အလုပ်အကိုင် တွင်ကျယ်ထိရောက်စေမယ့် အဓိကသော့ချက်များ










Unicode


- အလုပ်အကိုင် တွင်ကျယ်ထိရောက်စေမယ့် အဓိကသော့ချက်များ
အလုပ်ကို စနစ်တကျလုပ်တဲ့နေရာမှာ မင်းကိုယ်တိုင်ရဲ့ အတွေ့အကြုံကနေ သင်ယူပြီးလုပ်ကိုင်သွားတာက အကျိုးဖြစ်ထွန်းမှုရှိပါတယ်။ အတိတ်က အမှားတွေကို သင်ခန်းစာယူ နောက်ထပ်တူမမှားရအောင် ဆင်ခြင်လုပ်ကိုင်သွားမယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်တွေရမှာပါ။ တစ်ချိန်တည်းမှာပဲ ကိုယ်ကိုယ်တိုင် အမှားကို ကျူးလွန်ပြီးမှ သင်ခန်းစာယူစရာမလိုပဲ တခြားသူတွေ တွေ့ကြုံထားတဲ့ အမှားတွေကနေ လေ့လာသင်ခန်းစာယူပြီးလည်း ရှောင်ရှားနိုင်ပါသေးတယ်။ လုပ်ငန်းတွင်ကျယ်မှုအတွက် ပိုထိရောက်တာပေါ့။

လုပ်ငန်းတွေ လုပ်ကိုင်ရင်းတွေ့ကြုံလာရတဲ့ အမှားတွေဟာ မင်းကို ရင့်ကျက်လာစေမယ်။ စွန့်စားလုပ်ကိုင်လိုက်လို့ ရလာမယ့် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို ကြိုတွက်တတ်လာစေမယ်။ အလုပ်အကိုင်တိုးတက်ဖြစ်ထွန်းမှုဆိုတာ စီမံခန့်ခွဲနိုင်မှုနဲ့ဆိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်ပုံမှန်လုပ်ဆောင်တတ်တဲ့ အကျင့်ကောင်းတွေ ကျင့်ယူရမယ်။ အကောင်းဆုံးရလဒ်တွေရဖို့ ရည်ရွယ်လုပ်ကိုင်ရမယ်။

ကိုယ့်ကိုယ်ကို ပြီးပြည့်စုံနေပြီလို့ မယူဆပဲ အမြဲလေ့လာသင်ယူနေရမယ်။ အဲ့လို လေ့လာသင်ယူရင်း လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လာတဲ့အခါ တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက် ကောင်းမွန်လာတဲ့ မင်းကိုယ်မင်းလည်း အလုပ်မှာပို ပျော်ရွှင် ကျေနပ်လာမှာပေါ့။ ဘယ်အလုပ်မှာမဆို သင်ယူလေ့လာခြင်းဟာ ကုန်ဆုံးရပ်တန့်သွားတယ်ဆိုတာ မရှိဘူး။ ဒါကြောင့်လည်း ဒီနေ့ ပြီးပြည့်စုံပါတယ်ဆိုတဲ့ အလုပ်တစ်ခုဟာ နောင်တစ်ချိန်ပြန်ကြည့်ရင် ခေတ်နောက်ကျနေတာ အသုံးမဝင်တော့တာတွေဖြစ်နေတာပေါ့။ ဥပမာ - ဒီနေ့ သုံးစွဲနေတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကိုပဲကြည့် အရင်ဆယ်နှစ်လောက်က ပစ္စည်းတွေနဲ့ လိုက်မမှီတော့ဘူး ဒါတွေကလည်း နောက်ဆယ်နှစ်လောက်ကြာရင် အသုံးဝင်ချင်မှ ဝင်တော့မှာလေ။
ဒါကြောင့် မင်းကိုယ်တိုင်လည်း ဘယ်လို အလုပ်မျိုးပဲလုပ်နေပါစေ လေ့လာသင်ယူမှုကို ရပ်တန့်ထားလို့ မရပါဘူး။ အမြဲတမ်း သင်ယူရုံ သင်ယူနေလို့လည်း မရပါဘူး။ အလုပ်လုပ်ရင်း မင်းလုပ်ငန်းနဲ့ဆိုင်တာတွေကို တိုးတက်ပြောင်းလဲဖို့ အမြဲလေ့လာ သင်ယူနေရပါမယ်။

