A young activist of Hong Kong, Joshua Wong

တရုတ်-ဟောင်ကောင်သမိုင်းကြောင်း

ဗြိတိန်ဟာ တရုတ်နိုင်ငံအပေါ် ဘိန်းစစ်အလီလီဆင်နွှဲခဲ့ပြီး ၁၈၄၂ လောက်ထဲက ဟောင်ကောင်ကျွန်းကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဗြိတန်ရဲ့လက်အောက်မှာ ဟောင်ကောင်ဟာ စီးပွားရေးအရဖွံဖြိုးလာပြီး ကုန်သွယ်ရေးရဲ့ အချက်အချာဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကွန်မြူနစ်အစိုးရတက်လာပြီးချိန်မှာတော့ ဟောင်ကောင်နဲ့ တရုတ်ပြည်မရဲ့ကြွယ်ဝမှုဟာ အလွန်ကွာခြားတာကိုတွေ့လာရပါတယ်။ ဒါပေမယ့် ၂၀ရာစုနှောင်းချိန်မှာတော့ ကိုလိုနီခေတ်ကုန်ပြီမို့ UK တို့ ဟောင်ကောင်ကို ပြန်လည်ပေးအပ်ဖို့စဉ်းစားလာရတော့ပါတယ်။

၉၀ပြည့်နှစ်များထဲမှ ဟောင်ကောင်
 
၁၉၈၇ ခုနှစ်မှာ ‌‌ဗြိတိန်က ဟောင်ကောင်ကို တရုတ်ပြည်မထံပြန်လည် လွှဲအပ်ခဲ့ပါတယ်။ ဒါပေမယ့် "ရော့ ပြန်ယူလိုက်တော့" ဆိုပြီးပြန်ပေးခဲ့တာမဟုတ်ပါဘူး။ ဟောင်ကောင်ကို နောက်နှစ် ၅၀ ( ၂၀၄၇ အထိ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမယ် ဆိုတဲ့ အချက်ကို စာချုပ်ထဲထည်ပြီးချုပ်ဆိုခဲ့ပါတယ်။ ဟောင်ကောင်ဟာ ဗြိတိန်ရဲ့ ဒီမိုကရေစီစနစ်နဲ့ အသားကျနေခဲ့တာဖြစ်ပြီး တရုတ်ပြည်မကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါတယ်။ နှစ်အနည်းလောက်ထိ ပြည်မဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မတို့မထိပဲ တစ်နိုင်ငံ စနစ်နှစ်ခုပေါ်လစီကို ကျင့်သုံးခဲ့ပါတယ်။

ဟောင်ကောင်အားပြန်လည်ပေးအပ်သည့် အခမ်းအနား
 
ဒါပေမယ့် နောက်ပိုင်း တရုတ်ပြည်မ ဟာကိုယ်တိုင် ချမ်းသာလာပြီး ဟောင်ကောင်နဲ့ စီးပွား‌ရေးတန်းတူဖြစ်လာတဲ့အခါ ဟောင်ကောင်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးကို သိပ်အလေးမထားတော့ပဲ ခြေလှမ်းတွေ စကြွံလာပါတော့တယ်။ အဲ့ခြေလှမ်းတွေကို ဟောင်ကောင်သားတွေကလည်း ရိပ်မိကြပါတယ်။ အဲ့ဟောင်ကောင်သားတွေထဲကမှ မျက်မှန်ထူထူ၊ ပိန်ပိန်ပါးပါး ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဟာ အင်အားကြီးမားလှတဲ့ တရုတ်ပြည်မရဲ့ ခြေလှမ်းတွေကို ပေါ်ပေါ်ထင်ထင်တွန်းလှန်ရာမှာ လူတွေပိုပြီး သတိထားမိလာခဲ့ကြပါတယ်။ အဲ့ကျောင်းသားလေးကတော့ Joshua Wong ပဲဖြစ်ပါတယ်။
 

