3 Ways to a better you
Unicode
ပိုကောင်းတဲ့ “သင်” ဖြစ်ဖို့ နည်းလမ်း 3 ခု(3 Ways to a better you)
၁။ တက်တက်ကြွကြွနဲ့ အားသွန်လုပ်ရတာ တစ်ခုခုကို လုပ်ပါ
တစ်ခါတလေ ဘာရယ်လို့မှန်းမသိ စိတ်အခြေအနေက နည်းနည်းကျနေသလို ဖြစ်တတ်တယ်။ အဲဒါဆိုရင် အားအင်သုံးပြီး လုပ်ရမယ့် အိမ်မှုကိစ္စတစ်ခုခု ထလုပ်လိုက်ပါ။
ဥပမာ မီးဖိုချောင်ကြမ်းပြင်တွေ ရေဆေးပစ်တာမျိုး၊ ကားရေဆေးပစ်တာမျိုး အားနဲ့အင်နဲ့ လုပ်ရတာ တစ်ခုခုပေါ့။ တစ်ခုခုကို တကယ် စိတ်ပါလက်ပါလုပ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပျော်သွားတာ တွေ့ရမယ်။
ထူးခြားတာက energy ကို သုံးလိုက်တာနဲ့ နောက်ထပ် energy တွေ ထပ်ထွက်လာတာပဲ။ တကယ့်ကို ထူးတာကတော့ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခု ပြီးမြောက်သွားတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကျေနပ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုဖြစ်ရတာ ပျော်စရာ သိပ်ကောင်းတာပဲ။
- ဘာလုပ်ရမလဲ ဆုံးဖြတ်ပါ။
- ထလုပ်လိုက်ပါ။
- နောက်တစ်မျိုး အရေးကြီးတာရှိနေတယ်လို့ တွေးမိရင်တောင် ဆုံးဖြတ်တဲ့အတိုင်း လုပ်သာလုပ်လိုက်ပါ။
၂။ ကိုယ့်တစ်နေ့တာအတွင်း ရရှိတဲ့ ကောင်းတာလေးတွေကို သေသေချာချာ တန်ဖိုးထားပါ
ကောင်းတာတွေ ကိုယ့်မှာ ဘယ်လောက်ဖြစ်နေလဲ… ပြန်ရေကြည့်လိုက်မယ်ဆိုရင် အများကြီးနော်။ မနက်ကျရင် နွေးထွေးတဲ့ အိပ်ယာထဲကနေ ထရတယ်။ ပြီးရင် ရေကောင်း ရေသန့်နဲ့ ရေချိုးရတယ်။ ပေါင်မုန့်မီးကင်လေးစား၊ ကော်ဖီပူပူလေး သောက်ပြီးမှ လုပ်စရာရှိတာ လုပ်ရတယ်။
နေ့လည်စာ စားတော့လည်း စားလို့မြိန်တယ်။
ညနေ အိမ်ရောက်ပြန်ရင်လည်း ပန်းသီးလေးစားပြီး အမောဖြေလို့ရတယ်။
“ဒါလောက်လေးကိုများ… ဒါတွေ ငါနေ့တိုင်း ရနေတာပဲ… “လို့ မတွေးပါနဲ့။ ခဏလေး အချိန်ပေးပြီး ဒီအသေးအမွှားလေးတွေကိုပဲ အပြည့်အဝ ခံစားလိုက်ပါ။
