တော်လှန်ရေးနဲ့ စပ်လျဉ်း၍ About the revolution




Unicode


 တော်လှန်ရေးနဲ့ စပ်လျဉ်း၍ About the revolution


ဤသင်္ခါရလောကတွင် မြင်မြင်သမျှ‌သော သက်ရှိသက်မဲ့ ဟူသမျှတို့သည် ‌နေ့စဉ်နှင့်အမျှ ‌ပြောင်းလဲလျက်ရှိကြသည်။

ထို ‌ပြောင်းလဲ‌သော သဘောကို ဆင်ခြင်ကြံဆကြ‌သော သိပ္ပံပညာရှင်တို့သည် ထိုထို‌သော ပြောင်းလဲမှုတို့ကို ဆင့်ကဲဖြစ်ခြင်းဟူ‌သော အီ‌ဗော်လျူရှင်း(evolution) နှင့် ဆင့်ကဲဖြစ်သည့် သဘောကို ‌ကျော်လွန်၍ တမဟုတ်ခြင်း ‌ပြောင်းလဲခြင်းဟူ‌သော ရီ‌ဗော်လျူ ရှင်း(revolution) ဟူ၍ နှစ်မျိုးခွဲခြားပြကြသည်။

ဆိုခဲ့ပြီး‌သော သက်ရှိ သက်မဲ့ ရုပ်ဝတ္ထုတို့၏ ‌ပြောင်းလဲမှုနှင့် အလားတူစွာ လူ့‌ဘောင် အဖွဲ့ အစည်း၌လည်း ‌ပြောင်းလဲမှု သဘောတရားတို့ ရှိကြသည်။ ထို‌ပြောင်းလဲမှုတို့သည် လူမှု‌ရေး‌ပြောင်းလဲမှု များဖြစ် သည်။ လူမှု‌ရေး ‌ပြောင်းလဲမှု၌လည်း ဆင့်ကဲဖြစ်ခြင်းဟူ‌သော အီ‌ဗော်လျူရှင်း(evolution) နှင့် တမဟုတ်ခြင်း ‌ပြောင်းလဲခြင်းဟူ‌သော ရီ‌ဗော် လျူရှင်း (revolution) ဟုရှိသည်။ ထိုရီ‌ဗော်လျူရှင်း(revolution) ဟူ‌သော ‌ဝေါဟာရကို မြန်မာဘာသာဖြင့် ယခုအခါ ‌တော်လှန်‌ရေးဟု ‌ခေါ်‌ဝေါ်ကြ သည်။

‌တော်လှန်‌ရေးသည် နိုင်ငံ‌ရေးသဘောလည်း သက်‌ရောက်နိုင် သည်။ လူမှု‌ရေး သဘောလည်း သက်‌ရောက်နိုင်သည်။ နိုင်ငံ‌ရေး သဘောသက်‌ရောက်သည့်အခါ အုပ်ချုပ်သူကို၎င်း၊ အုပ်ချုပ်‌ရေး အသွင်သဏ္ဌန်ကို၎င်း အကြမ်းဘက်ကာ တမဟုတ်ခြင်း‌ပြောင်း လဲ‌ပေးခြင်းဖြစ်သည်။ လူ‌ဟောင်း၊ စံနစ်‌ဟောင်းကို လူသစ်၊ စံနစ်သစ်ဖြင့် အစားထိုးခြင်း သဘောဖြစ်၏။ အကြမ်းဖက်သည် ဟူရာ၌ အကြမ်းဖက်ခြင်းသည် အဓိကပင် မဟုတ်‌သော်လည်း ‌ယေဘုယျအားဖြင့်ကား ‌တော်လှန်‌ရေး၏ အင်္ဂါတစ်ရပ်ကဲ့ သို့ရှိ ‌ချေသည်။ လူမှု‌ရေး သဘော သက်‌ရောက်သည့်အခါတွင်ကား လူ့‌လောက၏ စီးပွား‌ရေး အဆောက်အဦကြီးတွင် အရင်းအမြစ် ကစ၍ တမဟုတ်ခြင်း ပြုပြင်‌ပြောင်းလဲ‌ပေးမှုများကို ဆိုလို‌ပေ သည်။ ယင်းကဲ့သို့‌သော လူမှု‌တော်လှန်‌ရေးများသည် နိုင်ငံ‌ရေး ‌တော်လှန်‌ရေးများကဲ့သို့ အကြမ်းနည်းအားဖြင့်လည်း ‌ပေါ်‌ပေါက် လာနိုင်သည်။

