မြန်မာပြည်မှာ အချိုမှုန့်အရမ်းစားကြလို့ ကလေးတွေမှာဉာဏ်ရည်ချို့တည့်တာ အသက်ရွယ်ကျဆင်းလာ

 



Unicode

အခုဆိုရင် မြန်မာပြည်မှာ အချိုမှုန့်အရမ်းစားကြလို့ ကလေးတွေမှာဉာဏ်ရည်ချို့တည့်တာ အသက်ရွယ်ကျဆင်းလာတာ

အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာဖြစ်တာ ကလေးတွေဆိုရင်ခန္ဒာရယ်ဖွံ့ဖြိုးမှုအားနည်းတာ အသက်ကြီးတဲ့လူတွေဆိုရင် အရိုးပွတာတွေအများဆုံးဖြစ်နေပါပြီ 100%နှုန်းမှာ 90%အချိုမှုန့်စားကြပါတယ် အဲ့ဒါကြောင့်သတိထားပြီးရှောင်ကြပါ ဖြစ်နှိင်ရင် မစားတာအကောင်းဆုံးပါဘဲ။

အချိုမှုန့် အကြောင်း သိကောင်းစရာ

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

အချိုမှုန့် စားသုံးမှု ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင်ဟော်မုန်း (Insulin)၏ လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်တစ်ရပ် ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။

(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေပါသည်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေပါသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါသည်။

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များ မွေးလာသည့် ကလေးများသည် အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရပါသည်။

ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင် ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။

(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာသော ကလေးများ၏ medulla oblongata, thalamus, or hypothalamus ဆိုသည့် ဦးနှောက် အစိတ်အပိုင်းများတွင် ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေပါသည်။

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကြပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေသည်။ အချိုမှုန့်နှင့် ဓာတ်မတည့်သည့် ရောဂါ ဖြစ်သည်။

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါသည်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ဘယ်လို လျော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Credit to Original Uploader




Zawgyi

အခုဆိုရင္ ျမန္မာျပည္မွာ အခ်ိဳမႈန္႔အရမ္းစားၾကလို႔ ကေလးေတြမွာဉာဏ္ရည္ခ်ိဳ႕တည့္တာ အသက္႐ြယ္က်ဆင္းလာတာ
အမ်ိဳးသမီးေတြဆိုရင္ ရင္သားကင္ဆာျဖစ္တာ ကေလးေတြဆိုရင္ခႏၵာရယ္ဖြံ႕ၿဖိဳးမႈအားနည္းတာ အသက္ႀကီးတဲ့လူေတြဆိုရင္ အ႐ိုးပြတာေတြအမ်ားဆုံးျဖစ္ေနပါၿပီ 100%ႏႈန္းမွာ 90%အခ်ိဳမႈန္႔စားၾကပါတယ္ အဲ့ဒါေၾကာင့္သတိထားၿပီးေ႐ွာင္ၾကပါ ျဖစ္ႏွိင္ရင္ မစားတာအေကာင္းဆုံးပါဘဲ။

အခ်ိဳမႈန္႔ အေၾကာင္း သိေကာင္းစရာ

အခ်ိဳမႈန္႔ဆိုသည္မွာ ဓာတုေဗဒနာမည္အားျဖင့္ Monosodium glutamate (MSG) ဟုေခၚသည့္ ျဒပ္ေပါင္းတစ္ခု ျဖစ္သည္။ Glutamic Acid လို႔ေခၚေသာ Amino Acid တစ္မ်ိဳး ပါဝင္ၿပီး စားစရာထဲ ထည့္လိုက္လွ်င္ Free Glumate ေတြ အျဖစ္ကို ေျပာင္းလဲသြားကာ အစားအေသာက္မ်ား၏ အရသာကို ဓာတုနည္းႏွင့္ လွ်ာေပၚတြင္ ဆပြားတိုးေပးလိုက္ျခင္း ျဖစ္သည္။

အခ်ိဳမႈန္႔ စားသုံးမႈ ဆိုးက်ိဳး

(၁) ဆီးခ်ိဳ မျဖစ္ေအာင္ ထိန္းသိမ္းေပးေသာ အင္ဆူလင္ေဟာ္မုန္း (Insulin)၏ လုပ္ငန္းေဆာင္တာတြင္ အေႏွာင့္အယွက္တစ္ရပ္ ျဖစ္၍ ဆီးခ်ိဳျဖစ္ေစရန္ ေကာင္းေကာင္း အေထာက္အကူျပဳပါသည္။

