Butterfly





 လိပ်ပြာတွင် ဦးခေါင်းပိုင်း၊ ရင်ပိုင်း၊ ဝမ်းဗိုက်ပိုင်းဟူ၍ရှိသည်။


 ဦးခေါင်းရှေ့ဘက်တွင် အရာဝတ္ထုများကို စမ်းသပ်သော ဦးမှင် နှစ်ခုရှိသည်။ မျက်စိနှစ်လုံးရှိသည်။ ၄င်းတို့ မှာ မျက်စိကလေးများအမြောက်အမြားပါရှိသည့် စုပေါင်းမျက်စိများဖြစ်သည်။ ပါးစပ်တွင်မူပြွန်ရှည်တစ် ချောင်းရှိသည်။ ထိုပြွန်ရှည်ကို ပန်းများ၏အတွင်းရှိ ဝတ်ရည်အိတ်များအတွင်း ထိုးသွင်းပြီး ဝတ်ရည်စုပ်ယူ သည်။

 ရင်ပိုင်းတွင် မြူမှုန်နှင့်တူသော အကြေးများရှိသည့် တောင်ပံနှစ်စုံရှိသည်။ ထိုအကြေးများကြောင့် လိပ်ပြာအတောင်တွင် အရောင်နှင့် အဆင်ကွက်များ ရှိနေခြင်းဖြစ်သည်။ ရှေ့ဘက်အတောင်တစ်စုံသည် နောက်ဘက်အတောင်တစ်စုံထက် ကြီးသည်။ လိပ်ပြာဖို၏အတောင်ရှိ အချို့အကြေးများသည် လိပ်ပြာမများကို သွေးဆောင်နိုင်သော အမွှေးရနံ့များ ထုတ်လွှတ်ပေးကြသည်။ ရင်ပိုင်းတွင် ခြေထောက် ခြောက်ချောင်း တွယ်ဆက်ထားသည်။

 လိပ်ပြာမဖြစ်လာမီ ဥ၊ ပေါက်ဖတ်၊ ပိုးတုံးလုံးနှင့် အရွယ်ရောက်သောအဆင့်ဟူ၍ အဆင့်လေးဆင့်ကို ဖြတ်ကျော်ရသည်။

 လိပ်ပြာဖိုသည် ကိုက်တတ်သည်။ လိပ်ပြာမသည် လုံးဝမကိုက်တတ်။

 လိပ်ပြာတို့ ပန်းပွင့်တစ်ပွင့်မှတစ်ပွင့်၊ အပင်တစ်ပင်မှတစ်ပင် လူးလာပျံသန်းကာ ဝတ်မှုန်ကူးခြင်းကို ဖြစ်သောကြောင့် သီးနှံများ ဖြစ်ထွန်းအောင်မြင်သည့် အကျိုးကျေးဇူးကို ရရှိသည်။

 ကမ္ဘာအနှံ့အပြားတွင် လိပ်ပြာမျိုးကွဲပေါင်း ၂၀၀၀၀ ခန့် ရှိမည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။

Comments