လ (Moon) နဲ့ပက်သက်တဲ့သိမှတ်စရာ တချို့
Unicode
လဟာ ကမ္ဘာရဲ့ တစ်ခုတည်းသော အရံဂြိုလ်ဖြစ်ပါတယ်။
လရဲ့ အချင်းဟာ ၃၄၇၅ ကီလိုမီတာရှိပါတယ်။ ၎င်းဟာ ကမ္ဘာအချင်းရဲ့ လေးပုံတစ်ပုံခန့်နှင့်ညီမျှပါတယ်။
လဟာ ကမ္ဘာကနေ ပျမ်းမျှအကွာအဝေး ၃၈၄၄၀၃ ကီလိုမီတာ( ၂၃၈၈၅၇မိုင်) ကနေ ကမ္ဘာကိုလှည့်ပတ်နေပါတယ်။ ကမ္ဘာကိုတစ်ပတ်ပတ်ဖို့ ၂၇.၃ ရက်ကြာပါတယ်။
ကမ္ဘာပေါ်ရှိ ဒီရေ အတက်အကျဟာလည်း လနဲ့ေနရဲ့ ၏ဆွဲအားကြောင့်ဖြစ်လာရတာပါ။
လဟာ ကိုယ်ပိုင်အလင်းရောင်မရှိ။ နေ၏အလင်းကို အရောင်ပြန်ခြင်းဖြစ်သာဖြစ်ပါတယ်။
လရဲ့မြေဆွဲအားဟာ ကမ္ဘာ့ေမြဆွဲအားရဲ့ ၁၆.၆% ပဲရှိပါတယ်။
လပေါ်မှာ လေထုမရှိပါဘူး ဒါ့ကြောင့် အသံလည်းမကြားနိုင်၊ ကောင်းကင်ဟာလည်း အမည်းရောင်သာေတွ့နိုင်ပါတယ်။
ယနေ့ထိ လပေါ်သို့ လူ ၁၂ယောက် ရောက်ရှိခြေချနိုင်ခဲ့ပါတယ်။ လပေါ်ကိုပထမဆုံးခြေချနိုင်ခဲ့သူတွေက Apollo 11 အာကာသယာဉ်ဖြင့် သွားရောက်ခဲ့တဲ့ Neil Armstrong နှင့် Edwin "Buzz" Aldrin တို့ဖြစ်ပါတယ်။
လကြတ်ခြင်းဆိုတာက တော့ ကမ္ဘာဟာ လနှင့်နေကြား တစ်တန်းတည်းရောက်ချိန်မှာ၊ ကမ္ဘာ့အရိပ်အတွင်း လဖြတ်သန်း၀င်ရောက်စဉ် လကြတ်ခြင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လကြတ်ခြင်းဖြစ်စဉ်ကို လပြည့်ည၊ နဲ့လဆုတ်၁ရက်ညတွေမှာ တွေ့ရလေ့ရှိပါတယ်။
လ ရဲ့သက်တမ်းကတော့ နှစ်သန်းပေါင်း ၄၅၀၀ ခန့်ရှိပြီဖြစ်ပါတယ်ခင်ဗျာ။
Zawgyi
ကမ္ဘာပေါ်ရှိ ဒီရေ အတက်အကျဟာလည်း လနဲ့နေရဲ့ ၏ဆွဲအားကြောင့်ဖြစ်လာရတာပါ။
လရဲ့မြေဆွဲအားဟာ ကမ္ဘာ့မြေဆွဲအားရဲ့ ၁၆.၆% ပဲရှိပါတယ်။
လပေါ်မှာ လေထုမရှိပါဘူး ဒါ့ကြောင့် အသံလည်းမကြားနိုင်၊ ကောင်းကင်ဟာလည်း အမည်းရောင်သာတွေ့နိုင်ပါတယ်။

Comments
Post a Comment