မိမိကိုယ်ကို တိုးတက်ကြီးပွါးအောင် နေ့စဉ်လုပ်ဆောင်ပေးရမယ့် အချက်အလက်များအကြောင်း ဆောင်းပါး ၁၂ ခု

 


Unicode



မင်းဟာ ကျောင်းသားတစ်ဦးဖြစ်ချင်ဖြစ်မယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုလုပ်နေသူရင်လည်း ဖြစ်မယ်။ ဒါမှမဟုတ်ရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူရင်လည်း ဖြစ်မယ်။ မင်းဟာ ဘယ်လိုလူပဲဖြစ်နေပါစေ မင်းဘဝတိုးတက်ရေးအတွက် နေ့စဉ်လုပ်ဆောင်ချက်တွေဟာ မင်းအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ လူတစ်ယောက် မိမိကိုယ်ကို တိုးတက်အောင် နေ့စဉ်ပုံမှန်လုပ်ဆောင်သွားသင့်တဲ့ အချက်များကို ဖော်ပြထားတဲ့ ဆောင်းပါးကောင်း ၁၂ ခုကို သက်ဆိုင်ရာ လုပ်ငန်းစဥ် ၃ ခုနဲ့ ဖော်ပြပေးသွားပါမယ်။

- မှန်ကန်တဲ့ ပန်းတိုင်ကို ချမှတ်ပါ။

မင်းဘဝရဲ့ ရည်မှန်းချက် ဦးတည်ချက်ကို ရောက်ဖို့ရာ မှန်ကန်တဲ့ ပန်းတိုင်ကို ချမှတ်နိုင်ဖို့လိုပါတယ်။ မင်းဘဝရဲ့ ရည်မှန်းချက်တွေ ( ဥပမာအားဖြင့် မိသားစု၊ စည်းစိမ်၊ အလုပ်အကိုင်၊ လူ့အဆင့်အတန်းတိုးတက်မှု စသည်ဖြင့် ) အားလုံးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူဖြစ်နေနိုင်ရမယ်။ ဆိုလိုချင်တာက မင်းဟာနေ့စဉ် ဝင်ငွေအနည်းငယ်သာရတဲ့ နေ့စားတစ်ဦး ဖြစ်နေပြီး မင်းရဲ့ စည်းစိမ်ဥစ္စာနဲ့ ပတ်သတ်တဲ့ ရည်မှန်းချက်က ဖို့ဒ်ကားကြီးစီးပြီး နေ့စဉ်အလုပ်သွားနိုင်ရမယ်။ တစ်လတစ်ခါ နိုင်ငံခြား shopping ထွက်နိုင်ရမယ် ဆိုတာမျိုးတွေအထိ ထားလို့မသင့်ဘူးပေါ့။ ဒီလိုမျိုး လက်တွေ့ဘဝနဲ့ ကွာခြားလွန်းပြီး ဖြစ်နိုင်ခြေနည်းလွန်းတဲ့ ပန်းတိုင်မျိုးကို ချမှတ်လိုက်မိရင် ပန်းတိုင်သွားရတဲ့ လမ်းကြောင်းဟာ မဖြစ်နိုင်လောက်အောင် ဝေးကွာ ခက်ခဲလွန်းနေလို့ ကြာရင် စိတ်ပျက် လက်လျှော့မိသွားမှာပေါ့။

ပန်းတိုင်ချမှတ်တာဟာ အရေးကြီးပါတယ်။ မှန်ကန်စွာ ချမှတ်လိုက်တဲ့ ပန်းတိုင်ဟာ တိကျရမယ်။ လက်တွေ့ကျရမယ်။ သင့်တော်ရမယ်။ အတိုင်းအတာနဲ့ အချိန်ကန့်သတ်ချက်တွေ ရှိရမယ်။ ပန်းတိုင် ချမှတ်ပြီးသွားရင်လည်း အချိန်နဲ့အမျှ တိုးတက်မှု ဘယ်လောက်ရှိသလဲ ဘယ်လောက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ပြီလဲဆိုတာ အမြဲ ပြန်သုံးသပ်ရပါမယ်။ လက်တွေ့ကျကျ စဉ်းစားပြီး မိမိချမှတ်ထားတဲ့ ပန်းတိုင်ကို ပြင်သင့်ရင် ပြင်ဆင်ရပါမယ်။ အဓိက အရေးအကြီးဆုံးအချက်ကတော့ ပန်းတိုင် ချမှတ်ပြီးသွားရင် တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ပါပဲ။ ပန်းတိုင်ဟာ ပန်းတိုင်အဖြစ်ပဲ ရှိနေလို့ မရပါဘူး။ လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိတဲ့ ပန်းတိုင်ဟာ အိပ်မက်သက်သက်ပဲပေါ့။