ဗြိတိန်နိုင်ငံ၏ သမိုင်း၌ကဲ့သို့ ‌အေးချမ်းငြိမ်သက် စွာ တဖြည်းဖြည်း ‌ပေါ်‌ပေါက်လာနိုင်သည်။
၁ရ၈၉ ခုနှစ် ပြင်သစ်‌တော်လှန်‌ရေးသည် အဓိက အားဖြင့် နိုင်ငံ‌ရေး‌တော်လှန်‌ရေးဖြစ်သည်ဟုဆိုနိုင်၍ ၁၉၁ရ ခုနှစ် ရုရှ‌တော်လှန်‌ရေးကြီးသည် အဓိကအားဖြင့် လူမှု‌တော် လှန်‌ရေးဖြစ်သည်ဟု ဆိုနိုင်‌လေသည်။ သို့‌သော် စင်စစ်အားဖြင့် ထိုသို့ ယတိပြတ် ပိုင်းခြားကန့်သတ်ရန်မှာ မဖြစ်နိုင်‌ပေ။
အဘယ်‌ကြောင့်ဆို‌သော် နိုင်ငံ‌ရေး ‌တော်လှန်‌ရေးများတွင် အများအားဖြင့် လူမှု‌ရေးဖြင့် စီးပွာ‌ရေးဆိုင်ရာ အကြောင်း ရင်းများ ရှိ‌နေတတ်ပြီးလျှင် လူမှု‌တော်လှန်‌ရေးများသည်လည်း ‌ယေဘုယျအားဖြင့် အုပ်ချုပ်‌ရေးအသွင်သဏ္ဌာန် အသစ်တည် ‌ထောင်ခြင်းဖြင့် စခန်းသိမ်းတတ်‌သော‌ကြောင့် ဖြစ်‌လေသည်။

အကယ်၍ တိုင်းပြည် တစ်ပြည်ရှိ အညှဉ်းပန်းခံ အစိတ်အပိုင်း နှင့် မကျေမနပ်ဖြစ်‌နေ‌သော အစိတ်အပိုင်းများသည် ယင်းတို့၏ နစ်နာချက်များကို ထင်ရှားသိသာ‌အောင်ပြုရန်အတွက်၎င်း၊ ‌အေး ချမ်းစွာ ထိုနစ်နာချက်များကို ပြုပြင်‌ပေးရန်အတွက်၎င်း၊ တရား ဝင်နည်းလမ်းမရှိခဲ့လျှင် ‌တော်လှန်‌ရေးသည် ရုတ်တရက် ‌ပေါ် ‌ပေါက်လာဦးမည် မဟုတ်‌သေးဘဲ ကြန့်ကြာ‌နေဦးမည် ဖြစ်‌သော် လည်း ‌ပေါ်‌ပေါက်လာသည့် အခါတွင်ကား ပြင်သစ်နိုင်ငံနှင့် ရုရှနိုင်ငံတို့မှာကဲ့သို့ အကြမ်းဖက်မှု၊ ‌သွေးထွက်သံယိုမှုများ ပါလာမည်မှာ ‌သေချာ‌လေသည်။ အင်အား‌တောင့်တင်း‌သော လူလတ်တန်းစားရှိ၍၊ လူထုကိုကိုယ်စားပြု‌သော အစဉ်အလာ မျိုးလည်းရှိ‌သော ဂရိတ်ဗြိတိန်ကဲ့သို့‌သော နိုင်ငံမျိုးတွင် ‌တော် လှန်‌ရေး လှုပ်ရှားမှုသည် ခပ်‌စော‌စောပင် ‌ပေါ်‌ပေါက်လာနိုင် ‌သော်လည်း၊ တိုက်ခိုက်မှု လုံးဝမရှိဘဲ ‌အေးချမ်းငြိမ်သက်စွာ ပင်ပြီး‌မြောက်‌အောင်မြင်နိုင်‌လေသည်။ ၁၆၈၈ ခုနှစ် ‌သွေး‌မြေမကျ ‌တော်လှန်မှုနှင့် စက်မှုလက်မှု အရေးတော်ပုံတို့ပင်ဖြစ်၏။

