မင်းအိပ်မက်တွေကို ဘယ်လိုအသက်သွင်းမလဲ

 

 

 

Unicode


ဒီဆောင်းပါးထဲမှာ မင်းရဲ့ နေ့စဉ်ဘဝကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းပြီး လိုချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် လျှို့ဝှက်ချက်တွေကို ဖော်ပြပေးသွားပါတယ်။

၁။ လက်တွေ့ကျပါစေ


ပထမဆုံးအနေနဲ့ မင်းအိပ်မက်ဟာ တကယ်လက်တွေ့ကျမှဖြစ်မယ်။ မင်းရဲ့ အိပ်မက်ဟာ မင်းအမှန်တကယ် အားထုတ်နိုင်တဲ့ အတိုင်းအတာမှာပဲ ရှိနေသင့်တယ်။ ဘယ်လောက်ကြိုးစားကြိုးစား မဖြစ်လာနိုင်မယ့် အိပ်မက်မျိုးကို မသတ်မှတ်သင့်ဘူး။ ငါးတွေကို ပျံအောင် ငှက်တွေကို ရေငုပ်အောင် မင်းမှ မလုပ်နိုင်တာ။ အိပ်မက်တစ်ခုကို သတ်မှတ်ပြီးရင် လက်တွေ့အကောင်အထည်ဖော်ရမှာဆိုတော့ ကိုယ်ကြိုးစားနိုင်တဲ့ အတိုင်းအတာပဲ ဖြစ်သင့်တာပေါ့။

၂။ မင်းရဲ့ ကိုယ်ပိုင်ပုံစံအတိုင်း ရှိနေပါစေ


မင်းရဲ့ အိပ်မက်ကို သတ်မှတ်တဲ့နေရာမှာ မင်းရဲ့ ကိုယ်ပိုင်ပုံစံအတိုင်း စဉ်စားဖို့ဟာ ပထမဦးဆုံး အရေးကြီးတဲ့ အချက်ပါ။ တခြားသူ တစ်ဦးတစ်ယောက်ကို အားကျပြီး စိတ်ကူးယဉ်သတ်မှတ်လိုက်တဲ့ အိပ်မက်မဟုတ်ဖို့ အရေးကြီးပါတယ်။ မင်းရောက်နေတဲ့ ပတ်ဝန်းကျင် မင်းမိသားစုအခြေအနေ မင်းကိုယ်တိုင်က အားထုတ်နိုင်တဲ့ အရည်အချင်းတွေနဲ့ တကယ်ကိုက်ညီ စံမှီတဲ့ အိပ်မက်ပဲ ဖြစ်သင့်ပါတယ်။

၃။ သေချာတဲ့ ဘဝ ရည်မှန်းချက်ကို ချမှတ်ပါ


“မင်းဘဝမှာ ဘာကိုလိုချင်တာလဲ? ဘာကြောင့်ဒါကိုလိုချင်တာလဲ?” ဆိုတာကို တိတိကျကျ သိနေတယ်ဆိုတဲ့ အချက်ဟာ မင်းအိပ်မက်ကို ချမှတ် အကောင်အထည်ဖော်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ မသေချာ မရေရာဘူးဖြစ်နေရင် မင်းဟာ စီမံကိန်းတွေ အများကြီးချမိတတ်တယ်။ ပြီးတော့ လိုချင်တဲ့ ပန်းတိုင် မရောက်ခင်မှာပဲ တစ်ခုပြီး တစ်ခု မကြာခင်မှာပဲ လက်လျှော့မိသွားတတ်တယ်။

