What is Outline?




Unicode

Outline VPN ဆိုတာ တစ်ကယ်တော့ VPN ပေးတဲ့ service မဟုတ်ပါဘူး။ သူက VPN တည်ဆောက်ပေး တဲ့ ဆော့ဖ်ဝဲလ် တစ်ခုပါပဲ။ အင်တာနက် ဆင်ဆာ ကန့်သတ်မှုတွေ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် Google ကနေ မတည်ပြီး လုပ်နေတဲ့ ကုမ္ပဏီခွဲလေး တစ်ခုပါ။ အရင်တုန်းက Google Ideas လို့ အမည်ရှိခဲ့ပြီး အခု Jigsaw လို့ အမည်ပေးထားပါတယ်။


သူက ဘယ်လို အလုပ်လုပ်လဲ?
သူက သာမန် VPN နည်းပညာ တစ်ခုကိုပဲ အပြောင်းအလဲ တစ်ချို့ ပြုလုပ်ပြီး မည်သူမဆို ကိုယ်ပိုင် VPN တွေ တည်ဆောက်နိုင်အောင် ဖန်တီးထားတဲ့ နည်းပညာပါပဲ။ Shadowsocks လို့ခေါ်တဲ့ ပရိုတိုကောလ် နည်းပညာကိုသုံးထားပါတယ်။ အဲ့ဒီနည်းပညာဟာ တရုတ်နိုင်ငံမှာတောင် အင်တာနက်ပိတ်ဆို့၊ ဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်လို့ အသုံးများကြပါတယ်။

ရိုးရိုး သာမာန် Traditional VPN နဲ့ အောက်လိုင်း Outline VPN
သာမာန် ဗီပီအန်(န်) တွေကို မသုံးစေချင်တဲ့အခါ ပိတ်ဆို့ပစ်ဖို့ဆိုရင် အရမ်းလွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသုံးပြုတဲ့ အင်တာနက် လိပ်စာ (IP Address) တွေကို သိရင် ဘယ်လောက်ကနေ ဘယ်လောက်ထိ ban ထားမယ်ဆိုရင် အဲ့ဒီ vpn တွေကို သုံးလို့မရတော့ပါဘူး။ တစ်ချို့ အဆင့်မြင့်တဲ့ vpn တွေကို လည်း IP နဲ့ ပိတ်လို့မရရင်တောင်မှ သူတို့ အသုံးပြုတဲ့ လုံခြုံရေးနည်းလမ်း အချို့ကို ခန့်မှန်းပြီး ဆာဗာတွေကို ပိတ်ဆို့လို့ ရနိုင်ပါသေးတယ်။ ဒါက vpn က မလုံခြုံလို့မဟုတ်ပါဘူး။ vpn သုံးနေရင် ဘယ်ကနေ ဘယ်လို သုံးနေမှန်း မသိနိုင်တာကတော့ ရှိနေဆဲပါ။

အောက်လိုင်း နဲ့ဆိုရင် အခြား VPN တွေ အပိတ်ခံထားရရင်တောင် သူက အဆင်ပြေနေမှာပါ။ IP နဲ့ပိတ်သည်ဖြစ်စေ အသုံးပြုတဲ့ ကွန်ယက်အလိုက် ပိတ်သည်ဖြစ်စေ ခံနိုင်ရည်ရှိပါတယ်။ သူ့ ဆာဗာ IP ကို ပိတ်လိုက်ရင်တောင် နောက်ထပ်တစ်ခု အသစ် ထပ်လုပ်လိုက်ယုံပါပဲ။ သုံးထားတဲ့ နည်းပညာကလည်း VPN သုံးနေမှန်း အလွယ်တကူ မခန့်မှန်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒီနေရာမှာ ပိတ်တယ်ဆိုတာဟာ အင်တာနက် ချိတ်ဆက်မှု ရှိနေပေမယ့် Facebook/Messenger ကြည့်မရတာမျိုး၊ Website အချို့ကို ကြည့်မရအောင် ပိတ်ထားတာမျိုးကို ဆိုလိုပါတယ်။