၁၉ ရာစုနှစ်သည် ‌တော်လှန်‌ရေးရာစုနှစ်ဟု ‌ခေါ်ဆိုနိုင်‌ပေ သည်။ မည်သည့်ဥ‌ရောပနိုင်ငံမျှ ‌တော်လှန်‌ရေးသသဘောတရား များ၏ အရိပ်နှင့် လုံးလုံးလျားလျား မကင်းခဲ့‌ချေ။ ၁၈ ရာစု နှစ် ‌နောက်ပိုင်းတွင် ‌ပေါ်‌ပေါက်ခဲ့သည့် ပြင်သစ်‌တော်လှန်‌ရေး ကြီးသည် ဥရောပတစ်တိုက်လုံးတွင် အကြီးအကျယ် အကျိုး သက်‌ရောက်‌စေခဲ့‌လေသည်။ ‌တော်လှန်‌ရေးစာ‌ပေများလည်း အထူးတွင်ကျယ်ခဲ့၏။

၁၈၄၈ ခုနှစ်တွင် ပြင်သစ်ဘုရင် လူဝီဖိလစ်အား နန်းစွန့်ရ ‌အောင် ပြုစွမ်းနိုင်သည်အထိ ‌အောင်မြင်ခဲ့‌သော ‌တော်လှန်‌ရေး တစ်ရပ် ပါရစ်မြို့၌ ‌ပေါ်‌ပေါက်ခဲ့ရာမှ နိုင်ငံအများတွင်လည်း ‌တော်လှန်‌ရေးများ ‌ပေါ်‌ပေါက်ခဲ့‌လေသည်။ ယင်းသည့် ‌တော်လှန်‌ရေးများ‌ကြောင့် ဩစတြီးယား-ဟန်‌ဂေရီ နိုင်ငံမှာကဲ့သို့ ‌တော်လှန်‌ရေးဖြစ်ပွားရာ နိုင်ငံတိုင်းတွင် ပြည်တွင်း စစ်ပွဲများမဖြစ်ပွားခဲ့‌ပေ။ သို့‌သော် လူထုဆူပူလှုပ်ရှားမှု၊ လူထု အကြမ်းဘက်မှုများကား ရှိခဲ့သည်သာ ဖြစ်‌လေသည်။ ဂျာမနီတွင် ဗစ်ဇမတ်‌ခေါင်း‌ဆောင်၍၎င်း၊ အီတလီတွင် ဂယ်ရီ‌ဗောဒီးနှင့် ကဗူး တို့‌ခေါင်း‌ဆောင်၍၎င်း ‌တော်လှန်‌ရေးအစိတ်အပိုင်းများကို အမျိုး သားစည်းလုံး‌ရေးအတွက် လှုပ်ရှားမှုများအဖြစ်သို့ ‌နောက်ဆုံး၌ ‌ပြောင်းလဲ‌ပေးခဲ့၏။ဩစတြီးယားနိုင်ငံတွင် ဟက်စဗတ် ဧကရာဇ်များသည်၎င်း၊ ရုရှ နိုင်ငံတွင် ဇာဧကရာဇ်ဘုရင်များသည်၎င်း ‌တော်လှန်‌ရေးအစိတ် အပိုင်းများကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့‌လေသည်။ သို့‌သော် ရုရှနိုင်ငံတွင် ၁၉၁ရ ခုနှစ်၌ ပိုမိုပြင်းထန်စွာ တစ်ဖန် ပြန်လည် ‌ပေါ်‌ပေါက်ခဲ့၍ ဇာဘုရင်များ၏ အုပ်ချုပ်‌ရေးကို အမြစ်ပြုတ်‌အောင် ဖယ်ရှားသုတ်သင်နိုင်ခဲ့‌လေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့လက်‌အောက် ‌ရောက်ခဲ့ရသည့် ဥရောပနိုင်ငံများတွင် ဖက်ဆစ် ဂျာမန် ‌တော်လှန်‌ရေးများ ‌ပေါ်‌ပေါက်ခဲ့သည့်နည်းတူ ဂျပန်တို့၏ လက်‌အောက်သို့ ကျ‌ရောက်ခဲ့ရ‌သော မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများတွင်လည်း ဖက်ဆစ်ဂျပန်‌တော်လှန်‌ရေးများ ‌ပေါ်‌ပေါက်ခဲ့‌လေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)




