CRYPTOCURRENCY


 

Unicode

ဒီရက်ပိုင်း Cryptocurrency အကြောင်း အရမ်းဟော့လာတော့ ဆန့်ကျင်ဘက် အမြင်လေး တစ်ခုလောက် ရေးဦးမယ်။ ဆန့်ကျင်ဘက် ဆိုပေမယ့် Cryptocurrency တွေမှာ ရင်းနှီးမြှုတ်နှံတာ ကောင်းတယ်/မကောင်းဘူး၊ စိတ်ချရတယ်/စိတ်မချရဘူး၊ လုပ်သင့်တယ်/မလုပ်သင့်ဘူး ဆိုတာတွေကို ဝင်ပြောချင်တာ မဟုတ်ပါဘူး။


ဒီကိစ္စနဲ့ ပက်သက်ပြီး ဟိုးတစ်လောလေးက ဖတ်ဖူးတဲ့အကြောင်းအရာတစ်ခုက အလွန်စိတ်ဝင်စားဖို့ ကောင်းနေလို့ ဝါသနာပါသူများ အနေနဲ့ အမြင်တစ်ခု အနေနဲ့ ထည့်သွင်း စဉ်းစားနိုင်အောင် ပြန်လည်မျှဝေတာပါ။ ကိုယ်တိုင်ကတော့ Bitcoin လေးတစ်ချို့ (ကိုင်ဖူးတယ်ရှိအောင်) ကိုင်ထားချင်စိတ် ဖြစ်မိတာကလွဲရင် ထူးထူးခြားခြားတော့ ဝါသနာ မပါလှပါဘူး။

Stephen Diehl ဆိုသူတစ်ဦး Twitter မှာ ပြောခဲ့တဲ့ ဒီအကြောင်းအရာဟာ တော်တော်လေး Viral ဖြစ်ခဲ့တာပါ။ သူပြောထားတာလေးကို ဆီလျှော်အောင် ဖြည့်စွက်သင့်တာ ဖြည့်စွက် အကျဉ်းချုံးသင့်တာ ချုံးပြီးတော့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ မူရင်းဖတ်ချင်ရင် ဟိုးအောက်မှာ လင့်ပါပါတယ်။

-----

ငွေကြေး (Currency) ဆိုတာဟာ Medium of Exchange ခေါ် ကြားခံဖလှယ်မှုအတွက် အများလက်ခံ အသုံးပြုကြတဲ့ အရာပါ။ အဖိုးတန်ပစ္စည်း (Asset) ဆိုတာကတော့ တန်ဖိုးတစ်ခုရှိပြီး ပိုင်ဆိုင်နိုင်သော အရာတွေပါ။

Bitcoin အပါအဝင် Cryptocurrency တွေဟာ တစ်ကယ်တော့ ကြားခံဖလှယ်နိုင်စွမ်းရှိတဲ့ ငွေကြေး မဟုတ်ကြပါဘူး။ တစ်စိတ်တစ်ပိုင်း တန်ဖိုးရှိတဲ့ Pseudo-Asset တစ်မျိုးသာ ဖြစ်ကြပါတယ်။ ဒါကိုအရင်ဆုံး ရှင်းရှင်းလင်းလင်း ဖြစ်ထားဖို့ လိုပါတယ်။

(ဆိုလိုတာက ဝယ်ထားပြီး မြတ်ရင် ပြန်ရောင်းမယ်ဆိုတဲ့ အဆင့်ထက် ပိုလာမှာ မဟုတ်ဘူး။ ငွေကြေး တစ်ရပ်ကဲ့သို့ ကြားခံဖလှယ် သုံးလို့ရတဲ့အဆင့်ကို ရောက်လာမှာ မဟုတ်ဘူးလို့ ပြောချင်တာပါ။)

