခာက္ေသးသည့္ၾကားကမ်က္စိမ်ားပိတ္သည္ထိရယ္ခ်လိုက္သည္ျဖစ္၏။ေနသန္ကေတာ့ထိုရယ္ေမာမႈကိုသေဘာက်စြာရႈစားသည္။

ရယ္လို႔ၿပီးေတာ့က်ေရာက္လာတဲ့Quရဲ႕လက္ေလးေတြကေနသန႔္ႏွာေခါင္းေပၚသို႔။လက္ညိဳးႏွင့္လက္ခလယ္ႏွစ္ခုကိုကပ္ေၾကးတစ္ဖြယ္ညႇပ္ကာနိတ္၏ႏွာေခါင္းေလးကိုဆြဲကာရမ္းလိုက္သည္မွာသူေလးအူးယားေနေသာေၾကာင့္။

ေခတၱေတာ့တိတ္ဆိတ္လို႔သြားသည္။

ႁပြတ္။

နိတ္၏ေအာက္ႏႈတ္ခမ္းကိုအေတာ္ၾကာဆြဲကာကိုက္ေနၿပီးမွတစ္ခ်က္အာေခါင္တြင္းထဲသို႔ထိုးကာေဘးခံတြင္းသားမ်ားကိုလ်က္လိုက္ၿပီးႏႈတ္ခမ္းထက္အနမ္းတစ္ခုႏွင့္အဆုံးသတ္လိုက္ေသာQu။ေငြေရာင္မွ်င္တန္းေရးေရးေလးမ်ားကေနသန႔္၏ေအာက္ႏႈတ္ခမ္းထက္ဝယ္ရစ္သီလို႔သြားသည္။

Qu၏လုပ္ရပ္ေၾကာင့္ေနသန႔္ႏႈတ္ခမ္းမ်ားကခပ္ဟဟေလးျဖစ္လို႔သြားရသည္။ပါးစပ္ႀကီးကိုဟကာခုနကျပဴးေၾကာင္ေၾကာင္အေနအထားအတိုင္းQuအားၾကည့္ေနေသးသျဖင့္Quရယ္ခ်င္တာကိုထိန္းကာ ျပန္ကာစိုက္ၾကည့္ေနလိုက္သည္။

"Quu.."

"အင္း.."

"ဒါမင္းစတာေနာ္.."

"အင္း.."

ေနသန္Qu၏စကားဆုံးသည္ႏွင့္Qu၏ေခါင္းကိုဆတ္ခနဲဆြဲလွည့္လိုက္ကာႏႈတ္ခမ္းတစ္ခုလုံးဆြဲကာစုပ္ခ်ပစ္လိုက္သည္။

တိုးကာနမ္းရင္းႏွင့္မွQu၏ခါးနားရွိသူ၏လက္ေတြကိုစတင္ကာၾကမ္းတမ္းေစလိုက္ၿပီးတစ္ခ်က္တစ္ခ်က္ခႏၶာကိုယ္အထက္မွအေၾကာေတြကိုဖိႏွိပ္ပစ္လိုက္သည္။ဤလုပ္ရပ္ကQuအားအေတာ္ပင္ေနရခက္ေစသည္။သို႔ေသာ္Quအလိုက္သင့္ေနေပးထားသည္။ေနသန္ဒီေန႔သူ႔ကိုႀကိဳက္ရာလုပ္ခြင့္ရွိသည္။ေနသန္သူ႔ကိုပိုင္သည္။သူသည္ေနသန႔္အပိုင္ျဖစ္ရမည္။

ထိုစိတ္ႏွင့္ပင္ၾကမ္းတမ္းေနၿပီးျဖစ္ေသာေနသန႔္၏စိတ္႐ိုင္းစိတ္ကိုQuထပ္တိုးကာဆြေပးလိုက္သည္။ထိုအခါေနသန္ကအသိစိတ္လြတ္သြားဟန္Qu၏ကိုယ္အားအိပ္ရာထက္သို႔ဘုန္းခနဲပစ္ခ်ကာႏုံးေနၿပီျဖစ္ေသာႏႈတ္ခမ္းေလးအားၾကမ္းၾကမ္းတမ္းတမ္းျဖင့္စုပ္ကာနမ္းေလေတာ့သည္။

