Puyol ပေးတဲ့ ဘဝသင်ခန်းစာ...
Unicode
ဟေး..ဒီမယ်
ဘဝဟာ ရေးလက်စ ကဗျာတစ်ပုဒ်ပဲလား။ စောလျင်စွာ ကောက်ချက်မချနဲ့။ အဓိပ္ပါယ်တစ်ခုနဲ့ လိုသလိုခေါင်းစဥ်ဆွဲမတပ်နဲ့။ အဆုံးသတ်မရောက်ခင် အခြေအနေတိုင်းမှာ အစဆိုတာ ရှိတယ်။ အစတိုင်းကို ပြန်ဆွဲထုတ်စတမ်းဆိုရင်လဲ နွမ်းလျသက္ကရာဇ်တချို့ကို လူပ်နိုးရမှာဖြစ်တာကြောင့် ပေရှည်သွားမှာဆိုးလို့ အတိတ်ကို ပြန်မသွားတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စကားပုံတွေတော့ ရှိခဲ့သည်ပဲလေ။ ပူယိုးလ်အတွက်တော့ ဘဝမှာ အစမသေချာတာဟာ အဆုံးမကောင်းဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ခဲ့ဘူး။အသက် ၂၇ နှစ်ပြည့်တဲ့အထိ ဆုဖလားတစ်လုံးမှ မရခဲ့တဲ့ ပူယိုလ်းဟာ သူ့ဘဝကို လက်လျော့ခဲ့လား။ ဟင့်အင်း... ဒီဘဲ ဆက်သွားခဲ့တယ်။ အရူံးတွေကို ရင်ဆိုင်ပြီး အနာဂါတ်ကို ခေါင်းမော့ရင့်ကော့ရင်း ဆက်လျှောက်ခဲ့တယ်။
ဒီလိုနဲ့ အသက် ၂၇ နှစ်အထိ ဆုဖလားတစ်လုံးမှ မရခဲ့ဖူးတဲ့ ပူယိုးလ်ဟာ အသက် ၃၇ နှစ်ပြည့်ချိန်မှာတော့ ဆုဖလား ၂၄ လုံးအထိ ရယူနိုင်ခဲ့ပြီး ကစားသမားဘဝကို အောင်မြင်စွာ ပိတ်သိမ်းသွားခဲ့ပါတယ်။ ဒီ အောင်မြင်မူတွေ မရခင် ..
ပူယိုးလ် ရူံးနိမ့်ခဲ့ရတာ ဘယ်နှကြိမ်လဲ..
ပူယိုးလ် လဲကျခဲ့တာ ဘယ်နှကြိမ်လဲ.. .
လဲကျတိုင်းသာ ပြန်မထခဲ့ရင် ဒီလူ လမ်းလျောက်တတ်ခဲ့မှာတောင် မဟုတ်ဘူး.. ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ဒီမိုကရေစီတိုက်ပွဲမှာလဲ ပူယိုလ်းလို စိတ်ဓာတ်ပိုင်ရှင်တွေ အများကြီး လိုအပ်ပါတယ်။
လူတစ်ယောက်ကို အမှန်တကယ် ရူံးနိမ့်စေတာဟာ အဲ့ဒိလူ ကိုယ်တိုင်ပဲ ဖြစ်တယ်။ နေ့စဥ်ဘဝမှာ ရူံးနိမ့်မူတွေ မသေချာမူတွေနဲ့ အတင်းအဓမ္မ မိတ်ဖွဲ့ရတဲ့အခါ စိတ်ဓာတ်မကျပဲ ကြိုးစားမယ်ဆိုရင် အဆုံးမှာ အောင်ပွဲဆိုတာ သေချာပေါက် ရောက်လာမှာ။
ကြိုးစားသူတို့ရဲ့ ခေါင်းပန်လှန်ပွဲမှာ အနိုင်နဲ့ အနိုင်သာ ရှိတယ်။ မိတ်ဆွေရဲ့ နေ့စဥ်ဘဝမှာ ဒုက္ခတွေ ရူံးနိမ့်တွေ ကြုံတွေ့ရလို ငါ ဒူးထောက်ရတော့မယ်လို့ တွေးမိတဲ့အခါတိုင်း "ပူယိုလ်း" ဆိုတဲ့ ဘဲတစ်ဗွေကိုသာ သတိရလိုက်ဖို့ပါ။
ဒီလောက်ပါပဲ ...
Credit to Eagle
Zawgyi
ဟေး..ဒီမယ်
ဒီလောက်ပါပဲ ...

Comments
Post a Comment