Zawgyi



ေတာ္လွန္ေရးနဲ႔ စပ္လ်ဥ္း၍ About the revolution


ဤသခၤါရေလာကတြင္ ျမင္ျမင္သမွ်‌ေသာ သက္႐ွိသက္မဲ့ ဟူသမွ်တို႔သည္ ‌ေန႔စဥ္ႏွင့္အမွ် ‌ေျပာင္းလဲလ်က္႐ွိၾကသည္။

ထို ‌ေျပာင္းလဲ‌ေသာ သေဘာကို ဆင္ျခင္ၾကံဆၾက‌ေသာ သိပၸံပညာ႐ွင္တို႔သည္ ထိုထို‌ေသာ ေျပာင္းလဲမႈတို႔ကို ဆင့္ကဲျဖစ္ျခင္းဟူ‌ေသာ အီ‌ေဗာ္လ်ဴ႐ွင္း(evolution) ႏွင့္ ဆင့္ကဲျဖစ္သည့္ သေဘာကို ‌ေက်ာ္လြန္၍ တမဟုတ္ျခင္း ‌ေျပာင္းလဲျခင္းဟူ‌ေသာ ရီ‌ေဗာ္လ်ဴ ႐ွင္း(revolution) ဟူ၍ ႏွစ္မ်ိဳးခြဲျခားျပၾကသည္။

ဆိုခဲ့ၿပီး‌ေသာ သက္႐ွိ သက္မဲ့ ႐ုပ္ဝတၳဳတို႔၏ ‌ေျပာင္းလဲမႈႏွင့္ အလားတူစြာ လူ႕‌ေဘာင္ အဖြဲ႕ အစည္း၌လည္း ‌ေျပာင္းလဲမႈ သေဘာတရားတို႔ ႐ွိၾကသည္။ ထို‌ေျပာင္းလဲမႈတို႔သည္ လူမႈ‌ေရး‌ေျပာင္းလဲမႈ မ်ားျဖစ္ သည္။ လူမႈ‌ေရး ‌ေျပာင္းလဲမႈ၌လည္း ဆင့္ကဲျဖစ္ျခင္းဟူ‌ေသာ အီ‌ေဗာ္လ်ဴ႐ွင္း(evolution) ႏွင့္ တမဟုတ္ျခင္း ‌ေျပာင္းလဲျခင္းဟူ‌ေသာ ရီ‌ေဗာ္ လ်ဴ႐ွင္း (revolution) ဟု႐ွိသည္။ ထိုရီ‌ေဗာ္လ်ဴ႐ွင္း(revolution) ဟူ‌ေသာ ‌ေဝါဟာရကို ျမန္မာဘာသာျဖင့္ ယခုအခါ ‌ေတာ္လွန္‌ေရးဟု ‌ေခၚ‌ေဝၚၾက သည္။

