မြန်မာဘောလုံးအသင်းအကြောင်း သိသမျှ ပြောရရင်
Unicode
မြန်မာဘောလုံးအသင်းအကြောင်း သိသမျှ ပြောရရင်
ရွေးတဲ့အထဲကနေ ၄ယောက်ကပဲ ကန်ဖို့ ငြင်းဆန်ခဲ့ပါသတဲ့။တချို့က အဖွဲ့ချုပ်သွားပြီး အေးဆေးဆွေးနွေးပြီးမှ အသင်းကနေနုတ်ထွက်ခဲ့တာလို့ ပြောပါတယ်။
ဒီလိုချိန်မှာ ဘောလုံးသမားတစ်ယောက် ကန်မကန်က တခြားဝန်ထမ်းတွေလို သူ့အသိစိတ်၊သူ့ခံယူချက်နဲ့ပဲ ဆုံးဖြတ်တာကို သဘောတူပါတယ်။မကန်ရင်လဲ ပြည်သူ့အစိုးရတက်ချိန်ရှိလာရင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မကန်ရဘဲ ပိတ်ပင်ခံရနိုင်လို့ပါ။အဲဒီကနေ ၅၅နှစ်လောက်အထိ မကန်ရတော့တဲ့ အာရှဖလားပွဲအထိရိုက်ခတ်မလားကမသိနိုင်ပါဘူး။
ဂျပန်နဲ့ ပထမအကျော့မှာ ပွဲထွက်ခဲ့တဲ့ ကောင်းစည်သူအတွက် စိတ်မကောင်းတာကတော့ တစ်ပိုင်းပေါ့။
ဒါကြောင်ကန်မဲ့သူတွေကို ဘာမှ မပြောချင်ပေမဲ့ မိုးခါးရေမသောက်တဲ့ ၄ဦး(ရန်ကုန်Utd ၂ + ရှမ်းUtd ၂ လို့သိရ)ကိုတော့ အထူးတလည် လေးစားပါတယ်။
မနေ့က နောက်ထပ်၃ယောက် အသင်းကနေထွက်သွားတယ်လို့ သတင်းကြားပေမဲ့ ဒီနေ့တော့ ပြန်ပေါင်းတယ်လို့ဆိုပြန်တယ်။
ကျန်တာကတော့ ၅/၆ယောက်လောက်ကလွဲရင် ဒီနေ့ သွားတော့မယ်ကြားပေမဲ့ မနက်ဖြန်မှ မထွက်ခွာရင် မေ ၂၁ လောက်မှာ အကုန် ဂျပန်ထွက်ခွာကြတော့မှာဖြစ်ပါတယ်။
ဂျပန်မှာ အိမ်ရှင်နဲ့ မေ၂၈မှာ တစ်ပွဲ၊အိမ်ကွင်းကန်ရမဲ့ ကာဂျစ္စတန် နဲ့ပွဲကိုလဲ ဂျပန်မှာပဲအိမ်ကွင်းအဖြစ်တစ်ပွဲ၊ အဝေးကွင်းသတ်မှတ်ထားတဲ့ တာဂျစ်ကစ္စတန်နဲ့ ပွဲကိုလဲ ဂျပန်မှာပဲ အပြီးသတ်ဆက်ကန်ကြမှာပါ။
ပြည်ပထွက်ကန်တဲ့ထဲက ဝါအရင့်ဆုံး ကကစားသမားဖြစ်တဲ့ နောက်ခံလူ တစ်ဦးဟာလဲ အသင်းကနေ နုတ်ထွက်ထားပြီဖြစ်ပါတယ်။
Crd: HlwanMoe Aung
#Source-ဘောအသိုင်းအဝိုင်း
Zawgyi
ပည်ပထွက်ကန်တဲ့ထဲက ဝါအရင့်ဆုံး ကကစားသမားဖြစ်တဲ့ နောက်ခံလူ တစ်ဦးဟာလဲ အသင်းကနေ နုတ်ထွက်ထားပြီဖြစ်ပါတယ်။
Crd: HlwanMoe Aung

Comments
Post a Comment