မာစွပ်ဆိုတာ ဘာလဲ
ကျနော်တို့ ငယ်ငယ် ၂၀၀၃ ၂၀၀၄ ဝန်းကျင်က မာဆတ် မာစွပ် KTV နဲ့ ရွှေတိဂုံဘုရားလမ်း နာမည်ကျော်ကလပ်တွေက ယောက်ကျားသားများ ကျင်လည်ကျက်စားရာနေရာတွေ ဖြစ်ခဲ့ပါတယ်
ဒါနဲ့အတူ ဘညွှန့်ကြီး ဂျပန်မှာ အရှက်တစ်ကွဲ အကျိူးနည်းဖြစ်ခဲ့ရတဲ့ Fခေါင်း တင်နွယ်ရဲ့ အမိန့်ရ ဆိုင်ကြီးကလဲ လူငယ်တွေကြားမှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အချိန်ပေါ့
ဒီလိုနဲ့ ဖြတ်သန်းလာလိုက်တာ ၂၀၀၇ စက်သုံးဆီစျေးတက်လို့ အစိုးရဝန်ဆောင်မှုပေးနေတဲ့ Bus ကားခ ၄ ဆတက်တာကနေ ကုန်စျေးနှုန်း အကုန်တက် အထွေထွေ ကျပ်တည်းမှုဆီမှနေ ၂၀၀၇ ဩဂုတ်လလယ်ပိုင်းမှာ ပခုက္ကူက ဦးဇင်းသံဃာ ၁ ပါးကို ရဲ ၃ ယောက် ဝိုင်းရိုက်တာကနေ ရွှေဝါရောင်တော်လှန်ရေးရဲ့ အပြင်းထန်ဆုံး အပိုင်းကို ရောက်ခဲ့ရတယ်
ဒီလို အထွေထွေကျပ်တည်းမှုဒဏ်ကို အသားကျအောင် ပြုမူနေထိုင်တုန်းမှာပဲ ၂၀၀၈ မေလဆန်းမှာတော့ အစိုးရရဲ့ အချက်ပေးသံမထွက် ကြော်ငြာချက်ပျောက်နဲ့ ဧပြီ ၂၇ ထဲက မတရားသောင်းကျန်းနေတဲ့ နာဂစ်မုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက ဝင်မွှေချလိုက်တာ မြစ်ချောင်းတွေမှာ အလောင်းတွေပြည့်လျှံတဲ့အထိ ဖြစ်ခဲ့ပြီး လူသိန်းချီ သေဆုံးပြီး ပြောင်းရွှေ့လုပ်သား သန်းချီ ဖြစ်ပေါစေခဲ့ပါတယ်
ဒါလေးကတော့ ကျနော် ဒီ post မှာရေးသားမဲ့ မာစွပ်ဆိုတဲ့ လောကငရဲခန်း ဘယ်အချိန်က စရှိပြီး ဘာကြောင့် ပေါများလာရတဲ့ နောက်ခံ ခေတ်ရဲ့ အခြေအနေလေးကို အစပျိုးတာပါ(ဒီ့ထက်လဲ ပေါ်တာ စောနိုင်)
#မာစွပ်
မာစွပ်ဆိုတာ ဘာလဲ အလွယ်ပြောရမယ်ဆိုရင်တော့ ၁ ယောက်ခန်းလေးထဲမှာ မွေ့ယာ အဲယားကွန်း(တစ်ချို့မပါ) ပုတ်သင်ညို ၂ ခုနဲ့ မိန်းကလေးတစ်ယောက်ကို ထည့်ပေးထားတာပါပဲ ကာမဆက်ဆံဖို့ မိန်းကလေး အခန်းနဲ့ ခေါင်းစွပ်ပါ ရောင်းစားတယ်ဆိုတဲ့ သဘောပါပဲ
အလွယ်ဆုံးပြောရရင် Fခန်းပါပဲ ဘညွှန့်သားတော်ကြီး Fခေါင်းတင်နွယ်ကလဲ ကြေးကြီးတဲ့ ဒီလိုအမျိူးအစားပါပဲ