ပန်းတိုင်ချမှတ်တဲ့နေရာမှာ အသုံးဝင်နိုင်မယ့် ဆောင်းပါး ၄ ခုပါ။ ( ဒီဆောင်းပါးတွေကိုလည်း နောက်မှာ အကျယ်ရေးပြသွားပါမယ် )
၁။ မင်းအိပ်မက်တွေကို ဘယ်လိုအသက်သွင်းမလဲ
၂။ နှစ်စဉ်နှစ်တိုင်း နောင်နှစ်အတွက် ပန်းတိုင် သတ်မှတ်ထားပါ
၃။ မင်းအောင်မြင်မှုအတွက် နေ့စဉ်မှတ်တမ်းထားသင့်တဲ့ အချက် ၈ ချက်
၄။ ပန်းတိုင်ကို အရောက်သွားမယ့် ခြေလှမ်းငယ်လေးတွေကို ကားချပ်ပေါ်မှာ ချရေးထားသင့်တယ့် အချက် ၁၀ချက်

- စနစ်တကျ စီစဉ်နေထိုင်ပါ။

တစ်နေ့တာ အစီအစဉ်တွေကို နံနက်ခင်း အစီအစဉ်ဆွဲခြင်းဟာ အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလေ့အကျင့် တစ်ခုပါ။ အစီအစဉ်တစ်ခုချင်းစီတိုင်းဟာ မင်းရဲ့ ပန်းတိုင်ကို သွားနေတဲ့ ခြေလှမ်းလေးတွေပဲလို့ သိထားရပါမယ်။ စနစ်တကျ ကြိုးစားမှုဟာ မင်းရဲ့ ပန်းတိုင်ကို သေချာပေါက်ရောက်စေနိုင်မယ့် လိုအပ်ချက်ဆိုရင် စနစ်ကျစေဖို့ ရာ အစီအစဉ်ဆွဲထားဖို့ကလည်း လိုအပ်ချက်တစ်ခုပေါ့။

တစ်နေ့တာ လုပ်ဆောင်ရမယ့် အချက်တွေနဲ့ ရှောင်ရန်တွေကို နေ့စဉ် အစီအစဉ်ဆွဲထားရမယ်။ အစီအစဉ် ကြိုတင်ချမှတ်ထားခြင်းကြောင့် လပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမို အာရုံစူးစိုက်နိုင်ပြီး ပိုမြန်တာပေါ့။

စနစ်တကျ အစီအစဉ်ချမှတ်တတ်ဖို့ အထောက်အကူဖြစ်မယ့် ဆောင်းပါး ၄ ခု
၅။ အောင်မြင်မှုအတွက် တစ်နေ့စာ နံနက်ခင်း အစီအစဉ်ကို ဘယ်လိုအကျိုးရှိအောင် ချမှတ်မလဲ
၆။ ရှောင်ရန်တွေ ချမှတ်ထားလို့ ရရှိနိုင်မယ့် အကျိုးအမြတ် ၁၁ ခု
၇။ လုပ်ငန်းစဉ်တွေကို မေ့သွားတာမျိုးမဖြစ်ရအောင် ဘယ်လိုလုပ်ဆောင်မလဲ
၈။ အိမ်မှာတင်ပဲ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်နည်း

ဆက်ရန်

English လိုရေးထားတဲ့ ဆောင်းပါးတစ်ခုကို ဘာသာပြန်ခွင့်တောင်းပြီး ဘာသာပြန်ထားတာပါ ဆောင်းပါး အသေးလေးတွေကိုပါ ထပ်ရေးပြထားလို့ ဆောင်းပါးတစ်ခုလုံး အနေနဲ့ အရမ်းရှည်ပါတယ် အခန်းဆက်အနေနဲ့ ဖော်ပြသွားပါမယ်။