ငယ်ဘဝ


 
ဂျိုရှာဝေါင်း (Joshua Wong) ကို 1996 ခုနှစ် အောက်တိုဘာလ ၁၃ ရက်ရက်နေ့မှာ ဟောင်ကောင်မြို့မှာမွေးဖွားခဲ့ပါတယ်။ အလယ်လတ်တန်းစား မိဘများဖြစ်တဲ့  Grace နဲ့ Roger Wong တို့က ပျိုးထောင်ခဲ့ပြီး ကိုယ်နဲ့ မတူကွဲပြားသူများကို ကိုယ်ချင်းစာပေးတတ်တဲ့စိတ်(social awareness) ဟာ ဖခင်ဖြစ်သူထံမှ အမွေရခဲ့တယ်လို့ဆိုနိုင်ပါတယ်။ Gay marriage ဆန့်ကျင်သူများကို ဖြန်ဖျေပေးတတ်တဲ့သူတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူဟာ IT professional ဟောင်းတစ်ယောက်ဖြစ်ပြီး  ဂျိုရှာနဲ့အတူတူ မရှိဆင်းရဲတဲ့သူတွေဆီ မကြာခနသွာ‌းရောက်လည်ပတ်တတ်လေ့ရှိပါတယ်။
 
Joshua ဟာ မွေးရာပါ Dyslexic ရောဂါလို့ခေါ်တဲ့ စာရေးရ၊ ဖတ်ရခက်တဲ့ ရောဂါကိုခံစားခဲ့ရပေမယ့် သူ့အမေရဲ့ အကူအညီနဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီး Open University of Hong Kong မှာ Political science and Public Administration ကို သင်ကြားနိုင်ခဲ့ပါတယ်။

HONG KONG-POLITICS-DEMOCRACY-ACTIVIST-JOSHUA WONG-FATHER : News Photo
Joshua ၏ ဖခင်ဖြစ်သူ Roger Wong
 
ငယ်ငယ်ထဲက နိုင်ငံ‌ရေးကို စိတ်ဝင်စားခဲ့ပြီး ပထမဆုံးလှုပ်ရှားမှုကိုအသက် ၁၄ နှစ်အရွယ်မှာတင် စတင်ခဲ့ပြီး တရုတ်ပြည်မနဲ့ ဟောင်ကောင်ကို ဆက်သွယ်မယ့် အမြန်ရထားလမ်းတည်ဆောက်မှုကို ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
 

Scholarism 

နောက်နှစ်နှစ်ကြာတော့ Scholarism လို့ခေါ်တဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ကျောင်းသားအဖွဲ့စည်းတစ်ခုကို ဉီးဆောင်ကာတည်ထောင်ခဲ့ပြီး ကျောင်းသားလူငယ်တွေအကြား နိုင်ငံရေးအသိတွေပိုတိုးလာစေခဲ့ပါတယ်။
 
Student protester Joshua Wong (centre), who became the poster boy of the Occupy Central movement, with other members of pro-democracy campaign group Scholarism at a press conference in Hong Kong. Photograph:  Anthony Wallace/AFP/Getty Images
ဂျိုရှာနဲ့အတူ scholarism အဖွဲ့တည်ထောင်သူများ
 
2012 ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်ဝါဒဖြန့် "တရုတ်မျိုးချစ် ပညာရေးစနစ်" ပြဠာန်းတာကို ဆန့်ကျင်တဲ့ လူတစ်သိန်းကျော် ဆန္ဒပြပွဲကြီးကို ဦးဆောင် ချီတက်ခဲ့ပါတယ်။ 

Student pro-democracy group Scholarism convenor Joshua Wong (C) makes a gesture at the Flag Raising Ceremony at Golden Bauhinia Square on 1 October 2014 in Hong Kong.
ဆန္ဒပြပွဲဉီးဆောင်သူ Joshua Wong
 