၄။ မင်းအိပ်မက်အတွက် ပန်းတိုင်တွေ ချမှတ်ထားပါ


မင်းအိပ်မက်အတွက် သင့်တော်တဲ့ ပန်းတိုင်တွေကို ချမှတ်ထားသင့်တယ်။ မင်းတကယ်လိုချင်တာ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမယ်။ မင်းနဲ့ အသင့်တော်ဆုံး ပန်းတိုင်ချမှတ်နည်းစနစ်တစ်ခုခုကို အသုံးပြုသင့်တယ်။ ခေတ်စားတဲ့ နည်းစနစ်တစ်ခုကတော့ SMART ( specific, measurable, achievable, relevant, and time-bound ) နည်းစနစ်ပါ။ သင့်တော်တဲ့ စနစ်တစ်ခုအသုံးပြု ပန်းတိုင်တွေ ချမှတ်ထားပြီးရင် ပုံမှန်ပြန်စစ်ဆေးသင့်ပါတယ်။ ပြုပြင်သင့်တဲ့နေရာရှိရင် ပြုပြင်ပေးရပါတယ်။

၅။ လုပ်ဆောင်ချက် အစီအစဉ်ချမှတ်ပါ


လုပ်ဆောင်ချက် အစီအစဉ်ချမှတ်ပြီး တိုးတက်မှုကို အမြဲစစ်ဆေးနေသင့်တယ်။ မင်းဘဝပန်းတိုင်ကို ချမှတ်ပြီးလို့ လုပ်ဆောင်ခက်အစီအစဉ်အတိုင်းဆောင်ရွက်နေပြီဆိုရင် နေ့စဉ်မှတ်တမ်းတစ်ခုထားပြီး စစ်ဆေးနေရပါမယ်။ ဒါမှ မင်းလုပ်ငန်းတိုးတက်မှုတွေကို မျက်ခြေမပြတ်လေ့လာတန်ဖိုးဖြတ်နိုင်အောင်လို့ပါ။ ဒါဆိုရင် မင်းရဲ့ လုပ်ငန်းတိုးတက်မှုကို ပိုအရာရောက်စေမှာပါ။

၆။ အဓိကကျတဲ့ အရည်အချင်းများကို လေ့လာသင်ယူပါ


မင်းအိပ်မက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်တဲ့ အတတ်ပညာအသစ်တွေ သင်ယူဖို့လိုအပ်တာ တွေ့ရပါလိမ့်မယ်။ လိုအပ်တဲ့ အတတ်ပညာသစ်တွေ သင်ယူမှုမရှိပဲ ပန်းတိုင်ကိုရောက်အောင်သွားနေတာဟာ အပျော်သက်သက် လုပ်နေသလိုပဲ ဖြစ်နေမှာပေါ့နော်။

၇။ စစ်မှန်တဲ့ စိတ်ပါဝင်စားမှုရှိပါစေ


မင်းအိပ်မက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ မင်းကိုယ်မင်း အမှန်တကယ် စိတ်ပါဝင်စားမှုရှိမရှိ စစ်ဆေးကြည့်ရပါမယ်။ လူတွေကို ပြသဖို့အတွက်ပဲ လုပ်တာမဖြစ်ပါစေနဲ့။ စိတ်ဝင်စားချင်ယောင်ဆောင်နေရုံပဲ ဖြစ်နေသလားဆိုတာ သေချာစစ်ဆေးရပါမယ်။ မင်းရဲ့ အိပ်မက်အစစ်အမှန်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအလုပ်ကို လုပ်နေရင်း အမှန်တကယ် စိတ်ဝင်စားမှုမရှိတာသေချာရင် မင်းနဲ့ ကိုက်ညီတဲ့ အိပ်မက်အသစ်ကို အချိန်မှီပြောင်းသင့်ပါတယ်။