ပါးစပ္ကိုပင္ဟခြင့္မေပးဘဲသူ၏လွ်ာႏွင့္အလိပ္လိုက္တိုးဝင္လာသည္မွာအာေခါင္၏အတြင္းသားထဲသို႔။တစ္ခါတစ္ခါႏႈတ္ခမ္းကိုလစ္ဟာေပးသည့္အခါလည္းရွိပါသည္။ထိုအခ်ိန္မ်ားတြင္လည္ပင္းရွိQu၏လည္စလုပ္ကိုလာလာရမ္းကားတတ္သည္မွာလည္စလုပ္စြဲလမ္းေနေသာသူ႐ူးတစ္ေယာက္လို။

Quေနသန္၏ေခါင္းေလးအားခပ္ဖြဖြဆုပ္ကိုင္ေပးထားမိသည္။ေျခေထာက္ႏွစ္ဖက္ကိုေနသန႔္ခါးထက္ဝယ္ခ်ိတ္ဆြဲလို႔ထားၿပီးေနသန္ျပဳသမွ်ကိုအႏုနည္းႏွင့္ခံေနေပသည္။

"..."

"အ့ နိတ္"

႐ုတ္တရက္မိမိ၏ခ်ယ္ရီသီးတစ္ပြင့္ကိုလာကာသြားႏွင့္ခပ္ဖြဖြက်ိတ္လိုက္ေလေသာေၾကာင့္လန႔္ကာေအာ္လိုက္မိျခင္း။ထိုအခါေနသန္ကေခါင္းေထာင္ကာၾကည့္လာသည္။ေငြေရာင္မွ်င္တန္းတန္းေလးမ်ားကသူ႔ႏႈတ္ခမ္းထက္ဝယ္ညႇိတြယ္လို႔ေနၿပီး သားရဲတစ္ေကာင္သူ၏အစားကိုရမၼက္
ႀကီးစြာၾကည့္ေနသလိုအၾကည့္မွာဆြဲေဆာင္မႈအားျပင္းလွသည္။

သို႔ေသာ္ထိုအၾကည့္မ်ားထဲတြင္သူ႔အတြက္ညႇင္သာမႈႏွင့္ေႏြးေထြးမႈေတြေရာယွက္ကာပါဝင္သည္။အၿမဲတမ္းပါဝင္ခဲ့သည္။ယခုလဲထိုသို႔ျဖစ္ဆဲ။

"ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္အခုရပ္လိုက္မယ္ အခ်စ္ေနမေကာင္းျဖစ္လိမ့္မယ္.."

"နိတ္..."

ခ်က္ခ်င္းထသြားေတာ့မည္လုပ္ေနေသာ ေနသန႔္ကိုလည္ပင္းကေနဖက္ကာတြယ္ကပ္လိုက္သည္။ထို႔ေနာက္ဘာမွမေျပာဘဲစကၠန႔္အေတာ္ၾကာသည္အထိမ်က္ႏွာကိုဝွက္ကာတင္းၾကပ္စြာဖက္ထားေလသည္။အေတာ္အၾကာမွQu၏ေက်ာကုန္းေလးလႈပ္ရွားလာၿပီးမိမိပုခုံးေပၚမွ႐ႊဲစိုစိုခံစားခ်က္ေၾကာင့္သာQuတစ္ေယာက္ထပ္ကာငိုေနၿပီမွန္းသိရသည္။

"Qu.."