အဲ့ဒါကိုမှ တစ်ခြား Asset တွေမှာဆိုရင် ကုန်ထုတ်လုပ်မှုစွမ်းအင်နဲ့ အသုံးဝင်မှုတွေ ရှိကြလို့ တန်ဖိုးသတ်သတ်မှတ်မှတ် ရှိကြပါတယ်။ ဥပမာ ကားတစ်စီးဆိုရင် မောင်းလို့ရနေသ၍ အသုံးဝင်နေပြီး၊ စတော့ရှယ်ယာဆိုရင် ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး တန်ဖိုးအတက်အကျ ရှိနေတာမျိုးပါ။

Cryptocurrency တွေကတော့ Greater Fool Investment လို့ ဆိုပါတယ်။ ဗမာလို "အတဲ့သူ ခံစတမ်း" လို့ ဆိုရပါမယ်။ ကုန်ထုတ်စွမ်းအင်နဲ့ အသုံးဝင်မှု ဘာမှမရှိဘဲ "ပိုပေးတဲ့သူ ပေါ်လာရင် မြတ်မယ်" ဆိုတဲ့ နည်းလမ်း တစ်ခုထဲသာရှိတဲ့ အရာပါ။ ဒါမျိုးကို negative-sum လို့ ခေါ်ကြပါတယ်။

စီးပွားရေးမှာ တစ်ယောက်မြတ်ဖို့ တစ်ယောက်ရှုံးရရင် zero-sum ခေါ်ပါတယ်။ သူလည်းမြတ် ကိုယ်လည်းမြတ်မှသာ တစ်ကယ့်တန်ဖိုး အစစ်ကိုရတာပါ။ ဥပမာ - App တစ်ခုရေးဖို့ $1,000 ပေးလိုက်ရလို့ ဆိုပြီး ပေးလိုက်ရတဲ့သူ မရှုံးပါဘူး၊ သူ့အလုပ်မှာ ဒီ App ကြောင့် အဆင်ပြေသွားလို့ $1000 မက သက်သာသွားရင် နှစ်ဦးလုံး မြတ်ကြတာပါ။

Cryptocurrency ကတော့ တစ်ယောက်မြတ်ဖို့ တစ်ယောက်ရှုံးရတဲ့ zero-sum သာမက၊ တစ်ယောက်မြတ်ဖို့ နှစ်ယောက်သုံးယောက် လေးငါးယောက် ရှုံးပေးရတဲ့ negative-sum ဖြစ်နေတာပါ။ ဒါကြောင့်လည်း Pyramid Scheme ဆန်ဆန်ဖြစ်နေတယ်လို့ ဆိုကြတာပါ။

Cryptocurrency တွေထဲမှာ အထင်ရှားဆုံးက Bitcoin ဆိုတာ သိကြပြီးသားပါ။ Bitcoin ရဲ့ Mining လုပ်ငန်းကြောင့် တစ်နှစ်တစ်နှစ်ကို 78 TWh လောက်ထိ လျှပ်စစ်စွမ်းအင် သုံးနေကြရပါတယ်။ မြန်မာပြည်ရဲ့ တစ်ပြည်လုံး တစ်နှစ်လုံးသုံးတဲ့ လျှပ်စစ်စွမ်းအင်ကမှ 8.7 TWh ပဲ ရှိတာပါ။ အဲ့ဒီလောက် စွမ်းအင်သုံးနေပြီး တစ်ကယ့်တန်ဖိုးအစစ် ထွက်ပေါ်ခြင်းမရှိလို့ ဖြုန်းတီးသလို ဖြစ်နေတာပါ။

ဒါတောင် စွမ်းအင်ပဲ ပြောရပါသေးတယ်၊ အသုံးပြုရတဲ့ စက်ပစ္စည်းတွေရဲ့ တန်ဖိုးအကြောင်းနဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထွက်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေအကြောင်း မပြောရသေးပါဘူး။ တစ်နှစ်တစ်နှစ်ကို 11.27 ကီလိုတန် ပမာဏ စွန့်ပစ် ပစ္စည်းတွေ ထွက်ပေါ်နေတာပါ။