ကိုယ်ပိုင် ဆာဗာ တစ်ခုကို တည်ဆောက်နိုင်ပြီး ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့သာ မျှဝေ သုံးစွဲသင့်ပါတယ်။ လူနည်းနည်း သုံးလေ ပိတ်ဆို့ဖို့ ခက်ခဲလေဖြစ်တာကြောင့် ပိုပြီး လုံခြုံမှု ဖြစ်စေပါတယ်။

Outline Manager နဲ့ Outline နှစ်မျိုး ရှိ
သူ့မှာ ၂ မျိုး ရှိပါတယ်။ Outline Manager ဆိုတာကတော့ VPN ဆာဗာ တစ်ခု တည်ဆောက်ဖို့နဲ့ စီမံခန့်ခွဲဖို့ Desktop application (ကွန်ပျူတာနဲ့ အသုံးပြုရ) နဲ့ Outline Client ဆိုတဲ့ ဖုန်းတို့၊ ကွန်ပျူတာတို့မှာ ထည့်သွင်း အသုံးပြုနိုင်မည့် application ဖြစ်ပါတယ်။ လိုအပ်တဲ့ Access Key တွေကို Outline Manager နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။

Outline ဆာဗာ တစ်ခု အလွယ်ဆုံး တည်ဆောက်နည်း
လိုအပ်ချက်များ

အင်တာနက် ချိတ်ဆက်ထားသည့် ကွန်ပျူတာ တစ်လုံး (Windows/Linux/MacOS)
Credit/Debit Card (သို့မဟုတ်) Paypal အကောင့်
အဆင့် (၁) ဆာဗာ အကောင့် ဖွင့်ပါ
Digital Ocean ဆိုတဲ့ ဆာဗာ အကောင့် တစ်ခု ရှိရပါမယ်။ မရှိသေးဘူးဆိုရင် ဒီလိပ်စာ https://m.do.co/c/d4febf3de025 ကို သုံးပြီး အကောင့် အသစ်တစ်ခု ဖွင့်တာနဲ့ အဲ့ဒီ အကောင့်ထဲမှာ အမေရိကန် ဒေါ်လာ ၁၀၀ ဖိုး Credit ရှိပြီးသား ဖြစ်နေပါမယ်။ အဲ့ဒီ ဒေါ်လာ ၁၀၀ ဟာ ရက် ၆၀ ပဲ သုံးလို့ရမှာပါ။ ရက် ၆၀ ကျော်သွားရင် ငွေပေးချေဖို့အတွက် Payment Method ထည့်ပေးထားရပါမယ်။ စိတ်မပူပါနဲ့ ချက်ချင်း ငွေမဖြတ်ပါဘူး။ Credit/Debit card (သို့မဟုတ်) Paypal အကောင့်ကို ထည့်ပေးထားလိုက်ပါ။

အဆင့် (၂) ဆာဗာ တည်ဆောက်ဖို့ ဒေါင်းလုဒ် ဆွဲပါ
https://getoutline.org/get-started/ ကို သွားပြီး Outline Manager ကို ဒေါင်းလုဒ် ရယူပါ။ Digital Ocean အောက်မှာ Create Server ကို နှိပ်ပြီး Digital Ocean နဲ့ Outline Manager ချိတ်ဆက်မှုကို ဆောက်ရွက်ပါ။
ထို့နောက် ဆာဗာ ထားရှိမည့် နိုင်ငံကို ရွေးပါ ပုံ (၂) ။ မြန်မာနိုင်ငံအတွက် (စင်္ကာပူ၊ အိန္ဒိယ) တို့ကို ရွေးဖို့အကြံပြုပါတယ်။ မိနစ် အနည်းငယ် စောင့်ပြီးနောက် အလိုအလျောက် ဆာဗာ ကို တည်ဆောက်သွားပါလိမ့်မယ်။ တည်ဆောက်ပြီးပြီဆိုလျင် ပုံ (၁) ဘယ်ဘက် အခြမ်း မှာပြထားသလို Digital Ocean Servers ဆိုပြီး ပေါ်လာပါလိမ့်မယ်။

