ကျိုက်ထီးရိုးဘုရား


 


- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မြောက်ဘက် 16 မိုင်အကွာမှာရှိ


- " ကျာ်ဣသိယိုဝ်း " ဆိုတဲ့ မွန်စကားက ဆင်းသက်လာတာဖြစ်ပြီး "ရသေ့ခေါင်းဖြင့် ရွက်ထားသော ဘုရား" လို့ အဓိပ္ပါယ်ရ

- မြတ်စွာဘုရား၏ ဆံတော်ရှင်ကို ဌာပနာ၍တည်ထားသောကြောင့် တန်ခိုးကြီးသည်ဟု ယုံကြည့်ရ

- ကျိုက်ထီးရိုးတောင်ပေါ်ရောက်ဖို့ တောင်ခြေရှိ ကင်ပွန်းစခန်းမှ ခြေကျင်တောင်တက်၍ဖြစ်စေ၊ ကားဖြင့်ဖြစ်စေ တက်ရောက်နိုင်။ ခရီးတစ်ဝက်ဖြစ်တဲ့ ရသေ့တောင်စခန်းမှာ ကောင်းကင်ကြိုးယာဥ်တွေနဲ့လည်း တက်နိုင်။

- တောင်ပေါ်ရောက်ရင် မော်တော်ယာဥ်ရပ်နားစခန်းကနေဖြစ်စေ၊ ကောင်းကင်ကြိုးယာဥ်ရပ်နားစခန်းကနေဖြစ်စေ ရင်ပြင်တော်ရှိရာသို့ 10 mins ခန့်လမ်းလျှောက်ရ။

- ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်ရဲ့ အစွန်းမှာ လုံးပတ်ပေငါးဆယ်ခန့်ရှိတဲဲ့ ရသေ့ဦးခေါင်းနဲ့တူတဲ့ ကျောက်တုံးကြီးသည် တောင်စောင်းအပြက်ဘက် တစ်ဝက်နီးပါးထွက်နေပြီးတော့ အဲ့ကျောက်တုံးအပေါ်မှာ ဉာဏ်တော် 15 ပေရှိတဲ့ ကျောက်ထီးရိုးစေတီတည်နေပုံမှာ အံ့သြစရာကောင်းလှ

- အနီးပတ်ဝန်းကျင်ရှိ ရေတံခွန်၊ ကျီးကန်းပါးစပ်၊ မုဆိုး​တောင်တို့ကိုလည်း သွားလည်နိုင်



Comments