A letter to ronaldo


နှစ်တွေလည်းပြောင်း ရာသီတွေလည်းအလီလီပြောင်းလို အချိန်တွေလည်း ကုန်ဆုံးလာခဲ့တာ အခုဆို ယူနိုက်တက်က ကောင်လေးတစ်ယောက် အိမ်ကထွက်သွားတာ ၁၀ နှစ်ကျော်တောင်ကြာခဲ့ပြီ။ ဘယ်သူသိမှာလဲ သူထွက်သွားကတည်းက ဘယ်လောက်ထိ သူ့ကို လွမ်းနေခဲ့ရလဲဆိုတဲ့အကြောင်းတွေ , သူအဆင်ရောပြေရဲ့လား ကိုယ့်လောက်ရော သူရောက်တဲ့နေရာကသူတွေက သူ့အပေါ်ကို အိမ်ဆိုတဲ့ နွေးထွေးမှုတွေရောပေးနိုင်ပါ့မလား စသဖြင့် လွမ်းချင်းတွေနဲ့ ထားခဲ့တာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ ..



အပြောင်းအရွှေ့ရာသီရောက်တိုင်း ဖြစ်မလာနိုင်မှန်းသိတဲ့ သတင်းလေးကို မျှော်လင့်ရင်း သူဒီနှစ်တော့ပြန်လာလောက်မှာပါ , ဒီနှစ်တော့ အိမ်ကိုပြန်လာကောင်းပါရဲ့ဆိုပြီး မရိုးအီနိုင်တဲ့အတွေးတွေနဲ့အတူ သူ့ရဲ့ သတင်းလေးကို အမြဲတမ်းစောင့်ပြီး သတိတရဖြစ်နေတဲ့အကြောင်းကိုသူသိမှသိပါ့မလား ..

ဘယ်ပဲရောက်ရောက် ယူနိုက်တက်ဖန်တွေကတော့ အမြဲတမ်းအားပေးနေဦးမှာပါ မင်းဂိုးသွင်းပြီး အောင်ပွဲခံတာမြင်ရတိုင်း ငါတိုလည်း လက်ခုပ်တီးပြီး အောင်ပွဲခံပေးဦးမှာပါ , အဲ့ဒီအောင်ပွဲခံတာက ငါတိုအသင်းနဲ့ ရင်ဆိုင်ကစားရတာ ဆိုရင်တောင်မှပေါ့ မင်းနောက်ဆုံးတစ်ခေါက် Juventus ကွင်းမှာတုန်းက ဂိုးသွင်းပြီး အားပါးတရ အောင်ပွဲခံခဲ့တယ်နော် ဒါပေမဲ့ ငါတိုအပြစ်မမြင်ခဲ့ပါဘူး ဒါမင်းလွတ်လပ်ခွင့်ပဲလေ မင်းလည်း မင်းရဲ့ Signature Style အတိုင်း အောင်ပွဲခံချင်မှာပေါ့ ငါတိုမင်းကိုဘယ်လိုမှ အပြစ်မမြင်ရက်ခဲ့ပါဘူး မင်းဂိုးသွင်းပြီး ပျော်နေတာမြင်ရရင်ကို ကျေနပ်နေခဲ့တဲ့သူတွေပါ။ 



ဒါပေမဲ့ တစ်ခုပဲ မင်းကစားသမားဘဝက အနားမယူသေးခင်မှာတော့ နောက်ဆုံးတစ်ခေါက်အနေနဲ့ ယူနိုက်တက်ဂျာစီလေးဝတ်ပြီး ကစားတာမြင်ချင်မိသေးတယ် Old trafford ရဲ့ ပရိတ်သတ်တွေရှေ့မှာ မင်းကစားနေတာလေး ကြည့်ချင်မိသေးတယ် ဂိုးသွင်းပြီး ယူနိုက်တက်ကစားသမားတွေနဲ့အတူတူ အောင်ပွဲခံတာလေး မြင်ချင်မိသေးတယ် .. 

ဖြစ်မလာနိုင်မှန်းသိပေမဲ့ မင်းလည်း ယူနိုက်တက်ကိုချစ်တဲ့သူတစ်ယောက်ပဲ မင်းလည်း အိမ်ကိုလွမ်းနေလောက်မယ်လို ငါတိုယုံကြည်ပါတယ် .. ဒါပေမဲ့....