Credit


Zawgyi



မင္းဟာ ေက်ာင္းသားတစ္ဦးျဖစ္ခ်င္ျဖစ္မယ္။ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းတစ္ခုခုလုပ္ေနသူရင္လည္း ျဖစ္မယ္။ ဒါမွမဟုတ္ရင္ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္ေနသူရင္လည္း ျဖစ္မယ္။ မင္းဟာ ဘယ္လိုလူပဲျဖစ္ေနပါေစ မင္းဘဝတိုးတက္ေရးအတြက္ ေန႔စဥ္လုပ္ေဆာင္ခ်က္ေတြဟာ မင္းအတြက္ အေရးအႀကီးဆုံး ျဖစ္ပါတယ္။ ဒီေဆာင္းပါးထဲမွာ လူတစ္ေယာက္ မိမိကိုယ္ကို တိုးတက္ေအာင္ ေန႔စဥ္ပုံမွန္လုပ္ေဆာင္သြားသင့္တဲ့ အခ်က္မ်ားကို ေဖာ္ျပထားတဲ့ ေဆာင္းပါးေကာင္း ၁၂ ခုကို သက္ဆိုင္ရာ လုပ္ငန္းစဥ္ ၃ ခုနဲ႔ ေဖာ္ျပေပးသြားပါမယ္။

- မွန္ကန္တဲ့ ပန္းတိုင္ကို ခ်မွတ္ပါ။

မင္းဘဝရဲ႕ ရည္မွန္းခ်က္ ဦးတည္ခ်က္ကို ေရာက္ဖို႔ရာ မွန္ကန္တဲ့ ပန္းတိုင္ကို ခ်မွတ္ႏိုင္ဖို႔လိုပါတယ္။ မင္းဘဝရဲ႕ ရည္မွန္းခ်က္ေတြ ( ဥပမာအားျဖင့္ မိသားစု၊ စည္းစိမ္၊ အလုပ္အကိုင္၊ လူ႕အဆင့္အတန္းတိုးတက္မႈ စသည္ျဖင့္ ) အားလုံးဟာ တစ္ခုနဲ႔တစ္ခု အျပန္အလွန္ အေထာက္အကူျဖစ္ေနႏိုင္ရမယ္။ ဆိုလိုခ်င္တာက မင္းဟာေန႔စဥ္ ဝင္ေငြအနည္းငယ္သာရတဲ့ ေန႔စားတစ္ဦး ျဖစ္ေနၿပီး မင္းရဲ႕ စည္းစိမ္ဥစၥာနဲ႔ ပတ္သတ္တဲ့ ရည္မွန္းခ်က္က ဖို႔ဒ္ကားႀကီးစီးၿပီး ေန႔စဥ္အလုပ္သြားႏိုင္ရမယ္။ တစ္လတစ္ခါ ႏိုင္ငံျခား shopping ထြက္ႏိုင္ရမယ္ ဆိုတာမ်ိဳးေတြအထိ ထားလို႔မသင့္ဘူးေပါ့။ ဒီလိုမ်ိဳး လက္ေတြ႕ဘဝနဲ႔ ကြာျခားလြန္းၿပီး ျဖစ္ႏိုင္ေျခနည္းလြန္းတဲ့ ပန္းတိုင္မ်ိဳးကို ခ်မွတ္လိုက္မိရင္ ပန္းတိုင္သြားရတဲ့ လမ္းေၾကာင္းဟာ မျဖစ္ႏိုင္ေလာက္ေအာင္ ေဝးကြာ ခက္ခဲလြန္းေနလို႔ ၾကာရင္ စိတ္ပ်က္ လက္ေလွ်ာ့မိသြားမွာေပါ့။

ပန္းတိုင္ခ်မွတ္တာဟာ အေရးႀကီးပါတယ္။ မွန္ကန္စြာ ခ်မွတ္လိုက္တဲ့ ပန္းတိုင္ဟာ တိက်ရမယ္။ လက္ေတြ႕က်ရမယ္။ သင့္ေတာ္ရမယ္။ အတိုင္းအတာနဲ႔ အခ်ိန္ကန္႔သတ္ခ်က္ေတြ ႐ွိရမယ္။ ပန္းတိုင္ ခ်မွတ္ၿပီးသြားရင္လည္း အခ်ိန္နဲ႔အမွ် တိုးတက္မႈ ဘယ္ေလာက္႐ွိသလဲ ဘယ္ေလာက္ လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္ႏိုင္ၿပီလဲဆိုတာ အၿမဲ ျပန္သုံးသပ္ရပါမယ္။ လက္ေတြ႕က်က် စဥ္းစားၿပီး မိမိခ်မွတ္ထားတဲ့ ပန္းတိုင္ကို ျပင္သင့္ရင္ ျပင္ဆင္ရပါမယ္။ အဓိက အေရးအႀကီးဆုံးအခ်က္ကေတာ့ ပန္းတိုင္ ခ်မွတ္ၿပီးသြားရင္ တကယ္လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ပါပဲ။ ပန္းတိုင္ဟာ ပန္းတိုင္အျဖစ္ပဲ ႐ွိေနလို႔ မရပါဘူး။ လက္ေတြ႕ အေကာင္အထည္ေဖာ္ျခင္း မ႐ွိတဲ့ ပန္းတိုင္ဟာ အိပ္မက္သက္သက္ပဲေပါ့။