‌ေတာ္လွန္‌ေရးသည္ ႏိုင္ငံ‌ေရးသေဘာလည္း သက္‌ေရာက္ႏိုင္ သည္။ လူမႈ‌ေရး သေဘာလည္း သက္‌ေရာက္ႏိုင္သည္။ ႏိုင္ငံ‌ေရး သေဘာသက္‌ေရာက္သည့္အခါ အုပ္ခ်ဳပ္သူကို၎၊ အုပ္ခ်ဳပ္‌ေရး အသြင္သဏၭန္ကို၎ အၾကမ္းဘက္ကာ တမဟုတ္ျခင္း‌ေျပာင္း လဲ‌ေပးျခင္းျဖစ္သည္။ လူ‌ေဟာင္း၊ စံနစ္‌ေဟာင္းကို လူသစ္၊ စံနစ္သစ္ျဖင့္ အစားထိုးျခင္း သေဘာျဖစ္၏။ အၾကမ္းဖက္သည္ ဟူရာ၌ အၾကမ္းဖက္ျခင္းသည္ အဓိကပင္ မဟုတ္‌ေသာ္လည္း ‌ေယဘုယ်အားျဖင့္ကား ‌ေတာ္လွန္‌ေရး၏ အဂၤါတစ္ရပ္ကဲ့ သို႔႐ွိ ‌ေခ်သည္။ လူမႈ‌ေရး သေဘာ သက္‌ေရာက္သည့္အခါတြင္ကား လူ႕‌ေလာက၏ စီးပြား‌ေရး အေဆာက္အဦႀကီးတြင္ အရင္းအျမစ္ ကစ၍ တမဟုတ္ျခင္း ျပဳျပင္‌ေျပာင္းလဲ‌ေပးမႈမ်ားကို ဆိုလို‌ေပ သည္။ ယင္းကဲ့သို႔‌ေသာ လူမႈ‌ေတာ္လွန္‌ေရးမ်ားသည္ ႏိုင္ငံ‌ေရး ‌ေတာ္လွန္‌ေရးမ်ားကဲ့သို႔ အၾကမ္းနည္းအားျဖင့္လည္း ‌ေပၚ‌ေပါက္ လာႏိုင္သည္။

ၿဗိတိန္ႏိုင္ငံ၏ သမိုင္း၌ကဲ့သို႔ ‌ေအးခ်မ္းၿငိမ္သက္ စြာ တျဖည္းျဖည္း ‌ေပၚ‌ေပါက္လာႏိုင္သည္။
၁ရ၈၉ ခုႏွစ္ ျပင္သစ္‌ေတာ္လွန္‌ေရးသည္ အဓိက အားျဖင့္ ႏိုင္ငံ‌ေရး‌ေတာ္လွန္‌ေရးျဖစ္သည္ဟုဆိုႏိုင္၍ ၁၉၁ရ ခုႏွစ္ ႐ု႐ွ‌ေတာ္လွန္‌ေရးႀကီးသည္ အဓိကအားျဖင့္ လူမႈ‌ေတာ္ လွန္‌ေရးျဖစ္သည္ဟု ဆိုႏိုင္‌ေလသည္။ သို႔‌ေသာ္ စင္စစ္အားျဖင့္ ထိုသို႔ ယတိျပတ္ ပိုင္းျခားကန္႔သတ္ရန္မွာ မျဖစ္ႏိုင္‌ေပ။
အဘယ္‌ေၾကာင့္ဆို‌ေသာ္ ႏိုင္ငံ‌ေရး ‌ေတာ္လွန္‌ေရးမ်ားတြင္ အမ်ားအားျဖင့္ လူမႈ‌ေရးျဖင့္ စီးပြာ‌ေရးဆိုင္ရာ အေၾကာင္း ရင္းမ်ား ႐ွိ‌ေနတတ္ၿပီးလွ်င္ လူမႈ‌ေတာ္လွန္‌ေရးမ်ားသည္လည္း ‌ေယဘုယ်အားျဖင့္ အုပ္ခ်ဳပ္‌ေရးအသြင္သဏၭာန္ အသစ္တည္ ‌ေထာင္ျခင္းျဖင့္ စခန္းသိမ္းတတ္‌ေသာ‌ေၾကာင့္ ျဖစ္‌ေလသည္။