ကျနော်တို့ငယ်စဉ် ကျောင်းသားဘဝက ဘားလမ်းဆိုတာ နာမည်ကြီးနေရာဖြစ်သလို ပေ ၃၀၀ လောက်အတွင်း ၁၀ ဆိုင် ၁၅ ဆိုင်လောက်ရှိတဲ့နေရာပါ အဲ့ဒီတုန်းကတော့ ကောင်မလေး အခန်း ခေါင်းစွပ်တွေအတွက် 1 section 1hr အတွက် ကျသင့်ငွေက ၅၀၀၀ ကျပ်ပါ
ငယ်စဉ်က ပြောစကားအရဆို ကျောင်းသားတွေအတွက် အပူထုတ်ရာနေရာပါ ကျောင်းကနေ ဖဲနိုင်လို့ ပြန်ရင် အပူထုတ်ဦးမလားဆိုတဲ့ ယဉ်ကျေးမှု ဘန်းစကားလေးတောင် ရှိခဲ့ပါသေးတယ် အဲ့ဒီအချိန်က ရန်ကုန်မြို့မှာ မာစွပ်က ရာဂဏန်းတော်တော်များများထိ ရှိနေခဲ့မယ်လို့ မှန်းဆမိပါတယ်
ဒီလိုမျိုးနဲ့ နေထိုင်လာလိုက်တာ ၂၀၀၉ နှစ်ဦးပိုင်းမှာ အသိတစ်ယောက်ချိတ်ဆက်ပေးမှုကြောင့် နာဂစ်ရဲ့ သက်ရောက်မှုအကြောင်းကို အင်တာဗျူးပြီး မာစွပ်တွေအကြောင်း ရိုက်ချင်တဲ့ သူတွေရှိတယ် အကူအညီပေးမလားဆိုတာနဲ့ အားယားနေသလို စိတ်ဝင်စားမိတာနဲ့ အကူအညီပေးမိပါတယ်
ဒီတော့ အချိန် ၃ လလောက်အတွင်းမှာ ဆိုင် ဆယ်ချီရောက်ခဲ့သလို မိန်းကလေးပေါင်းမြောက်များစွာရဲ့ ဘဝနောက်ကြောင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ လူမဆန်တဲ့ ပြည့်တန်ဆာ ငရဲခန်းများအကြောင်းကို ထဲထဲဝင်ဝင် သိခဲ့ရပါတယ်
ဆိုင်တွေ အားလုံးတူညီတဲ့ အချက်ကတော့ တိုက်ခန်း ၁ ခန်း သို့ လုံးချင်းတိုက်တစ်လုံးရှိမယ် ၇x၁၀ ပေအခန်းလေးတွေဖွဲ့မယ် အဲယားကွန်းနဲ့ မွေ့ယာရှိမယ် ဒီလိုအခန်းလေးတွေကို အခန်းအနေအထား တိုက်အနေအထားပေါ်မူတည်ပြီး ၄ ၅ ခန်းကနေ အခန်း ရာကျော် ရှိတဲ့ဆိုင်ထိရှိတယ် မိန်းကလေးတွေကို ထားတဲ့ အခန်းလေးတွေရှိမယ်
နောက် ဆိုင်မန်နေဂျာရှိမယ် လူမိုက်နဲ့ မိန်းကလေးတွေကို ထိန်းကျောင်းလေ့ကျင့်ပေးသူတွေ ရှိမယ် ဆိုင်အနေအထားပေါ်မူတည်ပြီး မြို့နယ် ခရိုင် စ၃လုံးစတဲ့ တရားဝင်အဖွဲ့အစည်းတွေကို ဆက်ကြေးပေးရတဲ့ အဖွဲ့ (၃၁ ဖွဲ့ထိရှိ) တွေ ရှိမယ်
ဒါပေမယ့် ဝန်ဆောင်မှုပေးတဲ့အပေါ်မှာ မူတည်ပြီး ဆိုင်တွေကို ၃ မျိုး ၃ စားအနည်းဆုံး ခွဲလ်ု့ရမယ်