မိမိလုပ်ငန်းကို ပိုမိုတွင်ကျယ်တိုးတက်မှုရှိအောင် ဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေမယ့် ဆောင်းပါး ၄ ခု
၉။ အချိန်ဆွဲနှောင့်နှေးမှုကို တာဆီးနိုင်မယ့် နည်းလမ်း နှစ်ဆယ်
၁၀။ ပိုကောင်းတဲ့ ရလဒ်တွေအတွက် ရှောင်ကျဉ်ရမယ့် အချိန်ဖြန်းမှု ၃၀ မျိုး
၁၁။ အသိဉာဏ် ဗဟုသုတဟာ အင်အားပဲဆိုတာ သေချာစေတဲ့ အကြောင်းအရင်း ၆ ခု
၁၂။ ပြောင်းလဲမှုတစ်ခုကို လက်ခံလိုက်လို့ ရလာနိုင်မယ့် အကျိုး ၈ ခု

အပေါ်မှာ ဖော်ပြသွားတဲ့ ဆောင်းပါး ၁၂ ခုကို နောက်ဆက်တွဲ အကျယ်ဖွင့် ဖော်ပြပေးသွားပါ့မယ်။ မိတ်ဆွေတို့အနေနဲ့ ဒီဆောင်းပါးတွေထဲက လမ်းစဉ်တွေအတိုင်း ကျင့်သုံးသွားကြမယ်ဆိုရင် မိမိဘဝမှာ ချမှတ်ထားတဲ့ ပန်းတိုင်အသီးသီးကို ခက်ခဲပင်ပန်းမှုမရှိ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမှာ အသေအချာပါပဲ။

Credit





Zawgyi



- အလုပ္အကိုင္ တြင္က်ယ္ထိေရာက္ေစမယ့္ အဓိကေသာ့ခ်က္မ်ား
အလုပ္ကို စနစ္တက်လုပ္တဲ့ေနရာမွာ မင္းကိုယ္တိုင္ရဲ႕ အေတြ႕အၾကဳံကေန သင္ယူၿပီးလုပ္ကိုင္သြားတာက အက်ိဳးျဖစ္ထြန္းမႈ႐ွိပါတယ္။ အတိတ္က အမွားေတြကို သင္ခန္းစာယူ ေနာက္ထပ္တူမမွားရေအာင္ ဆင္ျခင္လုပ္ကိုင္သြားမယ္ဆိုရင္ ပိုေကာင္းတဲ့ ရလဒ္ေတြရမွာပါ။ တစ္ခ်ိန္တည္းမွာပဲ ကိုယ္ကိုယ္တိုင္ အမွားကို က်ဴးလြန္ၿပီးမွ သင္ခန္းစာယူစရာမလိုပဲ တျခားသူေတြ ေတြ႕ၾကဳံထားတဲ့ အမွားေတြကေန ေလ့လာသင္ခန္းစာယူၿပီးလည္း ေ႐ွာင္႐ွားႏိုင္ပါေသးတယ္။ လုပ္ငန္းတြင္က်ယ္မႈအတြက္ ပိုထိေရာက္တာေပါ့။

လုပ္ငန္းေတြ လုပ္ကိုင္ရင္းေတြ႕ၾကဳံလာရတဲ့ အမွားေတြဟာ မင္းကို ရင့္က်က္လာေစမယ္။ စြန္႔စားလုပ္ကိုင္လိုက္လို႔ ရလာမယ့္ အက်ိဳးအျမတ္နဲ႔ ဆုံး႐ႈံးမႈေတြကို ႀကိဳတြက္တတ္လာေစမယ္။ အလုပ္အကိုင္တိုးတက္ျဖစ္ထြန္းမႈဆိုတာ စီမံခန္႔ခြဲႏိုင္မႈနဲ႔ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ပုံမွန္လုပ္ေဆာင္တတ္တဲ့ အက်င့္ေကာင္းေတြ က်င့္ယူရမယ္။ အေကာင္းဆုံးရလဒ္ေတြရဖို႔ ရည္႐ြယ္လုပ္ကိုင္ရမယ္။

