မင်းတပ်မြို့အတွက်ရေးတဲ့စာ

 Unicode




ဒီဆောင်းပါးကို ဒီနေ့ဖြစ်ရပ်မတိုင်ခင် အချိန်မရတဲ့ကြားက ကြိုးစားပြီး ရေးခဲ့ပါတယ်။ အဓိကရေးရတဲ့ ရည်ရွယ်ချက်က မင်းတပ်မြို့မှာ နောက်ထပ်တိုက်ပွဲတွေဖြစ်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကို သိစေချင်လို့ပါပဲ​။ ဒါပေမယ့် အခုတော့ မင်းတပ်မြို့မှာ တိုက်ပွဲတောင် ဖြစ်ပြီးနေပါပြီ။ ကျနော် တောထဲတောင်ထဲ ပြေးနေရတဲ့ ဘဝရောက်ပါပြီ။

ဒီဆောင်းပါးနဲ့ပတ်သက်ပြီး မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ ပထမအနေနဲ့ ဒီဆောင်းပါးဟာ အတော်ရှည်ပါတယ်။ ဒီနေ့ တည်းဖြတ်တာလုပ်ဖို့ စဉ်းစားခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် အခြေအနေမပေးတော့ပါဘူး။ ဒုတိယအချက်က ဒီဆောင်းပါးမှာ စာလုံးပေါင်းသတ်ပုံမမှန်တာ၊ စာထောင့်နေတာတွေ များနိုင်ပါတယ်။ ဒါကြောင့် သည်းခံပြီး ပြင်ဆင်ဖတ်ရူပေးကြပါ။ တတိယအချက်က ဒီဆောင်းပါးကို ဖတ်ပြီးရင် ပြန့်ဖန့်ဝေပေးပါ။ ဒီနည်းနဲ့ ကျနော်တို့ကို ကူညီနိုင်ပါတယ်။

ဒီဆောင်းပါးဟာ အတော်ရှည်တဲ့အတွက် PDFနဲ့ ဖတ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ PDF link ကို ဒီမှာ ယူနိုင်ပါတယ်။ https://drive.google.com/file/d/125kwdvgkaZwRB1LQ8FGFYT7jVUiedS5L/view?usp=drivesdk

------------------------------------

မင်းတပ်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ။

မင်းတပ်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ မရေးခင် မင်းတပ်မြို့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ရေးချင်ပါတယ်။

မင်းတပ်မြို့မှာ ဘာတွေဖြစ်ခဲ့သလဲ။

မင်းအောင်လှိုင်ဦးဆောင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ မင်းတပ်မြို့ဟာ အစောဆုံးက ပါဝင်ခဲ့ပါတယ်။ မန္တလေးလို၊ ရန်ကုန်လို မြို့ကြီးတွေမှာ သိန်းသောင်းချီဆန္ဒပြမှုစဖြစ်လာတဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့အပြီး၊ သိပ်မကြာတဲ့ ၈ရက်နေ့မှာ မင်းတပ်မြို့က ပြည်သူတွေကလဲ အာဏာသိမ်းမှုကို မြို့လုံးကျွတ် စပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်က တခြားမြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးမှုပြုလာတဲ့အချိန်မှာ မင်းတပ်မြို့ဟာ ထူးထူးခြားခြား အဲဒီလို ဖြစ်ရပ်မျိုးကို မကြုံတွေ့ခဲ့ရဘူး။ ဘာလို့လဲ မေးစရာရှိပါတယ်။ မင်းတပ်ပြည်သူဆန္ဒပြခေါင်းဆောင်တွေရဲ့ သဘောထားခံယူချက်၊ စွဲကိုင်ထားတဲ့မူနဲ့ ဆိုင်မယ်ထင်ပါတယ်။

အကြမ်းမဖက်ရေးမူနဲ့ လက်နက်စွဲကိုင်ရေးမူ

မြန်မာနိုင်ငံတဝှမ်းမှာ ရှိတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် ဆန့်ကျင်ရေးမူ ဒါမဟုတ် လမ်းစဉ်နှစ်မျိုးကွဲပြားနေတာကိုတွေ့နိုင်ပါတယ်။ ပထမမူကတော့ civil disobedience movement (CDM) လို့ခေါ်တဲ့ အကြမ်းဖက်အာဏာဖီဆန်ရေးမူဖြစ်တယ်။ CDM မှာ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြတာ၊ အစိုးရဝန်ထမ်းတွေ ရာထူးကနေ နုတ်ထွက်ကြတာ၊ ဘဏ်ဝန်ထမ်းတွေ လုပ်ငန်းခွင် မဝင်ကြတော့တာတွေ ပါဝင်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်အဏာသိမ်းကောင်စီကောင်စီ အုပ်ချုပ်လို့မရအောင်၊ အစိုးရယန္တယားအားလုံး ရပ်ဆိုင်းသွားအောင် လုပ်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် အစိုးရက ဖိနှိပ်လို့ ပြည်သူတွေ အသေအပျောက်များလာတဲ့အခါ လမ်းမပေါ် ဆန္ဒထွက်ပြ လို့မရတဲ့အခြေအနေတွေ ဖြစ်လာပါတယ်။ တဘက်မှာ အကြမ်းမဖက်ရေးမူရဲ့ ထိရောက်မှုဟာလဲ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီလိုနဲ့ “အသေတော့ မခံနိုင်ဘူး”၊ “ဖိရင်ကြွ ထိရင်ချ”၊ “လက်နက်ကိုင် တိုက်မှ တော်လှန်ရေးအောင်မြင်မယ်၊ စစ်အာဏာရှင် ပြုတ်ကျမယ်” စတဲ့ အယူအဆတွေ အများပြည်သူအကြားမှာ ပြန့်နှံ့လာပါတယ်။ ဒီအစိတ်ခံ၊အယူအဆက ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုတွေကို လက်နဲစွဲကိုင်ရေးမူလို့ ဆိုနိုင်ပါတယ်။

မင်းတပ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေကို ပြန်ကြည့်ရင် အလားတူ စစ်အာဏာရှင် ဆန့်ကျင်ရေးမူ နှစ်မျိုး ဒွန်တွဲနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် မင်းတပ်မြို့ ဆန္ဒပြသပိတ် ခေါင်းဆောင်တွေနဲ့ လူကြီးပိုင်းမှာ အကြမ်းမဖက်ရေးဆန့်ကျင်ရေးမူက ကြီးစိုးထားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လဲ မင်းတပ်မှာ နေ့တိုင်းလိုလို တနည်းတဖုံနဲ့ ဆန္ဒပြခဲ့ကြပေမယ့် စစ်တပ်နဲ့ ရဲက အကြမ်းဖက်​ဖြိုခွင်းတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ မရှိခဲ့ဘူး။

နောက်တကြောင်းကလဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ရှိတာ ချင်းပြည်တစ်ခုတည်းပဲ ရှိပါတယ်။ ချင်းလူမျိုးတွေဟာ လက်နက်ဆောင်ထားတာကို ဂုဏ်သိက္ခာတစ်ခုလို တန်ဖိုးထားပါတယ်။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ အနည်းဆုံး သေနတ်တစ်ခုတော့ ထားကြပါတယ်။ သေနတ်ကို အသုဘမှာ ရိုးရာဓလေ့အရ သုံးကြပါတယ်။အမဲလိုက်ရာမှာ သုံးကြပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေဟာ လက်နက်ကိုင် အတွေ့အကြုံရှိပါတယ်။ ဒါကြောင့်လဲ စစ်တပ်ဟာ မင်းတပ်မှာ အမှားမလုပ်မိဖို့ သတိအတော်ကြီးထားခဲ့တာ ဖြစ်ပါလိမ့်မယ်။ တခြား အရေးကြီးတဲ့အချက်တွေလဲ ရှိပါလိမ့်မယ်။ ဘာဖြစ်ဖြစ် အဲဒီလို အကြမ်းမဖက် ရေးမူကို တစိုက်မက်မက်စွဲကိုင်ထားတဲ့ မင်းတပ်မှာ ပထမဆုံးအကြိမ် ဧပြီ ၂၄ ရက်နေ့မှာ မလွှဲသာ မရှောင်သာ လက်နက်ကိုင်တိုက်ပွဲ ဖြစ်လာခဲ့ပါတယ်။

မင်းတပ်မြို့က လက်နက်ကိုင်တိုက်ပွဲဟာ အရပ်သား ခုနှစ်ဦးကို ဧပြီလ ၂၄ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးရာက စတင်ပါတယ်။ အရပ်သားတွေကို ဖမ်းဆီးတဲ့ သတင်းရတဲ့ချက်ချင်း ပြည်သူတွေဟာ မြို့မဈေးမှာ စုဝေးပြီး အရပ်သားတွေကိုပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီက ပြန်လွှတ်ပေးမယ်လို့ အကြိမ်ကြိမ်ကတိပေးပြီး ပြန်မလွှတ်ပေးခဲ့ပါဘူး။ ပိုဆိုးတာက ညနေ ၅ နာရီခွဲလောက်မှာ ဆိုင်ကယ်စီး လူငယ်နှစ်ဦးကို စစ်သားတွေက လိုက်လံပစ်ခတ်ခဲ့တာပါ။ ဆိုင်ကယ်အမောင်းမြန်လို့ လူငယ်နှစ်ဦးဘာမှ မဖြစ်ခဲ့ပါဘူး။

စစ်တပ်ရဲ့ ကတိမတည်မှု၊ စတင်ပစ်ခတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ မင်းတပ်သပိတ်ခေါင်းဆောင်တွေဟာ လက်နက်ကိုင်တိုက်ပွဲကို စတင်လိုက်ပါတယ်။ ဒီလိုနဲ့ သုံးရက်ကြာတဲ့ မင်းတပ်တိုက်ပွဲ စတင်လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ စစ်တပ်ဟာ အထိအနာဆုံးပါပဲ။

ပခုက္ကူကနေ တက်လာတဲ့ စစ်ကားတစ်စီးဟာ မြို့အဝင် ဂေါက်ကွင်းနားမှာ ကြားဖြတ် တိုက်ခိုက်ခံရပါတယ်။ စစ်သား တစ်ယောက်ကျဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။
ပြီးတော့ နာမည်ကျော်တဲ့ မင်းတပ်မြို့အနောက်ဘက်၊ မိုင်တိုင် ၃၀ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ မတူပီဖက်ကနေ စစ်ကူဆင်းလာတဲ့ စစ်ကားသုံးစီးကို မင်းတပ်မြို့ခံတွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာပါ။ အဲဒီတိုက်ပွဲမှာ အနည်းဆုံး စစ်သား ဆယ့်ငါးဦးကျဆုံးတယ်လို့ ဆိုကြပါတယ် ။ အသက်မသေတဲ့ ကျန်ရစ်တဲ့ စစ်သားတွေဟာ ထွက်ပြေးရာက စစ်သား သုံးဆယ် လောက် မိုင် ၃၀ မှာ ရှိတဲ့ ဗိုလ်တဲဟောင်းတစ်ခုမှာ ပိတ်မိသွားပါတယ်။ မင်းတပ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေက ကြားညှပ်တိုက်ခိုက်တဲ့အတွက် ရှေ့တိုးမရ၊ နောက်မဆုတ်ရ ချောင်ပိတ်မိသွားခဲ့ပါတယ်။