ပထမ တစ်မျိုးအနေနဲ့ အခန်းခ ကောင်မလေးခနဲ့ ပုတ်သင်ညိုပါအပြီးအစီး ၅၀၀၀ ၇၀၀၀ ၁၀၀၀၀ စတဲ့ တန်ဖိုးတစ်ခုကို သတ်မှတ်ယူတာမျိူးပါ
ဒုတိယတစ်မျိုးကတော့ အခန်းသီးသန့်ဌားတယ် ကောင်မလေးက သက်သက်စျေးညှိရတယ် ဒါမှမဟုတ် ကဒ်သလောက်ထဲမှာ label စျေးနှုန်းတပ်ထားတယ် ကိုယ်စိတ်ဝင်စားတယ်တဲ့ မိန်းကလေး ၃ ၄ ယောက်ကို ထုတ်ပြတယ် ကြိုက်တာရွေးယူ အပြင်တော့ ခေါ်မရဘူး
တတိယတစ်မျိုးကတော့ ဒုတိယတစ်မျိုးမှာ အခန်းခ ၂ sections စာ ပေါင်းထည့် မိန်းကလေးကြေးပါပေးပြီး အပြင်ကို ခေါ်ထုတ်လို့ ရတာမျိုးပါ
ဆိုင်ရဲ့ အသွင်အပြင်တွေအရ ဒီလိုခွဲထုတ်ပြီးသွားတော့ ဒီဆိုင်က မိန်းကလေးတွေကို ဘယ်နေရာက ရှာသလဲ ဘယ်လိုများ လုပ်ဆောင်သလဲ ဆိုတာကို သိဖို့ မိန်းကလေးတွေနဲ့ ထပ်အင်တာဗျူးခဲ့ပါတယ်
သိလာချက်အရတော့ သူတို့မှာလဲ ၂မျိုး ၂စားကွဲတယ်
(၁) ဒီအမျိုးအစားကတော့ စားဝတ်နေရေးအဆင်မပြေလို့ အသိကနေတစ်ဆင့် အလုပ်ဝင်တာမျိုးနဲ့ အရွယ်ရောက်လာပြီး လွပ်လပ်လာလို့ ဆိုင်ပြောင်းရွှေ့လုပ်ကိုင်တာတွေကနေပါ
(၂) ဒီအမျိုးအစားကတော့ တော်တော်လေးကို သနားဖို့ကောင်းသလို Child trafficking လို့ပဲဆိုဆို Sex slavery ပဲပြောပြော ယုတ်မာမှုပေါင်းစုံ ခေါင်းစီးတပ်လို့ ရတဲ့အနေအထားမျိုးပါ
နာဂစ်ကြောင့် ပြောင်းရွှေ့လာရတဲ့ လုပ်သားတွေထဲကပဲဖြစ်ဖြစ် ကျေးလက်ဒေသတွေကပဲ ဖြစ်ဖြစ် ဥမမယ် စာမမြောက် ၁၃ ၁၄ ၁၅ ၁၆ ၁၇ စတဲ့ ၁၈ နှစ်အောက် မိန်းကလေးတွေကို မုဆိုးတွေက ရှာဖွေတာပါ စားဝတ်နေရေးကျပ်တည်းမှုဖြစ်နေတဲ့ မိသားစုတွေရဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေက်ု အလုပ်ကောင်းတယ် ဘာညာဆိုပြီး စည်းရုံးတယ် နောက် ကြိုငွေ ဘယ်လောက်ပေးမယ် ဘယ်လိုနေရာမှာ လုပ်ရမယ် ဘာညာဆိုပြီး လိမ်လည်လှည့်ဖြားခေါ်ဆောင်ကျတယ်
နောက် မာစွပ်တွေဆီကို ရောက်လာတယ် ဒီလိုခေါ်လာတဲ့ အတွက် အခကြေးငွေရတယ် ဒီတော့ ပွဲစားမုဆိုးတွေအတွက် စျေးကွက်ကြီးတစ်ခုအဖြစ်ရှိနေတယ်