ငါဟာ အမျိုးမျိုး ကံကောင်းနေတဲ့သူပါ … ပြည့်စုံတဲ့သူပါ ဆိုတာကို သတိထား အာရုံပြုပါ။ ပြီးတော့ တစ်မိနစ်လောက် ကြည်နူးနေလိုက်ပါအုံး။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်တဲ့စိတ်ကလေးနဲ့ ခဏနေလိုက်ပါအုံး။ စိတ်မှာ ဘယ်လောက် ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုဖြစ်လာသလဲဆိုတာ တွေ့ရလိမ့်မယ်။
ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ရှိနေတဲ့ မပြောပလောက်ပါဘူးလို့ပဲ ဆိုရမယ့် အကောင်းမှန်သမျှကို သတိတရရှိတာ တန်ဖိုးထားတာဟာ ပျော်ရွှင်ဖို့အတွက် ကြီးမားတဲ့အကျိုးပြုပါတယ်။
- သက်တောင့်သက်သာ ထိုင်လိုက်ပါ
- ခွက်လှလှလေးထဲကို လက်ဖက်ခြောက် မွှေးမွှေးလေး ခပ်ထားတဲ့ ရေနွေးကြမ်းလေး ထည့်လိုက်ပါ
- ရေနွေးပူပူလေး အေးအေးဆေးဆေး သောက်ရင်း ငါ့မှာ ကောင်းတာတွေ အများကြီးပဲ … ငါကံကောင်းလိုက်တာလို့ ပီတိဖြစ်နေပါ။
၃။ အနားယူဖို့ လိုတဲ့အချိန်ကို သိပါ
တစ်ခါတလေ စိတ်မပျော်မရွှင် ဖြစ်နေတာက ကိုယ်အနားယူချင်တဲ့အချိန်မှာ မနားလိုက်ရလို့ ဖြစ်တတ်တယ်။
အလုပ်များပြီးတဲ့အချိန် ဗိုက်တင်းအောင် စားပြီးတဲ့အချိန် တစ်ရေးနိုးပြီး ပြန်အိပ်မပျော်တော့ဘဲနဲ့ မိုးလင်းသွားတာနဲ့ ထလိုက်ရတဲ့ ထခါစအချိန်တွေမျိုးမှာ လူက မှိုင်းကျသွားသလို energy ကုန်သွားတာမျိုး ဖြစ်တတ်တယ်။
အဲဒီလိုအချိန်တွေမှာ နားချင်ပေမယ့် မနားဘဲနဲ့ လုပ်စရာရှိတာတွေ လုပ်ရအုံးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး အတင်း push လုပ်မိတတ်တယ်။
Energy ထပ်ထုတ်လို့ နေသေးတယ်ဆိုရင်တော့ ကောင်းပါတယ်။ မဟုတ်ဘဲနဲ့ တကယ်နားဖို့ လိုနေတာ သေချာရင်တော့ ကိုယ့်ရဲ့ “နားချင်တယ်” လို့ ပြောတဲ့စိတ်ကလေးကို လေးလေးစားစား သဘောထားသင့်တယ်။
နားပြီဆိုရင်လည်း နားတဲ့အချိန်လေးမှာ တကယ်ကို စိတ်ရောကိုယ်ရော အနားရမှာ ကောင်းပါတယ်နော်။ နားပါတယ်ဆိုမှ Internet ကြည့်တာ facebook ဖွင့်တာတွေ လုပ်မိတတ်တယ်။