အကယ္၍ တိုင္းျပည္ တစ္ျပည္႐ွိ အညႇဥ္းပန္းခံ အစိတ္အပိုင္း ႏွင့္ မေက်မနပ္ျဖစ္‌ေန‌ေသာ အစိတ္အပိုင္းမ်ားသည္ ယင္းတို႔၏ နစ္နာခ်က္မ်ားကို ထင္႐ွားသိသာ‌ေအာင္ျပဳရန္အတြက္၎၊ ‌ေအး ခ်မ္းစြာ ထိုနစ္နာခ်က္မ်ားကို ျပဳျပင္‌ေပးရန္အတြက္၎၊ တရား ဝင္နည္းလမ္းမ႐ွိခဲ့လွ်င္ ‌ေတာ္လွန္‌ေရးသည္ ႐ုတ္တရက္ ‌ေပၚ ‌ေပါက္လာဦးမည္ မဟုတ္‌ေသးဘဲ ၾကန္႔ၾကာ‌ေနဦးမည္ ျဖစ္‌ေသာ္ လည္း ‌ေပၚ‌ေပါက္လာသည့္ အခါတြင္ကား ျပင္သစ္ႏိုင္ငံႏွင့္ ႐ု႐ွႏိုင္ငံတို႔မွာကဲ့သို႔ အၾကမ္းဖက္မႈ၊ ‌ေသြးထြက္သံယိုမႈမ်ား ပါလာမည္မွာ ‌ေသခ်ာ‌ေလသည္။ အင္အား‌ေတာင့္တင္း‌ေသာ လူလတ္တန္းစား႐ွိ၍၊ လူထုကိုကိုယ္စားျပဳ‌ေသာ အစဥ္အလာ မ်ိဳးလည္း႐ွိ‌ေသာ ဂရိတ္ၿဗိတိန္ကဲ့သို႔‌ေသာ ႏိုင္ငံမ်ိဳးတြင္ ‌ေတာ္ လွန္‌ေရး လႈပ္႐ွားမႈသည္ ခပ္‌ေစာ‌ေစာပင္ ‌ေပၚ‌ေပါက္လာႏိုင္ ‌ေသာ္လည္း၊ တိုက္ခိုက္မႈ လုံးဝမ႐ွိဘဲ ‌ေအးခ်မ္းၿငိမ္သက္စြာ ပင္ၿပီး‌ေျမာက္‌ေအာင္ျမင္ႏိုင္‌ေလသည္။ ၁၆၈၈ ခုႏွစ္ ‌ေသြး‌ေျမမက် ‌ေတာ္လွန္မႈႏွင့္ စက္မႈလက္မႈ အေရးေတာ္ပုံတို႔ပင္ျဖစ္၏။

၁၉ ရာစုႏွစ္သည္ ‌ေတာ္လွန္‌ေရးရာစုႏွစ္ဟု ‌ေခၚဆိုႏိုင္‌ေပ သည္။ မည္သည့္ဥ‌ေရာပႏိုင္ငံမွ် ‌ေတာ္လွန္‌ေရးသသေဘာတရား မ်ား၏ အရိပ္ႏွင့္ လုံးလုံးလ်ားလ်ား မကင္းခဲ့‌ေခ်။ ၁၈ ရာစု ႏွစ္ ‌ေနာက္ပိုင္းတြင္ ‌ေပၚ‌ေပါက္ခဲ့သည့္ ျပင္သစ္‌ေတာ္လွန္‌ေရး ႀကီးသည္ ဥေရာပတစ္တိုက္လုံးတြင္ အႀကီးအက်ယ္ အက်ိဳး သက္‌ေရာက္‌ေစခဲ့‌ေလသည္။ ‌ေတာ္လွန္‌ေရးစာ‌ေပမ်ားလည္း အထူးတြင္က်ယ္ခဲ့၏။

