ချီးအရောင်ကိုကြည့်ပြီး ကျန်းမာမမာကြည့်ကြမယ် (သတိ - တစ်ခုခုစားနေတုန်းမကြည့်ရန်)
Unicode
ချီးရောင်လေးက Brown ဆိုရင် ကျန်းမာရေးက ပုံမှန်ပါပဲနော်။ အေးဆေးပါပဲ။
ချီးစိမ်းလေးဆိုရင်တော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်စားတာများသွားလို့ပါ။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
အီးတုံးအဝါရောင်လေးကတော့ နို့စို့ကလေးအရွယ်တွေမှာ တွေ့ရများပါတယ်။ သူကပုံမှန်ဆို မထူးခြားပေမယ့် အရွယ်ရောက်ပြီးသာသူတစ်ယောက်ရဲ့ ချီးက အဝါရောင်လေးကိုမှ အနံ့အသက်ပုံမှန်ထက်ဆိုးနေပြီး ချွဲပြစ်နေတယ်ဆိုရင် သင်ဟာ အဆီတွေစားတာများလို့ပါ။ ခန္ဓာကိုယ်က အစာကောင်းကောင်းမချက်နိုင်လို့ဖြစ်ပါတယ်။
ဖြူတော့တော့ ချီးရောင်လေးကိုမှ မှုန်သုန်သုန်နဲ့ဆို သင်က ကျန်းမာရေးမကောင်းလို့ ဆေးတွေသောက်နေရလို့ဖြစ်နိုင်ပါတယ်။ အသည်းအားမကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။
ချီးမဲတွေကတော့ မွေးကင်းစကလေးတွေ မွေးပြီး ပထမတစ်ပတ်လောက်ပါတတ်ပါတယ်။ မီးဖွားပြီး သင့်ကလေး ချီးမဲလေးတွေပါနေလို့ သွေးမပျက်သွားပါနဲ့။ အဲ လူကြီးတွေအနေနဲ့ကတော့ blueberry အစားများတာတို့ ကောက်ညှင်းမဲတို့ စတာတွေစားတာမျိုးဆို ဖြစ်တတ်ပါတယ်။ အစာအိမ်မကောင်းတာနဲ့ Cancer ကြောင့်လည်း ဖြစ်တတ်ပါတယ်။
ချီးနီကိုမြင်ရင်တော့ တန်းမလန့်သွားနဲ့ဗျ။ အရင်ဆုံး ငါဘာတွေစားထားမိပါလိမ့်ဆိုပြီး ပြန်စဥ်းစား။ အာလူးစွပ်ပြုတ်တို့၊ တချို့သော သရေစာတွေနဲ့ Red Drinks တွေကတော့ ချီးကို အနီရောင်သမ်းစေမှာပါ။ သွေးပါပြီး နီတာမျိုးဆိုရင်တော့ Cancer လည်းဖြစ်နိုင်သလို မစင်လမ်းကြောင်းတစ်လျှောက်တစ်နေရာရာ အနာဖြစ်နေလို့လည်းဖြစ်နိုင်ပါတယ်ခင်ဗျာ။
လိမ္မော်ရောင်ချီးပိုင်ရှင်ဖြစ်တဲ့အချိန်ဆိုရင်တော့ ခါကြက်ဥ(အကြေအခေါ် မုန်လာဥနီ) နဲ့ ကန်စွန်းဥတို့ ရွှေဖရုံသီးတို့ကြောင့်ဖြစ်ပါလိမ့်မယ်။ Soda ပါတဲ့ လိမ္မော်အချိုရည်နဲ့ ချိုချဥ်တွေကလည်း သင့်ချီးတုံးလေးတွေကို လိမ္မော်ရောင်းပြောင်းစေနိုင်ပါတယ်။ အသည်းမကောင်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်ဗျာ။
Zawgyi
Haha
ReplyDeleteEww
ReplyDeleteAre those disgusting pics necessary?
you should've said in the caption like 'warning' or sth
Interesting.
ReplyDeleteတစ်ကယ်ကြီးပုံတွေနဲ့ပြတယ်ဟ😄
ReplyDeleteHaha..
ReplyDeletewith pictures