အသံဆူညံတာ နည်းတဲ့နေရာကို သွားလိုက်ပါ။ လက်တွေခြေတွေ လျှော့ချလိုက်ပါ… စိတ်ကို ငြိမ်းချမ်းတဲ့ အာရုံလေးမှာထားပြီး… ဘာမှမတွေးဘဲ နှစ်မိနစ် သုံးမိနစ်လောက် အသက်ရှူတာလေးကို သတိကပ်ထားပါ… အတွေးတွေရပ်သွားပြီး စိတ်ထဲမှာ စကားသံတွေ တိတ်သွားတာနဲ့ ငြိမ်လာတယ်… ငြိမ်နေတဲ့အထဲမှာ အသာလေးနေလိုက်တာနဲ့ စိတ်ချမ်းသာတဲ့ အကျိုးကို ချက်ချင်းရပါတယ်ဆိုတာ ကိုယ်တွေ့သိပါလိမ့်မယ်။
ဒီလို မကြာခဏ လုပ်ပေးရင် တစ်နေကုန် အလုပ်ပင်ပန်းပေမယ့် ရွှင်ရွှင်လန်းလန်း ဖြစ်နေသေးတာ တွေ့ရမှာပါ။
လုပ်စရာရှိတာတွေတော့ အများကြီးရှိတာပေါ့။ ကိုယ့်ကိုယ်ကိုယ် push လုပ်တာလည်း လုပ်ရမှာပဲပေါ့။ အနားယူချိန်လေး ခဏပေးလိုက်တာနဲ့ ဘာမှသိပ်ပြီး ထိခိုက်မသွားပါဘူး။ အလုပ်တွေ အချိန်မီ ပြီးသွားမှာပါ။
- သက်သာအောင် မနေပါနဲ့။
- ဒါပေမယ့် ခဏနားဖို့ လိုပြီလို့ အချက်ပြတာကိုလည်း အလေးဂရုပြုပါ။
- ကိုယ့်ခန္ဓာနဲ့ကိုယ့်စိတ်က ပြောတာကို သေသေချာချာ အာရုံပြုတတ်တဲ့အကျင့်ကို လုပ်ပါ။
(ထက်ထက်ထွန်း(Waterfall) ရေးသားသော “နေ့တိုင်းပျော်ပါတယ်” စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်)
Zawgyi
ပိုကောင်းတဲ့ “သင်”္ဖစ္ဖို့ နည်းလမ်း 3 ခု(3 Ways to a better you)
၁။ တက္တက်ကြကြနဲ့ အားသြန္လုပ်ရတာ တစ္ခုခုကို လုပ္ပါ
တစ္ခါတေလ ဘာရယ္လို့္မန်းမသိ စိတ်ေအ်ခေအနက နည်းနည်းက်နေသလ္ဖိုစ္တတ္တယ်။ အဲဒါဆိုရင် အားအင်သုံးပြီး လုပ်ရမယ့် အိမ္မှုကိစ္စတစ္ခုခု ထလုပ္လိုက္ပါ။
ဥပမာ မီးဖိုခော်င်ကြမ်း္ပင်တြေ ရေဆးပစ္တာမိုး၊ ကားရေဆးပစ္တာမိုး အားနဲ့အင္နဲ့ လုပ်ရတာ တစ္ခုခုပေါ့။ တစ္ခုခုကို တကယ် စိတ္ပါလက္ပါလုပ္လိုက္မယ္လို့ ဆုံး္ဖတ္လိုက္တာနဲ့ ပော််သြားတာ တြေ့ရမယ်။
ထူး္ခားတာက energy ကို သုံးလိုက္တာနဲ့ နောက္ထပ် energy တြေ ထ္ပ္ထက္လာတာပဲ။ တကယ့်ကို ထူးတာကေတာ့ လုပ်သင့်လုပ္ထိုက္တာ တစ္ခုခု ပြီး္မောက်ြသားတယ်။ ဒါကြောင့် ကိုယ့်ကိုယ္ကို က္နေ္ပ်သားတယ်။ ကိုယ့်ကိုယ္ကိုယ် က္နေပ္မှ္ဖုစ်ရတာ ပေ်္စာရာ သိပ်ကောင်းတာပဲ။