၁၈၄၈ ခုႏွစ္တြင္ ျပင္သစ္ဘုရင္ လူဝီဖိလစ္အား နန္းစြန္႔ရ ‌ေအာင္ ျပဳစြမ္းႏိုင္သည္အထိ ‌ေအာင္ျမင္ခဲ့‌ေသာ ‌ေတာ္လွန္‌ေရး တစ္ရပ္ ပါရစ္ၿမိဳ႕၌ ‌ေပၚ‌ေပါက္ခဲ့ရာမွ ႏိုင္ငံအမ်ားတြင္လည္း ‌ေတာ္လွန္‌ေရးမ်ား ‌ေပၚ‌ေပါက္ခဲ့‌ေလသည္။ ယင္းသည့္ ‌ေတာ္လွန္‌ေရးမ်ား‌ေၾကာင့္ ဩစႀတီးယား-ဟန္‌ေဂရီ ႏိုင္ငံမွာကဲ့သို႔ ‌ေတာ္လွန္‌ေရးျဖစ္ပြားရာ ႏိုင္ငံတိုင္းတြင္ ျပည္တြင္း စစ္ပြဲမ်ားမျဖစ္ပြားခဲ့‌ေပ။ သို႔‌ေသာ္ လူထုဆူပူလႈပ္႐ွားမႈ၊ လူထု အၾကမ္းဘက္မႈမ်ားကား ႐ွိခဲ့သည္သာ ျဖစ္‌ေလသည္။ ဂ်ာမနီတြင္ ဗစ္ဇမတ္‌ေခါင္း‌ေဆာင္၍၎၊ အီတလီတြင္ ဂယ္ရီ‌ေဗာဒီးႏွင့္ ကဗူး တို႔‌ေခါင္း‌ေဆာင္၍၎ ‌ေတာ္လွန္‌ေရးအစိတ္အပိုင္းမ်ားကို အမ်ိဳး သားစည္းလုံး‌ေရးအတြက္ လႈပ္႐ွားမႈမ်ားအျဖစ္သို႔ ‌ေနာက္ဆုံး၌ ‌ေျပာင္းလဲ‌ေပးခဲ့၏။

ဩစႀတီးယားႏိုင္ငံတြင္ ဟက္စဗတ္ ဧကရာဇ္မ်ားသည္၎၊ ႐ု႐ွ ႏိုင္ငံတြင္ ဇာဧကရာဇ္ဘုရင္မ်ားသည္၎ ‌ေတာ္လွန္‌ေရးအစိတ္ အပိုင္းမ်ားကို ျပင္းျပင္းထန္ထန္ ႏွိမ္ႏွင္းခဲ့‌ေလသည္။ သို႔‌ေသာ္ ႐ု႐ွႏိုင္ငံတြင္ ၁၉၁ရ ခုႏွစ္၌ ပိုမိုျပင္းထန္စြာ တစ္ဖန္ ျပန္လည္ ‌ေပၚ‌ေပါက္ခဲ့၍ ဇာဘုရင္မ်ား၏ အုပ္ခ်ဳပ္‌ေရးကို အျမစ္ျပဳတ္‌ေအာင္ ဖယ္႐ွားသုတ္သင္ႏိုင္ခဲ့‌ေလသည္။
ဒုတိယကမ႓ာစစ္ႀကီးအတြင္းက ဂ်ာမန္တို႔လက္‌ေအာက္ ‌ေရာက္ခဲ့ရသည့္ ဥေရာပႏိုင္ငံမ်ားတြင္ ဖက္ဆစ္ ဂ်ာမန္ ‌ေတာ္လွန္‌ေရးမ်ား ‌ေပၚ‌ေပါက္ခဲ့သည့္နည္းတူ ဂ်ပန္တို႔၏ လက္‌ေအာက္သို႔ က်‌ေရာက္ခဲ့ရ‌ေသာ ျမန္မာႏိုင္ငံအပါအဝင္ အာ႐ွႏိုင္ငံမ်ားတြင္လည္း ဖက္ဆစ္ဂ်ပန္‌ေတာ္လွန္‌ေရးမ်ား ‌ေပၚ‌ေပါက္ခဲ့‌ေလသည္။

ကိုးကား

ျမန္မာ့စြယ္စုံက်မ္း အတြဲ (၅)

Comments