အဆင့် (၃) ကုဒ်နံပါတ်များ ထုတ်ယူပါ
တည်ဆောက်ထားတဲ့ ဆာဗာကို ချိတ်ဆက်ဖို့အတွက် ကုဒ်နံပါတ်တွေပါတဲ့ Access Key လိုအပ်ပါတယ်။ ဆာဗာအပေါ်ကို နှိပ်လိုက်မယ်ဆိုရင် အောက်က ပုံမှာပြထားတဲ့အတိုင်းပဲ Add New Key ကို နှိပ်ပြီး ထုတ်ယူနိုင်ပါပြီ။ Key ကို မျှဝေဖို့အတွက် ညာဘက်မှာ ရှိတဲ့ ချိတ်ဆက်မှု ပုံကလေးကနေပြီး Copy Access Key ရဲ့ အနောက်မှာ ရှိတဲ့ ss:// နဲ့ စပြီး outline=1 နဲ့ ဆုံးတဲ့အထိ ကူးယူပြီး မိမိ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု ဝင် တစ်ယောက်ချင်းစီအတွက် key တစ်ခု ချင်းစီ ထုတ်ယူပြီး ပေးပို့လိုက်ပါ။

အဆင့် (၄) Outline Client ဖြင့် key ကို ထည့်ပြီး သုံးနိုင်ပါပြီ

အခြား သိမှတ်ဖွယ်ရာများ :loudspeaker:

Digital Ocean ရဲ့ Basic droplet Basic တစ်လုံးနဲ့ တည်ဆောက်တာမို့ သူ့ရဲ့ တစ်လအတွင်း ဒေတာ အသုံးပြုနိုင်မှုက 1 TB (1000 GB) သာ ပါဝင်ပါတယ်။ ဆာဗာ ရဲ့ ကုန်ကျနှုန်းက ၁ လ ကို 5 USD ဖြစ်ပါတယ်။ အဲ့တာကြောင့် 1 TB ထက် ပိုမိုပြီး ဒေတာ အသုံးပြုခဲ့မယ်ဆိုရင် 1 GB ကို $0.01 နှုန်းနဲ့ ထည့်တွက်မှာဖြစ်ပါတယ်။ (သို့သော် ရက် ၆၀ စာ ဒေါ်လာ ၁၀၀ ရှိထားလို့ အေးအေးဆေးဆေး လောက်ငှပါတယ်။ ရက် ၆၀ ကျော်သွားရင် ဖြတ်မယ့် ပမာဏာကို အဲ့ဒီ ၂ လ အတွင်းမှာ သိနိုင်ပါပြီ။)
Access Key တစ်ခုကို လူအများကြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးအရ အဲ့ဒီလို သုံးဖို့ အကြံမပေးလိုပါဘူး။ Access Key ထုတ်ယူမှုက ကန့်သတ်ချက် မရှိတာကြောင့် တစ်ယောက်ချင်းစီကို နာမည်နဲ့တကွ ထုတ်ပေးခြင်းဖြင့် ပိုပြီး လုံခြုံမှု ရှိသလို၊ ပိုပြီးလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ - အဲ့ဒီ key က ပြဿနာ တစ်ခု ရှိရင် ဖျက်ပြီး အသစ်လုပ်ပေးလိုက်တာမျိုးပါ။ ဒေတာ အသုံးပြုမှုကို ကန့်သတ်ခြင်းတွေလည်း ပြုလုပ်နိုင်ပါတယ်။
ဘယ်ကမှန်းမသိတဲ့ Key တွေနဲ့ အရေးကြီး ဆက်သွယ်မှုတွေကို မသုံးသင့်ပါ။ မိမိဟာ ဒီလို အလွယ်တကူ ဆာဗာ တည်ဆောက်နိုင်မယ့် အခြေအနေရှိတယ်ဆိုရင် ချက်ခြင်း တည်ဆောက်လိုက်ပါ။ နောက်ပြီး ကိုယ့်ကို စိတ်ချ၊ ယုံကြည်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို တစ်ယောက်စီ Access Key ထုတ်ပြီး ပေးသုံးပါ။
အခုက Digital Ocean နဲ့သာ အလွယ်ဆုံး တည်ဆောက်နည်းကို ပြောပြထားတာဖြစ်ပါတယ်။ အခြား ဆာဗာတွေဖြစ်တဲ့ GCP, AWS Lightsail, Linode အစရှိသဖြင့် VM တစ်ခု ရှိရုံနဲ့ တည်ဆောက်နိုင်ပါတယ်။ Firewall Configuration တွေနဲ့ Command-line အချို့ကိုတော့ သုံးပြီး ကိုယ်တိုင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ (Outline Manager တွင် ဆက်လက်စမ်းသပ်ကြည့်ပါ)
ဆိုင်ဖွန် (Psiphon) VPN ကတော့ အလိုအလျောက် ဆာဗာ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်တာမို့ မိုဘိုင်လ်းအင်တာနက် မရတဲ့သူများအတွက် ရှိထားသင့်ပါတယ်။ ဒါပေမယ့် အင်တာနက် အမြန်နှုန်းကတော့ နှေးတယ်လို့ ပြောကြပါတယ်။ အောက်မှာ ပိုမိုလေ့လာပါ။