ဒီလို စစ်သားသုံးဆယ်လောက် ချောင်ပိတ်ရာက ဧပြီလ၊၂၇ ရက်နေ့မှာ စစ်တပ်က အပစ်အခတ်ရပ်စဲဖို့၊ စေ့စပ်ညှိနှိုင်းဖို့ ပြည်သူ့လုံခြုံရေးကို ကမ်းလှမ်းခဲ့ပါတယ်။ အကြိမ်ကြိမ် ညှိနှိုင်းပြီး ညနေ ၁၁ နာရီ ရောက်တဲ့အခါမှသာ သဘောတူညီမှုအချို့ ရခဲ့ပါတယ်။ သဘောတူညီမှုမှာ စစ်တပ်က ဖမ်းထားတဲ့ ပြည်သူ ခုနှစ်ဦး နဲ့ ပိတ်မိနေတဲ့ စစ်သား ၃၀ ဦးကို အလဲအလှယ်ပြုဖို့၊ စစ်တပ်က လက်ရှိနေရာက ရှေ့ဆက်တိုးမလာဖို့၊ စစ်တပ်က စစ်ကူထပ်မခေါ်ဖို့တို့ ပါဝင်ပါတယ်။ သဘောတူညီချက်အတိုင်း စစ်တပ်က အရပ်သား ခုနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မင်းတပ်ပြည်သူ့လုံခြုံရေးတပ်ကလဲ ပိတ်မိနေတဲ့ စစ်သား သုံးဆယ်ကို ဆုတ်ခွာခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းစဉ်မှာ စစ်တပ်က ဖမ်းထားတဲ့ ပြည်သူ ဆယ့်သုံးဦး လောက်ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့ ခြောက်ဉီးကို စစ်တပ်က ဆက်ပြီးဖမ်းထားဆဲပါပဲ။ အဲဒါကြောင့် သဘောတူညီချက်ဟာ မမျှတတဲ့ သဘောတူညီချက်လို ဖြစ်နေတယ်။ ဒါကြောင့်လဲ ဆွေးနေးညှိနှိုင်းမှုဟာ အကြိမ်ကြိမ် ပျက်လုနီးပါးဖြစ်ခဲ့ပါတယ်။ သဘောတူညီမှုပြုလုပ်တဲ့ ဧပြီလ၊ ၂၇ ရက်နေ့ နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ပြည်သူအကြား ထပ်မံတိုက်ခိုက်တာ မရှိတော့ပါဘူး။
တိုက်ပွဲအစအဆုံးကို ပြန်ချုပ်လိုက်ရရင် မင်းတပ်ပြည့်သူ့လုံခြုံရေးအဖွဲ့ဘက်မှာ ကျဆုံးမှုမရှိခဲ့ပါဘူး။ စစ်တပ်ဘက်မှာတော့ အများအပြား ကျဆုံးခဲ့ပါတယ်။ တချို့သတင်းတွေက စစ်သား ၂၅ ယောက်ကျဆုံးတယ်။ တချို့သတင်းရင်းမြစ်တွေကတော့ သုံးဆယ်ကျော် ကျဆုံးတယ်လို့ ဖော်ပြကြပါတယ်။ ဒါကြောင့် မင်းတပ်နဲ့ စစ်တပ် ပထမဦးဆုံးတိုက်ပွဲမှာ အနည်းဆုံး နှစ်ဆယ့်ငါးဦးကျဆုံးတယ်လို့ဆိုနိုင်ပါတယ်။ ဒါဟာ စစ်တပ်အဖို့ တခြားမြို့ငယ်လေးတွေမှာ မကြုံခဲ့ဖူးတဲ့ ရှုံးနိမ့်မှုပါပဲ။ စစ်တပ်ရဲ့ အရှိုက်ကိုထိတဲ့ ထိုးနှက်ချက်ပါပဲ။ ဒါကြောင့် စစ်တပ်ဟာ အရှက်ကို ဖုံးချင်တဲ့အနေနဲ့ မင်းတပ်မြို့ဖြစ်စဉ်မှာ စစ်သားနှစ်ဦးပဲ ကျဆုံးခဲ့တာလို့ မြဝတီရုပ်သံကနေတဆင့် ဗြောင်လိမ်ခဲ့တာပါ။ စစ်တပ်ဟာ ဒီကျဆုံးမှုကို အခဲမကျေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်နည်းနဲ့မဆို လက်တုံ့ပြန်ဖို့ လုပ်လာပါမယ်။

မင်းတပ်ဟာ သမိုင်းအစဉ်အလာနဲ့မြို့

မင်းတပ်တိုက်ပွဲမှာ စစ်တပ်မရှုမလှခံလိုက်ရတာ၊ စစ်သားအများအပြား ကျဆုံးတာကို သိရတဲ့အခါမှာ ကိုလိုနီခေတ်က သမိုင်း အဖြစ်အပျက်တစ်ခုကို ပြန်သတိရစေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ၁၉၄၀ ခုနှစ်မှာ မြန်မာ့လွတ်ရေးခေါင်းဆောင်ကြီးဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်အစိုးရက ဆုငွေ ငါးကျပ်နဲ့ ဖမ်းဝရမ်းထုတ်ပါတယ်။ ဖမ်းဝရမ်းထုတ်ရတဲ့အကြောင်းအရင်းက ဇလွန်မြို့မှာ ဉီးဝမ္မသူးအပါအဝင် ချင်းအမျိုးသား ခေါင်းဆောင်တွေ ဖမ်းဆီးနှိပ်စက်ခံရတဲ့အကြောင်းကို ပြောခဲ့လို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဖမ်းမခံဘဲ တိမ်းရှောင်ရင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ တရုတ်ပြည်က လက်နက်အကူအညီယူဖို့ သွားရင်း အမွိုင်ဆိပ်ကမ်းမှာ သောင်တင်တယ်။ အဲဒီကနေတဆင့် ဂျပန်အကူအညီယူပြီး အခု စစ်တပ်ရဲ့ အစဖြကစ်တဲ့ ရဲဘော်သုံးကျိပ်ကို စပြီးဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် “တော်လှန်ရေးအစ ချင်းတောင်က” လို့ ဆိုကြတဲ့သူတွေ တောင်ရှိပါတယ်။ ဒီနေရာမှာ တော်လှန်ရေးအစ ကို ဖြစ်စေခဲ့တဲ့ ချင်းအမျိုးသားခေါင်းဆောင်အများစုဟာ မင်းတပ်နယ်သားတွေဖြစ်နေတာပါ။ ဒါကြောင့် မင်းတပ်သူ၊ မင်းတပ်သားတွေ မြန်မာ့သမိုင်းမှာ အရေးပါတဲ့နေရာကနေ အရင်ကတည်းက ပါခဲ့ကြတယ်ဆိုတာကို သိနိုင်ပါတယ်။အခုလဲ ချင်းပြည်နယ်မှာ မင်းတပ်မြို့ကလက်နက်ကိုင်ပြီး ပထမဆုံး တော်လှန်လိုက်ပါပြီ။ ဒါကြောင့် "ချင်းတော်လှန်ရေးအစ မင်းတပ်က”လို့ အခုတော့ သမိုင်း မှတ်တမ်း ရေးထိုးနိုင်ပြီလို့ ထင်ပါတယ်။

လက်ရှိမင်းတပ်အခြေအနေ

အပေါ်မှာ ပြောခဲ့တဲ့အတိုင်း မင်းတပ်မှာ ဧပြီလ၊ ၂၇ရက်နေ့ နောက်ပိုင်းကနေ လက်ရှိအချိန်အထိ တိုက်ခိုက်မှုတော့ မရှိသေးပါဘူး။ မင်းတပ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်တပ်ကို ရဟတ်ယာဉ် ၂ စီး တကြိမ်၊ စစ်သား ၈၈ ယောက်ပါလာတဲ့ စစ်ကား ၁၃ စီးကို တကြိမ် မင်းတပ်မြို့အပေါ် ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။ ရဟတ်ယာဉ်တွေကို မင်းတပ်မြို့အပေါ် ပျံသန်းခွင့်ပြုဖို့ စစ်တပ်က တောင်းဆိုရာမှာ အဓိကအကြောင်း အရင်းက မင်းတပ်မြို့တွင်းမှာရှိတဲ့ ၂၇၄ တပ်ရင်းကို လစာနဲ့ စားနပ်ရိက္ခာပို့ဖို့လိုဆိုပါတယ်။ ဒါပေမယ့် ဒါဟာ အပေါ်ယံအကြောင်းအရင်း သက်သက်ပဲ ဖြစ်နိုင်ပါတယ်။ စစ်တပ်ဟာ ၂၇၄ တပ်ရင်းဆီ လက်နက်ခဲယမ်းတွေပို့တာ၊ ပြီးတော့ နောက်ထပ် မင်းတပ်မြို့ကို တိုက်ခိုက်ဖို့ မြို့မြေပြင်အနေအထားကို လေ့လာတာပိုဖြစ်နိုင်ပါတယ်။
စစ်ကား ၁၃ စီးကို ဖြတ်သန်းခွင့်ပြုရာမှာလည်း စစ်တပ်က အကြောင်းပြတာက ပလက်ဝ၊ စမီးမှာ တပ်အင်အားသွားဖြည့်ဖို့လို့ ဆိုပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေ နဲ့ တိုက်ပွဲဖြစ်တုန်းက စစ်တပ်ဟာ စမီးကနေ အခြေစိုက်ပြီး တိုက်တာပါ။ ဒါပေမယ့် တချို့အတည်မပြုနိုင်တဲ့ သတင်းတွေအရ အဲဒီ စစ်ကား (၁၃) စီးမှာပါလာတဲ့ စစ်သားတွေဟာ ပလက်ဝကို မရောက်ဘူး၊ မတူပီမြို့အနီးမှာ တပ်ဆွဲနေတယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေကို ကြည့်တဲ့အခါ မင်းတပ်မြို့မှာ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တဲ့ အဓိကအကြောင်းအရင်းကတော့ အပေါ်မှာ ရေးခဲ့တဲ့အတိုင်း စစ်တပ်ဟာ ပထမအကြိမ်တွေ့ဆုံမှုမှာ အကြီးအကျယ် ရှုံးနိမ့်လိုက်ခဲ့တာပဲ။ စစ်တပ်ဟာ ဒီအဖြစ်ကို လုံးဝလက်မခံနိုင်လောက်ပါဘူး။ မင်းတပ်မြို့ကို ပြန်သိမ်းဖို့ မရမက ကြိုးစားလာမှာပါ။ အဲဒီလို စစ်တပ်က ကြိုးစားလာတဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။ ဒီလိုဖြစ်လာရင် မင်းတပ်မြို့အနေနဲ့ တောင်ခံ နိုင်ပါ့မလား။
နောက်ထပ်တိုက်ပွဲတွေဖြစ်လာရင် မင်းတပ်မြို့ တောင့်ခံနိုင်မလား။
ပြောခဲ့တဲ့အတိုင်း စစ်တပ်ဟာ ပထမတွေ့ဆုံမှုမှာ အထိနာခဲ့တော့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ လုပ်ပါလိမ့်မယ်။ မင်းတပ်မြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ပြီး မရမက မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားလာနိုင်ပါတယ်။ နောက်ထပ်တိုက်ပွဲတွေဖြစ်လာတဲ့အခါ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေ ရှုံးသွားနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုပြောရတာက အကြောင်းအရင်း (၃) ခုရှိပါတယ်။ အဲဒါတွေတွေကတော့ (၁) မင်းတပ်မြို့ရဲ့ တည်နေရာအနေအထား၊ (၂) စစ်တပ်ရဲ့ မဟာဗျူဟာ နဲ့ (၃) စစ်လက်နက်အင်အားနဲ့ဖွဲ့စည်းပုံတွေပါ။ တစ်ခုချင်းစီ ရှင်းပြသွားပါမယ်။

(၁) မင်းတပ်မြို့ရဲ့ တည်နေရာအနေအထား

ပထမအကြောင်းအရင်းဖြစ်တဲ့ မင်းတပ်မြို့တည်နေရာအထားကို ပြောရရင် မင်းတပ်မြို့ဟာ ချင်းပြည်မြို့တွေအနက် ပြည်မနဲ့ အနီးစပ်ဆုံး မြို့တွေထဲမှာ ပါတယ်။ မင်းတပ်မြို့နဲ့ သိပ်မဝေးတဲ့ အရှေ့ဘက် ၁၈ မိုင်လောက်အကွာမှာ ကျောက်ထုမြို့ ရှိပါတယ်။ ကျောက်ထုမှာ ခြေမြန်တပ်ရင်း (၃၆၈)၊ အမြှောက်တပ်ခွဲနဲ့ စစ်လေယာဉ်ကွင်း ရှိတယ်။ ကျောက်ထုကနေ ဆက်သွားရင် မိုင် (၈၀) လောက်မှာ ပခုက္ကူမြို့ရှိတယ်။ အဲဒီပခုက္ကူမြို့မှာ တပ်မ (၁၀၁) ရှိတယ်။ အဲဒီကနေ သိပ်မဝေးတဲ့ မကွေးမြို့ (မင်းတပ်ကနေ ၂၀၁ မိုင်အကွာလောက်) မှာ လေတပ်ရှိပါတယ်။ ဒါ့အပြင် ကျောက်ထုဟာ မြေပြန့်ဖြစ်တဲ့အတွက် စစ်တပ်ဟာ စစ်ကူအင်အားကို လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်လွယ်ကူကူ ဖြည့်ဆည်းနိုင်ခြေရှိပါတယ်။ ဒါတွေတင်မကသေးပါဘူး။