နောက်ပိုင်းမှာ လူအုပ်ဟာပိုမိုကြီးမားလာပြီး တစ်ချို့က အစာအငတ်ခံပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်မြို့တော်ဝန် CY Leung အနေနဲ့လည်း အဲ့ အကြံဉာဏ်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒါဟာ သူနဲ့ ဂျိုရှာဝေါင်းတို့ ပထမဆုံးထိပ်တိုက်တွေ့ကြတာလည်းဖြစ်ပါတယ်။ ပြည်မအစိုးရကတော့ Scholarism ကို အစွန်းရောက်အဖွဲ့ဆိုပြီး ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ‌ ဂျိုရှာနဲ့ ဟောင်ကောင်ကျောင်းသားတွေရဲ့ နိုင်ပွဲလို့ဆိုနိုင်ပါတယ်။

Anti-national education curriculum protest. 

The Umbrella movement

 
အဲ့လိုနဲ့ 2014 စက်တင်ဘာလမှာ တော့ ဂျိုရှာ ခေါင်းဆောင်တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြသူများဟာ အစိုးရရုံးရဲ့ အပြင်ဘက် ရင်ပြင်ကို ဝင်ရောက်သိမ်းပိုက်ပြီး ဆန္ဒပြကြပါတယ်။ 
 
နောက်တစ်နေ့မှာ တော့လူ​ပေါင်း ၆၀ လောက် အဖမ်းခံခဲ့ရပြီး ဂျိုရှာလည်း နာရီ  ၄၀လောက်ထိန်းသိမ်းခံခဲ့ရပါတယ်။ သူအဖမ်းခံရတဲ့သတင်းကြောင့်လူတွေထွက်လာကြပြီး သောင်းနဲ့ချီတဲ့လူအုပ်ကြီးစုဝေးလာပါတယ်။ လူတွေဟာ ရဲတွေရဲ့ Pepper spray တွေကို ကာကွယ်ဖို့အတွက် ထီးတွေကို အသုံးပြုခဲ့ကြလို့ the Umbrella Movement လို့နာမည်တွင်ခဲ့ပါတယ်။ အဲ့ဆန္ဒပြပွဲဟာ ဂျိုရှာကို ပိုမိုအောင်မြင်မှုရလာစေခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလုံးလုံးဖြစ်လာစေခဲ့ပါတယ်။

The Umbrella Movement

ဒါပေမယ့် ဂျိုရှာအနေနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်ဟုတ်ရဲ့လားဆိုတာ မေးခွန်း ပြန်ထုတ်မိတယ်လို့ဆိုပါတယ်။ ဒါကိုသူ့ရဲ့ Facebook ပေါ်မှာရေးသားခဲ့ပါတယ်။ "ပြည်သူတွေအများစုက ဟောင်ကောင်ဟာ ကျွန်တော့်ပေါ် မူတည်နေတယ်လို့ပြောကြတယ်။ ဒီလိုချီးမြှောက်ပြီး ပြောတာက ကျွန်တော့်ကို မသက်သာနဲ့ စနိုးစနောင့်ဖြစ်စေပါတယ်။ ဆန္ဒပြသူတွေက ငရုတ်ကောင်းစပရေးတွေ မျက်ရည်ယိုဗုံးတွေ နဲ့ ခံစားနေရပေမယ့်လည်း ဆက်လက်ဆန္ဒပြကြဖို့ဆုံးဖြတ်ကြတယ်။ အဲ့အချိန်မှာ ကျွန်တော် ကတော့ ထမင်းဘူးနဲ့ စစ်ဆေးရေးအခန်းထဲက နံရံအမည်းကြီးကို ကြည့်နေရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်ခဲ့ဘူး"

Joshua Wong stands in front of yellow umbrellas, the symbol of the 2014 Hong Kong protests, ahead of a 2015 court hearing.
The Umbrella Movement အတွင်းက Joshua Wong
 
