Different Types of Drones
Unicode
Drone တွေက ဒီကနေ့ခတ်မှာ အရမ်းအရေးပါ အရာရောက်လာပါတယ်။ Drone တွေကို UAVs (Unmanned Aerial Vehicles)(မောင်းသူမဲ့ ပျံသန်းယာဥ်တွေလို့ ပြောလို့ရမယ်ထင့်) လို့လည်း ခေါ်ကြပြီး အပျော်တန်း Video ရိုက်တာတွေ၊ Vlogging တွေကစလို့ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးတွေအထိကို အသုံးဝင်ပါတယ်။
Types of Drones
Drone အမျိုးအစားကတော့ လေးမျိုးရှိပါတယ်။
- Single Rotor Helicopters
နာမည်နဲ့လိုက်အောင် Helicopter အသေးစားလေးတွေနဲ့တူပြီးတော့ လောင်စာစွမ်းအင်သုံး မောင်းနှင်ရတာလည်းရှိသလို လျှပ်စစ်စွမ်းအင်သုံးလည်းရှိပါတယ်။ ဒီ Drone တွေက အကြမ်းခံပြီးတော့ ခရီးဝေးဝေးသွားလို့ရတဲ့အပြင် ပစ္စည်းတွေ သယ်ယူပို့ဆောင်တာနဲ့ ရေပြင်မြေပြင်အနေအထားလေ့လာတာတွေမှာ သုံးနိုင်ပါတယ်။
-Multi-Rotor Drones
ဒီကောင်တွေကတော့ သေးငယ်ပေါ့ပါးပြီး Photographer တွေနဲ့ Vlogger တွေအကြိုက်ပေါ့။ Camera Quality ကောင်းကောင်းနဲ့ 20-30 Mins လောက်မောင်းလို့ရတဲ့ Battery တွေပါတယ်ဗျ။
-Fixed Wing Drones
ဒီ Drone တွေကတော့ လေယာဥ်ပျံတွေနဲ့ ပိုဆင်ပါတယ်။ အများအားဖြင့်တော့ လောင်စာဆီပဲ အသုံးများပြီး 16 Hours လောက်ထိ ပျံသန်းလို့ရပါတယ်။ ပြီးတော့ အဲ့ Drone တွေက အရွယ်အစားကြီးပြီး ပန်ကာဒလက်တွေအစား တောင်ပံတွေသုံးတာမျိုးဖြစ်လို့ ပျံသန်းဖို့အတွက် သာမန်လေယာဥ်တွေလို ပြေးလမ်းကြောင်းတွေလိုပါတယ်။ စစ်တတ်သုံး Drones တွေလို့ပြောလို့ရပါတယ်။
- FPV Drones(First-Person View Drones)
သူကတော့ အမျိုးအစားသီးသန့်ရယ်တော့ပြောလို့မရပေမယ့် သိသင့်အောင် ထည့်ထားတာပါ။ FPV Drone တွေက သာမန် Drone တွေလို မဟုတ်ပါဘူး။ ကိုယ်တိုင်ဆင်ရတာများပြီးတော့ စျေးလည်း တော်တော်လေးသက်သာပါတယ်။ အရမ်းကို မြန်ဆန်ပေါ့ပါးပြီးတော့ မောင်းတတ်ရင် တချို့လေယာဥ်တွေကို ကောင်းကောင်းကြီးဒုက္ခပေးလို့ရပါတယ်ဗျ။ ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ဖို့လည်း ခက်ပါတယ်။
