ကမ္ဘာ့အမြန်ဆုံးအင်တာနက်စံချိန်319terabits per second(319Tbps)

 

World's fastest internet Speed Test! record ookla Gigabyte internet - YouTube

ဂျပန်နိုင်ငံ NICT instituteက သုတေသနပညာရှင်တွေက 319terabits per second(319Tbps) ဆိုတဲ့အမြန်နှုန်းနဲ့ အမြန်ဆုံးအင်တာနက်စံချိန်ကိုချိုးဖျက်ခဲ့ကြပါတယ်(မြန်မာနိုင်ငံရဲ့ စံချန် 57.97Mbps ဆိုတဲ့ စံချိန်ထက် အစ 6 သိန်းလောက်ပိုမြန်ပါတယ်)။ အဲ့ဒါဟာအရင်နှစ်က Japanနဲ့UK အင်ဂျင်နီယာတွေရဲ့စံချိန်ဖြစ်တဲ့178Tbps ရဲ့ နှစ်ဆနီးပါးလောက်ရှိပါတယ်။ Japan Breaks Internet Speed Record at 319 Terabits per Second | Tom's Hardware

     အင်တာနက်အမြန်နှုန်းကို အဆင့်မြင့် fiber optic technology ကို အသုံးပြုပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ပုံမှန်Fiberကြိုးတွေမှာ အလယ်အူတိုင်တစ်ခုပဲပါပြီး အထဲကdataတွေကိုကာကွယ်ဖို့အပေါ်က အလွှာအထပ်ထပ်ဖုံးအုပ်ထားပါတယ် ။ NICTကတော့ သာမာန်ကြိုးအရွယ်ကိုပဲ အူတိုင်၄ခုပါတဲ့ fiberကြိုး ကို အသုံးပြုခဲ့ပါတယ်။ ပိုမြန်မြန်နဲ့ ဝေးဝေးသွားနိုင်တဲ့အပြင် သာမန်ကြိုးနေရာမှာလည်း လွယ်လွယ်ကူကူပြောင်းလဲ တပ်လို့ရမယ်လို့ဆိုပါတယ်။ အခြားအူတိုင်တစ်ခုတည်းပါတဲ့ကြိုးနဲ့ယှဉ်ရင်ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာလည် းပိုမိုယုံကြည်စိတ်ချရတာကြောင့် ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။

   NICTဟာ Fibre ကြိုးအတွင်းမှာ Data တွေကို 3,001 ကီလိုမီတာ(1864မိုင်)လောက်ကို speed ရော Signal ရောမကျပဲ အောင်အောင်မြင်မြင် ပတ်ပြနိုင်ခဲ့ပါတယ်။ ဒါဟာအထင်ကြီးစရာဖြစ်ပေမယ့် ဆက်လုပ်စရာတွေအများကြီးရှိနေသေးပြီး speed မကျအောင်ထိန်းထားရတဲ့ နည်းပညာကလည်း ရှုပ်ထွေးလှတယ်ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ wavelength အမျိုးမျိုးကို 552-channel comb လေဆာနဲ့ ပစ်ခတ်ပြီး Rare Earth Mineral နဲ့ လုပ်ထားတဲ့ amplifier တွေသုံးပြီး အံဩဖွယ်အမြန်နှုန်းရအောင်လုပ်တာဖြစ်ပါတယ်။ နည်းပညာဟာဈေးကြီးလှတာကြောင့် ဂိမ်း down ဖို့အတွက်သုံးတာမျိုးမဟုတ်ပဲ data တွေအဝေးကြီးကို ပို့တာမျိုးလောက်ပဲသုံးနိုင်မှာဖြစ်ပါတယ်။

Japan sets new world record with Internet speed of 319 terabits per second | TechSpot

       ဒါပေမယ့် အဓိကတီထွင်မှုဟာ အူတိုင် ၄ ခုပါတဲ့fiberကြိုးပုံစံ ဖြစ်ပါတယ်။ အခြားfiberများနဲ့ အရွယ်အစားတူတာကြောင့် လက်ရှိ Fibre တွေနေရာမှာ အစားထိုးပြီး မြန်နှုန်းတွေမြှင့်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒီ အူတိုင် ၄ခုပါတဲ့ Fibre တွေဟာ 5G အလွန် နည်းပညာလို့တောင်ဆိုလို့ရတာ လည်းဖြစ်ပါတယ်။

(zawgyi)