အခုချိန်မှာ Bitcoin နဲ့ ကော်ဖီတစ်ခွက် ဝယ်သောက်လိုက်တာဟာ iPhone တစ်လုံးကို ရိုက်ခွဲလိုက်ခြင်းနဲ့ တူညီတဲ့ ဆုံးရှုံးမှုကို ဖြစ်ပေါ် နေစေပါတယ်။ အိမ်တစ်အိမ်ကို ရက် (၆၀) မီးပေးလို့ရတဲ့ ဒီဇယ်ဖိုးကို သုံးလိုက်တာနဲ့လည်း တူနေပါတယ်။

Bitcoin ကြောင့် ကမ္ဘာကြီး 2°C ထိပိုပြီးတော့ ပူနွေးလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ တစ်ကယ်တော့ ဒါဟာ စိတ်ပူစရာ အနေအထား တစ်ခုပါပဲ။

-----

အထက်မှာ ပြောခဲ့သလိုပါပဲ။ ထည့်သွင်းစဉ်းစားစရာ အမြင်တစ်ခုအနေနဲ့သာ မျှဝေပါတယ်။ တစ်ကယ်သာ အောင်မြင်သွားရင် ရလာမယ့် အကျိုးရလဒ်တွေကို ထည့်မဆွေးနွေးထားလို့ သူ့ဆွေးနွေးချက်ကလည်း လိုအပ်ချက်တော့ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

Credit to Saya Ei Maung





Zawgyi

ဒီရက္ပိုင္း Cryptocurrency အေၾကာင္း အရမ္းေဟာ့လာေတာ့ ဆန္႔က်င္ဘက္ အျမင္ေလး တစ္ခုေလာက္ ေရးဦးမယ္။ ဆန္႔က်င္ဘက္ ဆိုေပမယ့္ Cryptocurrency ေတြမွာ ရင္းႏွီးျမႇဳတ္ႏွံတာ ေကာင္းတယ္/မေကာင္းဘူး၊ စိတ္ခ်ရတယ္/စိတ္မခ်ရဘူး၊ လုပ္သင့္တယ္/မလုပ္သင့္ဘူး ဆိုတာေတြကို ဝင္ေျပာခ်င္တာ မဟုတ္ပါဘူး။

ဒီကိစၥနဲ႔ ပက္သက္ၿပီး ဟိုးတစ္ေလာေလးက ဖတ္ဖူးတဲ့အေၾကာင္းအရာတစ္ခုက အလြန္စိတ္ဝင္စားဖို႔ ေကာင္းေနလို႔ ဝါသနာပါသူမ်ား အေနနဲ႔ အျမင္တစ္ခု အေနနဲ႔ ထည့္သြင္း စဥ္းစားႏိုင္ေအာင္ ျပန္လည္မွ်ေဝတာပါ။ ကိုယ္တိုင္ကေတာ့ Bitcoin ေလးတစ္ခ်ိဳ႕ (ကိုင္ဖူးတယ္႐ွိေအာင္) ကိုင္ထားခ်င္စိတ္ ျဖစ္မိတာကလြဲရင္ ထူးထူးျခားျခားေတာ့ ဝါသနာ မပါလွပါဘူး။

Stephen Diehl ဆိုသူတစ္ဦး Twitter မွာ ေျပာခဲ့တဲ့ ဒီအေၾကာင္းအရာဟာ ေတာ္ေတာ္ေလး Viral ျဖစ္ခဲ့တာပါ။ သူေျပာထားတာေလးကို ဆီေလွ်ာ္ေအာင္ ျဖည့္စြက္သင့္တာ ျဖည့္စြက္ အက်ဥ္းခ်ံဳးသင့္တာ ခ်ံဳးၿပီးေတာ့ ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ မူရင္းဖတ္ခ်င္ရင္ ဟိုးေအာက္မွာ လင့္ပါပါတယ္။