ဒီလိုရောက်လာတဲ့ သက်မပြည့်သေးတဲ့ ကလေးတွေကို ပထမဆုံး စလုပ်တာက ပါကင်စျေးကွက်လို့ ခေါ်တဲ့ ကြေးကြီးကြီးနဲ့ မှာထားတဲ့ ကာမမုဆိုးတွေဆီ ရောင်းစားတာပါပဲ အသက်အရွယ် အသားအရေနဲ့ ရုပ်ရည်ပေါ်မူတည်ပြီး ၃ သိန်းကနေ ၁၀ သိန်းကျော်ထိ ပေါက်စျေးရှိပါတယ်
အသက်ငယ်လေ စျေးကောင်းလေ ဖြစ်သလို အသက် ၁၂ နှစ်ကျော် ခပ်ထွားထွား အသားဖြူဖြူ ရုပ်ရည်ချောတဲ့ ကောင်မလေးတစ်ယောက်ကို ၁၅ သိန်းထိ ရဖူးတယ်လို့ ဖြေကြားတာမျ်ုးလဲ ကြားသိခဲ့ရပါတယ်
ရိုင်းရိုင်းပြောရရင်တော့ အခကြေးငွေပေးပြီး သက်မပြည့်မိန်းကလေးရှာခိုင်းတယ် မုဒိမ်းကျင့်တယ် ဒီစျေးကွက်ပါပဲ
ဒီလိုမျိုးဖြစ်ပြီးသွားပြီးရင် ဒုတိယအကြိမ် တတိယအကြိမ်အတွက်လဲ စျေးထပ်ဖွင့်ထားပါသေးတယ် ဒါပြီးရင်တော့ ကလေးမလေးရဲ့ တုံ့ပြန်မှုအပေါ်မူတည်ပြီး လိင်ကျွန်အဖြစ် ဆက်လက်ခိုင်းစေပါတယ်
အဲ့လို အကြိမ်ကြိမ် ရောင်းစားပြီးချိန်အထိ ကလေးမလေးက ပုန်ကန်လက်မခံဘူးဆိုရင် လေ့ကျင့်ပေးသူတွေရဲ့ လက်ထဲက်ု ထည့်ပေးပါတယ် ဒီလိုမျိုးဖြစ်ခံခဲ့ဖူးသူ မိန်းကလေးတွေရဲ့ ပြောပြချက်အရ တစ်ကယ့် ငရဲခန်းပါပဲ
ဂေါ်လီ ကြီးဆေး စတဲ့သဘာဝမဟုတ် ပြုပြင်ထားတဲ့ အရွယ်ရောက်ပြီးသား ယောက်ကျားရင့်မာကြီးတွေရဲ့ အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေအပေါ် အနိုင့်အထက် အလွန်အကျုး ပြုကျင့်မှုကို ကိုယ့်ဟာကိုသာ စဉ်းစားကြည့်ကျပေါ့ဗျာ
နောက်ဆုံး ဧည့်သည်နဲ့ ပေးတွေ့ပြီး လိုက်လိုက်လျောလျော ဆက်ဆံတတ်လာတဲ့ အချိန်အထိ လေ့ကျင့်သူတွေလက်ထဲမှာ ထားပါတယ် ဒါကတော့ လိင်ကျွန်မိန်းကလေးတွေကို ရှာဖွေတဲ့ အနေအထားပါ
၁၀ နှစ်နီးပါး ဒီဆိုင်ဖွင့်လာသူတစ်ချို့ရဲ့ ပြောကြားချက်အရ ဒီစနစ်မျိုးတွေနဲ့ လိင်ကျွန်မိန်းကလေးတွေကို ရှာဖွေလာတာ သူတို့ဆိုင်ဖွင့်တဲ့ သက်တမ်းတစ်လျှောက်လုံးပဲလို့ ပြန်ဖြေတာလဲ ကြားခဲ့ရပါတယ် ရာခိုင်နှုန်းအနေနဲ့ မေးတဲ့အခါမှာ တစ်ဝက်လောက်ကလို့ ဒီလိုနည်းနဲ့ရတာလို့ ပြောတဲ့အတွက် ၅၀% က လိင်ကျွန်အဖြစ်လေ့ကျင့်ပေးတာကနေ ရခဲ့တာလို့ ဆိုနိုင်ပါတယ်