၈။ အတည်ပြုပါ


မင်းအတွက် အသင့်တော်ဆုံး အိပ်မက်ကို ရွေးချယ်ပြီးလို့ အကောင်အထည်ဖော်နေရင်း ကိုယ့်ကိုယ်ကို သံသယဝင်တာ မသေချာမရေရာတာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့လိုအချိန်မှာ မင်းအိပ်မက်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ လေ့လာသင်ယူပြီးပြီလား ဒီအလုပ်အပေါ်မှာ တကယ်စိတ်ဝင်စားမှုရှိရဲ့လား နေ့စဉ်တိုးတက်မှုရှိရဲ့လား ပြန်ကြည့်ပြီး အတည်ပြုမှုတွေလုပ်သင့်ပါတယ်။ မသေချာ မရေရာမှုတွေကို မြန်မြန် ရှင်းထုတ်လိုက်သင့်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိအောင် သတိထားရပါတယ်။

၉။ မွေးရာပါ အရည်အချင်းတွေကို သတိပြုပါ


မင်းအိပ်မက်တွေကို သေချာစမ်းစစ်ကြည့်တဲ့အခါမှာ မင်းကိုယ်တိုင် သတိမထားမိသေးတဲ့ မွေးရာပါ အရည်အချင်းတွေကို တွေ့လာရတတ်ပါတယ်။ မင်း ကျင်လည်နေကျ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်တဲ့ အရည်အချင်းတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒီလို အရည်အချင်းတွေတွေ့လာခဲ့ရင် ကိုယ့်အိပ်မက်အတွက် အသုံးဝင်တဲ့ အရည်အချင်း မဟုတ်ရင်တောင် အလုပ်လုပ်ရင်း ပင်ပန်းတဲ့အခါ ဒီအရည်အချင်းတွေကို ဖျော်ဖြေမှုအတွက် သုံးနိုင်ပါသေးတယ်။ ဥပမာ - မင်းက အသံကောင်းတာကို သတိထားမိရင် အဆိုတော်လုပ်စရာအထိမလိုပေမယ့် အပျင်းပြေ သီချင်းဆိုပြီး အပန်းဖြေတဲ့နေရာမှာ သုံးနိုင်တာမျိုးပေါ့။

၁၀။ မိမိကိုယ်ကို တန်ဖိုးထားပါ

 
မင်းအိပ်မက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့ အရမ်း အရေးကြီးပါတယ်။ မိမိတန်ဖိုးကို သေသေချာချာ သိထားပြီး တန်ဖိုးထားကြိုးစားသွားမယ်ဆိုရင် မင်းအိပ်မက်ကို အမှန်တကယ် အကောင်အထည် ဖော်သွားနိုင်မှာပါ။

နိဂုံးချုပ်


မင်းအိပ်မက်တွေကို အသက်သွင်းဖို့ အစီအစဉ်တကျနေတတ်ပါစေ။ ဒါဆိုရင် မင်းလိုချင်တာကို ရာခိုင်နှုန်းပြည့်မရခဲ့ရင်တောင် ကြိုးစားချင်ယောင်ဆောင်နေခဲ့တာထက်စာရင်တော့ ရလဒ် အများကြီးပိုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ မင်းလုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ထားလိုက်ပါ။

Credit
 
 
 

Zawgyi



ဒီေဆာင္းပါးထဲမွာ မင္းရဲ႕ ေန႔စဥ္ဘဝကို လြယ္လြယ္ကူကူနဲ႔ ျဖတ္သန္းၿပီး လိုခ်င္တဲ့ အိမ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ျပေပးသြားပါတယ္။

၁။ လက္ေတြ႕က်ပါေစ


ပထမဆုံးအေနနဲ႔ မင္းအိပ္မက္ဟာ တကယ္လက္ေတြ႕က်မွျဖစ္မယ္။ မင္းရဲ႕ အိပ္မက္ဟာ မင္းအမွန္တကယ္ အားထုတ္ႏိုင္တဲ့ အတိုင္းအတာမွာပဲ ႐ွိေနသင့္တယ္။ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မျဖစ္လာႏိုင္မယ့္ အိပ္မက္မ်ိဳးကို မသတ္မွတ္သင့္ဘူး။ ငါးေတြကို ပ်ံေအာင္ ငွက္ေတြကို ေရငုပ္ေအာင္ မင္းမွ မလုပ္ႏိုင္တာ။ အိပ္မက္တစ္ခုကို သတ္မွတ္ၿပီးရင္ လက္ေတြ႕အေကာင္အထည္ေဖာ္ရမွာဆိုေတာ့ ကိုယ္ႀကိဳးစားႏိုင္တဲ့ အတိုင္းအတာပဲ ျဖစ္သင့္တာေပါ့။