-----

ေငြေၾကး (Currency) ဆိုတာဟာ Medium of Exchange ေခၚ ၾကားခံဖလွယ္မႈအတြက္ အမ်ားလက္ခံ အသုံးျပဳၾကတဲ့ အရာပါ။ အဖိုးတန္ပစၥည္း (Asset) ဆိုတာကေတာ့ တန္ဖိုးတစ္ခု႐ွိၿပီး ပိုင္ဆိုင္ႏိုင္ေသာ အရာေတြပါ။

Bitcoin အပါအဝင္ Cryptocurrency ေတြဟာ တစ္ကယ္ေတာ့ ၾကားခံဖလွယ္ႏိုင္စြမ္း႐ွိတဲ့ ေငြေၾကး မဟုတ္ၾကပါဘူး။ တစ္စိတ္တစ္ပိုင္း တန္ဖိုး႐ွိတဲ့ Pseudo-Asset တစ္မ်ိဳးသာ ျဖစ္ၾကပါတယ္။ ဒါကိုအရင္ဆုံး ႐ွင္း႐ွင္းလင္းလင္း ျဖစ္ထားဖို႔ လိုပါတယ္။

(ဆိုလိုတာက ဝယ္ထားၿပီး ျမတ္ရင္ ျပန္ေရာင္းမယ္ဆိုတဲ့ အဆင့္ထက္ ပိုလာမွာ မဟုတ္ဘူး။ ေငြေၾကး တစ္ရပ္ကဲ့သို႔ ၾကားခံဖလွယ္ သုံးလို႔ရတဲ့အဆင့္ကို ေရာက္လာမွာ မဟုတ္ဘူးလို႔ ေျပာခ်င္တာပါ။)

အဲ့ဒါကိုမွ တစ္ျခား Asset ေတြမွာဆိုရင္ ကုန္ထုတ္လုပ္မႈစြမ္းအင္နဲ႔ အသုံးဝင္မႈေတြ ႐ွိၾကလို႔ တန္ဖိုးသတ္သတ္မွတ္မွတ္ ႐ွိၾကပါတယ္။ ဥပမာ ကားတစ္စီးဆိုရင္ ေမာင္းလို႔ရေနသ၍ အသုံးဝင္ေနၿပီး၊ စေတာ့႐ွယ္ယာဆိုရင္ ကုမၸဏီရဲ႕ စြမ္းေဆာင္ရည္ေပၚ မူတည္ၿပီး တန္ဖိုးအတက္အက် ႐ွိေနတာမ်ိဳးပါ။

Cryptocurrency ေတြကေတာ့ Greater Fool Investment လို႔ ဆိုပါတယ္။ ဗမာလို "အတဲ့သူ ခံစတမ္း" လို႔ ဆိုရပါမယ္။ ကုန္ထုတ္စြမ္းအင္နဲ႔ အသုံးဝင္မႈ ဘာမွမ႐ွိဘဲ "ပိုေပးတဲ့သူ ေပၚလာရင္ ျမတ္မယ္" ဆိုတဲ့ နည္းလမ္း တစ္ခုထဲသာ႐ွိတဲ့ အရာပါ။ ဒါမ်ိဳးကို negative-sum လို႔ ေခၚၾကပါတယ္။

စီးပြားေရးမွာ တစ္ေယာက္ျမတ္ဖို႔ တစ္ေယာက္႐ႈံးရရင္ zero-sum ေခၚပါတယ္။ သူလည္းျမတ္ ကိုယ္လည္းျမတ္မွသာ တစ္ကယ့္တန္ဖိုး အစစ္ကိုရတာပါ။ ဥပမာ - App တစ္ခုေရးဖို႔ $1,000 ေပးလိုက္ရလို႔ ဆိုၿပီး ေပးလိုက္ရတဲ့သူ မ႐ႈံးပါဘူး၊ သူ႕အလုပ္မွာ ဒီ App ေၾကာင့္ အဆင္ေျပသြားလို႔ $1000 မက သက္သာသြားရင္ ႏွစ္ဦးလုံး ျမတ္ၾကတာပါ။

