ဘောလုံးလောင်းကစားအတွေ့အကြုံ (Part-1)


 


ဘောလုံးပွဲတွေလောင်းတဲ့နေရာမှာ အပျော်လောင်းတာလည်းရှိသလို၊ စီးပွားဖြစ်လောင်းတာလည်းရှိပါတယ်။ အပျော်လောင်းတာကတော့ ကိစ္စမရှိပေးမယ့် စီးပွားဖြစ်လောင်းတာကတော့ တော်တော်လေးကို Risk များပါတယ်။ အနာဂါတ်ကို ဘယ်သူမှ ကြိုမမြင်နိုင်တော့လည်း လောင်းကစားဆိုတာကတော့ အရှုံးအနိုင် ဒွန်တွဲနေတဲ့အရာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း သိန်းဆယ်ချီလောင်းဖူးပြီး ဆယ်ချီလည်းနိုင်ဖူးသလို ဆယ်ချီလည်း ရှုံးဖူးပါတယ်။ အဆုံးမှာတော့ အရှုံးနဲ့ပါပဲ။


အဲ့တော့ ကျွန်တော့ သိသမျှလေးတွေ ဝေမျှပေးပါ့မယ်။

ဘယ်မှာလောင်းသလဲ

ဟိုးအရင် ခေတ်တွေကတော့ နယ်ဘက်လဖ္ဘက်ရည်ဆိုင်တွေမှာ လောင်းကစားဒိုင်တွေ ထိုင်လေ့ရှိတယ်ဗျ။ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံးပွဲ စသဖြင့်ပေါ့ဗျာ။ အဲ အခုတော့ နည်းနည်းတိုးတက်လာတော့ Website တွေမှာ လောင်းကြတာပေါ့။ Bet365, 1XBET, iBet789 စတဲ့ Website တွေအများကြီးရှိတဲ့ထဲကမှ ကျနော်ကတော့ iBet789 သုံးခဲ့တာပေါ့။

အမျိုးအစား

သူက ဘောလုံးတင်မကဘူးဗျ။ တခြား Basket Ball, Tennis, Badminton, Golf, Snooker, Casino လိုမျိုး တခြား Field တွေပါရတယ်။ ကျွန်တော်ကတော့ ဘောလုံးနဲ့ ပတ်သက်ပြီးပဲပြောပြပါမယ်။

လောင်းတဲ့ပုံစံတွေ

အမျိုးမျိုးပါပဲ

Myanmar ဆိုပြီးရှိတယ်။ Tea Shop တွေက မောင်းစာရွက်တွေမှာ တွေ့ရတတ်တဲ့ ကြေးလိုမျိုးပေါ့ဗျာ။ e.g. 1-70, =+50, =-55 အဲ့လိုအစံပေါ့။ အဆကတော့ 1X ပေါ့။ Tax ဘာညာအပြီးအစီး X0.95,0.96 တို့အဖြစ်များတယ်။

HDP/OU

သူကကျ မကန်ခင်လည်းလောင်းလို့ရသလို ကန်နေတုန်းလည်း လောင်းလို့ရတယ်။ ကန်နေတုန်းဆို ကြေးအတက်အကျများတာပေါ့။ သူကကျ အဆက X1 မဟုတ်တော့ဘူး။ သူ့ရဲ့ အကြောပေးပုံအပေါ်လိုက်ပြီး အဆက အတက်အကျရှိတယ်။ X0.5 နဲ့ X1.5 အတွင်းလောက်ပေါ့။ ကြေးတွေကလည်း Fixed တွေဖြစ်တာများတယ်။ 0.5, 0-0.5, 0.5-1, 1.1.5 အဲ့လိုတွေပေါ့။ 50 အပေါ်မူတည်ပြီး တွက်တယ်လို့ပြောလို့ရတယ်။

Double Chance

သူကတော့ရှင်းတယ် 1X2 ပုံစံ(1= Home Team, X= Draw, 2= Away Team)
But နှစ်ခုရွေးခွင့်ပေးထားတယ်။ အဆကလည်း နည်းသွားတာပေါ့။ X0.18,0.3 အဲ့လောက်ပဲ

Mix Parley

Tea Shop တွေက မောင်းဆိုတာနဲ့ ပုံစံဆင်တယ်။ အပြင်မောင်းတွေက Myanmar ဆိုတဲ့ဟာနဲ့ ရောထားတာ။ ဒီမှာက HDP/OU နဲ့ ရောထားတာ အဲ့လိုကွာတယ်။ အဲ့တော့ ကြေးတွေက HDP/OU ကဟာကို မူတည်ပြီးကြည့်ရတယ်။

Correct Score

အခက်ဆုံးပါပဲ။ အဆလည်း အရမ်းကိုများတယ်။X8.5, X40 အဲ့လောက်လောက်ထိဖြစ်နိုင်တယ်။ လုပ်ရမှာကရှင်းတယ်။ Result ကို အတိအကျ ခန့်မှန်းရမှာ။

ဆက်ရန်

Comments