ခေတ်သစ် အစ္စရေးနိုင်ငံတော်ရဲ့ကောင်းကင်ယံမှကာကွယ်နေတဲ့နတ်ဘုရား(သို့မဟုတ်)IRON DOME (AIR DEFENSE SYSTEM)လေကာစနစ် အကြောင်းတစေ့တစောင်း….

 တနေ့တ၌ကျွန်ုပ်ကိုထက် သည်အရှေ့အလယ်ပိုင်းကအဆိပ်ပြင်းတဲ့နိုင်ငံလေးကနာမည်ကျော်သံမဏိမိုးခုံးလို့အမည်ရတဲ့ Iron Dome လေကာစနစ်အကြောင်း hot ဖြစ်နေလို့လေ့လာမိသောအခါ…







Iron Dome (Air Defense System) လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့မူလအစဟာဟိုးလွန်ခဲ့တဲ့ (၂၀၀၆)ခုနှစ် အစ္စရေးနဲ့
လက်ဘနွန်တောင်ပိုင်းအခြေစိုက်တဲ့ဟစ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကလို့ပြောလို့ရမယ်
ဟစ်ဘိုလာတွေဟာဒုံးကျည်တွေ‌၊မော်တာတွေအလုံးပေါင်း

၄၀၀၀ ကျော်လောက်နဲ့အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့လို့အစ္စရေးနိုင်ငံသားဒါဇင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်
လူသန်းပေါင်းများစွာလဲဗုံးခိုကျင်းတွေမှာခိုအောင်းနေခဲ့ရတယ်၊




ထို့အတူHamas ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တွေကလဲရုရှားထုတ် Grad MLRS စနစ်တွေအမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာမို
့နောက်တစ်နှစ်အကြာ ၂၀၀၇ ခုနှစ်မှာအစ္စရေးတို့ရဲ့နာမည်ကျော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့…..
(Rafael Advanced Defense Systems)ကဒုံးလက်နက်ကာကွယ်ရေးဒိုင်းစနစ်တစ်ခုတည်ဆောက်
တပ်ဆင်မယ်လို့ကြေညာခဲ့ပြီးဒေါ်လာ ၂၅ သန်းတန်ဖိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုခဲ့ပါတယ်၊




ဒါ့အပြင် Iron Dome စီမံကိန်းအတွက်အမေရိကန်နိုင်ငံကဒေါ်လာသန်း ၂၀၀ ကျော်ကူငွေရခဲ့ပါသေးတယ်ဗျာ..(အန်ကယ်ဆမ်ကလူလည် ၊:sweat_smile:)
Iron Dome ရဲ့ Battle Management System ရဲ့ပရိုဂရမ်အပိုင်းကိုတော့ Mprest.System ကရေးဆွဲပေးခဲ့ပြီ
း Weapons System (လက်နက်စနစ်)ကိုတော့ Scratch ကရေးဆွဲပေးခဲ့ပါတယ်
တာတိုပစ်ဒုံးပျံတွေနဲ့အမြှောက်ကျည်တွေကိုကြားဖြတ်တိုက်ခိုက်ဖို့ရည်ရွယ်ပြီး Iron Dome ကိုထုတ်လုပ်ထားတာပါ
အနိမ့်ဆုံးကတော့ 4km(2mile)ကနေ 70km(43mile) အတွင်းပေါ့ဒါပေမယ့်အစ္စရေးတပ်မတော်က Iron Dome ရဲ့




Maximum(အများဆုံး) အကွာအဝေးကို 70km(43mile) ကနေ 250km(155mile) အထိချဲ့ချင်တာပါ
(တာလတ်အဆင့်တောင်‌ရောက်နေပြီ:flushed:) Iron Domeရဲ့ပွဲဦးထွက်တိုက်ပွဲအဖြစ်
နိုင်ငံတောင်ပိုင်း (Beersheba) မြို့ကိုဦးတည်တိုက်ခိုက်လာတဲ့
missile တစင်းကိုပစ်ချပြီး proven (သက်သေပြ)နိုင်ခဲ့ပါတယ်၊
Battle provenကတော့ April 7 2011မှာ Hamas ဟားမတ်စ်တွေက ဂါဇာကနေပြီးတော့ရုရှားထုတ်
BM-21 Grad MLRS စနစ် missile အစင်းရေ
၄၀၀ ကျော်နဲ့တိုက်ခိုက်တာကို 90 % အထိကြားဖြတ်ပာန့်တားနိုင်ခဲ့ပါသေးတယ်‌
၊နောက်ထပ်ဟစ်ဘိုလာတွေပစ်တဲ့ Rocket ၁၂၀၀ ကျော်ရဲ့ ၈၀% ကို
လည်းဟန့်တားနိုင်ခဲ့ပြီးနောက်အမေရိကန်ပြည်ထောင်စုကတောင်




Iron Dome စနစ်ဝယ်ယူဖို့အထိဖြစ်လာခဲ့ပါတယ်၊Iron Dome စနစ်ရဲ့ Unit တခုတန်ကြေးဟာ $50 million per Battery
($40,000 per missile)ရှိတာမို့ စစ်အသုံးစရိတ်ဘက်ဂျက်နည်းပါးတဲ့နိုင်ငံတွေအတွက်မကပ်နိုင်တဲ့ လက်နက်စနစ်တစ်ခုဖြစ်ပါတယ်
၊သို့ပေသော်လည်း ၂၀၂၁ ခုနှစ်မှာတော့ Hamas ဟားမတ်စ်တို့ရဲ့
တာလတ်ပစ် missile တွေကပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်၊အစ္စရေးဘက်ကလည်းအထိနာထားတာတွေရှိလာပါတယ်
တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်လာကြတာနှစ်ပေါင်းမနည်းတော့ပါဘူးဆက်လက်စောင့်ကြည့်ကြရင်း ….

Credit Girnari Online

Comments