Pros and Cons of Drinking Alcohol


 

 

Pros


1. တစ်နေ့ကို 1.5 ounce(1.5 အောင်စ) of Alcohol (သို့) 5% Alcohol ပါတဲ့ ဘီယာသုံးခွက် (သို့) 12% Alcohol ပါတဲ့ ဝိုင်တစ်ခွက်သောက်ပေးခြင်းဖြင့် နှလုံး(Heart) နဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

2. Researcher တွေရဲ့အဆိုအရ အရက်ပုံမှန်လေးသောက်သုံးပေးသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ 25% ပိုနည်းပါတယ်။

3. တစ်ပတ်ကို red wine 8-14 ခွက်လောက်သောက်တဲ့သူတွေက သာမန်သူတွေထက် အအေးမိဖျားနာဖြစ်နိုင်ခြေ 60% ပိုနည်းပါတယ်။

4. အရက်ပုံမှန်သောက်ခြင်းဖြင့် သဲခြေအိတ်အတွင်း ကျောက်တည်တာကို 33% ထိ လျှော့ချပေးပါတယ်။

 


Cons


1. အရက်ကို ပုံမှန်သောက်တာမဟုတ်ဘဲ အလွန်အကျွံသောက်ခြင်းက ငွေကုန်ကြေးကျလည်းများသလို အမူးလွန်စေပါတယ်။

2. အရက်သောက်ခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။

3. Beer ဒါမှမဟုတ် Wine တွေက ခန္ဓာကိုယ်အတွက် အာဟာရမဖြစ်စေတဲ့ Calorie ပေါင်းများစွာပါဝင်ပါတယ်။ Alcohol မှာ ပါဝင်တဲ့ Calorie က အဆာလည်းမပြေစေသလို ပိုပြီးတောင် ဗိုက်ဆာစေပြီးတော့ အဝလွန်စေနိုင်ပါတယ်။

4. ပုံမှန်သောက်တာမျိုးမဟုတ်ဘဲ အလွန်အကျွံသောက်ခြင်းက မှုခင်းတွေ ပိုဖြစ်စေပါတယ်။ ဥပမာပြောရရင် ကား Accident တွေပေါ့။

အချုပ်အနေနဲ့ပြောရရင်တော့ "တန်ဆေး လွန်ဘေး" ပါပဲ။ အမျိုးသမီးတွေအနေနဲ့တော့ တစ်ရက် 3 ခွက်ထက် ပိုမသောက်သင့်သလို အမျိုးသားတွေအတွက်တော့ တစ်ရက် 4 ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ပမဏ အကန့်အသတ်နဲ့ စည်းစနစ်ကျကျသောက်တတ်ကြပါစေ။

Comments

  1. ကျန်းမာရေးအတွက်ကြိုက်လို့သောက်ပါတယ်

    ReplyDelete

Post a Comment