ဒီတော့ လိင်ကျွန် မိန်းကလေးတွေအနေနဲ့ ရလာတဲ့ ငွေကြေးအပေါ်မှာ ဘယ်လောက်ထိ ခံစားခွင့် ရှိပါသလဲ ဝင်ငွေ ဘယ်လောက်ရပါသလဲလို့ တစ်ချက်လောက် ခရီးဆက်ကြည့်ရအောင်
သူတို့မှာလဲ မာဆတ်တွေရဲ့ သတ်မှတ်ချက်လို တစ်နေ့ကို Section ဘယ်နှစ်ခုရရင် အပိုငွေ ဘယ်လိုသတ်မှတ်တယ်ဆိုတဲ့ စနစ်ရှိပါတယ်
ရာခိုင်းနှုန်းအနေနဲ့ ၂၀% ကနေ ၄၀% ကြား ဆိုင်ပေါ်မူတည်ပြီး ရပါတယ် အလွယ်ဆုံးရှင်းပြရရင် ၁ section ကို ၅၀၀၀ အပြီးဆိုတဲ့ ဆိုင်မျိုးမှာ တစ်နေ့ ၅ section အောက်ဆို 1 sectionအတွက် ၁၅၀၀ ရပါတယ်
5 sectionပြည့်ခဲ့မယ် ဆိုရင်တော့ 2000 ကျပ်ထိရပြီး ၁၀၀၀၀ ကျပ်ရပါမယ်
လိင်ကျွန် မိန်းကလေး ၁ ယောက်အနေနဲ့ တစ်နေ့ကို 5 sectionက ငြင်းပိုင်ခွင့်မရှိပါ
ဒီတော့ မိန်းကလေး ၁ ယောက်အနေနဲ့ ငွေ ၁ သောင်းရဖို့ ယောက်ကျား ၅ ယောက်နဲ့ အနည်းဆုံး ၅ ကြိမ်ဆက်ဆံရပါတယ်(ဆိုင်အလိုက် စျေးနှုန်းအပြောင်းအလဲရှိနိုင်)
တစ်ချို့ဆိုင်တွေမှာ ၇ ကြိမ် ၈ ကြိမ်မှာ တစ်စျေးပြောင်းသလို ၁၀ ကြိမ်မှာလဲ တစ်စျေးပြောင်းတာ ရှိပါတယ် (တစ်နေ့ ၁၀ ကြိမ်ထိ တစ်ချို့မိန်းကလေးတွေရှိ)
ဒီလိုဆက်ဆံရတဲ့အတွက် အားအင်မလုံလောက်မှု ဖြစ်ပေါ်ပြီး ဆက်ဆံနေချိန်မှာတောင် အိပ်ပျော်တာမျိုး ဖြစ်တတ်တယ်လို့ ဖြေသူ မိန်းကလေးတွေလဲ မနည်းမနောပါပဲ
ဒီတော့ လိင်ကျွန်မိန်းကလေးတွေကို ဘယ်လိုထားလဲ ဘယ်လိုကျွေးလဲနဲ့ သူတို့ရဲ့ မိဘတွေဆီ ဘယ်လိုပြန်ဆက်သွယ် ငွေပို့ဆောင်သလဲ ဆိုတာကို ဆက်သွားကြည့်ရအောင်
ထားတာကတော့ ၁၀ ပေပတ်လည်အခန်းမှာ ၅ ယောက်ကနေ ၇ ယောက်ထိ ထားပါတယ် အသားအနေနဲ့ နေ့စဉ် ၁ နပ်ကျွေးသလို ကျန်တစ်နပ်ကတော့ အရွက်ကျွေးပါတယ် တစ်ပတ်ကို မနက်ည အသားကျွေးတဲ့ဆိုင်တွေလဲ ရှိသလို တစ်ပတ် ၃ ရက်လောက်ပဲ မနက်ည ကျွေးတဲ့ဆိုင်တွေလဲ ရှိပါတယ်