Credit to Hz






Zawgyi


Outline VPN ဆိုတာ တစ္ကယ္ေတာ့ VPN ေပးတဲ့ service မဟုတ္ပါဘူး။ သူက VPN တည္ေဆာက္ေပး တဲ့ ေဆာ့ဖ္ဝဲလ္ တစ္ခုပါပဲ။ အင္တာနက္ ဆင္ဆာ ကန္႔သတ္မႈေတြ ဆိုက္ဘာ တိုက္ခိုက္မႈေတြကို ေျဖ႐ွင္းဖို႔အတြက္ Google ကေန မတည္ၿပီး လုပ္ေနတဲ့ ကုမၸဏီခြဲေလး တစ္ခုပါ။ အရင္တုန္းက Google Ideas လို႔ အမည္႐ွိခဲ့ၿပီး အခု Jigsaw လို႔ အမည္ေပးထားပါတယ္။

သူက ဘယ္လို အလုပ္လုပ္လဲ?
သူက သာမန္ VPN နည္းပညာ တစ္ခုကိုပဲ အေျပာင္းအလဲ တစ္ခ်ိဳ႕ ျပဳလုပ္ၿပီး မည္သူမဆို ကိုယ္ပိုင္ VPN ေတြ တည္ေဆာက္ႏိုင္ေအာင္ ဖန္တီးထားတဲ့ နည္းပညာပါပဲ။ Shadowsocks လို႔ေခၚတဲ့ ပ႐ိုတိုေကာလ္ နည္းပညာကိုသုံးထားပါတယ္။ အဲ့ဒီနည္းပညာဟာ တ႐ုတ္ႏိုင္ငံမွာေတာင္ အင္တာနက္ပိတ္ဆို႔၊ ျဖတ္ေတာက္မႈေတြကို ေက်ာ္လႊားႏိုင္လို႔ အသုံးမ်ားၾကပါတယ္။

႐ိုး႐ိုး သာမာန္ Traditional VPN နဲ႔ ေအာက္လိုင္း Outline VPN
သာမာန္ ဗီပီအန္(န္) ေတြကို မသုံးေစခ်င္တဲ့အခါ ပိတ္ဆို႔ပစ္ဖို႔ဆိုရင္ အရမ္းလြယ္ကူပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ အသုံးျပဳတဲ့ အင္တာနက္ လိပ္စာ (IP Address) ေတြကို သိရင္ ဘယ္ေလာက္ကေန ဘယ္ေလာက္ထိ ban ထားမယ္ဆိုရင္ အဲ့ဒီ vpn ေတြကို သုံးလို႔မရေတာ့ပါဘူး။ တစ္ခ်ိဳ႕ အဆင့္ျမင့္တဲ့ vpn ေတြကို လည္း IP နဲ႔ ပိတ္လို႔မရရင္ေတာင္မွ သူတို႔ အသုံးျပဳတဲ့ လုံျခဳံေရးနည္းလမ္း အခ်ိဳ႕ကို ခန္႔မွန္းၿပီး ဆာဗာေတြကို ပိတ္ဆို႔လို႔ ရႏိုင္ပါေသးတယ္။ ဒါက vpn က မလုံျခဳံလို႔မဟုတ္ပါဘူး။ vpn သုံးေနရင္ ဘယ္ကေန ဘယ္လို သုံးေနမွန္း မသိႏိုင္တာကေတာ့ ႐ွိေနဆဲပါ။

