ဝက်ကောက်ညှင်း၊ကြက်ကောက်ညှင်းချက်နည်း
Unicode
ဝက်ကောက်ညှင်း၊ကြက်ကောက်ညှင်း
ထမင်းပေါင်းအိုး နဲ့ချက်ပါတယ်။၁။ကောက်ညှင်းဆန်(ထမင်းပေါင်းအိုးခွက်၂ခွက်)ကို ည တ ညရေစိမ်ထားရပါမယ်။
၂ ။ကြက်ဥ (၃)လုံးပြုတ်ပါမယ်။ကြက်ဥပြုတ်ပါတ်လည်မှာဒါးနဲ့အရာသေးသေးလှီးထားပါ။
၃။ဝက်ခြေထောက်/ကြက်ပေါင်လုံးသား ကို Vinegar နဲ့ဆေးပါတယ်။ ဆား/သကြား/တရုတ်မဆလာ အနည်းငယ်၊seasoning sauce အနည်းငယ်တို့နဲ့သမအောင်ရောမွှေပြီး(၁၅)မိနစ်နှပ်ထားပါ။
၄။Pressure Cooker နဲ့(၃၅)မိနစ်ပိုပိုပေါင်းပြီး အပူရှိန်ကျန်နေသေးတဲ့ဝက်ပေါင်းရည်ထဲကြက်ဥပြုတ်တွေထည့်ပြီးအဖုံးပြန်အုပ်ထားပါ။ ပြုတ်ရည် အရသာနဲ့ကြက်ဥ လည်းပြုတ်ရည်အရောင်ဖြစ်လာပါတယ်။
၅။ဝက်သားတုံးကိုဆယ်ပြီးအရိုးထုတ်ထားရပါမယ်။ကြက်ဥပြုတ်ကိုလည်း ထက်ခြမ်းခွဲထားရပါမယ်။
၆။ Rice Cooker ထဲ တည ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့်ပြီး ဝက် ပေါင်းရည် ထမင်းပေါင်းအိုးခွက် (၃)ခွက်ထည့်ပါမယ်။
မိမိသုံးတဲ့ကောက်ညှင်းဆန်ပေါ်မူတည်ပြီး အတိုး/အဆုတ်လုပ်ရပါမယ်။
၇။ ဆူပွက်လာရင်မိမိနှစ်သက်သည့်အစေ့အဆံ၊ပါးပါးလှီးထားတဲ့ဝက်အူချောင်းထည့် မွှေပေးရပါမယ်။ အရိုးထုတ်ထားတဲ့ဝက်သားပေါင်း အနေတော်အရွယ်၊ခြမ်းထားတဲ့ကြက်ဥပြုတ်တလုံးပါထည့်ပြီးခလုတ်တက်လာရင်ကျက်ပါပြီ။အပူရှိန်အကျန်နဲ့ဆက်ထားပေးပြီး သေချာနပ်သွားရင်စားလို့ရပါပြီ။
ကြက်သားနဲ့လည်းထိုနည်းတူစွာလုပ်လို့ရပါတယ်။
Credit to Colorado Springs
Zawgyi
ဝက္ေကာက္ညႇင္း၊ၾကက္ေကာက္ညႇင္း
ထမင္းေပါင္းအိုး နဲ႔ခ်က္ပါတယ္။
၁။ေကာက္ညႇင္းဆန္(ထမင္းေပါင္းအိုးခြက္၂ခြက္)ကို ည တ ညေရစိမ္ထားရပါမယ္။
၂ ။ၾကက္ဥ (၃)လုံးျပဳတ္ပါမယ္။ၾကက္ဥျပဳတ္ပါတ္လည္မွာဒါးနဲ႔အရာေသးေသးလွီးထားပါ။
၃။ဝက္ေျခေထာက္/ၾကက္ေပါင္လုံးသား ကို Vinegar နဲ႔ေဆးပါတယ္။ ဆား/သၾကား/တ႐ုတ္မဆလာ အနည္းငယ္၊seasoning sauce အနည္းငယ္တို႔နဲ႔သမေအာင္ေရာေမႊၿပီး(၁၅)မိနစ္ႏွပ္ထားပါ။
၄။Pressure Cooker နဲ႔(၃၅)မိနစ္ပိုပိုေပါင္းၿပီး အပူ႐ွိန္က်န္ေနေသးတဲ့ဝက္ေပါင္းရည္ထဲၾကက္ဥျပဳတ္ေတြထည့္ၿပီးအဖုံးျပန္အုပ္ထားပါ။ ျပဳတ္ရည္ အရသာနဲ႔ၾကက္ဥ လည္းျပဳတ္ရည္အေရာင္ျဖစ္လာပါတယ္။
၅။ဝက္သားတုံးကိုဆယ္ၿပီးအ႐ိုးထုတ္ထားရပါမယ္။ၾကက္ဥျပဳတ္ကိုလည္း ထက္ျခမ္းခြဲထားရပါမယ္။
၆။ Rice Cooker ထဲ တည ေရစိမ္ထားတဲ့ ေကာက္ညႇင္းဆန္ထည့္ၿပီး ဝက္ ေပါင္းရည္ ထမင္းေပါင္းအိုးခြက္ (၃)ခြက္ထည့္ပါမယ္။
မိမိသုံးတဲ့ေကာက္ညႇင္းဆန္ေပၚမူတည္ၿပီး အတိုး/အဆုတ္လုပ္ရပါမယ္။
၇။ ဆူပြက္လာရင္မိမိႏွစ္သက္သည့္အေစ့အဆံ၊ပါးပါးလွီးထားတဲ့ဝက္အူေခ်ာင္းထည့္ ေမႊေပးရပါမယ္။ အ႐ိုးထုတ္ထားတဲ့ဝက္သားေပါင္း အေနေတာ္အ႐ြယ္၊ျခမ္းထားတဲ့ၾကက္ဥျပဳတ္တလုံးပါထည့္ၿပီးခလုတ္တက္လာရင္က်က္ပါၿပီ။အပူ႐ွိန္အက်န္နဲ႔ဆက္ထားေပးၿပီး ေသခ်ာနပ္သြားရင္စားလို႔ရပါၿပီ။
ၾကက္သားနဲ႔လည္းထိုနည္းတူစြာလုပ္လို႔ရပါတယ္။
Credit to Colorado Springs

Comments
Post a Comment