“Special Account လား၊ ဂျင်းလား”
- Get link
- X
- Other Apps
“Special Account လား၊ ဂျင်းလား”
ဘဏ်တွေမှာ ဘဏ်တွေကို မယုံကြည်တော့လို့ ငွေထုတ်ယူသူတွေပဲ ရှိပြီး ငွေအပ်သူ မရှိတဲ့ ပြဿနာ ကြုံနေရပါတယ်။ ဒါကို ဖြေရှင်းဖို့ ဆိုပြီး ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ပုဂ္ဂလိက ဘဏ်တွေဟာ Special Account တွေ ဖွင့်ပေးမယ်ဆိုပြီး လုပ်လာကြပါတယ်။ ဒီတော့ Special Account ဆိုတာ ဘာ ထူးခြားသလဲ၊ အဲဒါ ခဏထားဦး၊ အရင် ရိုးရိုး Account တွေတုန်းက ရခဲ့တဲ့ ၀န်ဆောင်မှုမျိုးရော ရခဲ့သလား ဆိုပြီး ပုဂ္ဂလိက ဘဏ်တစ်ဘဏ် (နာမည် မပြောတော့ပါ)ကို သွားပြီး အချက်(၉) ချက် သွားမေးခဲ့ပါတယ်။ အဖြေကတော့ အောက်ဖော်ပြပါ အတိုင်းပါ။
အထူး ငွေစာရင်း ဖွင့်ပြီးတဲ့အခါ
အထူး ငွေစာရင်း ဖွင့်ပြီးတဲ့အခါ
၁။ ATM ကဒ် လုပ်ပေးမပေး
“လုပ်မပေး”
“လုပ်မပေး”
၂။ ATM ကဒ် လုပ်ပေးရင် ဘယ် ATM မှာဖြစ်ဖြစ် ထုတ်လို့ရ၊ မရ
“ATM ကဒ်မရှိတော့ မရ”
“ATM ကဒ်မရှိတော့ မရ”
၃။ ရရင် တစ်နေ့ ဘယ်လောက် တစ်ပတ် ဘယ်လောက် ကန့်သတ်ချက် ရှိမရှိ
“ATM ကဒ်မရှိတော့ မရ”
“ATM ကဒ်မရှိတော့ မရ”
၄။ အခြား ဘဏ်တွေရဲ့ ATM တွေမှာရော လွယ်လွယ်ကူကူ ငွေထုတ်လို့ ရ၊မရ
“ATM ကဒ်မရှိတော့ မရ”
“ATM ကဒ်မရှိတော့ မရ”
၅။ Mobile Banking နဲ့ အသုံးပြုလို့ ရမရ
“ရတယ်။ ဒါပေမယ့် ကိုယ်က သူများကိုပဲ လွှဲလို့ရပြီး ကိုယ့်ဆီကိုတော့ လွှဲလို့မရဘူး။ Special Account စာရင်းထဲကို အခြား Account ကနေ ငွေလွှဲလို့ မရဘူး။ လက်ခံလို့ မရဘူး။”
“ရတယ်။ ဒါပေမယ့် ကိုယ်က သူများကိုပဲ လွှဲလို့ရပြီး ကိုယ့်ဆီကိုတော့ လွှဲလို့မရဘူး။ Special Account စာရင်းထဲကို အခြား Account ကနေ ငွေလွှဲလို့ မရဘူး။ လက်ခံလို့ မရဘူး။”
၆။ ကိုယ်က Mobile Banking နဲ့ ငွေလွှဲလိုက်ရင် လက်ခံတဲ့သူက ကြိုက်တဲ့ ATM မှာ ငွေသွားထုတ်ယူလို့ ရမရ၊
“ရတယ်၊ ဒါပေမယ့် အခု လူတွေ တန်းစီတဲ့အတိုင်းပဲ သူလည်း တန်းစီရမယ်။ အခုလူတွေ ရတဲ့ ငွေပမာဏ အတိုင်းပဲ ထုတ်လို့ရမယ်။”
“ရတယ်၊ ဒါပေမယ့် အခု လူတွေ တန်းစီတဲ့အတိုင်းပဲ သူလည်း တန်းစီရမယ်။ အခုလူတွေ ရတဲ့ ငွေပမာဏ အတိုင်းပဲ ထုတ်လို့ရမယ်။”