ေအာက္လိုင္း နဲ႔ဆိုရင္ အျခား VPN ေတြ အပိတ္ခံထားရရင္ေတာင္ သူက အဆင္ေျပေနမွာပါ။ IP နဲ႔ပိတ္သည္ျဖစ္ေစ အသုံးျပဳတဲ့ ကြန္ယက္အလိုက္ ပိတ္သည္ျဖစ္ေစ ခံႏိုင္ရည္႐ွိပါတယ္။ သူ႕ ဆာဗာ IP ကို ပိတ္လိုက္ရင္ေတာင္ ေနာက္ထပ္တစ္ခု အသစ္ ထပ္လုပ္လိုက္ယုံပါပဲ။ သုံးထားတဲ့ နည္းပညာကလည္း VPN သုံးေနမွန္း အလြယ္တကူ မခန္႔မွန္းႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ဒီေနရာမွာ ပိတ္တယ္ဆိုတာဟာ အင္တာနက္ ခ်ိတ္ဆက္မႈ ႐ွိေနေပမယ့္ Facebook/Messenger ၾကည့္မရတာမ်ိဳး၊ Website အခ်ိဳ႕ကို ၾကည့္မရေအာင္ ပိတ္ထားတာမ်ိဳးကို ဆိုလိုပါတယ္။

ကိုယ္ပိုင္ ဆာဗာ တစ္ခုကို တည္ေဆာက္ႏိုင္ၿပီး ယုံၾကည္ရတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြနဲ႔သာ မွ်ေဝ သုံးစြဲသင့္ပါတယ္။ လူနည္းနည္း သုံးေလ ပိတ္ဆို႔ဖို႔ ခက္ခဲေလျဖစ္တာေၾကာင့္ ပိုၿပီး လုံျခဳံမႈ ျဖစ္ေစပါတယ္။

Outline Manager နဲ႔ Outline ႏွစ္မ်ိဳး ႐ွိ
သူ႕မွာ ၂ မ်ိဳး ႐ွိပါတယ္။ Outline Manager ဆိုတာကေတာ့ VPN ဆာဗာ တစ္ခု တည္ေဆာက္ဖို႔နဲ႔ စီမံခန္႔ခြဲဖို႔ Desktop application (ကြန္ပ်ဴတာနဲ႔ အသုံးျပဳရ) နဲ႔ Outline Client ဆိုတဲ့ ဖုန္းတို႔၊ ကြန္ပ်ဴတာတို႔မွာ ထည့္သြင္း အသုံးျပဳႏိုင္မည့္ application ျဖစ္ပါတယ္။ လိုအပ္တဲ့ Access Key ေတြကို Outline Manager နဲ႔ ျပဳလုပ္ရမွာျဖစ္ပါတယ္။

Outline ဆာဗာ တစ္ခု အလြယ္ဆုံး တည္ေဆာက္နည္း
လိုအပ္ခ်က္မ်ား

အင္တာနက္ ခ်ိတ္ဆက္ထားသည့္ ကြန္ပ်ဴတာ တစ္လုံး (Windows/Linux/MacOS)
Credit/Debit Card (သို႔မဟုတ္) Paypal အေကာင့္
အဆင့္ (၁) ဆာဗာ အေကာင့္ ဖြင့္ပါ
Digital Ocean ဆိုတဲ့ ဆာဗာ အေကာင့္ တစ္ခု ႐ွိရပါမယ္။ မ႐ွိေသးဘူးဆိုရင္ ဒီလိပ္စာ https://m.do.co/c/d4febf3de025 ကို သုံးၿပီး အေကာင့္ အသစ္တစ္ခု ဖြင့္တာနဲ႔ အဲ့ဒီ အေကာင့္ထဲမွာ အေမရိကန္ ေဒၚလာ ၁၀၀ ဖိုး Credit ႐ွိၿပီးသား ျဖစ္ေနပါမယ္။ အဲ့ဒီ ေဒၚလာ ၁၀၀ ဟာ ရက္ ၆၀ ပဲ သုံးလို႔ရမွာပါ။ ရက္ ၆၀ ေက်ာ္သြားရင္ ေငြေပးေခ်ဖို႔အတြက္ Payment Method ထည့္ေပးထားရပါမယ္။ စိတ္မပူပါနဲ႔ ခ်က္ခ်င္း ေငြမျဖတ္ပါဘူး။ Credit/Debit card (သို႔မဟုတ္) Paypal အေကာင့္ကို ထည့္ေပးထားလိုက္ပါ။