၂။ မင္းရဲ႕ ကိုယ္ပိုင္ပုံစံအတိုင္း ႐ွိေနပါေစ


မင္းရဲ႕ အိပ္မက္ကို သတ္မွတ္တဲ့ေနရာမွာ မင္းရဲ႕ ကိုယ္ပိုင္ပုံစံအတိုင္း စဥ္စားဖို႔ဟာ ပထမဦးဆုံး အေရးႀကီးတဲ့ အခ်က္ပါ။ တျခားသူ တစ္ဦးတစ္ေယာက္ကို အားက်ၿပီး စိတ္ကူးယဥ္သတ္မွတ္လိုက္တဲ့ အိပ္မက္မဟုတ္ဖို႔ အေရးႀကီးပါတယ္။ မင္းေရာက္ေနတဲ့ ပတ္ဝန္းက်င္ မင္းမိသားစုအေျခအေန မင္းကိုယ္တိုင္က အားထုတ္ႏိုင္တဲ့ အရည္အခ်င္းေတြနဲ႔ တကယ္ကိုက္ညီ စံမွီတဲ့ အိပ္မက္ပဲ ျဖစ္သင့္ပါတယ္။

၃။ ေသခ်ာတဲ့ ဘဝ ရည္မွန္းခ်က္ကို ခ်မွတ္ပါ


“မင္းဘဝမွာ ဘာကိုလိုခ်င္တာလဲ? ဘာေၾကာင့္ဒါကိုလိုခ်င္တာလဲ?” ဆိုတာကို တိတိက်က် သိေနတယ္ဆိုတဲ့ အခ်က္ဟာ မင္းအိပ္မက္ကို ခ်မွတ္ အေကာင္အထည္ေဖာ္ဖို႔အတြက္ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ ကိုယ္ဘာျဖစ္ခ်င္တာလဲ မေသခ်ာ မေရရာဘူးျဖစ္ေနရင္ မင္းဟာ စီမံကိန္းေတြ အမ်ားႀကီးခ်မိတတ္တယ္။ ၿပီးေတာ့ လိုခ်င္တဲ့ ပန္းတိုင္ မေရာက္ခင္မွာပဲ တစ္ခုၿပီး တစ္ခု မၾကာခင္မွာပဲ လက္ေလွ်ာ့မိသြားတတ္တယ္။

၄။ မင္းအိပ္မက္အတြက္ ပန္းတိုင္ေတြ ခ်မွတ္ထားပါ


မင္းအိပ္မက္အတြက္ သင့္ေတာ္တဲ့ ပန္းတိုင္ေတြကို ခ်မွတ္ထားသင့္တယ္။ မင္းတကယ္လိုခ်င္တာ ဘာလဲဆိုတာ ႐ွင္း႐ွင္းလင္းလင္း သိထားရမယ္။ မင္းနဲ႔ အသင့္ေတာ္ဆုံး ပန္းတိုင္ခ်မွတ္နည္းစနစ္တစ္ခုခုကို အသုံးျပဳသင့္တယ္။ ေခတ္စားတဲ့ နည္းစနစ္တစ္ခုကေတာ့ SMART ( specific, measurable, achievable, relevant, and time-bound ) နည္းစနစ္ပါ။ သင့္ေတာ္တဲ့ စနစ္တစ္ခုအသုံးျပဳ ပန္းတိုင္ေတြ ခ်မွတ္ထားၿပီးရင္ ပုံမွန္ျပန္စစ္ေဆးသင့္ပါတယ္။ ျပဳျပင္သင့္တဲ့ေနရာ႐ွိရင္ ျပဳျပင္ေပးရပါတယ္။