ဂ်ပန္နိုင္ငံ NICT instituteက သုေတသနပညာရွင္ေတြက 319terabits per second(319Tbps) ဆိုတဲ့အျမန္ႏႈန္းနဲ႔ အျမန္ဆုံးအင္တာနက္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ၾကပါတယ္(ျမန္မာနိုင္ငံရဲ့ စံခ်န္ 57.97Mbps ဆိုတဲ့ စံခ်ိန္ထက္ အစ 6 သိန္းေလာက္ပိုျမန္ပါတယ္)။ အဲ့ဒါဟာအရင္ႏွစ္က Japanနဲ႔UK အင္ဂ်င္နီယာေတြရဲ့စံခ်ိန္ျဖစ္တဲ့178Tbps ရဲ့ ႏွစ္ဆနီးပါးေလာက္ရွိပါတယ္။ '

Japan Breaks Internet Speed Record at 319 Terabits per Second | Tom's Hardware

အင္တာနက္အျမန္ႏႈန္းကို အဆင့္ျမင့္ fiber optic technology ကို အသုံးျပဳၿပီး လုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ ပုံမွန္Fiberႀကိဳးေတြမွာ အလယ္အူတိုင္တစ္ခုပဲပါၿပီး အထဲကdataေတြကိုကာကြယ္ဖို႔အေပၚက အလႊာအထပ္ထပ္ဖုံးအုပ္ထားပါတယ္ ။ NICTကေတာ့ သာမာန္ႀကိဳးအရြယ္ကိုပဲ အူတိုင္၄ခုပါတဲ့fiberႀကိဳး ကို အသုံးျပဳခဲ့ပါတယ္။ ပိုျမန္ျမန္နဲ႔ ေဝးေဝးသြားနိုင္တဲ့အျပင္ သာမန္ႀကိဳးေနရာမွာလဲ လြယ္လြယ္ကူကူေျပာင္းလဲ တပ္လို႔ရမယ္လို႔ဆိုပါတယ္။ အျခားအူတိုင္တစ္ခုတည္းပါတဲ့ႀကိဳးနဲ႔ယွဥ္ရင္ႀကံ့ခိုင္မႈပိုင္းဆိုင္ရာမွာ ပိုမိုယုံၾကည္စိတ္ခ်ရတာေၾကာင့္လည္း ပိုၿပီးဆြဲေဆာင္မႈရွိေနပါတယ္။

NICTဟာ Fibre ႀကိဳးအတြင္းမွာ Data ေတြကို 3,001 ကီလိုမီတာ(1864မိုင္)ေလာက္ကို speed ေရာ Signal ေရာမက်ပဲ ေအာင္ေအာင္ျမင္ျမင္ ပတ္ျပနိုင္ခဲ့ပါတယ္။ ဒါဟာအထင္ႀကီးစရာျဖစ္ေပမယ့္ ဆက္လုပ္စရာေတြအမ်ားႀကီးရွိေနေသးၿပီး speed မက်ေအာင္ထိန္းထားရတဲ့ နည္းပညာကလည္း ရႈပ္ေထြးလွတယ္ဆိုပါတယ္။

သုေတသနပညာရွင္ေတြဟာ wavelength အမ်ိဳးမ်ိဳးကို 552-channel comb ေလဆာနဲ႔ ပစ္ခတ္ၿပီး Rare Earth Mineral နဲ႔ လုပ္ထားတဲ့ amplifier ေတြသုံးၿပီး အံဩဖြယ္အျမန္ႏႈန္းရေအာင္လုပ္တာျဖစ္ပါတယ္။ နည္းပညာဟာေဈးႀကီးလွတာေၾကာင့္ ဂိမ္း down ဖို႔အတြက္သုံးတာမ်ိဳးမဟုတ္ပဲ data ေတြအေဝးႀကီးကို ပို႔တာမ်ိဳးေလာက္ပဲသုံးနိုင္မွာျဖစ္ပါတယ္။

Japan sets new world record with Internet speed of 319 terabits per second | TechSpot

ဒါေပမယ့္ အဓိကတီထြင္မႈဟာ အူတိုင္ ၄ ခုပါတဲ့fiberႀကိဳးပုံစံ ျဖစ္ပါတယ္။ အျခားfiberမ်ားနဲ႔ အရြယ္အစားတူတာေၾကာင့္ လက္ရွိ Fibre ေတြေနရာမွာ အစားထိုးၿပီး ျမန္ႏႈန္းေတြျမႇင့္နိုင္မယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒီ အူတိုင္ ၄ခုပါတဲ့ Fibre ေတြဟာ 5G အလြန္ နည္းပညာလို႔ေတာင္ဆိုလို႔ရတာ လည္းျဖစ္ပါတယ္။

Comments