မင်းတပ်မြို့ရဲ့ အနောက်ဘက် (၁၀၂)မိုင်အကွာ မတူပီမြို့မှာ ခလရ (၁၄၀) နဲ့ ခလရ (၃၀၄)၊ ဗျူဟာအခြေချတပ်ရင်း စုစုပေါင်း တပ်ရင်း သုံးရင်း ရှိပါတယ်။ ဒါကြောင့် မင်းတပ်ဟာ အချိန်မရွေး အဘက်ဘက်မှာ ဝိုင်းရံပိတ်ဆို့ခံရပြီး ချောင်ပိတ်တိုက်ခိုက်ခံနိုင်ရတဲ့ အခြေအနေမှာရှိပါတယ်။ မင်းတပ်မြို့ မြေပထဝီအနေအထားဟာ ပြည်သူ့လုံခြုံရေးတပ်တွေအတွက် အဓိက ပျော့ကွက်ဖြစ်လာနိုင်ပါတယ်။
နောက်စိုးရိမ်စရာကောင်းတဲ့အချက်ကလဲ စစ်တပ်က မင်းတပ်ကို အခုတိုက်လို့ ရတယ်။ ဘာကြောင့် လက်ဦးမှု ယူပြီး မတိုက်သေးတာလဲလို့ မေးစရာရှိပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းအချက်တွေတွေထဲမှာ စစ်တပ်က မင်းတပ်မြို့ရဲ့ တည်နေရာအနေအထားကို နှောကြေအောင် လေ့လာနေတာ၊ နောက်တိုက်ပွဲတွေမှာ နိုင်အောင် တိုက်ဖို့ စစ်ဗျူဟာခင်းနေတာ၊ သတင်းအချက်အလက်ကို စုဆောင်းနေတာ၊ အခွင့်အခါကောင်းကို စောင့်နေတာ( ဥပမာ- မိုးရာသီလိုမျိုး) ဖြစ်နိုင်ပါတယ်။

(၂) စစ်တပ်ရဲ့မဟာဗျူဟာ

စစ်တပ်က နောက်ထပ် မင်းတပ်တိုက်ပွဲတွေမှာ နိုင်သွားနိုင်တဲ့ ဒုတိယအကြောင်းအရင်းကတော့ စစ်တပ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ်မှာ အသုံးပြုတဲ့ စစ်မဟာဗျူဟာပါပဲ။ အဲဒါကတော့ ဖြတ်လေးဖြတ်လို့ ခေါ်တဲ့ စစ်ဗျူဟာပါ။ စစ်တပ်ဟာ ကွန်မြူနစ်တွေ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖြိုခွင်းရာမှာ ဒီ ဖြတ်လေးဖြတ်ကို ၁၉၆၈ ခုနှစ်လောက်ကတည်းက အသုံးပြုခဲ့ပါတယ်။ ဖြတ်လေးဖြတ်ဆိုတာက စစ်တပ်ဟာ သူ့ရန်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေ စားနပ်ရိက္ခာ၊ ငွေကြေး၊သတင်း အချက်အလက်နဲ့ တပ်သားသစ်တွေမရတော့အောင် ဖြတ်တောက်ပစ်တာပါ။တကယ်လဲ ဖြတ်လေးဖြတ်ဟာ လက်တွေ့မှာ စစ်ရေးအရ အောင်မြင်ခဲ့ပါတယ်။ အောင်မြင်လွန်းလို့ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို နှိမ်နင်းရာမှာ၊ ရခိုင်တပ်ဖွဲ့ အေအေ ကို တိုက်ခိုက်ရာမှာ ဒီမဟာဗျူဟာကို အခုချိန်အထိ အသုံးပြုနေရပါတယ်။ ဒီမဟာဗျူဟာကို စစ်တပ်က မင်းတပ်မြို့အပေါ် ကျင့်သုံးလာနိုင်စရာရှိပါတယ်။

ဖြတ်လေးဖြတ်မဟာဗျူဟာအပြင် စစ်တပ်က ရန်သူ့နယ်မြေတွေကို 'အဖြူရောင်၊အညိုရောင်၊အနက်ရောင်' နယ်မြေတွေဆိုပြီး အန္တရာယ်ရှိမှုအဆင့်အလိုက် ခွဲခြားထားပါတယ်။ အဖြူရောင်နယ်မြေသတ်မှတ်ခံရတဲ့ ဒေသမှာ စစ်တပ်ဟာ အဲဒီနယ်မြေအပေါ် ထိန်းချုပ်မှုရှိပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်ခဲပါတယ်။ အညိုရောင်နယ်မြေသတ်မှတ်ခံရတဲ့ ဒေသမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေရှိပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်အဖွဲ့တွေအကြား နယ်မြေထိန်းချုပ်မှုရဖို့ အပြိုင်ကြိုးစားကြပါတယ်။ ဒေသတစ်ခုဟာ အနက်ရောင်နယ်မြေသတ်မှတ်ခံရရင်တော့ စစ်တပ်ဟာ အဲဒီနယ်မြေထဲမှာရှိတဲ့ ပြည်သူ၊ ပြည်သား မှန်သမျှ ရန်သူလို့ သတ်မှတ်ပါတယ်။ အဲဒါကြောင့် တွေ့တိုင်း အရပ်သားတိုင်းကို စစ်တပ်က ဖမ်းဆီးခွင့်၊နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်ရှိပါတယ်။ မင်းတပ်မြို့ပြည်သူ့တပ်ဖွဲ့ရဲ့ လက်ရှိနေအထားဟာ စစ်တပ်နဲ့ သူမသာ၊ ကိုယ်မသာ အားပြိုင်နေတဲ့ အနေအထားပါ။ နယ်မြေစတ်မှတ်ချက်အရဆိုရင် "အညိုရောင်နယ်မြေ' အဆင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ်တိုက်ပွဲတွေ ဖြစ်ပြီး ပို့ပြင်းထန်လာရင် မင်းတပ်ဟာ 'အနက်ရောင်နယ်မြေအဆင့်' ကို ရောက်သွားနိုင်ပါတယ်။ ဒီအဆင့်ကို ရောက်သွားရင် မင်းတပ်မြို့တွင်းနဲ့ ရွာတွေမှာ စစ်တပ်က တွေ့သမျှ လူတိုင်းဟာ လက်နက်မကိုင်ဆောင်ထားရင်တောင် ရန်သူလို့ သတ်မှတ်ခံရပြီး ချေမှုန်းခံရနိုင်ပါတယ်။

(၃) စစ်လက်နက်အင်အားနဲ့ ဖွဲ့စည်းမှု

တတိယအချက်ကတော့ လက်ရှိစစ်တပ်ရဲ့ စစ်လက်နက် အင်အားနဲ့ ဖွဲ့စည်းမှုပါ။ ပြန်ကောက်ရရင် စစ်တပ်မှာ ခေတ်မီလက်နက်၊ လေယာဉ်နဲ့ အမြှောက်တွေရှိပါတယ်။ တဖက်မှာ ကျွန်တော်တို့ မင်းတပ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှာ စစ်လက်နက်ဆိုလို့ ရှေးရိုးအစဉ်အလာသုံးလာခဲ့တဲ့ တူမီးသေနတ်၊ ခါချိုးသေနတ်၊ မောင်းပြန်သေနတ်၊ လက်လုပ်ဗုန်းတွေနဲ့ လေးမြှားတွေပဲရှိပါတယ်။ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လာရင်၊ မိုးရာသီရောက်လာရင် ဒီလက်နက်ခဲယမ်းတွေဟာ အသုံးပြုလို့ မရတော့ပါဘူး။ ပြီးတော့ လက်ရှိလက်နက်ခဲယမ်းလုံလောက်မှုပိုင်းမှာလဲ ပြဿနာရှိနေပါတယ်။

နောက်အချက်ကတော့ စစ်တပ်ဟာ နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်သားတွေနဲ စနစ်တကျစုဖွဲ့ထားတာပါ။ မင်းတပ်မြို့ ပြည်သူ့လုံခြုံရေးအဖွဲ့ကတော့ စဖွဲ့တာမကြာသေးတာကတကြောင်း၊ ရရာလက်နက်နဲ့ ရရာလူတွေ စုပြီး တိုက်တာကတကြောင်း စနစ်တကျ စုဖွဲ့မှုရှိဖို့ ခက်ခဲနေပါသေးတယ်။ ဒီလိဖွဲ့စည်းမှုအားနည်းတာက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေအကြား အကွဲကွဲအပြားပြားဖြစ်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။
ဒီအချက် (၃) ချက်ဖြစ်တဲ့ မင်းတပ်မြို့ရဲ့ တည်နေရာအနေအထား၊ စစ်တပ်ရဲ့ မဟာဗျူဟာ၊ စစ်တပ်ရဲ့ စက်လက်နက်နဲ့ဖွဲ့စည်းပုံ အားကောင်းမှုတွေဟာ မင်းတပ်မြို့မှာ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာရင် မင်းတပ်မြို့ ပြည်သူ့လုံခြုံရေးတပ်တွေကို အထိနာသွားစေနိုင်တဲ့၊ ကျရှုံးသွားစေနိုက်တဲ့အချက်တွေ ဖြစ်တယ်။

စစ်တပ်ဟာ မင်းတပ်ကို သိမ်းပိုက်ပြီးရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကလဲ အလွန်အရေးကြီးတဲ့ မေးခွန်းပါ။ ပြောရရင် ဒီစာရေးရတဲ့ ရည်ရွယ်ချက်ကိုက ဒီမေးခွန်းကို ဖြေချင်လို့ပါပဲ။
စစ်တပ်က မင်းတပ်ကို သိမ်းပိုက်နိုင်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

​စစ်တပ်က မင်းတပ်ကို သိမ်းပိုက်ရင် အကျိုးဆက်တွေကတော့ မတွေးဝံ့စရာပါပဲ။ စစ်တပ်ဟာ မင်းတပ်ကို သိမ်းရင် အစုအလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အိမ်တွေပေါ်တက်ပြီး လုယက်တာ၊ ညှင်းပန်းနှိပ် စက်တာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ ၊ ပေါ်တာဆွဲတာ၊ ရွာလုံးကျွတ်မီးရှို့ဖျက်စီးတာတွေ လုပ်လာနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ လူတွေ သောင်းနဲ့ချီပြီး သေတာ၊ ထွက်ပြေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ထွက်ပြေးရရအောင်လဲ လေးဘက်လေးတန်က မင်းတပ်မြို့ကို စစ်တပ်က ပိတ်ထားရင် ပြေးစရာ မြေရှိတော့ မှာ မဟုတ်ပါဘူး။ ချောင်ပိတ်မိပြီး ဖမ်းဆီးသတ်ဖြတ်ခံရနိုင်ခြေရှိပါတယ်။ အထူးသဖြင့် စစ်တပ်ဟာ လူငယ်တွေကို ဦးတည်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေကို ပြုလုပ်လာမှာပါ။

စစ်တပ်ဟာ လက်နက်ကိုင်တဲ့လူငယ်၊ လက်နက်မကိုင်တဲ့လူငယ်ဆိုပြီး ခွဲခြားနေမှာမဟုတ်ဘူး။ တွေ့သမျှ လူငယ်တွေကို ရန်သူလိုသဘောထားပြီး ဖမ်းဆီးသတ်ဖြတ်နိုင်ခြေရှိပါတယ်။ ဒီလိုလူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်တာပြုလုပ်ရင် မင်းတပ်မြို့မှာ အဓိက လူမျိုးစုကြီးတွေဖြစ်တဲ့ မွန်း၊ကာန်း၊ ဒိုင်း လူမျိုးစုကြီးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ဘာသာစကားနဲ့အတူ ပျက်စီးပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် စစ်တပ်ရဲ့ အပြုအမူဟာ "ဂျီနိုဆိုက်" ဒါမဟုတ် လူမျိုးပြုန်းတီးစေမှုအထိ သက်ရောက်သွားနိုင်ပါတယ်။

တကယ်တမ်းအားဖြင့် မြန်မာနိုင်ငံမှာ ချင်းလူမျိုးတွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်း တောင်မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝန်း၊ အထူးသဖြင့် UN လိုအဖွဲ့အစည်းတွေအနေနဲ့ ကြေညာချက်ထုတ်ရုံတင်နဲ့မရပါဘူး။ လူမျိုးသုဉ်းပျောက်ကွယ်စေမှု (ဂျီနိုဆိုဒ်)အထိ ဖြစ်သွားနိုင်တဲ့ ဒီလူ့ကပ်ဘေးကြီး ဖြစ်ပေါ်လာနိုင်ခြေကို တတ်နိုင်သမျှ တားဆီးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ မင်းတပ်မှာ ဂျီနိုဆိုဒ်လိုမျိုး ဖြစ်ရပ်ဆိုးကြီးဖြစ်လာရင် နဂိုတည်းက အရေအတွက်အနည်းငယ်ပဲရှိတဲ့ ချင်းလူမျိုးစုတွေဟာ လုံးလုံးလျားလျား ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်မလာဖို့ တားဆီးရမယ်။

ဘယ်လိုတားဆီးကြမလဲ။

မင်းတပ်မှာ ဂျီနိုဆိုဒ်လိုမျိုး ဖြစ်မလာဖို့ လုပ်ရမယ့်၊ လုပ်နိုင်တဲ့ အချက် သုံးချက်ရှိပါတယ်။