(၂) အစာ အလြန္အကြၽံစားခ်င္စိတ္ကို တိုးပြားျဖစ္ေပၚေစသလို၊ အဝလြန္ျခင္းကို တားဆီးေပးေသာ ေဟာ္မုန္းမ်ားကိုပါ ပိတ္ဆို႔လို႔ အဝလြန္ျခင္းကို ျဖစ္ေစသည္။ အဝလြန္ျခင္း ျဖစ္လာလွ်င္ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာပိတ္ စသည့္ ေရာဂါမ်ားပါ ရလာႏိုင္သည္။

(၃) ဦးေႏွာက္ဆဲလ္မ်ားကို ျမန္ျမန္ ပ်က္စီးယိုယြင္း ေစပါသည္။ မွတ္ဉာဏ္ကို အ႐ြယ္မတိုင္ခင္ ေပ်ာက္ဆုံးေစၿပီး ေမ့တတ္ေသာ ေရာဂါမ်ား ျဖစ္ေစရန္ အလားအလာ အရမ္း မ်ားေစပါသည္။ အခ်ိဳမႈန္႔ကို ေမြးကင္းစကတည္းကေန စၿပီး စားေသာ ကေလးမ်ားမွာ ဉာဏ္ရည္ပိုင္း ယုတ္ေလ်ာ့မႈ ႐ွိတာကို ေတြ႕႐ွိရပါသည္။

(၄) ဂ်ာမနီႏိုင္ငံတြင္ အခ်ိဳမႈန္႔ သုံးစြဲမႈကို လုံးဝျဖတ္ေတာက္ေ႐ွာင္ၾကဥ္ဖို႔ အမ်ိဳးသားအဆင့္ ေၾကျငာခ်က္မ်ား၊ ဥပေဒမ်ား ထုတ္ခဲ့ရဖူးပါသည္။ အခ်ိဳမႈန္႔ စားေသာ ကိုယ္ဝန္ေဆာင္မ်ား ေမြးလာသည့္ ကေလးမ်ားသည္ အင္ဆူလင္ေဟာ္မုန္း စြမ္းရည္က်ဆင္း၍ မတိုးေတာ့ျခင္း၊ (Insulin-resistant) ေမြးရာပါ ျဖစ္လာျခင္း ေတြ႕ရပါသည္။

ထို႔ေၾကာင့္ ထိုကေလးမ်ားသည္ ႀကီးလာလွ်င္ ဆီးခ်ိဳျဖစ္ရန္ ေသခ်ာသေလာက္ ျဖစ္ပါသည္။ ထိုအခ်က္သည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ ဆီးခ်ိဳျဖစ္ပြားႏႈန္း ျမင့္မားေနေသာ အခ်က္မ်ားထဲမွ တစ္ခု အပါအဝင္ ျဖစ္သည္။

(၅) အခ်ိဳမႈန္႔စားေသာ ကိုယ္ဝန္ေဆာင္ မိခင္မ်ားမွ ေမြးလာေသာ ကေလးမ်ား၏ medulla oblongata, thalamus, or hypothalamus ဆိုသည့္ ဦးေႏွာက္ အစိတ္အပိုင္းမ်ားတြင္ ႐ွိေသာ အာ႐ုံေၾကာဆဲလ္မ်ားကို ပ်က္စီးေစပါသည္။

(၆) မ်ိဳးပြားစြမ္းရည္ က်ဆင္းျခင္း၊ သားသမီးရႏိုင္စြမ္း က်ဆင္းျခင္း ျဖစ္ႏိုင္ပါသည္။ Chinese Restaurant Syndrome ေခၚ တ႐ုတ္စားေတာ္ဆက္ေရာဂါစု ျဖစ္ေစႏိုင္ပါသည္။ ထိုေရာဂါစုသည္ အခ်ိဳမႈန္႔ လြန္ကဲစြာပါေသာ အစားအေသာက္ စားၿပီးၿပီးခ်င္းတြင္ မ်က္ႏွာ၊ လည္ပင္းႏွင့္ တစ္ကိုယ္လုံးတြင္ အနီစက္မ်ား ထြက္လာျခင္း၊ ေခါင္းအရမ္းထိုးကိုက္ျခင္း၊ ေခါင္းမူးျခင္း၊ မ်က္ႏွာတြင္ တင္းၾကပ္စြာ ခံစားရတတ္ျခင္း၊ ေမးလႈပ္ ပါးစပ္ဖြင့္ ေလးျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ခါးနာျခင္းမ်ား ျဖစ္ေစသည္။ အခ်ိဳမႈန္႔ႏွင့္ ဓာတ္မတည့္သည့္ ေရာဂါ ျဖစ္သည္။

