ရာဇကုမာရ်
-အနော်ရထာမင်း အမျက်တော်ရှ၍ ကျန်စစ်သား သည် ကြောင်ဖြူ အရပ်သို့ထွက်ပြေးတိမ်းရှောင်လာစဉ် ကြောင်ဖြူ အရပ်သူ မထီးတူမ သမ္ဘူ လ နှင့် ချစ်ကျွမ်း၀င်ခဲ့သည်။အနော်ရထာမင်းနတ်ရွာစံသော် သားတော်စောလူးမင်းနန်းတက်ခဲ့ပြီး စောလူမင်းက ပြန်ခေါ်၍ ကျန်စစ်သားသည် ပုဂံနေပြည်တော်သို့ပြန်သည်။သမ္ဘူလအား သာယောကျ်ားမွေးသော် ပုဂံနေပြည်တော်သို့ လိုက်လာရန် မှာကြားခဲ့လေသည်။
-သမ္ဘူ လ လည်း သားယောက်ျားလေး ဖွားမြင်၍ သားငယ်(၇)နှစ် အရွယ်တွင်ပုဂံသို့လိုက်ခဲ့သည်။ ထိုအချိန် ပုဂံတွင် ကျန်စစ်သား မင်းပြု လျက်ရှိသည်။
-သမ္ဘူ လ ကို ဦးဆောက်ပန်းဘွဲ့ ပေးလျက် မိဖုရားမြှောက်ပြီး လက်၀တ်တန်ဆာရတနာများနှင့် ကျွန်သုံးရွာပေးသနားတော်မူလေသည်။ သားတော်ကိုလည်း ဇေယျခေတ္တရာ ဟူသည့် ဘွဲ့အမည်ပေးကာ ဓည၀တီ နဲ့တောင်စဉ် ခုနစ်ရိုင် ပေးသနားတော်မူလေသည်။မယ်တော် ဦးဆောက်ပန်း နတ်ရွာစံသော် မင်းကြီးလည်း လက်၀တ်ရတနာများ နှင့် ကျွန်သုံးရွာကို သားတော်ရာဇကုမာရ်အားပေးသနားတော်မူလေသည်။
-ပုဂံထီးနန်းကို (၂၈) နှစ်ကြာ အုပ်စိုးပြီးနောက် ကျန်စစ်သားမင်းကြီးသည် မမာမကျန်းဖြစ်လာသည်။သားတော်လည်း အမွေရခဲ့သော လက်၀တ်ရတနာများကို ထုခွဲရောင်းချပြီး ရွှေဆင်းတုတော်ဆစ်ဆူ သွန်းလုပ်ခဲ့သည်။ ထိုဆင်းတုကို ကျန်စစ်သားမင်းရှေ့သို့ပို့ဆောင်လျက်
"ခမည်းတော် အတွက်ကျွန်ုပ် သွန်းလုပ်ခဲ့ပါသည်။ကျွန်သုံးရွာ ကိုလည်း ဤ ရွှေဆင်းတု အတွက် လှူ ဒါန်းပါသည်" ဟုလျောက်ထားရာ မင်းကြီးက ၀မ်းမြောက်ကြည်နူးစွာ သာဓုသုံးကြိမ် ခေါ်သည်။
-ရာဇကုမာရ်မင်းသားသည် ပုဂံ၊ မြင်းကပါ အရပ်၌ ရွှေဆင်းတုတော်ကို ဌာပနာ၍ ဂူေပြာက်ကြီး ဘုရားကို တည်ထားကိုးကွယ်ခဲ့သည်။ခမည်းတော် နတ်ရွာစံသော် သားတော် ရာဇကုမာရ်သည် ဤအဖြစ်အပျက်တို့ကို အမှတ်တရ ကျောက်စာရေးထိုးခဲ့သည်။
-ရာဇကုမာရ် သည်ကားမိဘကျေးဇူး သိတတ်သော သားလိမ္မာ အဖြစ် သမိုင်းတွင်ခဲ့လေသည်။
Comments
Post a Comment