Requirements To Work As a Freelancer
Unicode
Upwork, Freelancer.com နဲ့ Fiverr တို့လိုမျိုး လူသိများတဲ့ Freelance Platform တွေအများကြီးရှိပါတယ်။ Online Part-Time Jobs တွေလုပ်ရင်း ကျောင်းတက်ချင်တယ်ဆိုတဲ့သူတွေအတွက် ကြိုပြီးရင်းနှီးပြီးသားဖြစ်အောင် လိုအပ်တာလေးတွေ ပြောပြပေးသွားပါမယ်။
Requirements
-Freelance လုပ်ပြီဟေ့ဆိုရင်တော့ PayPal or Visa/Credit Card တွေက လိုကိုလိုပါတယ်။ မြန်မာပြည်မှာအသုံးနည်းသေးပေမယ့် နောက်ခေတ်ကောင်းလာအောင် အတူကြိုးစားရင်တော့ နောက်ပိုင်းအခွင့်အလမ်းတွေလည်း မှိုလိုပေါက်လာမှာပါ။(မအလ အုပ်ချုပ်ရင်တော့ အခွင့်အလမ်းကော အခွင့်အရေးကောရှိနိုင်မရှိနိုင် တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်)
-English Skills(English လို အတော်အသင့်တော့ ကျွမ်းကျင်ဖို့လိုပါလိမ့်မယ်။ Client တွေက နိုင်ငံခြားသားတွေပဲဖြစ်နေမှာဖြစ်သလို၊ မြန်မာ Client တွေအများစုအနေနဲ့ကလည်း Freelancer တွေကို ရှိတယ်လိုတောင် မသတ်မှတ်ကြသေးပါဘူး)
- Laptop တစ်လုံးလောက်တော့လိုပါမယ်။ USD 450-700 USD လောက်ဆိုရင် အလုပ်လုပ်ဖို့ အဆင်ပြေမယ့် Laptop လေးတွေဝယ်လို့ရပါတယ်။
-Resume or Profile ကောင်းကောင်းရှိဖို့လိုပါမယ်။ကိုယ်လုပ်နိုင်မယ့်အလုပ်တွေ၊ ကိုယ့်ရဲ့အတွေ့အကြုံ စတဲ့ အချက်တွေကို အလုပ်ရှင်တွေ Detail သိစေနိုင်ဖို့ လိုပါတယ်။
-Research ကောင်းကောင်းလုပ်နိုင်ဖို့လိုပါမယ်။ Wifi လေးရ Internet လေးရနေတာဟာ Game ဆော့ဖို့နဲ့ Social Media အပျော်သုံးဖို့လောက်တင်မဟုတ်ဘဲ Google နဲ့ YouTube ကို အကျိုးရှိရှိ အသုံးချလို့ရတယ်ဆိုတာကို သိဖို့လိုပါမယ်။
-Freelance အလုပ်တွေဟာ Full-Time Jobs တွေလိုမဟုတ်ဘဲ Project-Based ဖြစ်တဲ့အတွက် အလုပ်ရှာရတာတော့ နည်းနည်းခက်ပါလိမ့်မယ်။ Entry Level မှာတော့ Client တွေရဲ့ Project Post တွေမှာဝင်ပြီးတိုးရမှာမျိုးတွေရှိပေမယ့် နောက်ပိုင်း Experience များလာပြီး Review ကောင်းကောင်းတွေရှိထားရင်တော့ Client တွေက သင့်ကိုအလုပ်လာအပ်​တော့မှာပါ။ သင်သွားလျှောက်စရာမလိုတော့ပါဘူး။ အဲ့တာကြောင့် Beginner တွေအနေနဲ့ ပိုက်ဆံကို တန်းကြည့်တာမျိူးမလုပ်ဘဲ Review ကောင်းကောင်း Feedback ကောင်းကောင်းရအောင် ရလာမယ့် Project ကို အကောင်းဆုံးလုပ်ဖို့လိုပါတယ်ခင်ဗျာ။
အဲ့တော့… ဒါပါပဲ။
Zawgyi
Requirements
အဲ့တော့… ဒါပါပဲ။
Comments
Post a Comment