ပထမအချက်ကတော့ တနိုင်ငံလုံး လက်နက်ကိုင်ပြီး စစ်တပ်ကို တပြိုင်နက်တည်း တော်လှန်ကြဖို့ပါ။ မဟုတ်ရင် စစ်တပ်ဟာ မင်းတပ်လိုမျိုး မြို့ငယ်တွေကို အတင်းဖိတိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ချင်သလို ကျူးလွန်သွားနိုင်ပါတယ်။ မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဟားခါးမြို့၊ ထီးလင်း၊ မြင်းခြံ၊ ကန္နီ၊ မြင်းမူလို အညာဒေသတွေမှာ စစ်တပ်အပေါ် လက်နက်ကိုင်တန်ပြန်တော်လှန်မှု ဖြစ်လာတာ အားရစရာကောင်းပါတယ်။ တဖြည်းဖြည်းနဲ့ လူငယ်တွေ အများအပြား KNU လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ စစ်သင်တန်းသွားတက်ရောက်နေတ မြင်ရတာလဲ အားတက်စရာပါ။ ပြီးတော့ တလောကပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ PDF လို့ခေါ်တဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကို မြို့နယ်တိုင်းမှာ တရားဝင်ဖွဲ့စည်းစေခဲ့ပါတယ်။ တဘက်မှာလဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ KNU နဲ့ TNLA တို့ဟာ စစ်တပ်ကို တနေ့တလံ အားမလျော့ဘဲ တိုက်ပွဲဆင်နေကြပါတယ်။ ဒါပေမယ့် ပြည်သူတွေ ထုနဲ့ထည်နဲ့ လက်နက်ကိုင်ပြီး စစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အုံ့ကြွတိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးကို အရောက်သွားနိုင်ဖို့လိုပါတယ်။ ဒီနည်းနဲ့သာ ကျနော်တို့ဟာ ဒီအရေးတော်ပုံကို အောင်နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီကို ပြန်ရနိုင်ပါလိမ့်မယ်။ တနိုင်ငံလုံးက လက်နက်နဲ့ အုံ့ကြွပြီး စစ်တပ်ကို ဖြုတ်ချနိုင်တဲ့အခါ မင်းတပ်လဲ ဂျီနိုဆိုဒ်လုပ်ခံရနိုင်တဲ့ အန္တရာယ်ကနေ ကင်းလွတ်သွားပါလိမ့်မယ်။

ဒုတိယအချက်ကတော့ မင်းတပ်မြို့ ပြည်သူ့လုံခြုံရေးတပ်ကို ခေတ်မီ လက်နက်ခဲယမ်းနဲ့ ငွေကြေးထောက်ပံ့ဖို့ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးစနစ်၊ ဘဏ်စနစ်ဟာ ပြိုလဲလုအခြေအနေမှာ လူတိုင်းဟာ ခက်ခဲနေတယ်ဆိုတယ်နားလည်ပါတယ်။ ဒါပေမယ့် မင်းတပ်မြို့ခံတွေဟာ CDM ဝန်ထမ်းတွေနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကို ငွေကြေးနဲ့ပစ္စည်း အလုံအလောက်မထောက်ပံ့နိုင်ပါဘူး။ မင်းတပ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေမှာ ၁၃၊ ၁၄ နှစ်အရွယ်ကနေ အသက် ၈၀ အရွယ်အဖိုးကြီးတွေအထိပါဝင်ပါတယ်။ တချို့အဖွဲ့ဝင်တွေဆိုရင် စားနပ်ရိက္ခာအလုံအလောက် မရကြဘူး။ တချို့ဆိုရင် စီးစရာ ဖိနပ်တောင်မရှိပါဘူး။ နောက်ပြီး မြို့တွင်း CDM ဝန်ထမ်းတော်တော်များများဟာ ဝင်ငွေမရှိဘဲ ရပ်တည်နေကြရပါတယ်။အခက်ခဲဆုံးကာလကို ဖြတ်သန်းနေရပါတယ်။ ထောက်ပံ့မှုရတဲ့ CDM ဝန်ထမ်းတွေမှာတောင် တခါရရင် ရတဲ့ပမာဏက ငါးသောင်းထက် မပိုပါဘူး။ မိသားစုဝင်များပြားတဲ့ CDM ဝန်ထမ်းတွေမှာ ဒီလောက်ထောက်ပံ့မှုနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲပါတယ်။ ကုန်ဈေးနှုန်းကလဲ တရိပ်ရိပ်တက်လာနေတာဖြစ်တဲ့အတွက် အတိုင်းဆက်သွားရင် ရှေရျည်မှာ မင်းတပ်မြို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နဲ့ CDM ဟာ ပြိုလဲသွားနိုင်စရာရှိပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ NUG ၊ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေတ်မီလက်နက်ခဲယမ်းနဲ့ ငွေကြေးလုံလောက်အောင် ထောက်ပံ့ပေးဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးအချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် UN လို အင်အားကြီးအဖွဲ့အစည်းတွေ နဲ့ အမေရိကန်လို အင်အားကြီးနိုင်ငံတွေရဲ့ အခန်းကဏ္ဍပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အင်အားကြီး ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ 'အလွန်အမင်းစိုးရိမ်ကြောင်း' ကြေငြာချက်ထုတ်ပြန်တာကို ရပ်သင့်ပါပြီ။ သူတို့ရဲ့ စိုးရိမ်မှုတွေကို တကယ်လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ပြသဖို့လိုပါပြီ။ကပ ဆန် ရှင် (စီးပွားရေးပိတ်တို့မှုတွေလုပ်တာ)၊ စစ်တပ်ကို လက်နက်တင်ပို့မှု ရပ်ဆိုင်းဖို့ ကြိုးပမ်းတာတွေက ထိရောက်တန်သလောက် ထိရောက်နိုင်ပေမယ့် တကယ့် လက်တွေ့ထိရောက်တဲ့ ကြားဝင်စွက်ဖက်မှုမျိုးကို လုပ်ပေးဖိုပါ။ R2P အရ စစ်ရေးအရ ကြားဝင်စွက်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် စစ်တပ်ကို စိတ်လိုလက်ရ စစ်ရာဇဝတ်မှုတွေ၊ မျိုးသုဉ်းသတ်ဖြတ်မှုတွေကို ကျူးလွန်ခွင့်ပေးသလိုဖြစ်ပြီး အဖိုးတန်လှတဲ့ အသက်ပေါင်းများစွာ ပျက်စီးပျောက်ကွယ်သွားနိုင်ပါတယ်။ မင်းတပ်မှာ စစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရဲ့ မင်းတပ်မြို့လူထုရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ။ လူမျိုးနွယ်စုတွေ ပျောက်ကွယ်သွားနိုင်တဲ့ အလားအလာရှိပါတယ်။ အဲဒီလို မဖြစ်လာဖို့ နိုင်ငံတကာအနေနဲ့ စစ်ရေးအရ ကြားဝင်စွက်ဖက်ပေးပါ။ သန်းပေါင်းများစွာသော လူတွေရဲ့ အသက်၊ ဘဝနဲ့ အနာဂတ်တွေကို အချိန်မီ ကယ်တင်နိုင်ပါလိမ့်မယ်။


Zawgyi




ဒီေဆာင္းပါးကို ဒီေန႔ျဖစ္ရပ္မတိုင္ခင္ အခ်ိန္မရတဲ့ၾကားက ႀကိဳးစားၿပီး ေရးခဲ့ပါတယ္။ အဓိကေရးရတဲ့ ရည္႐ြယ္ခ်က္က မင္းတပ္ၿမိဳ႕မွာ ေနာက္ထပ္တိုက္ပြဲေတြျဖစ္ရင္ ဘယ္လိုအက်ိဳးဆက္ေတြျဖစ္လာႏိုင္မလဲဆိုတာကို သိေစခ်င္လို႔ပါပဲ​။ ဒါေပမယ့္ အခုေတာ့ မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲေတာင္ ျဖစ္ၿပီးေနပါၿပီ။ က်ေနာ္ ေတာထဲေတာင္ထဲ ေျပးေနရတဲ့ ဘဝေရာက္ပါၿပီ။

ဒီေဆာင္းပါးနဲ႔ပတ္သက္ၿပီး ေမတၱာရပ္ခံခ်င္တာ ႐ွိပါတယ္။ ပထမအေနနဲ႔ ဒီေဆာင္းပါးဟာ အေတာ္႐ွည္ပါတယ္။ ဒီေန႔ တည္းျဖတ္တာလုပ္ဖို႔ စဥ္းစားခဲ့ေပမယ့္ တိုက္ပြဲေတြေၾကာင့္ အေျခအေနမေပးေတာ့ပါဘူး။ ဒုတိယအခ်က္က ဒီေဆာင္းပါးမွာ စာလုံးေပါင္းသတ္ပုံမမွန္တာ၊ စာေထာင့္ေနတာေတြ မ်ားႏိုင္ပါတယ္။ ဒါေၾကာင့္ သည္းခံၿပီး ျပင္ဆင္ဖတ္႐ူေပးၾကပါ။ တတိယအခ်က္က ဒီေဆာင္းပါးကို ဖတ္ၿပီးရင္ ျပန္႔ဖန္႔ေဝေပးပါ။ ဒီနည္းနဲ႔ က်ေနာ္တို႔ကို ကူညီႏိုင္ပါတယ္။

ဒီေဆာင္းပါးဟာ အေတာ္႐ွည္တဲ့အတြက္ PDFနဲ႔ ဖတ္ရင္ ပိုအဆင္ေျပပါလိမ့္မယ္။ PDF link ကို ဒီမွာ ယူႏိုင္ပါတယ္။ https://drive.google.com/file/d/125kwdvgkaZwRB1LQ8FGFYT7jVUiedS5L/view?usp=drivesdk

------------------------------------

မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲေတြ ဆက္ျဖစ္ရင္ ဘာေတြ ျဖစ္လာႏိုင္သလဲ။

မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲေတြ ဆက္ျဖစ္ရင္ ဘာေတြ ျဖစ္လာႏိုင္သလဲ မေရးခင္ မင္းတပ္ၿမိဳ႕မွာ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို ေရးခ်င္ပါတယ္။

မင္းတပ္ၿမိဳ႕မွာ ဘာေတြျဖစ္ခဲ့သလဲ။

မင္းေအာင္လိႈင္ဦးေဆာင္ၿပီး အာဏာသိမ္းမႈကို ဆန္႔က်င္ရာမွာ မင္းတပ္ၿမိဳ႕ဟာ အေစာဆုံးက ပါဝင္ခဲ့ပါတယ္။ မႏၲေလးလို၊ ရန္ကုန္လို ၿမိဳ႕ႀကီးေတြမွာ သိန္းေသာင္းခ်ီဆႏၵျပမႈစျဖစ္လာတဲ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔အၿပီး၊ သိပ္မၾကာတဲ့ ၈ရက္ေန႔မွာ မင္းတပ္ၿမိဳ႕က ျပည္သူေတြကလဲ အာဏာသိမ္းမႈကို ၿမိဳ႕လုံးကြၽတ္ စၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဒါေပမယ့္ စစ္တပ္က တျခားၿမိဳ႕ေတြမွာ ဆႏၵျပျပည္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ဖမ္းဆီးမႈျပဳလာတဲ့အခ်ိန္မွာ မင္းတပ္ၿမိဳ႕ဟာ ထူးထူးျခားျခား အဲဒီလို ျဖစ္ရပ္မ်ိဳးကို မၾကဳံေတြ႕ခဲ့ရဘူး။ ဘာလို႔လဲ ေမးစရာ႐ွိပါတယ္။ မင္းတပ္ျပည္သူဆႏၵျပေခါင္းေဆာင္ေတြရဲ႕ သေဘာထားခံယူခ်က္၊ စြဲကိုင္ထားတဲ့မူနဲ႔ ဆိုင္မယ္ထင္ပါတယ္။