၇။ ကိုယ်က Mobile Banking နဲ့ လွှဲလိုက်ရင် လက်ခံတဲ့သူက သူ့ ဘဏ်စာအုပ်နဲ့ ဘယ် ဘဏ်မှာမဆို၊ လိုသလောက် တိုကင်ယူစရာ မလိုပဲ ထုတ်ယူခွင့် ရှိမရှိ။
“မရဘူး။ သူများတွေနည်းတူ တိုကင်ယူရမယ်၊ တိုကင်ရတဲ့ နေ့မှ ထုတ်ရမယ်။”
“မရဘူး။ သူများတွေနည်းတူ တိုကင်ယူရမယ်၊ တိုကင်ရတဲ့ နေ့မှ ထုတ်ရမယ်။”
၈။ ကိုယ်က ငွေ သိန်း ၁၀၀ သွင်းထားမယ်။ Mobile Banking နဲ့ ငွေ၀င်တာ၊ ထွက်တာတွေ ရှိမယ်။ ဘဏ်မှာ ငွေလာပြန်ထုတ်တဲ့အခါ စာရင်းဘယ်လို တွက်မလဲ။ နောက်ဆုံး လက်ကျန် သိန်း ၁၀၀ ရှိရင် အဲဒီ သိန်း ၁၀၀ လုံး ပြန်ထုတ်ပေးမှာလား။
“ ကိုယ့်ဆီကို သူများက ငွေလွှဲလာလို့ မရတော့ ငွေဟာ လျော့သွားဖို့ပဲ ရှိတယ်။ အဲဒီငွေတွေကိုတော့ ကိုယ်သွင်းထားတဲ့ ဘဏ်မှာပဲ ပြန်ထုတ်ယူလို့ ရမယ်။”
“ ကိုယ့်ဆီကို သူများက ငွေလွှဲလာလို့ မရတော့ ငွေဟာ လျော့သွားဖို့ပဲ ရှိတယ်။ အဲဒီငွေတွေကိုတော့ ကိုယ်သွင်းထားတဲ့ ဘဏ်မှာပဲ ပြန်ထုတ်ယူလို့ ရမယ်။”
၉။ အထူး Account အတွက် ချက်လက်မှတ် ထုတ်ပေးမယ် ပြောတယ်။ အဲဒီ ချက်လက်မှတ်ကို သုံးပြီး မြန်မာနိုင်ငံအနှံ့ ဘယ်ဘဏ်ခွဲမှာ မဆို ထုတ်ယူလို့ ရသလား။ ထုတ်ရင် ၀န်ဆောင်ခရော ပေးရဦးမလား။
“ အခြား ဘဏ်ခွဲတွေမှာ Special ချက်လက်မှတ်နဲ့ သွားထုတ်ရင်လည်း ဒီအတိုင်း မရဘူး။ တိုကင်ယူရမယ်။ လက်ရှိ အတိုင်းပဲ။ ၀န်ဆောင်ခ ပေးရတယ်။”
“ အခြား ဘဏ်ခွဲတွေမှာ Special ချက်လက်မှတ်နဲ့ သွားထုတ်ရင်လည်း ဒီအတိုင်း မရဘူး။ တိုကင်ယူရမယ်။ လက်ရှိ အတိုင်းပဲ။ ၀န်ဆောင်ခ ပေးရတယ်။”
အားလုံးကို ခြုံငုံပြီး ပြောရရင် Special Account ဆိုတာ ဘဏ်ကဒ် လုပ်မပေးတော့ ATM နဲ့လည်း သုံးလို့မရ၊ ကိုယ်က ငွေလက်ခံလို့လဲမရ၊ ကိုယ်က အခြားကို လွှဲလိုက်ရင်လည်း အဲဒီငွေဟာ လက်ရှိ ပြည်သူတွေ ကြုံနေရတဲ့ “ပိတ်မိ ငွေစာရင်း” အဖြစ်ပဲ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Special Account ဟာ အရင် ရခဲ့တဲ့ ၀န်ဆောင်မှုမျိုးကိုတောင် မရနိုင်တာမို့ သွားအပ်မယ့်သူ မရှိ၊ အစီအစဉ် အောင်မြင်ဖို့လည်း မရှိနိုင်ကြောင်းပါ။
Credit to စည်သူအောင်မြင့်
- Get link
- X
- Other Apps

Comments
Post a Comment