ဝူဟန်မြို့ လေဆင်နှာမောင်းတိုက်ခတ်မှု :))))))))

 



တရုတ်နိုင်ငံ ဝူဟန်မြို့ လေဆင်နှာမောင်းတိုက်ခတ်၊ လူ ၈ ဦးထက်မနည်း သေဆုံး :)))))


Unicode

တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ သောကြာနေ့က လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

သောကြာနေ့ ညပိုင်းက တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် ဝူဟန်မြို့မှာ အနည်းဆုံး ၈ ဦးသေဆုံးပြီး ၂၃၀ ဒဏ်ရာရခဲ့ပါတယ်။ ဒီမတိုင်ခင် နာရီပိုင်းက ကျန်းစုပြည်နယ်တွင်း လေဆင်နှာမောင်းကြောင့် အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

လေပြင်းကြောင့် ဆောက်လက်စ အဆောက်အဦးတွေက အမိုးတွေ လန်ထွက်သွားခဲ့ပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။ အစောပိုင်း ကျန်းစုပြည်နယ် Shengze မြို့တွင်း တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် စက်ရုံအဆောက်အဦးတွေနဲ့ လျှပ်စစ်ဓာတ်အားပေး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အခု လေပြင်းဒဏ်ခံခဲ့ရတဲ့ ဝူဟန်မြို့က ၂၀၁၉ နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စပြီးဖြစ်ပွါးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်လေ့ သိပ်မရှိပေမယ့် ၂၀၁၉ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်နဲ့ Hainan ပြည်နယ်တွေမှာ လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ကျန်းစုပြည်နယ်မှာ လေဆင်နှာမောင်းနဲ့အတူ မိုးသီးမုန်တိုင်းတွေကြောင့် အနည်းဆုံး ၉၈ ဦး သေဆုံးခဲ့ပါတယ်။

Credit to VOA Burmese




တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ ေလဆင္ႏွာေမာင္းတိုက္ခတ္၊ လူ ၈ ဦးထက္မနည္း ေသဆုံး :)))))

Zawgyi

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းနဲ႔ အေ႐ွ႕ပိုင္းျပည္နယ္ေတြမွာ ေသာၾကာေန႔က ေလဆင္ႏွာေမာင္း တိုက္ခတ္တာေၾကာင့္ အနည္းဆုံး လူ ၁၂ ဦးေသဆုံးၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာရသြားခဲ့ပါတယ္။

ေသာၾကာေန႔ ညပိုင္းက တိုက္ခတ္ခဲ့တဲ့ ေလဆင္ႏွာေမာင္းေၾကာင့္ ဝူဟန္ၿမိဳ႕မွာ အနည္းဆုံး ၈ ဦးေသဆုံးၿပီး ၂၃၀ ဒဏ္ရာရခဲ့ပါတယ္။ ဒီမတိုင္ခင္ နာရီပိုင္းက က်န္းစုျပည္နယ္တြင္း ေလဆင္ႏွာေမာင္းေၾကာင့္ အနည္းဆုံး ၄ ဦးေသဆုံးၿပီး ၁၅၀ နီးပါး ဒဏ္ရာရခဲ့တယ္လို႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။

ေလျပင္းေၾကာင့္ ေဆာက္လက္စ အေဆာက္အဦးေတြက အမိုးေတြ လန္ထြက္သြားခဲ့ၿပီး သစ္ပင္ေတြ ၿပိဳလဲခဲ့ပါတယ္။ အေစာပိုင္း က်န္းစုျပည္နယ္ Shengze ၿမိဳ႕တြင္း တိုက္ခတ္ခဲ့တဲ့ ေလဆင္ႏွာေမာင္းေၾကာင့္ စက္႐ုံအေဆာက္အဦးေတြနဲ႔ လွ်ပ္စစ္ဓာတ္အားေပး အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးခဲ့ပါတယ္။

အခု ေလျပင္းဒဏ္ခံခဲ့ရတဲ့ ဝူဟန္ၿမိဳ႕က ၂၀၁၉ ေႏွာင္းပိုင္း ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ စၿပီးျဖစ္ပြါးခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေလဆင္ႏွာေမာင္းတိုက္ေလ့ သိပ္မ႐ွိေပမယ့္ ၂၀၁၉ ဇူလိုင္လနဲ႔ ၾသဂုတ္လေတြမွာ ႏိုင္ငံအေ႐ွ႕ေျမာက္ပိုင္း Liaoning ျပည္နယ္နဲ႔ Hainan ျပည္နယ္ေတြမွာ ေလဆင္ႏွာေမာင္းေၾကာင့္ အနည္းဆုံး လူ ၁၄ ေယာက္ ေသဆုံးခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းကလည္း က်န္းစုျပည္နယ္မွာ ေလဆင္ႏွာေမာင္းနဲ႔အတူ မိုးသီးမုန္တိုင္းေတြေၾကာင့္ အနည္းဆုံး ၉၈ ဦး ေသဆုံးခဲ့ပါတယ္။

Credit to VOA Burmese

Comments