Drone ေတြက ကေန႔ခတ္မွာ အရမ္းအေရးပါ အရာေရာက္လာပါတယ္။ Drone ေတြကို UAVs (Unmanned Aerial Vehicles)(ေမာင္းသူမဲ့ ပ်ံသန္းယာဥ္ေတြလို႔ ေျပာလို႔ရမယ္ထင့္) လို႔လည္း ေခၚၾကၿပီး အေပ်ာ္တန္း Video ႐ိုက္တာေတြ၊ Vlogging ေတြကစလို႔ စစ္ဖက္ဆိုင္ရာ ေထာက္လွမ္းေရးေတြအထိကို အသုံးဝင္ပါတယ္။
Types of Drones
Drone အမ်ိဳးအစားကေတာ့ ေလးမ်ိဳး႐ွိပါတယ္။
- Single Rotor Helicopters
နာမည္နဲ႔လိုက္ေအာင္ Helicopter အေသးစားေလးေတြနဲ႔တူၿပီးေတာ့ ေလာင္စာစြမ္းအင္သုံး ေမာင္းႏွင္ရတာလည္း႐ွိသလို လွ်ပ္စစ္စြမ္းအင္သုံးလည္း႐ွိပါတယ္။ ဒီ Drone ေတြက အၾကမ္းခံၿပီးေတာ့ ခရီးေဝးေဝးသြားလို႔ရတဲ့အျပင္ ပစၥည္းေတြ သယ္ယူပို႔ေဆာင္တာနဲ႔ ေရျပင္ေျမျပင္အေနအထားေလ့လာတာေတြမွာ သုံးႏိုင္ပါတယ္။
-Multi-Rotor Drones
ဒီေကာင္ေတြကေတာ့ ေသးငယ္ေပါ့ပါးၿပီး Photographer ေတြနဲ႔ Vlogger ေတြအႀကိဳက္ေပါ့။ Camera Quality ေကာင္းေကာင္းနဲ႔ 20-30 Mins ေလာက္ေမာင္းလို႔ရတဲ့ Battery ေတြပါတယ္ဗ်။
-Fixed Wing Drones
ဒီ Drone ေတြကေတာ့ ေလယာဥ္ပ်ံေတြနဲ႔ ပိုဆင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ေလာင္စာဆီပဲ အသုံးမ်ားၿပီး 16 Hours ေလာက္ထိ ပ်ံသန္းလို႔ရပါတယ္။ ၿပီးေတာ့ အဲ့ Drone ေတြက အ႐ြယ္အစားႀကီးၿပီး ပန္ကာဒလက္ေတြအစား ေတာင္ပံေတြသုံးတာမ်ိဳးျဖစ္လို႔ ပ်ံသန္းဖို႔အတြက္ သာမန္ေလယာဥ္ေတြလို ေျပးလမ္းေၾကာင္းေတြလိုပါတယ္။ စစ္တတ္သုံး Drones ေတြလို႔ေျပာလို႔ရပါတယ္။
- FPV Drones(First-Person View Drones)
သူကေတာ့ အမ်ိဳးအစားသီးသန္႔ရယ္ေတာ့ေျပာလို႔မရေပမယ့္ သိသင့္ေအာင္ ထည့္ထားတာပါ။ FPV Drone ေတြက သာမန္ Drone ေတြလို မဟုတ္ပါဘူး။ ကိုယ္တိုင္ဆင္ရတာမ်ားၿပီးေတာ့ ေစ်းလည္း ေတာ္ေတာ္ေလးသက္သာပါတယ္။ အရမ္းကို ျမန္ဆန္ေပါ့ပါးၿပီးေတာ့ ေမာင္းတတ္ရင္ တခ်ိဳ႕ေလယာဥ္ေတြကို ေကာင္းေကာင္းႀကီးဒုကၡေပးလို႔ရပါတယ္ဗ်။ ကြၽမ္းကြၽမ္းက်င္က်င္ေမာင္းတတ္ဖို႔လည္း ခက္ပါတယ္။
Done
ReplyDeleteInteresting .
ReplyDelete2nd.
ReplyDelete😘
ReplyDeleteThanks for info.
ReplyDeleteFPV Drone ဆင်နည်းလေး တင်ပေးပါဦးဗျ
ReplyDelete