၅။ လုပ္ေဆာင္ခ်က္ အစီအစဥ္ခ်မွတ္ပါ


လုပ္ေဆာင္ခ်က္ အစီအစဥ္ခ်မွတ္ၿပီး တိုးတက္မႈကို အၿမဲစစ္ေဆးေနသင့္တယ္။ မင္းဘဝပန္းတိုင္ကို ခ်မွတ္ၿပီးလို႔ လုပ္ေဆာင္ခက္အစီအစဥ္အတိုင္းေဆာင္႐ြက္ေနၿပီဆိုရင္ ေန႔စဥ္မွတ္တမ္းတစ္ခုထားၿပီး စစ္ေဆးေနရပါမယ္။ ဒါမွ မင္းလုပ္ငန္းတိုးတက္မႈေတြကို မ်က္ေျခမျပတ္ေလ့လာတန္ဖိုးျဖတ္ႏိုင္ေအာင္လို႔ပါ။ ဒါဆိုရင္ မင္းရဲ႕ လုပ္ငန္းတိုးတက္မႈကို ပိုအရာေရာက္ေစမွာပါ။

၆။ အဓိကက်တဲ့ အရည္အခ်င္းမ်ားကို ေလ့လာသင္ယူပါ


မင္းအိပ္မက္ကို လက္ေတြ႕က်က် အေကာင္အထည္ေဖာ္တဲ့ေနရာမွာ လိုအပ္တဲ့ အတတ္ပညာအသစ္ေတြ သင္ယူဖို႔လိုအပ္တာ ေတြ႕ရပါလိမ့္မယ္။ လိုအပ္တဲ့ အတတ္ပညာသစ္ေတြ သင္ယူမႈမ႐ွိပဲ ပန္းတိုင္ကိုေရာက္ေအာင္သြားေနတာဟာ အေပ်ာ္သက္သက္ လုပ္ေနသလိုပဲ ျဖစ္ေနမွာေပါ့ေနာ္။

၇။ စစ္မွန္တဲ့ စိတ္ပါဝင္စားမႈ႐ွိပါေစ


မင္းအိပ္မက္ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ မင္းကိုယ္မင္း အမွန္တကယ္ စိတ္ပါဝင္စားမႈ႐ွိမ႐ွိ စစ္ေဆးၾကည့္ရပါမယ္။ လူေတြကို ျပသဖို႔အတြက္ပဲ လုပ္တာမျဖစ္ပါေစနဲ႔။ စိတ္ဝင္စားခ်င္ေယာင္ေဆာင္ေန႐ုံပဲ ျဖစ္ေနသလားဆိုတာ ေသခ်ာစစ္ေဆးရပါမယ္။ မင္းရဲ႕ အိပ္မက္အစစ္အမွန္ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ဒီအလုပ္ကို လုပ္ေနရင္း အမွန္တကယ္ စိတ္ဝင္စားမႈမ႐ွိတာေသခ်ာရင္ မင္းနဲ႔ ကိုက္ညီတဲ့ အိပ္မက္အသစ္ကို အခ်ိန္မွီေျပာင္းသင့္ပါတယ္။

