ဘုံဘေဘားမားကုမ္ပဏီ
Unicode
ဘုံဘေဘားမားကုမ္ပဏီဟာ သစ်ခုတ်ရင် လက်ကျန်အမြစ်က မြေဆီဆက်စားနေမှာစိုးလို့ အပင်ကိုအရင်သတ်ပြီးမှ ခုတ်တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခုကို Share တဲ့သူများလို့ ဟိုနားဒီနား မကြာမကြာ တွေ့ရတယ်။
ကျောင်းတုံးကသင်ရတဲ့ သမိုင်းမှာတော့ ဘုံဘေဘားမား ကုမ္ပဏီဆိုတာ တစ်ကယ့် လူယုတ်မာကြီး အနေနဲ့ သင်ခဲ့ကြရတာပဲ။ စာထဲမှာပြောထားသလောက် ယုတ်မာသလား မယုတ်မာသလားတော့ မသိတော့ဘူး။ သမိုင်းအမှန်က ပျောက်နေတာကိုး။
တစ်လောလေးကတော့ ဩစတြေးလျနိုင်ငံရဲ့ ယုန်ပြဿနာအကြောင်း တွေ့လိုက်မိတယ်။ အရင်က ဩစတြေးလျမှာ ယုန်မရှိဘူး။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ အမဲလိုက်တမ်း ကစားဖို့ ယုန်ဆယ့်တစ်ကောင် အင်္ဂလန်ကနေ ရောက်လာရာကနေ မျိုးပွားလာလိုက်တာ အခုတော့ ကောင်ရေ သန်းပေါင်းများစွာ ဖြစ်နေပြီမို့လို့ ဒေသရဲ့ သဘာဝဂေဟ စနစ်ကို အန္တရာယ်ဖြစ်နေပြီ။
ယုန်တွေကလည်း အပေါက်ကြမ်းတာကိုး။ ယုန်ပို့တဲ့စာမှာ ယုန်လေး ဆယ်နှစ်ကောင်လောက်နဲ့တော့ (တစ်ကောင် လမ်းမှာသေ) ဘာမှ မဖြစ်လောက်ပါဘူးလို့ ထည့်ရေးထားတယ်။
ဆိုလိုတာက ပေါ့ဆလို့သာ ဖြစ်သွားတာ။ မျိုးစိတ်သစ် သွင်းရင် ဂေဟစနစ်ကို ထိမယ်ဆိုတာ အဲ့ဒီခေတ်ကတည်းက အင်္ဂလိပ်တွေ သိတယ်၊ သတိထားတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။
အင်္ဂလိပ်ဟာ ကောင်းတော့ မကောင်းဘူး။ ဒါပေမယ့် စနစ်တော့ အတော်ကျပုံရတယ်။ မကောင်းတာတွေချည်း ရွေးသင်ခဲ့ရတာ နှမျောစရာပဲ။ စနစ်လေးပါ သင်ခွင့်ရခဲ့ရင် ကောင်းမယ်။
Credit to Saya Ei Maung
Zawgyi
ဘုံေဘဘားမားကုမၸဏီဟာ သစ္ခုတ္ရင္ လက္က်န္အျမစ္က ေျမဆီဆက္စားေနမွာစိုးလို႔ အပင္ကိုအရင္သတ္ၿပီးမွ ခုတ္တယ္လို႔ ဆိုထားတဲ့ ပို႔စ္တစ္ခုကို Share တဲ့သူမ်ားလို႔ ဟိုနားဒီနား မၾကာမၾကာ ေတြ႕ရတယ္။
ေက်ာင္းတုံးကသင္ရတဲ့ သမိုင္းမွာေတာ့ ဘုံေဘဘားမား ကုမၸဏီဆိုတာ တစ္ကယ့္ လူယုတ္မာႀကီး အေနနဲ႔ သင္ခဲ့ၾကရတာပဲ။ စာထဲမွာေျပာထားသေလာက္ ယုတ္မာသလား မယုတ္မာသလားေတာ့ မသိေတာ့ဘူး။ သမိုင္းအမွန္က ေပ်ာက္ေနတာကိုး။
တစ္ေလာေလးကေတာ့ ဩစေၾတးလ်ႏိုင္ငံရဲ႕ ယုန္ျပႆနာအေၾကာင္း ေတြ႕လိုက္မိတယ္။ အရင္က ဩစေၾတးလ်မွာ ယုန္မ႐ွိဘူး။ အဂၤလိပ္ကိုလိုနီေခတ္မွာ အမဲလိုက္တမ္း ကစားဖို႔ ယုန္ဆယ့္တစ္ေကာင္ အဂၤလန္ကေန ေရာက္လာရာကေန မ်ိဳးပြားလာလိုက္တာ အခုေတာ့ ေကာင္ေရ သန္းေပါင္းမ်ားစြာ ျဖစ္ေနၿပီမို႔လို႔ ေဒသရဲ႕ သဘာဝေဂဟ စနစ္ကို အႏၲရာယ္ျဖစ္ေနၿပီ။
ယုန္ေတြကလည္း အေပါက္ၾကမ္းတာကိုး။ ယုန္ပို႔တဲ့စာမွာ ယုန္ေလး ဆယ္ႏွစ္ေကာင္ေလာက္နဲ႔ေတာ့ (တစ္ေကာင္ လမ္းမွာေသ) ဘာမွ မျဖစ္ေလာက္ပါဘူးလို႔ ထည့္ေရးထားတယ္။
ဆိုလိုတာက ေပါ့ဆလို႔သာ ျဖစ္သြားတာ။ မ်ိဳးစိတ္သစ္ သြင္းရင္ ေဂဟစနစ္ကို ထိမယ္ဆိုတာ အဲ့ဒီေခတ္ကတည္းက အဂၤလိပ္ေတြ သိတယ္၊ သတိထားတယ္ ဆိုတဲ့ အဓိပၸါယ္ပါ။
အဂၤလိပ္ဟာ ေကာင္းေတာ့ မေကာင္းဘူး။ ဒါေပမယ့္ စနစ္ေတာ့ အေတာ္က်ပုံရတယ္။ မေကာင္းတာေတြခ်ည္း ေ႐ြးသင္ခဲ့ရတာ ႏွေမ်ာစရာပဲ။ စနစ္ေလးပါ သင္ခြင့္ရခဲ့ရင္ ေကာင္းမယ္။
Credit to Saya Ei Maung
Comments
Post a Comment