အဆင့္ (၂) ဆာဗာ တည္ေဆာက္ဖို႔ ေဒါင္းလုဒ္ ဆြဲပါ
https://getoutline.org/get-started/ ကို သြားၿပီး Outline Manager ကို ေဒါင္းလုဒ္ ရယူပါ။ Digital Ocean ေအာက္မွာ Create Server ကို ႏွိပ္ၿပီး Digital Ocean နဲ႔ Outline Manager ခ်ိတ္ဆက္မႈကို ေဆာက္႐ြက္ပါ။
ထို႔ေနာက္ ဆာဗာ ထား႐ွိမည့္ ႏိုင္ငံကို ေ႐ြးပါ ပုံ (၂) ။ ျမန္မာႏိုင္ငံအတြက္ (စကၤာပူ၊ အိႏၵိယ) တို႔ကို ေ႐ြးဖို႔အၾကံျပဳပါတယ္။ မိနစ္ အနည္းငယ္ ေစာင့္ၿပီးေနာက္ အလိုအေလ်ာက္ ဆာဗာ ကို တည္ေဆာက္သြားပါလိမ့္မယ္။ တည္ေဆာက္ၿပီးၿပီဆိုလ်င္ ပုံ (၁) ဘယ္ဘက္ အျခမ္း မွာျပထားသလို Digital Ocean Servers ဆိုၿပီး ေပၚလာပါလိမ့္မယ္။

အဆင့္ (၃) ကုဒ္နံပါတ္မ်ား ထုတ္ယူပါ
တည္ေဆာက္ထားတဲ့ ဆာဗာကို ခ်ိတ္ဆက္ဖို႔အတြက္ ကုဒ္နံပါတ္ေတြပါတဲ့ Access Key လိုအပ္ပါတယ္။ ဆာဗာအေပၚကို ႏွိပ္လိုက္မယ္ဆိုရင္ ေအာက္က ပုံမွာျပထားတဲ့အတိုင္းပဲ Add New Key ကို ႏွိပ္ၿပီး ထုတ္ယူႏိုင္ပါၿပီ။ Key ကို မွ်ေဝဖို႔အတြက္ ညာဘက္မွာ ႐ွိတဲ့ ခ်ိတ္ဆက္မႈ ပုံကေလးကေနၿပီး Copy Access Key ရဲ႕ အေနာက္မွာ ႐ွိတဲ့ ss:// နဲ႔ စၿပီး outline=1 နဲ႔ ဆုံးတဲ့အထိ ကူးယူၿပီး မိမိ သူငယ္ခ်င္း၊ မိတ္ေဆြ၊ မိသားစု ဝင္ တစ္ေယာက္ခ်င္းစီအတြက္ key တစ္ခု ခ်င္းစီ ထုတ္ယူၿပီး ေပးပို႔လိုက္ပါ။

အဆင့္ (၄) Outline Client ျဖင့္ key ကို ထည့္ၿပီး သုံးႏိုင္ပါၿပီ

အျခား သိမွတ္ဖြယ္ရာမ်ား :loudspeaker:


Digital Ocean ရဲ႕ Basic droplet Basic တစ္လုံးနဲ႔ တည္ေဆာက္တာမို႔ သူ႕ရဲ႕ တစ္လအတြင္း ေဒတာ အသုံးျပဳႏိုင္မႈက 1 TB (1000 GB) သာ ပါဝင္ပါတယ္။ ဆာဗာ ရဲ႕ ကုန္က်ႏႈန္းက ၁ လ ကို 5 USD ျဖစ္ပါတယ္။ အဲ့တာေၾကာင့္ 1 TB ထက္ ပိုမိုၿပီး ေဒတာ အသုံးျပဳခဲ့မယ္ဆိုရင္ 1 GB ကို $0.01 ႏႈန္းနဲ႔ ထည့္တြက္မွာျဖစ္ပါတယ္။ (သို႔ေသာ္ ရက္ ၆၀ စာ ေဒၚလာ ၁၀၀ ႐ွိထားလို႔ ေအးေအးေဆးေဆး ေလာက္ငွပါတယ္။ ရက္ ၆၀ ေက်ာ္သြားရင္ ျဖတ္မယ့္ ပမာဏာကို အဲ့ဒီ ၂ လ အတြင္းမွာ သိႏိုင္ပါၿပီ။)
Access Key တစ္ခုကို လူအမ်ားႀကီး အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ လုံျခဳံေရးအရ အဲ့ဒီလို သုံးဖို႔ အၾကံမေပးလိုပါဘူး။ Access Key ထုတ္ယူမႈက ကန္႔သတ္ခ်က္ မ႐ွိတာေၾကာင့္ တစ္ေယာက္ခ်င္းစီကို နာမည္နဲ႔တကြ ထုတ္ေပးျခင္းျဖင့္ ပိုၿပီး လုံျခဳံမႈ ႐ွိသလို၊ ပိုၿပီးလည္း ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဥပမာ - အဲ့ဒီ key က ျပႆနာ တစ္ခု ႐ွိရင္ ဖ်က္ၿပီး အသစ္လုပ္ေပးလိုက္တာမ်ိဳးပါ။ ေဒတာ အသုံးျပဳမႈကို ကန္႔သတ္ျခင္းေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။
ဘယ္ကမွန္းမသိတဲ့ Key ေတြနဲ႔ အေရးႀကီး ဆက္သြယ္မႈေတြကို မသုံးသင့္ပါ။ မိမိဟာ ဒီလို အလြယ္တကူ ဆာဗာ တည္ေဆာက္ႏိုင္မယ့္ အေျခအေန႐ွိတယ္ဆိုရင္ ခ်က္ျခင္း တည္ေဆာက္လိုက္ပါ။ ေနာက္ၿပီး ကိုယ့္ကို စိတ္ခ်၊ ယုံၾကည္တဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြကို တစ္ေယာက္စီ Access Key ထုတ္ၿပီး ေပးသုံးပါ။
အခုက Digital Ocean နဲ႔သာ အလြယ္ဆုံး တည္ေဆာက္နည္းကို ေျပာျပထားတာျဖစ္ပါတယ္။ အျခား ဆာဗာေတြျဖစ္တဲ့ GCP, AWS Lightsail, Linode အစ႐ွိသျဖင့္ VM တစ္ခု ႐ွိ႐ုံနဲ႔ တည္ေဆာက္ႏိုင္ပါတယ္။ Firewall Configuration ေတြနဲ႔ Command-line အခ်ိဳ႕ကိုေတာ့ သုံးၿပီး ကိုယ္တိုင္ ျပင္ဆင္ေပးဖို႔ လိုပါမယ္။ (Outline Manager တြင္ ဆက္လက္စမ္းသပ္ၾကည့္ပါ)
ဆိုင္ဖြန္ (Psiphon) VPN ကေတာ့ အလိုအေလ်ာက္ ဆာဗာ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ႏိုင္တာမို႔ မိုဘိုင္လ္းအင္တာနက္ မရတဲ့သူမ်ားအတြက္ ႐ွိထားသင့္ပါတယ္။ ဒါေပမယ့္ အင္တာနက္ အျမန္ႏႈန္းကေတာ့ ေႏွးတယ္လို႔ ေျပာၾကပါတယ္။ ေအာက္မွာ ပိုမိုေလ့လာပါ။



Credit to Hz






Comments