အၾကမ္းမဖက္ေရးမူနဲ႔ လက္နက္စြဲကိုင္ေရးမူ

ျမန္မာႏိုင္ငံတဝွမ္းမွာ ႐ွိတဲ့ စစ္အာဏာသိမ္းဆန္႔က်င္ေရးလႈပ္႐ွားမႈေတြကို ေလ့လာၾကည့္ရင္ ဆန္႔က်င္ေရးမူ ဒါမဟုတ္ လမ္းစဥ္ႏွစ္မ်ိဳးကြဲျပားေနတာကိုေတြ႕ႏိုင္ပါတယ္။ ပထမမူကေတာ့ civil disobedience movement (CDM) လို႔ေခၚတဲ့ အၾကမ္းဖက္အာဏာဖီဆန္ေရးမူျဖစ္တယ္။ CDM မွာ အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာဆႏၵျပတာ၊ အစိုးရဝန္ထမ္းေတြ ရာထူးကေန ႏုတ္ထြက္ၾကတာ၊ ဘဏ္ဝန္ထမ္းေတြ လုပ္ငန္းခြင္ မဝင္ၾကေတာ့တာေတြ ပါဝင္ပါတယ္။ အဓိကရည္႐ြယ္ခ်က္ကေတာ့ စစ္အဏာသိမ္းေကာင္စီေကာင္စီ အုပ္ခ်ဳပ္လို႔မရေအာင္၊ အစိုးရယႏၲယားအားလုံး ရပ္ဆိုင္းသြားေအာင္ လုပ္ဖို႔ ရည္႐ြယ္ပါတယ္။ ဒါေပမယ့္ အစိုးရက ဖိႏွိပ္လို႔ ျပည္သူေတြ အေသအေပ်ာက္မ်ားလာတဲ့အခါ လမ္းမေပၚ ဆႏၵထြက္ျပ လို႔မရတဲ့အေျခအေနေတြ ျဖစ္လာပါတယ္။ တဘက္မွာ အၾကမ္းမဖက္ေရးမူရဲ႕ ထိေရာက္မႈဟာလဲ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ ဒီလိုနဲ႔ “အေသေတာ့ မခံႏိုင္ဘူး”၊ “ဖိရင္ႂကြ ထိရင္ခ်”၊ “လက္နက္ကိုင္ တိုက္မွ ေတာ္လွန္ေရးေအာင္ျမင္မယ္၊ စစ္အာဏာ႐ွင္ ျပဳတ္က်မယ္” စတဲ့ အယူအဆေတြ အမ်ားျပည္သူအၾကားမွာ ျပန္႔ႏွံ႔လာပါတယ္။ ဒီအစိတ္ခံ၊အယူအဆက ထြက္ေပၚလာတဲ့ လႈပ္႐ွားမႈေတြကို လက္နဲစြဲကိုင္ေရးမူလို႔ ဆိုႏိုင္ပါတယ္။

မင္းတပ္ၿမိဳ႕မွာ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္ေတြ၊ လႈပ္႐ွားမႈေတြကို ျပန္ၾကည့္ရင္ အလားတူ စစ္အာဏာ႐ွင္ ဆန္႔က်င္ေရးမူ ႏွစ္မ်ိဳး ဒြန္တြဲေနတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္ မင္းတပ္ၿမိဳ႕ ဆႏၵျပသပိတ္ ေခါင္းေဆာင္ေတြနဲ႔ လူႀကီးပိုင္းမွာ အၾကမ္းမဖက္ေရးဆန္႔က်င္ေရးမူက ႀကီးစိုးထားတာကို ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္လဲ မင္းတပ္မွာ ေန႔တိုင္းလိုလို တနည္းတဖုံနဲ႔ ဆႏၵျပခဲ့ၾကေပမယ့္ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္​ၿဖိဳခြင္းတာ၊ ဖမ္းဆီးတာ၊ သတ္ျဖတ္တာေတြ မ႐ွိခဲ့ဘူး။

ေနာက္တေၾကာင္းကလဲ ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ေဆာင္ခြင့္႐ွိတာ ခ်င္းျပည္တစ္ခုတည္းပဲ ႐ွိပါတယ္။ ခ်င္းလူမ်ိဳးေတြဟာ လက္နက္ေဆာင္ထားတာကို ဂုဏ္သိကၡာတစ္ခုလို တန္ဖိုးထားပါတယ္။ ဒါေၾကာင့္ အိမ္တိုင္းလိုလိုမွာ အနည္းဆုံး ေသနတ္တစ္ခုေတာ့ ထားၾကပါတယ္။ ေသနတ္ကို အသုဘမွာ ႐ိုးရာဓေလ့အရ သုံးၾကပါတယ္။အမဲလိုက္ရာမွာ သုံးၾကပါတယ္။ ဒါေၾကာင့္ ခ်င္းလူမ်ိဳးေတြဟာ လက္နက္ကိုင္ အေတြ႕အၾကဳံ႐ွိပါတယ္။ ဒါေၾကာင့္လဲ စစ္တပ္ဟာ မင္းတပ္မွာ အမွားမလုပ္မိဖို႔ သတိအေတာ္ႀကီးထားခဲ့တာ ျဖစ္ပါလိမ့္မယ္။ တျခား အေရးႀကီးတဲ့အခ်က္ေတြလဲ ႐ွိပါလိမ့္မယ္။ ဘာျဖစ္ျဖစ္ အဲဒီလို အၾကမ္းမဖက္ ေရးမူကို တစိုက္မက္မက္စြဲကိုင္ထားတဲ့ မင္းတပ္မွာ ပထမဆုံးအႀကိမ္ ဧၿပီ ၂၄ ရက္ေန႔မွာ မလႊဲသာ မေ႐ွာင္သာ လက္နက္ကိုင္တိုက္ပြဲ ျဖစ္လာခဲ့ပါတယ္။

မင္းတပ္ၿမိဳ႕က လက္နက္ကိုင္တိုက္ပြဲဟာ အရပ္သား ခုႏွစ္ဦးကို ဧၿပီလ ၂၄ရက္ေန႔မွာ စစ္ေကာင္စီက ဖမ္းဆီးရာက စတင္ပါတယ္။ အရပ္သားေတြကို ဖမ္းဆီးတဲ့ သတင္းရတဲ့ခ်က္ခ်င္း ျပည္သူေတြဟာ ၿမိဳ႕မေဈးမွာ စုေဝးၿပီး အရပ္သားေတြကိုျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ စစ္ေကာင္စီက ျပန္လႊတ္ေပးမယ္လို႔ အႀကိမ္ႀကိမ္ကတိေပးၿပီး ျပန္မလႊတ္ေပးခဲ့ပါဘူး။ ပိုဆိုးတာက ညေန ၅ နာရီခြဲေလာက္မွာ ဆိုင္ကယ္စီး လူငယ္ႏွစ္ဦးကို စစ္သားေတြက လိုက္လံပစ္ခတ္ခဲ့တာပါ။ ဆိုင္ကယ္အေမာင္းျမန္လို႔ လူငယ္ႏွစ္ဦးဘာမွ မျဖစ္ခဲ့ပါဘူး။

စစ္တပ္ရဲ႕ ကတိမတည္မႈ၊ စတင္ပစ္ခတ္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ မင္းတပ္သပိတ္ေခါင္းေဆာင္ေတြဟာ လက္နက္ကိုင္တိုက္ပြဲကို စတင္လိုက္ပါတယ္။ ဒီလိုနဲ႔ သုံးရက္ၾကာတဲ့ မင္းတပ္တိုက္ပြဲ စတင္လာခဲ့ပါတယ္။ တိုက္ပြဲျဖစ္တဲ့ ဧၿပီလ ၂၆ ရက္ေန႔မွာ စစ္တပ္ဟာ အထိအနာဆုံးပါပဲ။

ပခုကၠဴကေန တက္လာတဲ့ စစ္ကားတစ္စီးဟာ ၿမိဳ႕အဝင္ ေဂါက္ကြင္းနားမွာ ၾကားျဖတ္ တိုက္ခိုက္ခံရပါတယ္။ စစ္သား တစ္ေယာက္က်ဆုံးၿပီး သုံးေယာက္ ထိခိုက္ဒဏ္ရာရတယ္လို႔ဆိုပါတယ္။
ၿပီးေတာ့ နာမည္ေက်ာ္တဲ့ မင္းတပ္ၿမိဳ႕အေနာက္ဘက္၊ မိုင္တိုင္ ၃၀ တိုက္ပြဲ ျဖစ္ခဲ့ပါတယ္။ မတူပီဖက္ကေန စစ္ကူဆင္းလာတဲ့ စစ္ကားသုံးစီးကို မင္းတပ္ၿမိဳ႕ခံေတြက ေျပာက္က်ားနည္းနဲ႔ တိုက္ခိုက္တာပါ။ အဲဒီတိုက္ပြဲမွာ အနည္းဆုံး စစ္သား ဆယ့္ငါးဦးက်ဆုံးတယ္လို႔ ဆိုၾကပါတယ္ ။ အသက္မေသတဲ့ က်န္ရစ္တဲ့ စစ္သားေတြဟာ ထြက္ေျပးရာက စစ္သား သုံးဆယ္ ေလာက္ မိုင္ ၃၀ မွာ ႐ွိတဲ့ ဗိုလ္တဲေဟာင္းတစ္ခုမွာ ပိတ္မိသြားပါတယ္။ မင္းတပ္ျပည္သူ႕လုံျခဳံေရးအဖြဲ႕ဝင္ေတြက ၾကားညႇပ္တိုက္ခိုက္တဲ့အတြက္ ေ႐ွ႕တိုးမရ၊ ေနာက္မဆုတ္ရ ေခ်ာင္ပိတ္မိသြားခဲ့ပါတယ္။

ဒီလို စစ္သားသုံးဆယ္ေလာက္ ေခ်ာင္ပိတ္ရာက ဧၿပီလ၊၂၇ ရက္ေန႔မွာ စစ္တပ္က အပစ္အခတ္ရပ္စဲဖို႔၊ ေစ့စပ္ညႇိႏိႈင္းဖို႔ ျပည္သူ႕လုံျခဳံေရးကို ကမ္းလွမ္းခဲ့ပါတယ္။ အႀကိမ္ႀကိမ္ ညႇိႏိႈင္းၿပီး ညေန ၁၁ နာရီ ေရာက္တဲ့အခါမွသာ သေဘာတူညီမႈအခ်ိဳ႕ ရခဲ့ပါတယ္။ သေဘာတူညီမႈမွာ စစ္တပ္က ဖမ္းထားတဲ့ ျပည္သူ ခုႏွစ္ဦး နဲ႔ ပိတ္မိေနတဲ့ စစ္သား ၃၀ ဦးကို အလဲအလွယ္ျပဳဖို႔၊ စစ္တပ္က လက္႐ွိေနရာက ေ႐ွ႕ဆက္တိုးမလာဖို႔၊ စစ္တပ္က စစ္ကူထပ္မေခၚဖို႔တို႔ ပါဝင္ပါတယ္။ သေဘာတူညီခ်က္အတိုင္း စစ္တပ္က အရပ္သား ခုႏွစ္ဦးကို ျပန္လႊတ္ေပးခဲ့ပါတယ္။ မင္းတပ္ျပည္သူ႕လုံျခဳံေရးတပ္ကလဲ ပိတ္မိေနတဲ့ စစ္သား သုံးဆယ္ကို ဆုတ္ခြာခြင့္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေစ့စပ္ညႇိႏိႈင္းစဥ္မွာ စစ္တပ္က ဖမ္းထားတဲ့ ျပည္သူ ဆယ့္သုံးဦး ေလာက္႐ွိပါတယ္။ ဒါေၾကာင့္ က်န္တဲ့ ေျခာက္ဉီးကို စစ္တပ္က ဆက္ၿပီးဖမ္းထားဆဲပါပဲ။ အဲဒါေၾကာင့္ သေဘာတူညီခ်က္ဟာ မမွ်တတဲ့ သေဘာတူညီခ်က္လို ျဖစ္ေနတယ္။ ဒါေၾကာင့္လဲ ေဆြးေနးညႇိႏိႈင္းမႈဟာ အႀကိမ္ႀကိမ္ ပ်က္လုနီးပါးျဖစ္ခဲ့ပါတယ္။ သေဘာတူညီမႈျပဳလုပ္တဲ့ ဧၿပီလ၊ ၂၇ ရက္ေန႔ ေနာက္ပိုင္းမွာေတာ့ စစ္တပ္နဲ႔ျပည္သူအၾကား ထပ္မံတိုက္ခိုက္တာ မ႐ွိေတာ့ပါဘူး။
တိုက္ပြဲအစအဆုံးကို ျပန္ခ်ဳပ္လိုက္ရရင္ မင္းတပ္ျပည့္သူ႕လုံျခဳံေရးအဖြဲ႕ဘက္မွာ က်ဆုံးမႈမ႐ွိခဲ့ပါဘူး။ စစ္တပ္ဘက္မွာေတာ့ အမ်ားအျပား က်ဆုံးခဲ့ပါတယ္။ တခ်ိဳ႕သတင္းေတြက စစ္သား ၂၅ ေယာက္က်ဆုံးတယ္။ တခ်ိဳ႕သတင္းရင္းျမစ္ေတြကေတာ့ သုံးဆယ္ေက်ာ္ က်ဆုံးတယ္လို႔ ေဖာ္ျပၾကပါတယ္။ ဒါေၾကာင့္ မင္းတပ္နဲ႔ စစ္တပ္ ပထမဦးဆုံးတိုက္ပြဲမွာ အနည္းဆုံး ႏွစ္ဆယ့္ငါးဦးက်ဆုံးတယ္လို႔ဆိုႏိုင္ပါတယ္။ ဒါဟာ စစ္တပ္အဖို႔ တျခားၿမိဳ႕ငယ္ေလးေတြမွာ မၾကဳံခဲ့ဖူးတဲ့ ႐ႈံးနိမ့္မႈပါပဲ။ စစ္တပ္ရဲ႕ အ႐ိႈက္ကိုထိတဲ့ ထိုးႏွက္ခ်က္ပါပဲ။ ဒါေၾကာင့္ စစ္တပ္ဟာ အ႐ွက္ကို ဖုံးခ်င္တဲ့အေနနဲ႔ မင္းတပ္ၿမိဳ႕ျဖစ္စဥ္မွာ စစ္သားႏွစ္ဦးပဲ က်ဆုံးခဲ့တာလို႔ ျမဝတီ႐ုပ္သံကေနတဆင့္ ေျဗာင္လိမ္ခဲ့တာပါ။ စစ္တပ္ဟာ ဒီက်ဆုံးမႈကို အခဲမေက် ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ဘယ္နည္းနဲ႔မဆို လက္တုံ႔ျပန္ဖို႔ လုပ္လာပါမယ္။

