Charles Darwin၏ဆင့်ကဲဖြစ်စဉ်ဝါဒ





"လူသည်မျောက်မှဆင်းသက်လာသည်" ဆိုသောအယူအဆမှာဗြိတိသျှသိပ္ပံပညာရှင် Charles Darwin (1809-1882)ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသည်ဖန်ဆင်းခံရခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်ဟူသော သမ္မာကျမ်းစာပါဖော်ပြချက်ကိုအံတုပီး ဩဇာသက်ရောက်မှုရှိသည့်အခြားသဘောတရားကိုဖော်ထုတ်ရေးသားတင်ပြခဲ့‌သောသိပ္ပံပညာရှင်ဖြစ်သည်။


Charles Darwinသည်သဘာ၀ကိုလေ့လာသူသိပ္ပံပညာရှင်(naturalist)တစ်ဦးဖြစ်သည်။ သူကတိုးတက်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်စေသည့် "ဆင့်ကဲဖြစ်စဉ်" သည်သက်ရှိအရာဝတ္ထုများ၏ထွေပြားမှုကြောင့်ဖြစ်သည်ဟု1859ခုနှစ်ထုတ် သူ၏"သက်ရှိအမျိုးအစားတို့၏မူလဖြစ်စဉ်"(on the origin of the spices)စာအုပ်တွင်ကောက်ချက်ချရေးသားခဲ့သည်။



ကျပန်းသန္ဓေပြောင်းလဲမှုများသည်သက်ရှိအရာဝတ္ထုတစ်ခုအား၎င်း၏ပတ်ဝန်းကျင်မှသဗ္ဗာရဖြစ်ရေးကိုအကူအညီပေးနိုင်ဖွယ်ရာရှိကြောင်းမှတ်ယူရမည်ဟုDarwinကရေးသားခဲ့သည်။Galapagos finchesကိုနမူနာအနေဖြင့်ပြခဲ့သည်။ဤသည်မှာ "သဘာဝအလျောက်ရွေးချယ်မှု(natural selection)ဖြစ်စဉ်ဖြစ်ပီးမျိုးဆက်များပြောင်းလဲသောအခါတွင်အပြည့်အဝသက်ရှိပုံစံသစ်တစ်ခုကိုဖြစ်ပေါ်စေနိုင်သည်ဟုဆိုသည်။စင်စစ်အားဖြင့်သက်ရှိဟူသမျှတို့သည်ရှေးအလွန်ကျသောသက်ရှိအရာဝတ္ထုများမှဆင်းသက်လာခြင်းဖြစ်သည်ဟုဆိုခဲ့သည်။



(Galapagos finches)







Darwinကလူတို့သည်မျောက်ကဆင်းသက်လာသည်ဟုဆိုသောရှေးအလွန်ဝေးကွာသောကာလကဆက်နွယ်နိုင်မှုကိုထောက်ပြခဲ့သဖြင့်၎င်းအားသမ္မာကျမ်းစာကိုဆန့်ကျင်သည့်အန္တရာယ်အဖြစ်ရှုတ်ချခြင်းကိုခံခဲ့ရသည်။သို့သော်လည်းDarwinသည်ယခင်ကသဘာဝ၏ပေါက်ပေါက်ရှာရှာကိစ္စရပ်များဟုယူဆထားခဲ့ကြသည့်အဖြစ်အပျက်တော်တော်များများကိုရှင်းလင်းပြသနိုင်သဖြင့်အောင်မြင်မှုရရှိလာခဲ့သည်။ယနေ့ကာလတွင်Darwin၏"ဆင့်ကဲဖြစ်စဉ်သဘောတရား"ကကမ္ဘာကြီးကနေကိုပတ်၍သွားသည်ဟူသောတစ်ကမ္ဘာလုံးကလက်ခံထားသည့်သိပ္ပံနည်းကျအမြင်ကဲ့သို့ပင်လက်တွေ့အခြေခံကျလျက်ရှိပေသည်။




Comments

Post a Comment