စာဘူးတောင်းငှက်
စာဘူးတောင်းငှက်က အဝါရောင်ရှိတဲ့ စာကလေးမျိုးနွယ်ဖြစ်ပြီးတော့ စာဘုန်းကြီးလို့လည်းခေါ်ကြတယ်။
သူတို့အသိုက်လုပ်ပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမအချက်အနေနဲ့ ကောက်ရိုးခြောက်၊ မြက်ခြောက်တွေကိုသုံးပြီးတော့ အသိုက်ကို သေသေချာချာလေး ခိုင်ခံ့အောင်ရက်လုပ်ထားလို့ အလွယ်တကူ မပျက်စီးနိုင်ဘူး။
ဒုတိယအချက်က အသိုက်ထဲကို ပိုးစုန်းကြူးလေးတွေ ထည့်ထားခြင်းဖြစ်တယ်။ ပိုးစုန်းကြူးလေးတွေကို အသိုက်အတွင်းမှာ ရွံ့နဲ့ကပ်ထားပြီးတော့ အလင်းရောင်ရအောင် လုပ်တတ်ကြတယ်။
တတိယအချက်က ပုံစံအနည်းငယ်မတူတဲ့ အသိုက်နှစ်မျိုးကို တွေ့ရခြင်းဖြစ်တယ်။ အပင်မြင့်ရှိ အကိုင်းပေါ်မှ တွဲလောင်းကျနေတဲ့ အသိုက်က အဝကျယ်ပြီးတော့ အသိုက်အောက်နားမှာ တန်းကလေးရှိတယ်။ မီးအုပ်ဆောင်း ပုံသဏ္ဌာန်ရှိပြီးတော့ ငှက်အဖိုနေတယ်။ ငှက်အမနဲ့တွေ့ပြီးနောက်ပိုင်းမှာ အပိုက်က ပိုက်လုံးပုံသဏ္ဌာန်ဖြစ်သွားပြီးတော့ အောက်ဘက်မှာ ဝင်ပေါက်ထားရှိတယ်။ ရှည်လျားတဲ့ အသိုက်အတွင်းမှာ အခန်းပိုတစ်ခန်းပါပြီးတော့ အဲ့ဒီအခန်းက ငှက်အမနေဖို့နဲ့ ဥ ဥဖို့ နေရာဖြစ်တယ်။ ဒါကြောင့် အသိုက်တွင်းကနေ ဥတွေထွက်ကျမှာကို မစိုးရိမ်ရဘူး။
အဲ့လိုနဲ့ စာဘူးတောင်းငှက်ကလေးတွေ အသိုက်ဆောက်တာ ထူးခြားတာကို တွေ့နိုင်တယ်။

Comments
Post a Comment