မင္းတပ္ဟာ သမိုင္းအစဥ္အလာနဲ႔ၿမိဳ႕

မင္းတပ္တိုက္ပြဲမွာ စစ္တပ္မ႐ႈမလွခံလိုက္ရတာ၊ စစ္သားအမ်ားအျပား က်ဆုံးတာကို သိရတဲ့အခါမွာ ကိုလိုနီေခတ္က သမိုင္း အျဖစ္အပ်က္တစ္ခုကို ျပန္သတိရေစပါတယ္။ အဲဒါက ဘာလဲဆိုေတာ့ ၁၉၄၀ ခုႏွစ္မွာ ျမန္မာ့လြတ္ေရးေခါင္းေဆာင္ႀကီးျဖစ္လာမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို အဂၤလိပ္အစိုးရက ဆုေငြ ငါးက်ပ္နဲ႔ ဖမ္းဝရမ္းထုတ္ပါတယ္။ ဖမ္းဝရမ္းထုတ္ရတဲ့အေၾကာင္းအရင္းက ဇလြန္ၿမိဳ႕မွာ ဉီးဝမၼသူးအပါအဝင္ ခ်င္းအမ်ိဳးသား ေခါင္းေဆာင္ေတြ ဖမ္းဆီးႏွိပ္စက္ခံရတဲ့အေၾကာင္းကို ေျပာခဲ့လို႔ပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ အဖမ္းမခံဘဲ တိမ္းေ႐ွာင္ရင္း လက္နက္ကိုင္ေတာ္လွန္ေရးကို စတင္ခဲ့ပါတယ္။ တ႐ုတ္ျပည္က လက္နက္အကူအညီယူဖို႔ သြားရင္း အမြိဳင္ဆိပ္ကမ္းမွာ ေသာင္တင္တယ္။ အဲဒီကေနတဆင့္ ဂ်ပန္အကူအညီယူၿပီး အခု စစ္တပ္ရဲ႕ အစျဖကစ္တဲ့ ရဲေဘာ္သုံးက်ိပ္ကို စၿပီးဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ “ေတာ္လွန္ေရးအစ ခ်င္းေတာင္က” လို႔ ဆိုၾကတဲ့သူေတြ ေတာင္႐ွိပါတယ္။ ဒီေနရာမွာ ေတာ္လွန္ေရးအစ ကို ျဖစ္ေစခဲ့တဲ့ ခ်င္းအမ်ိဳးသားေခါင္းေဆာင္အမ်ားစုဟာ မင္းတပ္နယ္သားေတြျဖစ္ေနတာပါ။ ဒါေၾကာင့္ မင္းတပ္သူ၊ မင္းတပ္သားေတြ ျမန္မာ့သမိုင္းမွာ အေရးပါတဲ့ေနရာကေန အရင္ကတည္းက ပါခဲ့ၾကတယ္ဆိုတာကို သိႏိုင္ပါတယ္။အခုလဲ ခ်င္းျပည္နယ္မွာ မင္းတပ္ၿမိဳ႕က လက္နက္ကိုင္ၿပီး ပထမဆုံးေတာ္လွန္လိုက္ပါၿပီ။ ဒါေၾကာင့္ "ခ်င္းေတာ္လွန္ေရးအစ မင္းတပ္က”လို႔ အခုေတာ့ သမိုင္း မွတ္တမ္း ေရးထိုးႏိုင္ၿပီလို႔ ထင္ပါတယ္။

လက္႐ွိမင္းတပ္အေျခအေန

အေပၚမွာ ေျပာခဲ့တဲ့အတိုင္း မင္းတပ္မွာ ဧၿပီလ၊ ၂၇ရက္ေန႔ ေနာက္ပိုင္းကေန လက္႐ွိအခ်ိန္အထိ တိုက္ခိုက္မႈေတာ့ မ႐ွိေသးပါဘူး။ မင္းတပ္ျပည္သူ႕လုံျခဳံေရးအဖြဲ႕က စစ္တပ္ကို ရဟတ္ယာဥ္ ၂ စီး တႀကိမ္၊ စစ္သား ၈၈ ေယာက္ပါလာတဲ့ စစ္ကား ၁၃ စီးကို တႀကိမ္ မင္းတပ္ၿမိဳ႕အေပၚ ျဖတ္သန္းခြင့္ျပဳခဲ့ပါတယ္။ ရဟတ္ယာဥ္ေတြကို မင္းတပ္ၿမိဳ႕အေပၚ ပ်ံသန္းခြင့္ျပဳဖို႔ စစ္တပ္က ေတာင္းဆိုရာမွာ အဓိကအေၾကာင္း အရင္းက မင္းတပ္ၿမိဳ႕တြင္းမွာ႐ွိတဲ့ ၂၇၄ တပ္ရင္းကို လစာနဲ႔ စားနပ္ရိကၡာပို႔ဖို႔လိုဆိုပါတယ္။ ဒါေပမယ့္ ဒါဟာ အေပၚယံအေၾကာင္းအရင္း သက္သက္ပဲ ျဖစ္ႏိုင္ပါတယ္။ စစ္တပ္ဟာ ၂၇၄ တပ္ရင္းဆီ လက္နက္ခဲယမ္းေတြပို႔တာ၊ ၿပီးေတာ့ ေနာက္ထပ္ မင္းတပ္ၿမိဳ႕ကို တိုက္ခိုက္ဖို႔ ၿမိဳ႕ေျမျပင္အေနအထားကို ေလ့လာတာပိုျဖစ္ႏိုင္ပါတယ္။
စစ္ကား ၁၃ စီးကို ျဖတ္သန္းခြင့္ျပဳရာမွာလည္း စစ္တပ္က အေၾကာင္းျပတာက ပလက္ဝ၊ စမီးမွာ တပ္အင္အားသြားျဖည့္ဖို႔လို႔ ဆိုပါတယ္။ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအ နဲ႔ တိုက္ပြဲျဖစ္တုန္းက စစ္တပ္ဟာ စမီးကေန အေျခစိုက္ၿပီး တိုက္တာပါ။ ဒါေပမယ့္ တခ်ိဳ႕အတည္မျပဳႏိုင္တဲ့ သတင္းေတြအရ အဲဒီ စစ္ကား (၁၃) စီးမွာပါလာတဲ့ စစ္သားေတြဟာ ပလက္ဝကို မေရာက္ဘူး၊ မတူပီၿမိဳ႕အနီးမွာ တပ္ဆြဲေနတယ္လို႔ သိရပါတယ္။
ဒီအေျခအေနေတြကို ၾကည့္တဲ့အခါ မင္းတပ္ၿမိဳ႕မွာ အခ်ိန္မေ႐ြး တိုက္ပြဲျပန္ျဖစ္လာႏိုင္ပါတယ္။ တိုက္ပြဲေတြျပန္ျဖစ္လာႏိုင္တဲ့ အဓိကအေၾကာင္းအရင္းကေတာ့ အေပၚမွာ ေရးခဲ့တဲ့အတိုင္း စစ္တပ္ဟာ ပထမအႀကိမ္ေတြ႕ဆုံမႈမွာ အႀကီးအက်ယ္ ႐ႈံးနိမ့္လိုက္ခဲ့တာပဲ။ စစ္တပ္ဟာ ဒီအျဖစ္ကို လုံးဝလက္မခံႏိုင္ေလာက္ပါဘူး။ မင္းတပ္ၿမိဳ႕ကို ျပန္သိမ္းဖို႔ မရမက ႀကိဳးစားလာမွာပါ။ အဲဒီလို စစ္တပ္က ႀကိဳးစားလာတဲ့အခါ ဘာအက်ိဳးဆက္ေတြ ျဖစ္လာႏိုင္မလဲ။ ဒီလိုျဖစ္လာရင္ မင္းတပ္ၿမိဳ႕အေနနဲ႔ ေတာင္ခံ ႏိုင္ပါ့မလား။
ေနာက္ထပ္တိုက္ပြဲေတြျဖစ္လာရင္ မင္းတပ္ၿမိဳ႕ ေတာင့္ခံႏိုင္မလား။
ေျပာခဲ့တဲ့အတိုင္း စစ္တပ္ဟာ ပထမေတြ႕ဆုံမႈမွာ အထိနာခဲ့ေတာ့ ဂုဏ္သိကၡာကို ျပန္အဖတ္ဆယ္ဖို႔ လုပ္ပါလိမ့္မယ္။ မင္းတပ္ၿမိဳ႕ကို အင္အားအလုံးအရင္းနဲ႔ တိုက္ၿပီး မရမက ၿမိဳ႕ကို သိမ္းပိုက္ဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။ ေနာက္ထပ္တိုက္ပြဲေတြျဖစ္လာတဲ့အခါ ျပည္သူ႕လုံျခဳံေရးတပ္ဖြဲ႕ေတြ ႐ႈံးသြားႏိုင္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ဒီလိုေျပာရတာက အေၾကာင္းအရင္း (၃) ခု႐ွိပါတယ္။ အဲဒါေတြေတြကေတာ့ (၁) မင္းတပ္ၿမိဳ႕ရဲ႕ တည္ေနရာအေနအထား၊ (၂) စစ္တပ္ရဲ႕ မဟာဗ်ဴဟာ နဲ႔ (၃) စစ္လက္နက္အင္အားနဲ႔ဖြဲ႕စည္းပုံေတြပါ။ တစ္ခုခ်င္းစီ ႐ွင္းျပသြားပါမယ္။

(၁) မင္းတပ္ၿမိဳ႕ရဲ႕ တည္ေနရာအေနအထား

ပထမအေၾကာင္းအရင္းျဖစ္တဲ့ မင္းတပ္ၿမိဳ႕တည္ေနရာအထားကို ေျပာရရင္ မင္းတပ္ၿမိဳ႕ဟာ ခ်င္းျပည္ၿမိဳ႕ေတြအနက္ ျပည္မနဲ႔ အနီးစပ္ဆုံး ၿမိဳ႕ေတြထဲမွာ ပါတယ္။ မင္းတပ္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ အေ႐ွ႕ဘက္ ၁၈ မိုင္ေလာက္အကြာမွာ ေက်ာက္ထုၿမိဳ႕ ႐ွိပါတယ္။ ေက်ာက္ထုမွာ ေျချမန္တပ္ရင္း (၃၆၈)၊ အေျမႇာက္တပ္ခြဲနဲ႔ စစ္ေလယာဥ္ကြင္း ႐ွိတယ္။ ေက်ာက္ထုကေန ဆက္သြားရင္ မိုင္ (၈၀) ေလာက္မွာ ပခုကၠဴၿမိဳ႕႐ွိတယ္။ အဲဒီပခုကၠဴၿမိဳ႕မွာ တပ္မ (၁၀၁) ႐ွိတယ္။ အဲဒီကေန သိပ္မေဝးတဲ့ မေကြးၿမိဳ႕ (မင္းတပ္ကေန ၂၀၁ မိုင္အကြာေလာက္) မွာ ေလတပ္႐ွိပါတယ္။ ဒါ့အျပင္ ေက်ာက္ထုဟာ ေျမျပန္႔ျဖစ္တဲ့အတြက္ စစ္တပ္ဟာ စစ္ကူအင္အားကို လ်င္လ်င္ျမန္ျမန္နဲ႔ လြယ္လြယ္လြယ္ကူကူ ျဖည့္ဆည္းႏိုင္ေျခ႐ွိပါတယ္။ ဒါေတြတင္မကေသးပါဘူး။