ငွေကြေးကိုတော့ ပွဲစားမုဆိုးတွေဆီကနေ တစ်ဆင့်ပြန်လွှဲတာ ဖြစ်သလ်ု အနည်းဆုံး ၁၀% ဝန်းကျင် အဖြတ်ခံရပါသေးတယ် အိမ်နဲ့ တစ်လကို ၁ ကြိမ် ၂ ကြိမ် ဖုန်းပြောခွင့်ရသလို ပြောတာကိုလဲ စောင့်ကြည့် နားထောင်ပါတယ်
ဒီလို လိင်ကျွန်အဖြစ် လုပ်ဆောင်မှုအဆင့်ဆင့်မှာ လွဲမှားမှုဖြစ်ပေါ်ခဲ့ရင် ကြေးစားလူမိုက်တွေရဲ့ လူမသိ သူမသိ ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခြင်းကိုလဲ ခံရပါသေးတယ်

လူပျောက်လို့ တိုင်မယ် တစ်စုံတစ်ခုဖြစ်လို့တိုင်မယ်ဆိုရင် ပေးထားရတဲ့ဆက်ကြေးတွေကနေ မသိချင်ယောင်ဆောင်ပြီး အမှုတွဲတော့ ဖွင့်ပေးတတ်ပါတယ် အပိုဆောင်းငွေကြေးက်ု ဆိုင်တွေကတော့ ကျသင့်ခံ ဆက်ကြေးပေးရပါသေးတယ် တစ်ခါတစ်ရံမှာ အမှုလိုလို့ အပေါ်ကတောင်းရင် လိင်ကျွန်ကောင်မလေးတွေကို အဖမ်းပြပြီး ရဲစခန်းကို ခေါ်သွားတာမျိုးတွေ ရှိပါသေးတယ်
ဒီလို ဆိုင်မျိုး ၂၀၀၉ ခုနှစ်က ရန်ကုန်မှာ စုံစမ်းရသလောက် ထောင်ကျော် ရှိနေသလို ဒီလ်ု ဆိုင်မျိုးတွေ ပေါများလာအောင်လဲ နာဂစ်လိုဖြစ်ရပ်မျိုးနဲ့ ၂၀၀၇ အထွေထွေ ကျပ်တည်းမှုကြီးက နောက်ခံ ပံ့ပိုးပေးတဲ့ သဘောတရားအဖြစ်တည်ရှိခဲ့ပါတယ်
အထက်ပါအကြောင်းအရာက မြန်မာနိုင်ငံရဲ့ Darkside တွေထဲက တစ်ခုဖြစ်တဲ မာစွပ်ယဉ်ကျေးမှု လိင်ကျွန် အကြောင်းကို တစ်စိတ်တစ်ပိုင်း ထင်သာမြင်သာ ရှိအောင်ရေးသားထားတာဖြစ်ပြီး တစ်ကယ့်လက်တွေ့ဘဝမှာ ခံစားရမှုတွေအတွက်ကတော့ ဖော်ပြစရာ စကားလုံးတောင် ရှာမရလောက်အောင် ဆိုးရွားလွန်းခဲ့ပါတယ်
ဖေ ၁ ရက်နေ့ အာဏာသိမ်းတယ်ဆိုတဲ့ သတင်းကို စကြားချိန်မှာ ပြေးမြင်မိတာက လှိုင်သာယာ အထည်ချုပ်စက်ရုံက လုပ်သားအင်အားစုအမျိုးသမီးတွေပါပဲ စိုးရိမ်ခဲ့သလိုလဲ ပြည်ပနိုင်ငံရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်အမှာစာ မရရှိတော့တဲ့အတွက် အထည်ချုပ်စက်ရုံတွေက မြန်မာကနေ ထွက်ခွါဖို့ ပြင်တင်နေသလို ထွက်ခွါသွားတဲ့ စက်ရုံတွေကလဲ ဆယ်ချီနေပါပြီ မြန်မာ့အထည်ချုပ်လုပ်ငန်းက နိုင်ငံရဲ့ ပို့ကုန်ကဏ္ဏမှာ ၃၀% အထိ နေရာရယူထားသလို စက်ရုံပေါင်း ၆၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇ သိန်းကျော် ပံ့ပိုးပေးထားနိုင်တာပါ
