မင်းတုန်းမင်း



 

Unicode 


မင်းတုန်းမင်းသည် သာယာဝတီမင်း၏ သားတော်ဖြစ်သည်။ ငယ်မည်မှာမောင်လွင်ဖြစ်သည်။ ငယ်စဉ်က မင်းတုန်းမင်းသားလေးနှင့် ညီတော် ကနောင်မင်းသားလေးတို့သည် သဲအင်းဆရာတော်ထံတွင် စာပေ သင်ကြားခဲ့သည်။


 မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသောအခါ အမရပူရမြို့တွင် ထီးနန်းစိုးစံပြီး ညီတော်ကနောင်မင်းသားကို အိမ်ရှေ့မင်းအရာခန့်အပ်ခဲ့သည်။ မြို့တော်သစ် မန္တလေးရတနာပုံနေပြည်တော်ကြီးကိုလဲ တည်ထောင်ခဲ့ သည်။

 မင်းတုန်းမင်းသည် နိုင်ငံခေတ်မီတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကနောင်မင်းသားနှင့် တိုင်ပင် ဆွေးနွေးပြီး ဉာဏ်ပညာထက်မြက်သော ပညာတော်သင်လူငယ် ၉၀ ကျော်ကို ဗြိတိန် ပြင်သစ်၊ အီတလီ၊ အိန္ဒိယစသည့် နိုင်ငံများကိုစေလွှတ်ခဲ့သည်။ စက်မှုလက်မှုပညာ၊ စစ်အတတ်ပညာနှင့် နိုင်ငံအုပ်ချုပ်ရေး ပညာများကို သင်ယူစေသည်။ ပညာတော်သင်များ ပြန်ရောက်လာသောအခါ ဖန်ချက်စက်ရုံ၊ စာပုံနှိပ်စက်၊ ဒင်္ဂါးစက်ရုံ၊လက်နက်စက်ရုံစသဖြင့် တိုင်းပြည်တိုးတက်စေရန်အထောက်အကူပြုသော စက်ရုံပေါင်း ၅၀ ကျော်ကိုတည်ဆောက်ခဲ့သည်။

 မင်းတုန်းမင်းဟာ ဆည်၊ မြောင်း၊ ကန်၊ ချောင်း များကိုပြုပြင်ပေးပြီး စိုက်ပျိုးရေး ကို အထူးအားပေးခဲ့သည်။
 ကူးသန်းရောင်းဝယ်ရေးအဆင်ပြေစေရန် ဒေါင်းဒင်္ဂါးများ သွန်းလုပ်သုံးစွဲစေသည်။
 မင်းမှုထမ်းများကို လစာပေးသည့်စနစ်ကို ကျင့်သုံးခဲ့သည့်အတွက် အုပ်ချုပ်ရေးကို ကောင်းမွန်အောင် စီမံနိုင်ခဲ့သည်။
 အခွန်တော်ကောက်ခံရာတွင်လည်း စနစ်တကျရှိစေရန် သဿမေဓအခွန်တော်စနစ်ကို ကျင့်သုံးခဲ့သည်။

 မင်းတုန်းမင်းသည် ဗြိတိန်၊ ပြင်သစ်၊ အီတလီ နိုင်ငံများနှင့် ချစ်ကြည်ရင်းရန်ကြိုးပမ်းခဲ့သည်။ မြန်မာသံအဖွဲ့ ကိုလည်း ဥရောပနိုင်ငံများသို့ စေလွှတ်ခဲ့သည်။

 မင်းတုန်းမင်းသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုလေးစားပြီး အထောက်အပံ့ ပြုခဲ့သည်။ ရွှေတိဂုံစေတီ တော်ကိုလဲ ထီးတော်အသစ်တင်သည်။ ပဉ္စမသင်္ဂါယနာတင်ပွဲကိုလည်း အောင်မြင်စွာဆောင်ရွက်ခဲ့သည်။ ပိဋကတ်သုံးပုံကိုလဲ ကျောက်စာရေးထိုးစေပြီး မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဝင်းထဲ၌ စိုက်ထူခဲ့သည်။ ထိုကျောက်စာများသည် ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် ထင်ရှားသည်။တိုင်းသူပြည်သားများ အသိဉာဏ်တိုးပွားလာစေရန်နှင့် သတင်းအချက်အလက်၊ ဗဟုသုတတိုးပွားစေရန်ရတနာပုံနေပြည်တော် သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်။

 
Credit to သင်ရိုးသစ် 4 တန်း လူမှုရေး





Zawgyi


 မင္းတုန္းမင္းသည္ သာယာဝတီမင္း၏ သားေတာ္ျဖစ္သည္။ ငယ္မည္မွာေမာင္လြင္ျဖစ္သည္။ ငယ္စဥ္က မင္းတုန္းမင္းသားေလးႏွင့္ ညီေတာ္ ကေနာင္မင္းသားေလးတို႔သည္ သဲအင္းဆရာေတာ္ထံတြင္ စာေပ သင္ၾကားခဲ့သည္။