- ဘာလုပ်ရမလဲ ဆုံး္ဖတ္ပါ။
- ထလုပ္လိုက္ပါ။
- နောက္တစ္မိုး အေရးကြီးတာရြိနေတယ္လို့ တြေးမိရင်တောင် ဆုံး္ဖတ္တဲ့အတိုင်း လုပ်သာလုပ္လိုက္ပါ။
၂။ ကိုယ့်တစ်နေ့တာအတြင်း ရရြိတဲ့ ကောင်းတာလေးတြေကို သေသခ်ာခ်ာ တန္ဖိုးထားပါ
ကောင်းတာတြေ ကိုယ့်္မာ ဘယ်လောက်္ဖစ်နေလဲ…္ပန်ရေကြည့်လိုက္မယ္ဆိုရင် အမ်ားကြီးနော်။ မနက္က်ရင် နေ်းထြေးတဲ့ အိပ်ယာထဲကေန ထရတယ်။ ပြီးရင် ရေကာင်း ရေသန့်နဲ့ ရေခိုးရတယ်။ ပေါင္မုန့်မီးကင်လေးစား၊ က္ဖောီပူပူလေး သောက်ပြီးမြ လုပ္စရာရြိတာ လုပ်ရတယ်။
နေ့လည္စာ စားတော့လည်း စားလို့မြိန္တယ်။
ညေန အိမ်ရောက်္ပန်ရင္လည်း ပန်းသီးလေးစားပြီး အေမာ္ဖေလို့ရတယ်။
“ဒါလောက်လေးကိုမ်ား… ဒါတြေ ငါနေ့တိုင်း ရေနတာပဲ… “လို့ မေတြးပါနဲ့။ ခေဏလး အခိန်ပေးပြီး ဒီအေသးအမွှားလေးတြေကိုပဲ အ္ပည့်အဝ ခံစားလိုက္ပါ။
ငါဟာ အမိုးမိုး ကံကောင်းနေတဲ့သူပါ …္ပည့်စုံတဲ့သူပါ ဆိုတာကို သတိထား အာရုံ္ပုပါ။ ပြီးတော့ တစ္မိနစ်လောက် ကြည်နူးနေလိုက္ပါအုံး။ ကေ်းဇူးတင္ထိုက္တဲ့သူတြေကို ကေ်းဇူးတင္တဲ့စိတ္ကေလးနဲ့ ခေဏနလိုက္ပါအုံး။ စိတ္မ်ာ ဘယ်လောက် ငြိမ်းခ္မ်းတဲ့ ပော််ရွှင္မှ္ဖုစ္လာသလဲဆိုတာ တြေ့ရလိမ့်မယ်။
ကိုယ့်ရဲ့ နေ့စဥ္ဘဝထ္မဲာ ရြိနေတဲ့ မ္ပောပေလာက္ပါဘူးလို့ပဲ ဆိုရမယ့် အေကာင်း္မန်သမျကြို သတိတရရြိတာ တန္ဖိုးထားတာဟာ ပော််ရွှင္ဖို့အတြက် ကြီးမားတဲ့အကိုး္ပုပါတယ်။
- သက်တောင့်သက်သာ ထိုင္လိုက္ပါ
-္ခက္လ်လြေလးထဲကို လက္ဖက်္ခောက် မွှေးမွှေးလေး ခပ္ထားတဲ့ ရေန်းကြမ်းလေး ထည့်လိုက္ပါ
- ရေန်းပူပူလေး အေးအေးဆေးဆေး သောက်ရင်း ငါ့္မာ ကောင်းတာတြေ အမ်ားကြီးပဲ … ငါကံကောင်းလိုက္တာလို့ ပီတ္ဖိစ်နေပါ။
၃။ အနားယူဖို့ လိုတဲ့အခိန္ကို သိပါ
တစ္ခါတေလ စိတ္မေပ်္မာရွှင်္ဖစ်နေတာက ကိုယ်အနားယူခ်င္တဲ့အခိန္မ်ာ မနားလိုက်ရလို့္ဖစ္တတ္တယ်။