ဒီလိုအာဏာသိမ်းမှုကြောင့် ပိတ်ဆို့မှုတွေဖြစ်တယ် အထည်ချုပိလုပ်ငန်းတွေ ထိခိုက်နဲ့အတွက် လာမယ့်နှစ်ပိုင်းအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်လာဦးမှာပါ ဒီလိုဖြစ်လာတာနဲ့ အတူ အနည်းငယ် ငုတ်ရှိုသွားခဲ့တဲ့ ဝိသမ လောဘသားတွေရဲ့ မာစွပ်စျေးကွက်က ပြန်လည် ခေါင်းထောင်လာဦးမှာပဲ
ဒီတော့ ပြည်သူတွေ (အဓ်ကယောက်ကျားသား) အနေနဲ့ ဒီလိုမျ်ုး မာစွပ်တွေမှာ အားမပေးကျဖို့ တိုက်တွန်းပါရစေ နှမသားချင်း စာနာကျပါ ထို့အတူ ဒီလို အလုပ်အကိုင်ရှားပါးမှု စီးပွါးရေးကျဆင်းမှု ကိုင်တွယ်ပုံအမှားကြောင့် ဘဏ်တွေ မလည်ပတ်န်ုင် ငွေကြေးစီးဆင်းမှုရပ်တန့်သွားတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေကျပ်တည်းမှုကြီးမှာ ပြည်သူတွေ ညီညီညာညာ အသိရှိရှိနဲ့ ဝိုင်းဝန်းရပ်တည်ဖြေရှင်းကျပါ
နိုင်ငံရဲ့ အနာဂတ်ခရီးကြမ်းမှာ မုန်တိုင်းကြီးက စောင့်ကြိုနေပါပြီ ဒီတော့ ပြည်သူတွေအနေနဲ့ တွဲလက်မဖြုတ်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါပြီ
ကိုဗစ်ကပ်ဆိုးကြောင့် ဒုက္ခရောက်နေချိန်
မအလ ဦးဆောင်တဲ့ အာဏာရူးတစ်စုရဲ့ အာဏာရူးပြီး အာဏာသိမ်းမှုကြောင့် ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေက သေကြေပျက်စီး ခြိမ်းခြောက်ခံ ထိနေပါပြီ
တွဲတဲ့လက်တွေ ခိုင်မာပြီး နိုင်ငံရဲ့ အနာဂတ် ခရီးကြမ်းကို ရင်ဆိုင်ကျပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါပြီ
*ပြည်ပကို ပြောင်းရွှေ့လုပ်သားအဖြစ် လုပ်ကိုင်တဲ့စျေးကွက် ဆက်ရှိနေဦးမယ်ဆိုရင်တော့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်
ဆိုင်သူတွေ အကျိုးအမြတ်ကို အရမ်းမကြည့်ပဲ ဝိုင်းရုန်းကျပါစို့*
Article Credit to - ဆရာနီကိုရဲ (Ni Ko Ye)
Photo Credit to - Myanmar Times

Comments
Post a Comment