 မင္းတုန္းမင္းသား ဘုရင္ျဖစ္လာေသာအခါ အမရပူရၿမိဳ႕တြင္ ထီးနန္းစိုးစံၿပီး ညီေတာ္ကေနာင္မင္းသားကို အိမ္ေရွ႕မင္းအရာခန႔္အပ္ခဲ့သည္။ ၿမိဳ႕ေတာ္သစ္ မႏၲေလးရတနာပုံေနျပည္ေတာ္ႀကီးကိုလဲ တည္ေထာင္ခဲ့ သည္။

 မင္းတုန္းမင္းသည္ ႏိုင္ငံေခတ္မီတိုးတက္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည္။ ကေနာင္မင္းသားႏွင့္ တိုင္ပင္ ေဆြးေႏြးၿပီး ဉာဏ္ပညာထက္ျမက္ေသာ ပညာေတာ္သင္လူငယ္ ၉၀ ေက်ာ္ကို ၿဗိတိန္ ျပင္သစ္၊ အီတလီ၊ အိႏၵိယစသည့္ ႏိုင္ငံမ်ားကိုေစလႊတ္ခဲ့သည္။ စက္မႈလက္မႈပညာ၊ စစ္အတတ္ပညာႏွင့္ ႏိုင္ငံအုပ္ခ်ဳပ္ေရး ပညာမ်ားကို သင္ယူေစသည္။ ပညာေတာ္သင္မ်ား ျပန္ေရာက္လာေသာအခါ ဖန္ခ်က္စက္႐ုံ၊ စာပုံႏွိပ္စက္၊ ဒဂၤါးစက္႐ုံ၊လက္နက္စက္႐ုံစသျဖင့္ တိုင္းျပည္တိုးတက္ေစရန္အေထာက္အကူျပဳေသာ စက္႐ုံေပါင္း ၅၀ ေက်ာ္ကိုတည္ေဆာက္ခဲ့သည္။

 မင္းတုန္းမင္းဟာ ဆည္၊ ေျမာင္း၊ ကန္၊ ေခ်ာင္း မ်ားကိုျပဳျပင္ေပးၿပီး စိုက္ပ်ိဳးေရး ကို အထူးအားေပးခဲ့သည္။
 ကူးသန္းေရာင္းဝယ္ေရးအဆင္ေျပေစရန္ ေဒါင္းဒဂၤါးမ်ား သြန္းလုပ္သုံးစြဲေစသည္။
 မင္းမႈထမ္းမ်ားကို လစာေပးသည့္စနစ္ကို က်င့္သုံးခဲ့သည့္အတြက္ အုပ္ခ်ဳပ္ေရးကို ေကာင္းမြန္ေအာင္ စီမံႏိုင္ခဲ့သည္။
 အခြန္ေတာ္ေကာက္ခံရာတြင္လည္း စနစ္တက်ရွိေစရန္ သႆေမဓအခြန္ေတာ္စနစ္ကို က်င့္သုံးခဲ့သည္။

 မင္းတုန္းမင္းသည္ ၿဗိတိန္၊ ျပင္သစ္၊ အီတလီ ႏိုင္ငံမ်ားႏွင့္ ခ်စ္ၾကည္ရင္းရန္ႀကိဳးပမ္းခဲ့သည္။ ျမန္မာသံအဖြဲ႕ ကိုလည္း ဥေရာပႏိုင္ငံမ်ားသို႔ ေစလႊတ္ခဲ့သည္။

 မင္းတုန္းမင္းသည္ ဗုဒၶသာသနာေတာ္ကို ၾကည္ညိဳေလးစားၿပီး အေထာက္အပံ့ ျပဳခဲ့သည္။ ေ႐ႊတိဂုံေစတီ ေတာ္ကိုလဲ ထီးေတာ္အသစ္တင္သည္။ ပၪၥမသဂၤါယနာတင္ပြဲကိုလည္း ေအာင္ျမင္စြာေဆာင္႐ြက္ခဲ့သည္။ ပိဋကတ္သုံးပုံကိုလဲ ေက်ာက္စာေရးထိုးေစၿပီး မဟာေလာကမာရဇိန္ ကုသိုလ္ေတာ္ဘုရားဝင္းထဲ၌ စိုက္ထူခဲ့သည္။ ထိုေက်ာက္စာမ်ားသည္ ကမာၻ႔အႀကီးဆုံးစာအုပ္အျဖစ္ ထင္ရွားသည္။တိုင္းသူျပည္သားမ်ား အသိဉာဏ္တိုးပြားလာေစရန္ႏွင့္ သတင္းအခ်က္အလက္၊ ဗဟုသုတတိုးပြားေစရန္ရတနာပုံေနျပည္ေတာ္ သတင္းစာကိုလည္း ထုတ္ေဝခဲ့သည္။

 
Credit to သင္႐ိုးသစ္ 4 တန္း လူမႈေရး

Comments

  1. မင်းတုန်းမင်းခတ်ကတောင် သံအမတ်တွေ
    စေလွတ်တာ နဂါးနဲဝက်ဝံမပါဘူး

    ReplyDelete

Post a Comment