Sleep Deprivation

 





Sleep Deprivation ( အိပ်ရေးမဝခြင်း ) :sleeping:

~~~~~~~~~~~~~~~~~~~~~~~

ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင့်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။
အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချိ ု့ကဒီလိုတွေး
တယ် " ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ :no_entry_sign:

ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ :question::question::question:

Symptoms စပြရင်ယေဘုယျအားဖြင့်ခေါင်းအပိုင်းက
စပြကြတာများတယ် ။

Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် brain ကသူ့ထဲအသစ်ထပ်ထည့်ရမယ့်
Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်
တယ် ။ အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာအားနည်း
လာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိ ုးမပြေဘူး
မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကတော့ဆိုး
ကျိ ုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့Sleep Deprivation အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။ ( တော်ကြာ Covid ကူးတာကြောင့်ဖျားတာမဟုတ်ဘဲ deprivation ကြောင့်
ဝေဘာဂီရောက်ကုန်ကြမယ် သတိထား :3 )

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေက
နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိ ုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။ Sex Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။ ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိ ုးတွေဖြစ်နိုင်တယ် ။ အိပ်ရေးမဝရင်
အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတာပါ :'))
( Covid ကြောင့်မဟုတ်ဘဲ Stay home နေရင်းအိပ်ရေးမဝလို့သေရင်လူကြားမကောင်းဘူးနော် lol)

ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။ :information_desk_person:

လက်တွေ့example ပြရရင် အဲ့သူငယ်ချင်းက မနက် ၆ နာရီမှအိပ်သတဲ့ :unamused: ပြီးတော့ ဒီလိုအိပ်နေတာ ဟို Covid ပို့စတွေ့တဲ့ညကတည်းကတဲ့လေ :expressionless: ဦးနှောက်ချောင်ထွက်ပြီးမသေတာပဲကံကောင်း :neutral_face: သူ့ကို
ညဘက်စောစောအိပ်ဖို့ဒီနေ့မှသတိပေးဖြစ်တယ် But အကျင့်ပါနေတာ ၂ လတောင်ရှိပြီဆိုတော့သူ့စိတ်ကိုက
ဖြစ်နေတာ ၆ နာရီထိုးမှအိပ်လို့ရတာ ဒီထက်စောပြီးအိပ်ချင်နေရင်လဲအတင်းတင်းထားတယ်
သူဖြစ်တဲ့ Sides Effect ကတော့ Brain အပိုင်းနဲ့ Emotion အပိုင်းပဲဖြစ်သေးတယ်ဆိုပေမယ့် ဒီအပိုင်းတွေ
ကလဲကိုယ်ခန္ဓာအတွက်အရမ်းအရေးကြီးပါတယ် ။
( သူဆိုစာလုံးတွေမေ့တာတွေ message ပို့ရင် type ချင်တာကတခြား ရေးမိတာကတလွဲတွေဖြစ်တယ် )

အခုလိုစာအရှည်ကြီးကိုအဆုံးထိဖတ်ပေးတာ
ကျေးဇူးတင်ပါတယ် ။ ၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ
ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Credit to Myat Phoo Pwint San

Comments

  1. Thank you for sharing knowledges

    ReplyDelete
  2. I also sleeps at morning. If I sleep early, I dreamt nightmare. So, I can't sleep. But I will try my best to sleep early.
    Thanks to editor.

    ReplyDelete

Post a Comment