အားလပ်ချိန်မှာ ဖုန်းနဲ့ အေးအေးဆေးဆေးဆော့ရင်း အချိန်ဖြုန်းလို့ကောင်းတဲ့ မြို့တည်ဆောက်ရေးဂိမ်း သုံးခု
Link တွေကို ကလစ်နှိပ်ရတာ ပျင်းလာရင် ဒီဂိမ်းလေးတွေ ဆော့ကြည့်ပါ။ တစ်ခြားဂိမ်းတွေလို အပန်းပြေအောင်ဆော့ကာမှ လောင်ရတဲ့အဖြစ်မျိုးလည်းမရှိသလို ကိုယ့်စိတ်ကူးကောင်းရင်ကောင်းသလောက် ကိုယ်တည်ဆောက်ထားတဲ့ မြို့လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း chill လို့ရပါတယ်။
No.(1) SimCity Build It
PC version ပေါင်းများစွာထွက်ခဲ့ပြီး ထိုက်တန်တဲ့အောင်မြင်မှုရရှိခဲ့တဲ့အတွက် mobile version ထုတ်ပေးထားတဲ့ မြို့တည်ဆောက်ရေးဂိမ်းတစ်ခုဖြစ်ပါတယ်။ PC ဂိမ်းမှာလောက် mechanics တွေက မရှုပ်ထွေးပဲ ရိုးရိုးရှင်းရှင်းနဲ့ ဆော့လို့ကောင်းပါတယ်။ တစ်ခြားမြို့တည်ဆောက်ရေးဂိမ်းတွေနဲ့ အဓိကကွာခြားတာက တစ်ဖြည်းဖြည်းတိုးတက်လာတဲ့ လူဦးရေ လူနေမှုအဆင့်အတန်းနဲ့အတူ မြေညစ်ညမ်းမှု လေညစ်ညမ်းမှု စတာတွေကိုပါ balance ဖြစ်အောင်ထိန်းကျောင်း တည်ဆောက်ရတာပဲဖြစ်ပါတယ်။ တည်ဆောက်ရေးအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေထုတ်နှင့်ပြီး အားနေတဲ့အချိန် link တွေကို သွား click နေလည်းအဆင်ပြေပါတယ်။
No.(2) City Island 5
City Island ဂိမ်းဆိုရင် မြို့တည်ဆောက်ရေးဂိမ်းတွေကိုမှ သဘောကျတဲ့သူတွေအတွက် စိမ်းလှတဲ့နာမည်တစ်ခုတော့ မဟုတ်ပါဘူး။ City Island 1, 2, 3, 4 Franchise အားလုံးဆော့ခဲ့ဖူးတဲ့အတွက် City Island 5 ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ အာမခံပါတယ်။ Main Island အပြင် မြေခံ၊ရေခံမတူညီတဲ့ Island များစွာကိုလည်း တစ်ဖြည်းဖြည်း explore လုပ်ပြီး မတူညီတဲ့ ပတ်ဝန်းကျင်မြင်ကွင်းတွေမှာ တည်ဆောက်ရတာက ဒီဂိမ်းရဲ့အနှစ်သာရပါ။ SimCity မှာက ပစ္စည်းတွေထုတ်ရင် စောင့်နေရသလို ဒီဂိမ်းမှာက ပိုက်ဆံတွေလိုက်ကောက်လိုက် ကောက်စရာကုန်သွားရင် သွား click လိုက်လုပ်လို့ရပါတယ်။ အဓိကက အားတာနဲ့ link တွေကို click နေဖို့ပါပဲ။
No.(3) Smurfs’ Village
သိပ်ပြောနေစရာတောင်မလိုပါဘူး။ ဒီအကောင်ပြာပြာလေးတွေကို ဘယ်သူမချစ်မှာလဲ။ စထွက်ထွက်ချင်းကထဲက အောင်မြင်ခဲ့သလို အခုအချိန် ဆော့ရင်လည်း နောင်တရစရာမရှိတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Smurfs တွေလုပ်ခိုင်းတဲ့ mission တွေလုပ်လိုက်၊ mini games တွေဆော့လိုက်၊ အပင်တွေစိုက်လိုက်နဲ့ ပျော်စရာကြီးပါ။ အိမ်တစ်အိမ်ချင်းစီကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်လို့ရသလို smurfs တစ်ကောင်ချင်းစီကိုလည်း ဒီဇိုင်းအမျိုးမျိုးဆင်ပေးလို့ရပါတယ်။ အဲ့အတွက်လိုတဲ့ ပိုက်ဆံတွေကိုတော့ အပင်တွေစိုက်ပြီးရှာရမှာပါ။ စိုက်ထားတုန်း သွား click ပြီး အပင်တွေမပုပ်ခင် မြန်မြန်ပြန်ရိတ်သိမ်းပါ။
Honorable Mentions:
No.(1) Township,
No.(2) FarmVille 2: Country Escape
No.(3) Hay Day (SuperCell ကို boycott လို့ ဒီဂိမ်းလေးပါသွားတာ နှမြောစရာပါ)



Thank You
ReplyDeleteNice
ReplyDeleteRPG game လေး ညွှန်းပေးပါဦး
ReplyDeleteFriends တွေနဲ့ invite လုပ်ပြီး ဆော့ရတာမျိုး
mmo rpg မှာဆို albion online ရှိတယ်broသူကpc မှာရော mobile မှာပါထွက်ထားတာ crossplatform လဲဆော့လို့ရသေးတယ်
DeleteBlack desert online
Deleteinteresting.
ReplyDelete