Cryptocurrency ကေတာ့ တစ္ေယာက္ျမတ္ဖို႔ တစ္ေယာက္႐ႈံးရတဲ့ zero-sum သာမက၊ တစ္ေယာက္ျမတ္ဖို႔ ႏွစ္ေယာက္သုံးေယာက္ ေလးငါးေယာက္ ႐ႈံးေပးရတဲ့ negative-sum ျဖစ္ေနတာပါ။ ဒါေၾကာင့္လည္း Pyramid Scheme ဆန္ဆန္ျဖစ္ေနတယ္လို႔ ဆိုၾကတာပါ။

Cryptocurrency ေတြထဲမွာ အထင္႐ွားဆုံးက Bitcoin ဆိုတာ သိၾကၿပီးသားပါ။ Bitcoin ရဲ႕ Mining လုပ္ငန္းေၾကာင့္ တစ္ႏွစ္တစ္ႏွစ္ကို 78 TWh ေလာက္ထိ လွ်ပ္စစ္စြမ္းအင္ သုံးေနၾကရပါတယ္။ ျမန္မာျပည္ရဲ႕ တစ္ျပည္လုံး တစ္ႏွစ္လုံးသုံးတဲ့ လွ်ပ္စစ္စြမ္းအင္ကမွ 8.7 TWh ပဲ ႐ွိတာပါ။ အဲ့ဒီေလာက္ စြမ္းအင္သုံးေနၿပီး တစ္ကယ့္တန္ဖိုးအစစ္ ထြက္ေပၚျခင္းမ႐ွိလို႔ ျဖဳန္းတီးသလို ျဖစ္ေနတာပါ။

ဒါေတာင္ စြမ္းအင္ပဲ ေျပာရပါေသးတယ္၊ အသုံးျပဳရတဲ့ စက္ပစၥည္းေတြရဲ႕ တန္ဖိုးအေၾကာင္းနဲ႔ စြန္႔ပစ္ပစၥည္းေတြကေန ထြက္ေပၚလာမယ့္ ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္း မေျပာရေသးပါဘူး။ တစ္ႏွစ္တစ္ႏွစ္ကို 11.27 ကီလိုတန္ ပမာဏ စြန္႔ပစ္ ပစၥည္းေတြ ထြက္ေပၚေနတာပါ။

အခုခ်ိန္မွာ Bitcoin နဲ႔ ေကာ္ဖီတစ္ခြက္ ဝယ္ေသာက္လိုက္တာဟာ iPhone တစ္လုံးကို ႐ိုက္ခြဲလိုက္ျခင္းနဲ႔ တူညီတဲ့ ဆုံး႐ႈံးမႈကို ျဖစ္ေပၚ ေနေစပါတယ္။ အိမ္တစ္အိမ္ကို ရက္ (၆၀) မီးေပးလို႔ရတဲ့ ဒီဇယ္ဖိုးကို သုံးလိုက္တာနဲ႔လည္း တူေနပါတယ္။

Bitcoin ေၾကာင့္ ကမ႓ာႀကီး 2°C ထိပိုၿပီးေတာ့ ပူေႏြးလာႏိုင္တယ္လို႔ သုံးသပ္ထားၾကပါတယ္။ တစ္ကယ္ေတာ့ ဒါဟာ စိတ္ပူစရာ အေနအထား တစ္ခုပါပဲ။

-----

အထက္မွာ ေျပာခဲ့သလိုပါပဲ။ ထည့္သြင္းစဥ္းစားစရာ အျမင္တစ္ခုအေနနဲ႔သာ မွ်ေဝပါတယ္။ တစ္ကယ္သာ ေအာင္ျမင္သြားရင္ ရလာမယ့္ အက်ိဳးရလဒ္ေတြကို ထည့္မေဆြးေႏြးထားလို႔ သူ႕ေဆြးေႏြးခ်က္ကလည္း လိုအပ္ခ်က္ေတာ့ ႐ွိေနတယ္လို႔ ဆိုႏိုင္ပါတယ္။

Credit to Saya Ei Maung

Comments