ဗုံးသတိ




 မိမိပတ်ဝန်းကျင်မှာ ဗုံးသတိ အမြဲရှိကြပါ။

..............................................
(၁)
ပေါက်ကွဲမှု ဖြစ်ပွားရင် ကိုက် ၅၀ ပတ်ချာလည်မှအမြန်ဆုံး ထွက်ခွာပါ။ အုတ်၊ အင်္ဂတေ အကာအကွယ်ရှိအဆောက်အဦးများထဲသို့ ဝင်ရောက်ခိုလှုံနေပါ။

(၂)
နောက်ပိုင်းတွေ့ရှိသမျှ လက်လုပ်ဗုံးများမှာချိန်ကိုက်စနစ် များပါသဖြင့် ပထမတကြိမ်ပေါက်ကွဲမှုဖြစ်လျှင် ၎င်းပတ်ဝန်းကျင်သို့သွားရောက်ကြည့်ရှုခြင်း ရှောင်ကျဉ်ပါ။

(၃)
လူစည်ကားရာနေရာများသို့ သွားရောက်ပါကမိမိပတ်ဝန်းကျင်တွင် ပိုင်ရှင်မဲ့ ကျွတ်ကျွတ်အိတ်အမဲ၊ကျောပိုးအိတ်၊ ထမင်းဗူးပုံစံများ ချထားခြင်းတွေ့ရှိပါကသက်ဆိုင်ရာဝန်းကျင်ရှိ စျေးကော်မတီ၊ အဆောက်အဦးတာဝန်ခံများထံ သတင်းပို့ပါ။

(၄)
ဘက်စ်ကားမှတ်တိုင်များ၊ ခရီးသည်နားခိုရာနေရာများရောက်ရှိပါက နားနေပတ်ဝန်းကျင်နှင့် ထိုင်ခုံများပေါ်/အောက်တွင် မသင်္ကဖွယ်ရာ အထုတ်များ၊ ပါဆယ်ပုံးများတွေ့ရှိပါက အမြန်လူစုခွဲ၍ သက်ဆိုင်ရာသို့အကြောင်းကြားပေးပါ။

(၅)
ညဉ့်နက်အချိန်နှင့် မနက်စောစောအချိန်များတွင်မိမိတို့ တိုက်အောက်၊ အိမ်ရှေ့ပတ်ဝန်းကျင်များ၌မသင်္ကာဖွယ်ရာ အထက်ပါပစ္စည်းများ၊ အထုပ်များတွေ့ရှိပါက အနီးအနားမကပ်ဘဲ သက်ဆိုင်ရာအပိုင်အုပ်ချုပ်ရေးလူကြီးများထံ သတင်းပို့ပါ။

(၆)
YBS စီးနင်းသူများအနေဖြင့် ကားပေါ်တက်ပြီးသည်နှင့်ဝန်းကျင်ထိုင်ခုံများအောက်သို့ အထုပ်များ၊ ပါဆယ်ပုံးများရှိ မရှိ စူးစမ်းလေ့လာပါ။ မသင်္ကာပါက ယာဉ်မောင်းထံလှမ်းပြောပြပါ။ ကားကို ရပ်တန့်ခိုင်းပါ။

(၇)
TAXI စီးနင်းသူများအနေဖြင့် ကားပေါ်မတက်မီကျန်ရှိပစ္စည်း ရှိ မရှိ စစ်ဆေးပါ။ အထုပ်များ၊ ပုံးများ၊ကျောပိုးအိတ်၊ Laptop bag များ တွေ့ရှိက ကိုင်တွယ်ကြည့်ရှုခြင်းမပြုဘဲ ကားသမားကို ပြောပါ။

(၈)
TAXI ယာဉ်မောင်းများ အနေဖြင့် ခရီးသည်တစ်ဦးဆင်းသွားပါက မသင်္ကာဖွယ်ရာပစ္စည်းများ ကျန်ရှိမရှိ စစ်ဆေးပေးပါ။ တွေ့ရှိပါက အနီးစပ်ဆုံးရဲကင်းလုံခြုံရေးအဖွဲ့များကို ခေါ်ပါ။

(၉)
အိမ်စီးကားများအနေဖြင့် ညအိပ်ယာဉ်ရပ်နားပြီးပြန်လည်ထွက်ခွာစဉ် မိမိကား၏ အောက်ဘက်၊ဘေး ဘယ်ညာသို့ လုံခြုံရေးအသိဖြင့်စစ်ဆေးပါ။(ပဲခူးတိုင်းထဲမှာ ကိုယ်ပိုင်ကား ဗုံးကွဲဖြစ်စဉ်များ ၃ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။)

မိတ်ဆွေများ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Credit to Ko Kyaw

Comments