"မဟုတ္ဘူး နိတ္ သူတို႔ေျပာတာမွန္တယ္ ကမာၻမွာဘယ္တုန္းကမွလိင္တူႀကိဳက္တဲ့သူေတြေကာင္းေကာင္းမရွင္သန္ႏိုင္ဘူး ႏွိမ္ၾကတယ္၊ရႈံ႕ခ်ၾကတယ္ ေနာက္ဆုံးမ်ိဳးတုံးေအာင္ဆိုၿပီး သတ္ျဖတ္ပစ္ရက္ၾကတယ္ သိပ္ရက္စက္တယ္ နိတ္ သိပ္ရက္စက္တယ္.."

"..."

"တခ်ိဳ႕မေနႏိုင္ေတာ့လို႔သတ္ေသၾကတယ္ တခ်ိဳ႕ႀကံ့ႀကံ့ခံတဲ့သူေတြက်ေတာ့တစ္ဘဝလုံးၿခိမ္းေျခာက္မႈေတြနဲ႔ေနခဲ့ရတယ္ ငါတို႔ကေကာ နိတ္.."

"..."

"..ငါတို႔ႀကံ့ႀကံ့ခံႏိုင္ရင္ေတာင္ ငါ့ရဲ႕ျဖစ္တည္မႈႀကီးကအားမေပးဘူး ေလွာင္ရယ္ေနတယ္ ရႈံ႕ခ်ေနတယ္ ကဲ့ရဲ႕ေနတယ္.."

"..Quu.."

"ငါမင္းနဲ႔အတူရွိေနခ်င္႐ုံေလးပါ နိတ္
ဒါေပမဲ့ မင္းကိုငါကိုယ္တိုင္ထက္ပိုခ်စ္တာေၾကာင့္မင္းဘဝကိုအလွဆုံးျဖစ္ေစခ်င္တယ္ တကယ္လို႔မင္းဘဝလွပဖို႔ရာငါကထြက္သြားေပးရမယ္ဆို .."

"ေတာ္ေတာ့ Qu ေတာ္ပါေတာ့ ကိုယ့္ဘဝမွာမင္းမရွိတုန္းကအရာရာဟာအေမွာင္က်ေနခဲ့တာ မင္းမရွိေတာ့ရင္ဘယ္လိုလုပ္လွပေတာ့မလဲ မင္းရွိလို႔ မင္းရွိေနလို႔ငါ့ဘဝလွပခဲ့တာ မင္းမရွိေတာ့တဲ့ဘဝ ဘယ္လိုလုပ္သာယာႏိုင္ပါေတာ့မလဲ ဘယ္သာယာႏိုင္ပါေတာ့မလဲ..."

တစ္ေယာက္ႏွင့္တစ္ေယာက္အတင္းတိုးေဝွ႔ကာဖက္ရင္းရႈိက္ႀကီးတငင္ငိုေနက်ေသာဤအခ်စ္ငွက္ငယ္ႏွစ္ေကာင္ေပးဆပ္ရမည့္အမႈသည္ႀကီးမားလွသည္။အခက္အခဲေတြမ်ားလွသည္။သဘာဝအေလ်ာက္ျဖစ္တဲ့အခက္အခဲေတြထက္သဘာဝလြန္အခက္အခဲေတြကဤကမာၻႏွယ္အံတုႏိုင္သူမည္သူမွ်မရွိခဲ့။

Quေနသန႔္ပုခုံးေတြကိုမ်က္လုံးေလးမ်ားႏွင့္ပြတ္သပ္လိုက္ကာနားနားသို႔တီးတိုးစကားဆိုလိုက္သည္။တစ္ကိုယ္လုံးေခြၽးေတြ၊သေရေတြႏွင့္ျပည့္ႏွက္ေနသည္ေတာင္မွသူ၏လူႀကီးကၾကည့္ေကာင္းေနတုန္း၊ေခ်ေမာေနတုန္း။Quေနသန႔္နားနားသို႔ကပ္ကာေျပာလိုက္သည္။

"ဒီ..ေန႔ ငါ့ကို...မင္းအပိုင္ယူေတာ့.."