မင္းတပ္ၿမိဳ႕ရဲ႕ အေနာက္ဘက္ (၁၀၂)မိုင္အကြာ မတူပီၿမိဳ႕မွာ ခလရ (၁၄၀) နဲ႔ ခလရ (၃၀၄)၊ ဗ်ဴဟာအေျခခ်တပ္ရင္း စုစုေပါင္း တပ္ရင္း သုံးရင္း ႐ွိပါတယ္။ ဒါေၾကာင့္ မင္းတပ္ဟာ အခ်ိန္မေ႐ြး အဘက္ဘက္မွာ ဝိုင္းရံပိတ္ဆို႔ခံရၿပီး ေခ်ာင္ပိတ္တိုက္ခိုက္ခံႏိုင္ရတဲ့ အေျခအေနမွာ႐ွိပါတယ္။ မင္းတပ္ၿမိဳ႕ ေျမပထဝီအေနအထားဟာ ျပည္သူ႕လုံျခဳံေရးတပ္ေတြအတြက္ အဓိက ေပ်ာ့ကြက္ျဖစ္လာႏိုင္ပါတယ္။
ေနာက္စိုးရိမ္စရာေကာင္းတဲ့အခ်က္ကလဲ စစ္တပ္က မင္းတပ္ကို အခုတိုက္လို႔ ရတယ္။ ဘာေၾကာင့္ လက္ဦးမႈ ယူၿပီး မတိုက္ေသးတာလဲလို႔ ေမးစရာ႐ွိပါတယ္။ ျဖစ္ႏိုင္တဲ့အေၾကာင္းအခ်က္ေတြေတြထဲမွာ စစ္တပ္က မင္းတပ္ၿမိဳ႕ရဲ႕ တည္ေနရာအေနအထားကို ေႏွာေၾကေအာင္ ေလ့လာေနတာ၊ ေနာက္တိုက္ပြဲေတြမွာ ႏိုင္ေအာင္ တိုက္ဖို႔ စစ္ဗ်ဴဟာခင္းေနတာ၊ သတင္းအခ်က္အလက္ကို စုေဆာင္းေနတာ၊ အခြင့္အခါေကာင္းကို ေစာင့္ေနတာ( ဥပမာ- မိုးရာသီလိုမ်ိဳး) ျဖစ္ႏိုင္ပါတယ္။

(၂) စစ္တပ္ရဲ႕မဟာဗ်ဴဟာ

စစ္တပ္က ေနာက္ထပ္ မင္းတပ္တိုက္ပြဲေတြမွာ ႏိုင္သြားႏိုင္တဲ့ ဒုတိယအေၾကာင္းအရင္းကေတာ့ စစ္တပ္ရဲ႕ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြအေပၚမွာ အသုံးျပဳတဲ့ စစ္မဟာဗ်ဴဟာပါပဲ။ အဲဒါကေတာ့ ျဖတ္ေလးျဖတ္လို႔ ေခၚတဲ့ စစ္ဗ်ဴဟာပါ။ စစ္တပ္ဟာ ကြန္ျမဴနစ္ေတြ၊တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို တိုက္ခိုက္ၿဖိဳခြင္းရာမွာ ဒီ ျဖတ္ေလးျဖတ္ကို ၁၉၆၈ ခုႏွစ္ေလာက္ကတည္းက အသုံးျပဳခဲ့ပါတယ္။ ျဖတ္ေလးျဖတ္ဆိုတာက စစ္တပ္ဟာ သူ႕ရန္ဘက္ လက္နက္ကိုင္တပ္ဖြဲ႕ေတြ စားနပ္ရိကၡာ၊ ေငြေၾကး၊သတင္း အခ်က္အလက္နဲ႔ တပ္သားသစ္ေတြ မရေတာ့ေအာင္ ျဖတ္ေတာက္ပစ္တာပါ။တကယ္လဲျဖတ္ေလးျဖတ္ဟာ လက္ေတြ႕မွာ စစ္ေရးအရ ေအာင္ျမင္ခဲ့ပါတယ္။ ေအာင္ျမင္လြန္းလို႔ စစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြကို ႏွိမ္နင္းရာမွာ၊ ရခိုင္တပ္ဖြဲ႕ ေအေအ ကို တိုက္ခိုက္ရာမွာ ဒီမဟာဗ်ဴဟာကို အခုခ်ိန္အထိ အသုံးျပဳေနရပါတယ္။ ဒီမဟာဗ်ဴဟာကို စစ္တပ္က မင္းတပ္ၿမိဳ႕အေပၚ က်င့္သုံးလာႏိုင္စရာ႐ွိပါတယ္။

ျဖတ္ေလးျဖတ္မဟာဗ်ဴဟာအျပင္ စစ္တပ္က ရန္သူ႕နယ္ေျမေတြကို 'အျဖဴေရာင္၊အညိဳေရာင္၊အနက္ေရာင္' နယ္ေျမေတြဆိုၿပီး အႏၲရာယ္႐ွိမႈအဆင့္အလိုက္ ခြဲျခားထားပါတယ္။ အျဖဴေရာင္နယ္ေျမသတ္မွတ္ခံရတဲ့ ေဒသမွာ စစ္တပ္ဟာ အဲဒီနယ္ေျမအေပၚ ထိန္းခ်ဳပ္မႈ႐ွိပါတယ္။ ဒါေၾကာင့္ တိုက္ပြဲေတြ ျဖစ္ခဲပါတယ္။ အညိဳေရာင္နယ္ေျမသတ္မွတ္ခံရတဲ့ ေဒသမွာေတာ့ လက္နက္ကိုင္တိုက္ပြဲေတြ႐ွိၿပီး စစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္အဖြဲ႕ေတြအၾကား နယ္ေျမထိန္းခ်ဳပ္မႈရဖို႔ အၿပိဳင္ႀကိဳးစားၾကပါတယ္။ ေဒသတစ္ခုဟာ အနက္ေရာင္နယ္ေျမသတ္မွတ္ခံရရင္ေတာ့ စစ္တပ္ဟာ အဲဒီနယ္ေျမထဲမွာ႐ွိတဲ့ ျပည္သူ၊ ျပည္သား မွန္သမွ် ရန္သူလို႔ သတ္မွတ္ပါတယ္။ အဲဒါေၾကာင့္ ေတြ႕တိုင္း အရပ္သားတိုင္းကို စစ္တပ္က ဖမ္းဆီးခြင့္၊ႏွိပ္စက္ခြင့္၊ သတ္ျဖတ္ခြင့္႐ွိပါတယ္။ မင္းတပ္ၿမိဳ႕ျပည္သူ႕တပ္ဖြဲ႕ရဲ႕ လက္႐ွိေနအထားဟာ စစ္တပ္နဲ႔ သူမသာ၊ ကိုယ္မသာ အားၿပိဳင္ေနတဲ့ အေနအထားပါ။ နယ္ေျမစတ္မွတ္ခ်က္အရဆိုရင္ "အညိဳေရာင္နယ္ေျမ' အဆင့္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္တိုက္ပြဲေတြ ျဖစ္ၿပီး ပို႔ျပင္းထန္လာရင္ မင္းတပ္ဟာ 'အနက္ေရာင္နယ္ေျမအဆင့္' ကို ေရာက္သြားႏိုင္ပါတယ္။ ဒီအဆင့္ကို ေရာက္သြားရင္ မင္းတပ္ၿမိဳ႕တြင္းနဲ႔ ႐ြာေတြမွာ စစ္တပ္က ေတြ႕သမွ် လူတိုင္းဟာ လက္နက္မကိုင္ေဆာင္ထားရင္ေတာင္ ရန္သူလို႔ သတ္မွတ္ခံရၿပီး ေခ်မႈန္းခံရႏိုင္ပါတယ္။

(၃) စစ္လက္နက္အင္အားနဲ႔ ဖြဲ႕စည္းမႈ

တတိယအခ်က္ကေတာ့ လက္႐ွိစစ္တပ္ရဲ႕ စစ္လက္နက္ အင္အားနဲ႔ ဖြဲ႕စည္းမႈပါ။ ျပန္ေကာက္ရရင္ စစ္တပ္မွာ ေခတ္မီလက္နက္၊ ေလယာဥ္နဲ႔ အေျမႇာက္ေတြ႐ွိပါတယ္။ တဖက္မွာ ကြၽန္ေတာ္တို႔ မင္းတပ္ျပည္သူ႕လုံျခဳံေရးတပ္ဖြဲ႕မွာ စစ္လက္နက္ဆိုလို႔ ေ႐ွး႐ိုးအစဥ္အလာသုံးလာခဲ့တဲ့ တူမီးေသနတ္၊ ခါခ်ိဳးေသနတ္၊ ေမာင္းျပန္ေသနတ္၊ လက္လုပ္ဗုန္းေတြနဲ႔ ေလးျမႇားေတြပဲ႐ွိပါတယ္။ စစ္တပ္က ေလေၾကာင္းကေနတိုက္ခိုက္လာရင္၊ မိုးရာသီေရာက္လာရင္ ဒီလက္နက္ခဲယမ္းေတြဟာ အသုံးျပဳလို႔ မရေတာ့ပါဘူး။ ၿပီးေတာ့ လက္႐ွိလက္နက္ခဲယမ္းလုံေလာက္မႈပိုင္းမွာလဲ ျပႆနာ႐ွိေနပါတယ္။

ေနာက္အခ်က္ကေတာ့ စစ္တပ္ဟာ ႏွစ္ေပါင္းမ်ားစြာ စနစ္တက် ေလ့က်င့္ထားတဲ့ စစ္သားေတြနဲ စနစ္တက်စုဖြဲ႕ထားတာပါ။ မင္းတပ္ၿမိဳ႕ ျပည္သူ႕လုံျခဳံေရးအဖြဲ႕ကေတာ့ စဖြဲ႕တာမၾကာေသးတာကတေၾကာင္း၊ ရရာလက္နက္နဲ႔ ရရာလူေတြ စုၿပီး တိုက္တာကတေၾကာင္း စနစ္တက် စုဖြဲ႕မႈ႐ွိဖို႔ ခက္ခဲေနပါေသးတယ္။ ဒီလိဖြဲ႕စည္းမႈအားနည္းတာက ျပည္သူ႕လုံျခဳံေရးအဖြဲ႕ဝင္ေတြအၾကား အကြဲကြဲအျပားျပားျဖစ္ဖို႔ အေၾကာင္းဖန္လာႏိုင္ပါတယ္။
ဒီအခ်က္ (၃) ခ်က္ျဖစ္တဲ့ မင္းတပ္ၿမိဳ႕ရဲ႕ တည္ေနရာအေနအထား၊ စစ္တပ္ရဲ႕ မဟာဗ်ဴဟာ၊ စစ္တပ္ရဲ႕ စက္လက္နက္နဲ႔ဖြဲ႕စည္းပုံ အားေကာင္းမႈေတြဟာ မင္းတပ္ၿမိဳ႕မွာ ေနာက္ထပ္တိုက္ပြဲေတြ ျဖစ္လာရင္ မင္းတပ္ၿမိဳ႕ ျပည္သူ႕လုံျခဳံေရးတပ္ေတြကို အထိနာသြားေစႏိုင္တဲ့၊ က်႐ႈံးသြားေစႏိုက္တဲ့အခ်က္ေတြ ျဖစ္တယ္။

စစ္တပ္ဟာ မင္းတပ္ကို သိမ္းပိုက္ၿပီးရင္ ဘာေတြျဖစ္လာႏိုင္သလဲဆိုတာကလဲ အလြန္အေရးႀကီးတဲ့ ေမးခြန္းပါ။ ေျပာရရင္ ဒီစာေရးရတဲ့ ရည္႐ြယ္ခ်က္ကိုက ဒီေမးခြန္းကို ေျဖခ်င္လို႔ပါပဲ။
စစ္တပ္က မင္းတပ္ကို သိမ္းပိုက္ႏိုင္ရင္ ဘာေတြ ဆက္ျဖစ္လာႏိုင္သလဲ။

​စစ္တပ္က မင္းတပ္ကို သိမ္းပိုက္ရင္ အက်ိဳးဆက္ေတြကေတာ့ မေတြးဝံ့စရာပါပဲ။ စစ္တပ္ဟာ မင္းတပ္ကို သိမ္းရင္ အစုအလိုက္အျပဳံလိုက္သတ္ျဖတ္တာ၊ အိမ္ေတြေပၚတက္ၿပီး လုယက္တာ၊ ညႇင္းပန္းႏွိပ္ စက္တာ၊ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္တာ ၊ ေပၚတာဆြဲတာ၊ ႐ြာလုံးကြၽတ္မီး႐ိႈ႕ဖ်က္စီးတာေတြ လုပ္လာႏိုင္ပါတယ္။ အက်ိဳးဆက္အေနနဲ႔ လူေတြ ေသာင္းနဲ႔ခ်ီၿပီး ေသတာ၊ ထြက္ေျပးတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ထြက္ေျပးရရေအာင္လဲ ေလးဘက္ေလးတန္က မင္းတပ္ၿမိဳ႕ကို စစ္တပ္က ပိတ္ထားရင္ ေျပးစရာ ေျမ႐ွိေတာ့ မွာ မဟုတ္ပါဘူး။ ေခ်ာင္ပိတ္မိၿပီး ဖမ္းဆီးသတ္ျဖတ္ခံရႏိုင္ေျခ႐ွိပါတယ္။ အထူးသျဖင့္ စစ္တပ္ဟာ လူငယ္ေတြကို ဦးတည္ၿပီး ဖမ္းဆီးသတ္ျဖတ္တာေတြကို ျပဳလုပ္လာမွာပါ။