ဂျိုရှာအနေနဲ့ The Umbrella Movement ကြောင့်ထောင်ချခံခဲ့ရပါတယ်။ ရုံးချိန်းနဲ့ အယူခံပေါင်းများစွာပြီးနောက်မှာတော့ 2019 ဇွန်လမှာမှ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ထွက်ထွက်လာခြင်းမှာပဲ တရားခံမှန်သမျှကို တရုတ်ပြည်မထံလွှဲပေး ရမယ်ဆိုတဲ့ ဉပဒေကျမ်းကိုကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 
 

Nathan Law ပြောတဲ့ Joshua Wong အကြောင်း

 
"ဂျိုရှာက ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ မိသားစုကလာတဲ့ ခရစ်ယောက်တစ်ယောက်ဖြစ်တယ်။ သူအဖေ့က LGBT အခွင့်အရေးကိုထောက်ခံပြောကြားတတ်သူဖြစ်ပြီး ဂျိုရှာဟာသူ့အဖေနဲ့ မကြာခဏ အတိုက်အခံပြောလေ့ရှိတယ်" လို့ ဂျိုရှာနဲ့အတူ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ နေသန်လော ကပြောကြားဖူးပါတယ်။

Nathan Law နဲ့ Joshua Wong 

" ဒါပေမယ့် သူ့အဖေကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အရမ်း supportive ဖြစ်တယ်" 
 
ဂျိုရှာနဲ့ နေသန်ဟာ  2014 ဆန္ဒပြပွဲ အတွင်းတွေ့ခဲ့တာဖြစ်ပါတယ်။ " ကျွန်တော် နဲ့စတွေ့တုန်းက သူကငယ်ငယ်လေးရှိသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ရင့်ကျက်မှုနဲ့ ဒီလှုပ်ရှားမှုတွေမှာ ဘယ်လောက်အတွေ့အကြုံရှိလဲဆိုတာကိုကျွန်တော်ခံစားလို့ရတယ်။ ဂျိုရှာကို ကျွန်တော်တို့က စက်ရုပ်လို့ပဲခေါ်တယ်။ ဘာလို့လဲဆိုတော့ သူက မနက်ကနေ ညအထိ မမောမပန်းအလုပ်လုပ်နိုင်တယ်။ သူ့ဟာ အမြဲအားပြည့်နေပြီး တခြားသူတွေကိုလည်း တက်ကြွလာအောင် ယုံကြည်ချက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်တယ်" လို့နေသန်ကပြောခဲ့ပါတယ်။

Joshua ကို ၂၀၁၅ ခုနှစ်ရဲ့ Fortunes Magazine ထဲမှာ ကမ္ဘာ့‌အတော်ဆုံးခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ်ဖော်ပြခဲ့ပြီး 201 ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေထဲမှာ စကာတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Wong speaks at the United States Capitol in 2019
US capitol မှာစကာ‌းပြောနေတဲ Joshua

ဂျိုရှာအနေနဲ့ လက်ရှိအချိန် မှာတော့ Tiananmen Square အထိမ်းအမှတ်ပွဲပြုလုပ်မှုကြောင့်လို့ဆိုပြီး ထောင်ဒဏ် ၁၀ လ အချခံထားရတာလဲဖြစ်ပါတယ်။
 

Comments

  1. ဖတ်ရင်းလှူကို တကယ် သဘောကျတယ် လှူလည်းလှူရ ဗဟုသုတလည်းရ

    ReplyDelete
  2. လှုလဲလှုရ ပြုံးလဲပြုံးလဲပြုံးရ အင်မတန်သဘောကျ 😊

    ReplyDelete
  3. ဒီမိုကရေစီဆိုတာ လွယ်လွယ်နဲ့မရဘူး ။ တန်ဘိုးကြီးတဲ့အရာအတွက် ပေးဆပ်ခြင်းတွေရှိတယ်။

    ReplyDelete

Post a Comment