(၇) ပန္ကရိယ ေခၚ မုန္႔ခ်ိဳအိတ္ေရာင္ေရာဂါ အပါအဝင္ ကိုယ္တြင္းကလီစာ တစ္ခုခု ေရာင္ယမ္းတဲ့ ေရာဂါ ႐ွိေနသူေတြ၊ သက္ႀကီး႐ြယ္အိုေတြ၊ စာသင္ၾကားေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အထူးေ႐ွာင္ၾကဥ္ သင့္ပါသည္။

(၈) လူအမ်ားစုက ဆားကအငန္ အခ်ိဳမႈန္႔က အေပါ့ ဆိုၿပီး တလြဲမွတ္ယူထားၾကပါတယ္။ ဒီေတာ့ ဆားထည့္လြန္လို႔ ငန္သြားရင္ အခ်ိဳမႈန္႔မ်ားမ်ား ထပ္ထည့္ ပါတယ္။ အမွန္က ဆားက Sodium chloride ၊ အခ်ိဳမႈန္႔က Monosodium glutamate ျဖစ္လို႔ ႏွစ္ခုလုံး ဆိုဒီယမ္ (Sodium) ဆားဓာတ္ျဖစ္ကာ ႏွစ္ခု ၿပိဳင္စားသုံးရင္ ေသြးတြင္းဆိုဒီယမ္ ျမင့္တက္မႈ အရမ္းမ်ားလာေစကာ ေသြးတိုးေရာဂါကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေသြးတိုးေရာဂါ ကာကြယ္လိုသူမ်ားနဲ႔ ႐ွိသူမ်ားဟာ အခ်ိဳမႈန္႔ကို အထူးေ႐ွာင္ၾကဥ္သင့္ပါတယ္။

ဘယ္လို ေလ်ာ့ခ် အျမစ္ျဖတ္ၾကမလဲ

(၁) ေလ်ာ့ခ်သုံးျခင္းျဖင့္ စတင္ပါ။ အခ်ိဳမႈန္႔ဟာ အသားေတြရဲ႕ အရသာကိုသာ ျမႇင့္တင္ေပးတာ ျဖစ္လို႔ အသီးအႏွံေတြမွာ လုံးဝမသုံးပါနဲ႔။

(၂) ေယဘုယ်လမ္းၫႊန္ (General Guideline) အရ ေျပာရရင္ အစားအေသာက္ တစ္ကီလို (၂.၂ေပါင္) ကို အခ်ိဳမႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ တစ္ဇြန္းထက္ ပိုမသုံးပါနဲ႔။ ဒါဆိုရင္ေတာ့ အႏၲရာယ္ နည္းတယ္လို႔ သိရပါတယ္။

(၃) ရယ္ဒီမိတ္ အစားအေသာက္ေတြ အားလုံးနီးပါးမွာ အခ်ိဳမႈန္႔ ပါၿပီးသားဆိုတာ သတိထားပါ။ ဘယ္ေတာ့မွ အခ်ိဳမႈန္႔ ထပ္မထည့္ပါနဲ႔။

(၄) ရယ္ဒီမိတ္ စားစရာေတြ ဝယ္ရင္ ေလဘယ္လ္ ေပၚမွာ ပါတဲ့ အခ်ိဳမႈန္႔ပါဝင္မႈ ပမာဏကို ႐ွာေဖြပါ။ အဆင့္အတန္း႐ွိတဲ့ အစားအေသာက္တံဆိပ္ေတြ အားလုံးရဲ႕ ပါဝင္ဖက္ပစၥည္းစာရင္း (Ingredient List) ရဲ႕ ေအာက္ဆုံးမွာ အခ်ိဳမႈန္႔ တကယ္သုံးထားရင္ သုံးထားေၾကာင္း ပမာဏ အတိအက် ပါပါတယ္။

၅) ႐ိုးရာ ဟင္းခတ္အေမႊးအႀကိဳင္ေတြ (ဥပမာ ပုစြန္ေျခာက္၊ ငါးပိ စတာေတြ) ကို ျပန္လည္အစားထိုး သုံးသင့္ပါၿပီ။ ကြၽန္ေတာ္တို႔ရဲ႕ ေ႐ွးအစဥ္အဆက္ ဘိုးဘြားမ်ားဟာ ထြားက်ိဳင္းသန္မာ ေရာဂါကင္းခဲ့တာ အခ်ိဳမႈန္႔ မစားခဲ့ၾကတာလည္း ပါပါတယ္။

Credit to Original Uploader

Comments