အလုပ္မ်ားပြီးတဲ့အခိန် ဗိုက္တင်းအောင် စားပြီးတဲ့အခိန် တစ်ရေးနိုးပြီး္ပန်အိပ္မေပ်ာ်တော့ဘဲနဲ့ မိုးလင်းသြားတာနဲ့ ထလိုက်ရတဲ့ ထခါစအခိန်တြေမိုး္မာ လူက မြိုင်းက်သြားသလို energy က်ုန်သားတာမိုး္ဖစ္တတ္တယ်။
အဲဒီလိုအခိန်တြေ္မာ နားခ်င်ပေမယ့် မနားဘဲနဲ့ လုပ္စရာရြိတာတြေ လုပ်ရအုံးမယ္ဆိုပြီး ကိုယ့်ကိုယ္ကိုယ် အားတင်းပြီး အတင်း push လုပ္မိတတ္တယ်။
Energy ထပ္ထုတ္လို့ နေသးတယ္ဆိုရင်တော့ ကောင်းပါတယ်။ မဟုတ္ဘဲနဲ့ တကယ္နားဖို့ လိုနေတာ သေခ်ာရင်တော့ ကိုယ့်ရဲ့ “နားခ်င္တယ်” လို့္ပောတဲ့စိတ္ကေလးကို လေးလေးစားစား သေဘာထားသင့်တယ်။
နားပြီဆိုရင္လည်း နားတဲ့အခိန်လေး္မာ တကယ္ကို စိတ်ရောကိုယ်ရော အနားရ္မာ ကောင်းပါတယ်နော်။ နားပါတယ္ဆိုမြ Internet ကြည့်တာ facebook္ဖင့်တာတြေ လုပ္မိတတ္တယ်။
အသံဆူညံတာ နည်းတဲ့နေရာကို သြားလိုက္ပါ။ လက်တြေ်ခေတြ လျော့်ခ္လိုက္ပါ… စိတ္ကို ငြိမ်းခ္မ်းတဲ့ အာရုံလေး္မာထားပြီး… ဘာ္မေမတြးဘဲ န္စ္မိနစ် သုံးမိနစ်လောက် အသက်ရှူတာလေးကို သတိကပ္ထားပါ… အေတြးတြေရ္ပ်သားပြီး စိတ္ထ္မဲာ စကားသံတြေ တိတ်ြသားတာနဲ့ ငြိမ္လာတယ်… ငြိမ်နေတဲ့အထ္မဲာ အသာလေးနေလိုက္တာနဲ့ စိတ္ခ္မ်းသာတဲ့ အကိုးကို ခ္က္ခ်င်းရပါတယ္ဆိုတာ ကိုယ်တြေ့သိပါလိမ့်မယ်။
ဒီလို မကြာခဏ လုပ်ပေးရင် တစ်နေကုန် အလုပ္ပင္ပန်းပေမယ့် ရွှင်ရွှင္လန်းလန်း္ဖစ်နေသးတာ တြေ့ရ္မာပါ။
လုပ္စရာရြိတာတြေတာ့ အမ်ားကြီးရြိတာပေါ့။ ကိုယ့်ကိုယ္ကိုယ် push လုပ္တာလည်း လုပ်ရ္မာပဲပေါ့။ အနားယူခိန်လေး ခေဏပးလိုက္တာနဲ့ ဘ္မာသိပ်ပြီး ထိခိုက္မသြားပါဘူး။ အလုပ်တြေ အခိန္မီ ပြီးသြား္မာပါ။
- သက်သာအောင် မေနပါနဲ့။
- ဒါပေမယ့် ခဏနားဖို့ လိုပြီလို့ အခ္က်္ပတာကိုလည်း အေလးဂရ္ပုပါ။
- ကိုယ့်ခန္ဓာနဲ့ကိုယ့်စိတ္က္ပောတာကို သေသခ်ာခ်ာ အာရုံ္ပုတတ္တဲ့အက်င့်ကို လုပ္ပါ။
(ထက္ထက္ထြန်း(Waterfall) ရေးသားသော “နေ့တိုင်းပေ်္ပာါတယ်” စာအုပ္မ် ထုတ်နုတ္တင်္ပပါသည်)

Comments
Post a Comment