ကိုယ့္ကိုယ္ကို ၿပီးျပည့္စုံေနၿပီလို႔ မယူဆပဲ အၿမဲေလ့လာသင္ယူေနရမယ္။ အဲ့လို ေလ့လာသင္ယူရင္း လုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္လာတဲ့အခါ တစ္ေန႔ထက္ တစ္ေန႔ ပိုမိုတိုးတက္ ေကာင္းမြန္လာတဲ့ မင္းကိုယ္မင္းလည္း အလုပ္မွာပို ေပ်ာ္႐ႊင္ ေက်နပ္လာမွာေပါ့။ ဘယ္အလုပ္မွာမဆို သင္ယူေလ့လာျခင္းဟာ ကုန္ဆုံးရပ္တန္႔သြားတယ္ဆိုတာ မ႐ွိဘူး။ ဒါေၾကာင့္လည္း ဒီေန႔ ၿပီးျပည့္စုံပါတယ္ဆိုတဲ့ အလုပ္တစ္ခုဟာ ေနာင္တစ္ခ်ိန္ျပန္ၾကည့္ရင္ ေခတ္ေနာက္က်ေနတာ အသုံးမဝင္ေတာ့တာေတြျဖစ္ေနတာေပါ့။ ဥပမာ - ဒီေန႔ သုံးစြဲေနတဲ့ အီလက္ထေရာနစ္ ပစၥည္းေတြကိုပဲၾကည့္ အရင္ဆယ္ႏွစ္ေလာက္က ပစၥည္းေတြနဲ႔ လိုက္မမွီေတာ့ဘူး ဒါေတြကလည္း ေနာက္ဆယ္ႏွစ္ေလာက္ၾကာရင္ အသုံးဝင္ခ်င္မွ ဝင္ေတာ့မွာေလ။
ဒါေၾကာင့္ မင္းကိုယ္တိုင္လည္း ဘယ္လို အလုပ္မ်ိဳးပဲလုပ္ေနပါေစ ေလ့လာသင္ယူမႈကို ရပ္တန္႔ထားလို႔ မရပါဘူး။ အၿမဲတမ္း သင္ယူ႐ုံ သင္ယူေနလို႔လည္း မရပါဘူး။ အလုပ္လုပ္ရင္း မင္းလုပ္ငန္းနဲ႔ဆိုင္တာေတြကို တိုးတက္ေျပာင္းလဲဖို႔ အၿမဲေလ့လာ သင္ယူေနရပါမယ္။

မိမိလုပ္ငန္းကို ပိုမိုတြင္က်ယ္တိုးတက္မႈ႐ွိေအာင္ ေဆာင္႐ြက္ရာမွာ အေထာက္အကူ ျဖစ္ေစမယ့္ ေဆာင္းပါး ၄ ခု
၉။ အခ်ိန္ဆြဲေႏွာင့္ေႏွးမႈကို တာဆီးႏိုင္မယ့္ နည္းလမ္း ႏွစ္ဆယ္
၁၀။ ပိုေကာင္းတဲ့ ရလဒ္ေတြအတြက္ ေ႐ွာင္က်ဥ္ရမယ့္ အခ်ိန္ျဖန္းမႈ ၃၀ မ်ိဳး
၁၁။ အသိဉာဏ္ ဗဟုသုတဟာ အင္အားပဲဆိုတာ ေသခ်ာေစတဲ့ အေၾကာင္းအရင္း ၆ ခု
၁၂။ ေျပာင္းလဲမႈတစ္ခုကို လက္ခံလိုက္လို႔ ရလာႏိုင္မယ့္ အက်ိဳး ၈ ခု

အေပၚမွာ ေဖာ္ျပသြားတဲ့ ေဆာင္းပါး ၁၂ ခုကို ေနာက္ဆက္တြဲ အက်ယ္ဖြင့္ ေဖာ္ျပေပးသြားပါ့မယ္။ မိတ္ေဆြတို႔အေနနဲ႔ ဒီေဆာင္းပါးေတြထဲက လမ္းစဥ္ေတြအတိုင္း က်င့္သုံးသြားၾကမယ္ဆိုရင္ မိမိဘဝမွာ ခ်မွတ္ထားတဲ့ ပန္းတိုင္အသီးသီးကို ခက္ခဲပင္ပန္းမႈမ႐ွိ ေပ်ာ္႐ႊင္စြာ ေလွ်ာက္လွမ္းႏိုင္ၾကမွာ အေသအခ်ာပါပဲ။


Credit

Comments

Post a Comment