စကားအဆုံးေနသန႔္ကိုယ္ႀကီးလႈပ္ခါသြားသည္ကိုQuခံစားမိပါသည္။သို႔ေသာ္ဘာမွ်မျဖစ္သလိုေနေနလိုက္သည္။ေနသန္ကေခတၱၾကာေနၿပီးမွ 'ေသခ်ာရဲ႕လား' ဟုစိုးရိမ္တႀကီးေမးရွာသည္။Quၿပဳံးလိုက္သည္။ေနသန္မွမဟုတ္လွ်င္သူမည္သူ႔မွဤသို႔ေျပာမည္မဟုတ္။ထိုသို႔မေျပာလွ်င္လည္း ေနသန္မဟုတ္။Quေခါင္းေလးကိုၿငိမ့္ျပလိုက္သည္။ထိုအခါေနသန္ကေက်ာေလးကိုႏွစ္ခ်က္မွ်ခပ္ဖြဖြပုတ္ကာဆိုသည္။

"Ok ဆိုေတာ့ Clam down ေနာ္ အာ ကိုယ္ ကိုယ္ .. ဟိုဟို"

" .. Just do ittt man .. "

"...."

ေနသန္သူနဲ႔ခႏၶာကိုယ္ခြာလိုက္ခ်ိန္ျမင္လိုက္ရတဲ့Qu၏အလွဟာေနသန႔္အားေသြးမ်ားကိုေျပာင္းျပန္စီးသြားေစသည္။အက်ႌဟၿပဲႏွင့္တစ္ဝက္တစ္ပ်က္ေပၚေနေသာခ်ယ္ရီသီးရဲရဲေလးမ်ား။ႏႈတ္ခမ္းထက္ကသူႏွင့္ေရာယွက္ထားေသာေၾကာင့္ယစ္ေထြေနေသာေငြေရာင္အမွ်င္အတန္းအစုေလးမ်ား။

ေဘာင္းဘီမွာေနသန္ဆုပ္နယ္ထားေသာေၾကာင့္ေအာက္သို႔ေလွ်ာက်ကာေပၚလွစ္ေနေသာခါးဝန္းဝန္းေလးမ်ား။လက္ႏွစ္ဖက္ကိုေရွ႕သို႔စုကာထားေသာ ခပ္ျဖဴျဖဴလက္သြယ္ေလးမ်ား။

ေနာက္ၿပီးရွက္ေနေသာQu၏မ်က္ႏွာအမူအရာေလးမ်ား။

အား..ေနသန္႐ူးၿပီ။ေနသန္႐ူးမိေတာ့မည္။

ဒီျမင္ကြင္းႏွင့္တင္ေနသန႔္အားတစ္ခရီးလြတ္လြတ္လပ္လပ္ေရာက္သြားႏိုင္သည္။ေနသန္စိတ္ကိုၿမဲၿမံစြာခ်ဳပ္တည္းလိုက္ၿပီးအက်ႌေတြခြၽတ္ခ်လိုက္သည္။ေပၚလာသည့္ဟင္းလင္းဗလာထက္ကက်စ္လစ္ကာသန္မာေတာင့္တင္းလွေသာေနသန႔္၏ခႏၶာကိုယ္အခ်ိဳးအစားကိုQuကမ်က္ႏွာမဲ့ကာၾကည့္သည္။

ထို႔ေနာက္သူ၏ဗိုက္အားေထာက္ျပလိုက္ကာရွိေနေသာမာဆယ္လ္ႂကြက္သားအထစ္လိုက္ကိုမ်က္ခုံးပင့္ကာေနသန႔္အားေမာႂကြားလိုက္သည္။ေနသန္တစ္ခ်က္ဟင့္ခနဲခနဲ႔လိုက္သည္။ထို႔ေနာက္ထိုဆြဲအားျပင္းလွေသာQu၏မ်က္ႏွာအားေမးေစ့ကေနဆြဲကာေမာ့ေစလိုက္ရင္း...။

Comments

Post a Comment