စစ္တပ္ဟာ လက္နက္ကိုင္တဲ့လူငယ္၊ လက္နက္မကိုင္တဲ့လူငယ္ဆိုၿပီး ခြဲျခားေနမွာမဟုတ္ဘူး။ ေတြ႕သမွ် လူငယ္ေတြကို ရန္သူလိုသေဘာထားၿပီး ဖမ္းဆီးသတ္ျဖတ္ႏိုင္ေျခ႐ွိပါတယ္။ ဒီလိုလူငယ္ေတြကို ဖမ္းဆီးသတ္ျဖတ္တာျပဳလုပ္ရင္ မင္းတပ္ၿမိဳ႕မွာ အဓိက လူမ်ိဳးစုႀကီးေတြျဖစ္တဲ့ မြန္း၊ကာန္း၊ ဒိုင္း လူမ်ိဳးစုႀကီးေတြဟာ သူတို႔ရဲ႕ ယဥ္ေက်းမႈ၊ ႐ိုးရာဓေလ့၊ ဘာသာစကားနဲ႔အတူ ပ်က္စီးေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ ဒီလိုျဖစ္လာရင္ စစ္တပ္ရဲ႕ အျပဳအမူဟာ "ဂ်ီႏိုဆိုက္" ဒါမဟုတ္ လူမ်ိဳးျပဳန္းတီးေစမႈအထိ သက္ေရာက္သြားႏိုင္ပါတယ္။

တကယ္တမ္းအားျဖင့္ ျမန္မာႏိုင္ငံမွာ ခ်င္းလူမ်ိဳးေတြဟာ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္း ေတာင္မ႐ွိပါဘူး။ ႏိုင္ငံတကာအသိုင္းအဝန္း၊ အထူးသျဖင့္ UN လိုအဖြဲ႕အစည္းေတြအေနနဲ႔ ေၾကညာခ်က္ထုတ္႐ုံတင္နဲ႔မရပါဘူး။ လူမ်ိဳးသုဥ္းေပ်ာက္ကြယ္ေစမႈ (ဂ်ီႏိုဆိုဒ္)အထိ ျဖစ္သြားႏိုင္တဲ့ ဒီလူ႕ကပ္ေဘးႀကီး ျဖစ္ေပၚလာႏိုင္ေျခကို တတ္ႏိုင္သမွ် တားဆီးေပးဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ မင္းတပ္မွာ ဂ်ီႏိုဆိုဒ္လိုမ်ိဳး ျဖစ္ရပ္ဆိုးႀကီးျဖစ္လာရင္ နဂိုတည္းက အေရအတြက္အနည္းငယ္ပဲ႐ွိတဲ့ ခ်င္းလူမ်ိဳးစုေတြဟာ လုံးလုံးလ်ားလ်ား ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ ဒီလိုျဖစ္မလာဖို႔ တားဆီးရမယ္။

ဘယ္လိုတားဆီးၾကမလဲ။

မင္းတပ္မွာ ဂ်ီႏိုဆိုဒ္လိုမ်ိဳး ျဖစ္မလာဖို႔ လုပ္ရမယ့္၊ လုပ္ႏိုင္တဲ့ အခ်က္ သုံးခ်က္႐ွိပါတယ္။

ပထမအခ်က္ကေတာ့ တႏိုင္ငံလုံး လက္နက္ကိုင္ၿပီး စစ္တပ္ကို တၿပိဳင္နက္တည္း ေတာ္လွန္ၾကဖို႔ပါ။ မဟုတ္ရင္ စစ္တပ္ဟာ မင္းတပ္လိုမ်ိဳး ၿမိဳ႕ငယ္ေတြကို အတင္းဖိတိုက္ၿပီး စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ခ်င္သလို က်ဴးလြန္သြားႏိုင္ပါတယ္။ မင္းတပ္ၿမိဳ႕မွာ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ဟားခါးၿမိဳ႕၊ ထီးလင္း၊ ျမင္းျခံ၊ ကႏၷီ၊ ျမင္းမူလို အညာေဒသေတြမွာ စစ္တပ္အေပၚ လက္နက္ကိုင္တန္ျပန္ေတာ္လွန္မႈ ျဖစ္လာတာ အားရစရာေကာင္းပါတယ္။ တျဖည္းျဖည္းနဲ႔ လူငယ္ေတြ အမ်ားအျပား KNU လို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြမွာ စစ္သင္တန္းသြားတက္ေရာက္ေနတ ျမင္ရတာလဲ အားတက္စရာပါ။ ၿပီးေတာ့ တေလာကပဲ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဟာ PDF လို႔ေခၚတဲ့ ျပည္သူ႕လုံျခဳံေရးတပ္ဖြဲ႕ကို ၿမိဳ႕နယ္တိုင္းမွာ တရားဝင္ဖြဲ႕စည္းေစခဲ့ပါတယ္။ တဘက္မွာလဲတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ KIA၊ KNU နဲ႔ TNLA တို႔ဟာ စစ္တပ္ကို တေန႔တလံ အားမေလ်ာ့ဘဲ တိုက္ပြဲဆင္ေနၾကပါတယ္။ ဒါေပမယ့္ ျပည္သူေတြ ထုနဲ႔ထည္နဲ႔ လက္နက္ကိုင္ၿပီး စစ္တပ္ကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ အုံ႔ႂကြတိုက္ခိုက္ႏိုင္တဲ့ အေနအထားမ်ိဳးကို အေရာက္သြားႏိုင္ဖို႔လိုပါတယ္။ ဒီနည္းနဲ႔သာ က်ေနာ္တို႔ဟာ ဒီအေရးေတာ္ပုံကို ေအာင္ႏိုင္ပါလိမ့္မယ္။ ဒီမိုကေရစီကို ျပန္ရႏိုင္ပါလိမ့္မယ္။ တႏိုင္ငံလုံးက လက္နက္နဲ႔ အုံ႔ႂကြၿပီး စစ္တပ္ကို ျဖဳတ္ခ်ႏိုင္တဲ့အခါ မင္းတပ္လဲ ဂ်ီႏိုဆိုဒ္လုပ္ခံရႏိုင္တဲ့ အႏၲရာယ္ကေန ကင္းလြတ္သြားပါလိမ့္မယ္။

ဒုတိယအခ်က္ကေတာ့ မင္းတပ္ၿမိဳ႕ ျပည္သူ႕လုံျခဳံေရးတပ္ကို ေခတ္မီ လက္နက္ခဲယမ္းနဲ႔ ေငြေၾကးေထာက္ပံ့ဖို႔ပါ။ လက္႐ွိ ျမန္မာႏိုင္ငံမွာ ဘ႑ာေရးစနစ္၊ ဘဏ္စနစ္ဟာ ၿပိဳလဲလုအေျခအေနမွာ လူတိုင္းဟာ ခက္ခဲေနတယ္ဆိုတယ္နားလည္ပါတယ္။ ဒါေပမယ့္ မင္းတပ္ၿမိဳ႕ခံေတြဟာ CDM ဝန္ထမ္းေတြနဲ႔ ျပည္သူ႕လုံျခဳံေရးတပ္ဖြဲ႕ေတြကို ေငြေၾကးနဲ႔ပစၥည္း အလုံအေလာက္မေထာက္ပံ့ႏိုင္ပါဘူး။ မင္းတပ္ျပည္သူ႕လုံျခဳံေရးအဖြဲ႕ဝင္ေတြမွာ ၁၃၊ ၁၄ ႏွစ္အ႐ြယ္ကေန အသက္ ၈၀ အ႐ြယ္အဖိုးႀကီးေတြအထိပါဝင္ပါတယ္။ တခ်ိဳ႕အဖြဲ႕ဝင္ေတြဆိုရင္ စားနပ္ရိကၡာအလုံအေလာက္ မရၾကဘူး။ တခ်ိဳ႕ဆိုရင္ စီးစရာ ဖိနပ္ေတာင္မ႐ွိပါဘူး။ ေနာက္ၿပီး ၿမိဳ႕တြင္း CDM ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားဟာ ဝင္ေငြမ႐ွိဘဲ ရပ္တည္ေနၾကရပါတယ္။အခက္ခဲဆုံးကာလကို ျဖတ္သန္းေနရပါတယ္။ ေထာက္ပံ့မႈရတဲ့ CDM ဝန္ထမ္းေတြမွာေတာင္ တခါရရင္ ရတဲ့ပမာဏက ငါးေသာင္းထက္ မပိုပါဘူး။ မိသားစုဝင္မ်ားျပားတဲ့ CDM ဝန္ထမ္းေတြမွာ ဒီေလာက္ေထာက္ပံ့မႈနဲ႔ ေရ႐ွည္ရပ္တည္ဖို႔ ခက္ခဲပါတယ္။ ကုန္ေဈးႏႈန္းကလဲ တရိပ္ရိပ္တက္လာေနတာျဖစ္တဲ့အတြက္ အတိုင္းဆက္သြားရင္ ေ႐ွ႐်ည္မွာ မင္းတပ္ၿမိဳ႕ ျပည္သူ႕လုံျခဳံေရးတပ္ဖြဲ႕ နဲ႔ CDM ဟာ ၿပိဳလဲသြားႏိုင္စရာ႐ွိပါတယ္။ ဒါေၾကာင့္ ျပည္တြင္းမွာ႐ွိတဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ NUG ၊ နဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ေခတ္မီလက္နက္ခဲယမ္းနဲ႔ ေငြေၾကးလုံေလာက္ေအာင္ ေထာက္ပံ့ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။

ေနာက္ဆုံးအခ်က္ကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္း၊ အထူးသျဖင့္ UN လို အင္အားႀကီးအဖြဲ႕အစည္းေတြ နဲ႔ အေမရိကန္လို အင္အားႀကီးႏိုင္ငံေတြရဲ႕ အခန္းက႑ပါ။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ အင္အားႀကီး ဒီမိုကေရစီႏိုင္ငံေတြအေနနဲ႔ 'အလြန္အမင္းစိုးရိမ္ေၾကာင္း' ေၾကျငာခ်က္ထုတ္ျပန္တာကို ရပ္သင့္ပါၿပီ။ သူတို႔ရဲ႕ စိုးရိမ္မႈေတြကို တကယ္လက္ေတြ႕လုပ္ေဆာင္မႈေတြနဲ႔ ျပသဖို႔လိုပါၿပီ။ကပ ဆန္ ႐ွင္ (စီးပြားေရးပိတ္တို႔မႈေတြလုပ္တာ)၊ စစ္တပ္ကို လက္နက္တင္ပို႔မႈ ရပ္ဆိုင္းဖို႔ ႀကိဳးပမ္းတာေတြက ထိေရာက္တန္သေလာက္ ထိေရာက္ႏိုင္ေပမယ့္ တကယ့္ လက္ေတြ႕ထိေရာက္တဲ့ ၾကားဝင္စြက္ဖက္မႈမ်ိဳးကို လုပ္ေပးဖိုပါ။ R2P အရ စစ္ေရးအရ ၾကားဝင္စြက္ေပးဖို႔လိုအပ္ပါတယ္။ ဒီလိုမဟုတ္ရင္ စစ္တပ္ကို စိတ္လိုလက္ရ စစ္ရာဇဝတ္မႈေတြ၊ မ်ိဳးသုဥ္းသတ္ျဖတ္မႈေတြကို က်ဴးလြန္ခြင့္ေပးသလိုျဖစ္ၿပီး အဖိုးတန္လွတဲ့ အသက္ေပါင္းမ်ားစြာ ပ်က္စီးေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ မင္းတပ္မွာ စစ္တပ္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ရဲ႕ မင္းတပ္ၿမိဳ႕လူထုရဲ႕ အနာဂတ္ဟာ မေတြးဝံ့စရာပါပဲ။ လူမ်ိဳးႏြယ္စုေတြ ေပ်ာက္ကြယ္သြားႏိုင္တဲ့ အလားအလာ႐ွိပါတယ္။ အဲဒီလို မျဖစ္လာဖို႔ ႏိုင္ငံတကာအေနနဲ႔ စစ္ေရးအရ ၾကားဝင္စြက္ဖက္ေပးပါ။ သန္းေပါင္းမ်ားစြာေသာ လူေတြရဲ႕ အသက္၊ ဘဝနဲ႔ အနာဂတ္ေတြကို အခ်ိန္မီ ကယ္တင္ႏိုင္ပါလိမ့္မယ္။

Comments