ပန္းတိုင္ခ်မွတ္တဲ့ေနရာမွာ အသုံးဝင္ႏိုင္မယ့္ ေဆာင္းပါး ၄ ခုပါ။ ( ဒီေဆာင္းပါးေတြကိုလည္း ေနာက္မွာ အက်ယ္ေရးျပသြားပါမယ္ )
၁။ မင္းအိပ္မက္ေတြကို ဘယ္လိုအသက္သြင္းမလဲ
၂။ ႏွစ္စဥ္ႏွစ္တိုင္း ေနာင္ႏွစ္အတြက္ ပန္းတိုင္ သတ္မွတ္ထားပါ
၃။ မင္းေအာင္ျမင္မႈအတြက္ ေန႔စဥ္မွတ္တမ္းထားသင့္တဲ့ အခ်က္ ၈ ခ်က္
၄။ ပန္းတိုင္ကို အေရာက္သြားမယ့္ ေျခလွမ္းငယ္ေလးေတြကို ကားခ်ပ္ေပၚမွာ ခ်ေရးထားသင့္တယ့္ အခ်က္ ၁၀ခ်က္

- စနစ္တက် စီစဥ္ေနထိုင္ပါ။

တစ္ေန႔တာ အစီအစဥ္ေတြကို နံနက္ခင္း အစီအစဥ္ဆြဲျခင္းဟာ ေအာင္ျမင္တဲ့ ပုဂၢိဳလ္ေတြရဲ႕ အေလ့အက်င့္ တစ္ခုပါ။ အစီအစဥ္တစ္ခုခ်င္းစီတိုင္းဟာ မင္းရဲ႕ ပန္းတိုင္ကို သြားေနတဲ့ ေျခလွမ္းေလးေတြပဲလို႔ သိထားရပါမယ္။ စနစ္တက် ႀကိဳးစားမႈဟာ မင္းရဲ႕ ပန္းတိုင္ကို ေသခ်ာေပါက္ေရာက္ေစႏိုင္မယ့္ လိုအပ္ခ်က္ဆိုရင္ စနစ္က်ေစဖို႔ ရာ အစီအစဥ္ဆြဲထားဖို႔ကလည္း လိုအပ္ခ်က္တစ္ခုေပါ့။

တစ္ေန႔တာ လုပ္ေဆာင္ရမယ့္ အခ်က္ေတြနဲ႔ ေ႐ွာင္ရန္ေတြကို ေန႔စဥ္ အစီအစဥ္ဆြဲထားရမယ္။ အစီအစဥ္ ႀကိဳတင္ခ်မွတ္ထားျခင္းေၾကာင့္ လပ္ငန္းေတြ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ပိုမို အာ႐ုံစူးစိုက္ႏိုင္ၿပီး ပိုျမန္တာေပါ့။

စနစ္တက် အစီအစဥ္ခ်မွတ္တတ္ဖို႔ အေထာက္အကူျဖစ္မယ့္ ေဆာင္းပါး ၄ ခု
၅။ ေအာင္ျမင္မႈအတြက္ တစ္ေန႔စာ နံနက္ခင္း အစီအစဥ္ကို ဘယ္လိုအက်ိဳး႐ွိေအာင္ ခ်မွတ္မလဲ
၆။ ေ႐ွာင္ရန္ေတြ ခ်မွတ္ထားလို႔ ရ႐ွိႏိုင္မယ့္ အက်ိဳးအျမတ္ ၁၁ ခု
၇။ လုပ္ငန္းစဥ္ေတြကို ေမ့သြားတာမ်ိဳးမျဖစ္ရေအာင္ ဘယ္လိုလုပ္ေဆာင္မလဲ
၈။ အိမ္မွာတင္ပဲ အလုပ္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လုပ္နည္း

ဆက္ရန္

English လိုေရးထားတဲ့ ေဆာင္းပါးတစ္ခုကို ဘာသာျပန္ခြင့္ေတာင္းၿပီး ဘာသာျပန္ထားတာပါ ေဆာင္းပါး အေသးေလးေတြကိုပါ ထပ္ေရးျပထားလို႔ ေဆာင္းပါးတစ္ခုလုံး အေနနဲ႔ အရမ္း႐ွည္ပါတယ္ အခန္းဆက္အေနနဲ႔ ေဖာ္ျပသြားပါမယ္။


Credit

Comments