၈။ အတည္ျပဳပါ


မင္းအတြက္ အသင့္ေတာ္ဆုံး အိပ္မက္ကို ေ႐ြးခ်ယ္ၿပီးလို႔ အေကာင္အထည္ေဖာ္ေနရင္း ကိုယ့္ကိုယ္ကို သံသယဝင္တာ မေသခ်ာမေရရာတာေတြ ျဖစ္လာတတ္ပါတယ္။ အဲ့လိုအခ်ိန္မွာ မင္းအိပ္မက္အတြက္ လိုအပ္တဲ့ အရည္အခ်င္းေတြ ေလ့လာသင္ယူၿပီးၿပီလား ဒီအလုပ္အေပၚမွာ တကယ္စိတ္ဝင္စားမႈ႐ွိရဲ႕လား ေန႔စဥ္တိုးတက္မႈ႐ွိရဲ႕လား ျပန္ၾကည့္ၿပီး အတည္ျပဳမႈေတြလုပ္သင့္ပါတယ္။ မေသခ်ာ မေရရာမႈေတြကို ျမန္ျမန္ ႐ွင္းထုတ္လိုက္သင့္ပါတယ္။ မိမိကိုယ္ကို ယုံၾကည္မႈ႐ွိေအာင္ သတိထားရပါတယ္။

၉။ ေမြးရာပါ အရည္အခ်င္းေတြကို သတိျပဳပါ

 
မင္းအိပ္မက္ေတြကို ေသခ်ာစမ္းစစ္ၾကည့္တဲ့အခါမွာ မင္းကိုယ္တိုင္ သတိမထားမိေသးတဲ့ ေမြးရာပါ အရည္အခ်င္းေတြကို ေတြ႕လာရတတ္ပါတယ္။ မင္း က်င္လည္ေနက် ပတ္ဝန္းက်င္နဲ႔ မသက္ဆိုင္တဲ့ အရည္အခ်င္းေတြလည္း ျဖစ္ေနတတ္ပါတယ္။ ဒီလို အရည္အခ်င္းေတြေတြ႕လာခဲ့ရင္ ကိုယ့္အိပ္မက္အတြက္ အသုံးဝင္တဲ့ အရည္အခ်င္း မဟုတ္ရင္ေတာင္ အလုပ္လုပ္ရင္း ပင္ပန္းတဲ့အခါ ဒီအရည္အခ်င္းေတြကို ေဖ်ာ္ေျဖမႈအတြက္ သုံးႏိုင္ပါေသးတယ္။ ဥပမာ - မင္းက အသံေကာင္းတာကို သတိထားမိရင္ အဆိုေတာ္လုပ္စရာအထိမလိုေပမယ့္ အပ်င္းေျပ သီခ်င္းဆိုၿပီး အပန္းေျဖတဲ့ေနရာမွာ သုံးႏိုင္တာမ်ိဳးေပါ့။

၁၀။ မိမိကိုယ္ကို တန္ဖိုးထားပါ


မင္းအိပ္မက္ကို အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ မိမိကိုယ္ကို တန္ဖိုးထားတတ္ဖို႔ အရမ္း အေရးႀကီးပါတယ္။ မိမိတန္ဖိုးကို ေသေသခ်ာခ်ာ သိထားၿပီး တန္ဖိုးထားႀကိဳးစားသြားမယ္ဆိုရင္ မင္းအိပ္မက္ကို အမွန္တကယ္ အေကာင္အထည္ ေဖာ္သြားႏိုင္မွာပါ။

နိဂုံးခ်ဳပ္


မင္းအိပ္မက္ေတြကို အသက္သြင္းဖို႔ အစီအစဥ္တက်ေနတတ္ပါေစ။ ဒါဆိုရင္ မင္းလိုခ်င္တာကို ရာခိုင္ႏႈန္းျပည့္မရခဲ့ရင္ေတာင္ ႀကိဳးစားခ်င္ေယာင္ေဆာင္ေနခဲ့တာထက္စာရင္ေတာ့ ရလဒ္ အမ်ားႀကီးပိုေကာင္းလာတာကို ေတြ႕ရပါလိမ့္မယ္။ မင္းလုပ္ႏိုင္တယ္ဆိုတာ ကိုယ့္ကိုယ္ကို ယုံၾကည္ထားလိုက္ပါ။
 
Credit

Comments

Post a Comment