Intermittent Fasting(IF)









Intermittent Fasting(IF) ဆိုတာလေး လက်ရှိမှာ Trend နေတာတွေရတယ်။IF ကိုသုံး​ပြီး Weight ချဖို့နဲ့ ကျန်းမာရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ လုပ်ကြတယ်။ ခန္ဓာကိုယ်ကိုသာမက ဦးနှောက်ကိုပါ Powerful ဖြစ်စေပြီးတော့ အသက်ပါရှည်စေနိုင်တယ်လို့ လေ့လာတွေရှိချက်တွေအရ သိရတယ်။

အဲ့တော့ Intermittent Fasting(IF) ဆိုတာ ဘာလဲ?


IF က ရှင်းရှင်းပြောရမယ်ဆိုရင် အစားအသောက်ပုံစံတစ်ခုပါပဲ။ ဒါပေမယ့် ဘာအစားအသောက်တွေ စားရမယ်ဆိုတာထက် ဘယ်အချိန်မှာစားရမယ်ဆိုတာကို ရည်ညွှန်းတဲ့ဟာပေါ့။ Diet ထက် Eating Pattern လို့ပြောလို့ရတယ်။
Common ဖြစ်တဲ့ IF Method တွေက တစ်ပတ်မှာ နှစ်ရက်၊ တစ်ရက်ကို 16 နာရီလောက်အစာမစားရတာမျိုး၊ ဒါမှမဟုတ် တစ်နေ့လုံး အစားရှောင်ရတာမျိုးလုပ်ရတယ်။
ဘာသာရေးအခေါ်အဝေါ်အရ ဗုဒ္ဓဘာသာမှာဆို ဥပုဒ်စောင့်ရတာမျိုး၊ Islam ဘာသာအတွက်ဆို Ramadan လိုမျိုးပါပဲ။

Intermittent Fasting Methods


IF နည်းအမျိူးမျိုးရှိတယ်။ အဲ့ထဲက Popular ဖြစ်တာတွေ ပြောရမယ်ဆိုရင်







-The 16/8 method: မနက်စာမစားရတာမျိုး၊ တစ်ရက်ကို 8 Hours အတွင်းပဲ စားရတာမျိုး e.g. 1-9 p.m. ကျန်တဲ့ 16 နာရီကိုတော့ အစာမစားရဘူး။







- Eat-Stop-Eat: သူက 24 Hours လုံးမစားရတာ။ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပေါ့။ ဥပမာ Fasting လုပ်မယ့်အချိန်ကို ဒီည Dinner Time မှာစပြီး နောက်နေ့ Dinner မှ ပြန်စား။







- The 5:2 diet: သူကတော့ တစ်ပတ်ကို 2 ရက်လောက် အစာလျှော့စား (500-600 Calories)၊ ကျန်တဲ့ 5 ရက်ကို ပုံမှန်ပဲစား။ လျှော့စားတဲ့နှစ်ရက်ကလည်း ဆက်တိုက်မဖြစ်ရဘူး။

16/8 Method က အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ လူကြိုက်အများဆုံးပါ။ လိုအပ်တဲ့သူတွေ သုံးနိုင်ကြပါစေခင်ဗျာ။

Comments

Post a Comment