အခုလည်း အပြောင်းအရွှေ့သတင်းတွေနဲ့ ကြားနေရတဲ့သတင်းက ငါတိုအတွက် တစ်ကယ်ကင်ဆာပဲ ရော်နယ်ဒိုတစ်ယောက်မန်စီးတိီးကို ပြောင်းတော့မယ်ဆိုပြီး သတင်းတွေခတ်စိပ်စိပ်တွေ့လာရတယ် အဲ့ဒီထွက်နေတဲ့အသင်းနဲ့ကလည်း တစ်ခြားအသင်းမဟုတ်ဘူး ငါတိုရဲ့မြိုခံပြိုင်ဘက် မန်စီးတီး ဆိုတော့ ကိုယ်ချစ်တဲ့သူတစ်ယောက် ကိုယ့်ရဲ့ မဟာပြိုင်ဘက်တစ်ယောက်ဆီသွားဖိုပြင်ဆင်နေပြီဆိုတာမြင်လိုက်ရတဲ့ ခံစားချက်က ပြောမပြတတ်အောင် ခံစားရတယ် ရော်နယ်ဒို 

ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ

မင်းရွေးချယ်မှုပဲလေ မင်းရဲ့ကစားသမားဘဝ နေဝင်ချိန်မှာ မင်းအတွက်အကောင်းဆုံးဖြစ်မယ့်အသင်းမျိုးကို ပြောင်းဖိုကြိုးစားတာ မင်းအမှားမဟုတ်ပါဘူး ငါတိုနားလည်ပါတယ် 

ငါတို့မင်းကိုအမြဲနားလည်ပေးခဲ့ပါတယ်

မင်းငါတို့ဆီက ထွက်သွားတုန်းကရော 

ငါတို့မင်းကို မေးခွန်းမထုတ်ခဲ့ပါဘူး

ဒါကကစားသမားတိုင်းရဲ့ နောက်တစ်ဆင့်မြင့်ချင်တဲ့ Career အတွက်အကောင်းဆုံးအခွင့်အရေးပဲလေ ဒါပေမဲ့ကိုယ့်အသင်းဆီက ကိုယ်အရမ်းချစ်တဲ့ ကစားသမားတစ်ယောက် အသင်းကနေထွက်သွားတာတော့ ပြောမပြတတ်အောင်ခံစားရတာပေါ့

ငါတိုယူနိုက်ကလည်း သိပ်ကိုထိလွယ်ရှလွယ်တာရယ် အသင်းအပေါ်ချစ်ပြီး ကောင်းပေးတဲ့ကစားသမားမျိုးဆို သိပ်ချစ်တာ အထူးသဖြင့်မင်းလို World class ကစားသမားမျိုးတစ်ယောက်ပေါ့ 

တစ်ချိုဆို သုံးယောင်ခြယ်ဖန်လို အခေါ်ခံရတဲ့အထိပေါ့ 

ဘာပဲဖြစ်ဖြစ်ပါ 

မင်းအိမ်ကထွက်သွားကတည်းက ရော်နယ်ဒိုတစ်ယောက်ဘယ်နေ့ပြန်လာမလဲဆိုပြီး စောင့်နေခဲ့တာ အခုဆို အချိန်တွေလည်း အများကြီးကြာခဲ့ပါပြီ ... မင်းထွက်သွားထဲကထားခဲ့တဲ့ နံပါတ် 7 လေးကလည်းအခုထိ မင်းခြေရာကိုဆက်ခံနိုင်မယ့်သူ မရသေးဘူး.. ကြည့်ရတာ မင်းနဲ့မှ ပြန်ပြီးအဆင်ပြေမယ့်ပုံရပါတယ်

ထားပါ

အခုအနေအထားအရဆို မင်းကို ယူနိုက်တက်ဂျာစီနဲ့မြင်ဖိုက မသေချာတော့ပါဘူး.. ငါတိုယူနိုက်တက်ဖန်တွေအတွက်တော့။ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုပေါ့ကွာ 

မင်းသာစီးတီးကိုတစ်ကယ်ပြောင်းဖြစ်ခဲ့လိုကတာ့ ငါတိုအတွက်ခံစားရခက်မှာသေချာပါတယ် ဒါပေမဲ့ ငါတိုအပြင်မြင်မှာမဟုတ်ပါဘူး ဘာလိုလဲဆိုတော့ မင်းကငါတိုသိပ်ချစ်ရတဲ့ကစားဖြစ်နေလို , ဘယ်အသင်းမှာပဲဖြစ်နေပါစေ မင်းရဲ့သွင်းဂိုးတွေအတွက် အမြဲလက်ခုပ်တီးပီးအားပေးနေဦးမှာပါ....

-BB

Comments

  1. Arrrrrrr we missssssssss youuuuuuuuuuuuuuuu😶‍🌫️😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭

    ReplyDelete
  2. ဘာကာဖန်ကိုတောင်ငိုချင်သွားပြီ wtf

    ReplyDelete
  3. အခု​တော့ happy frithday ဖြစ်ပြီ😁

    ReplyDelete

Post a Comment