Adam's Apple အကြောင်း




 Adam's apple သာ ‌ယောကျ်ားလေးတစ်ယောက်ရဲ့ ရုပ်ရည်နဲ့တစ်နည်းနည်းနဲ့ သက်ဆိုင်နေတာတော့အသေအချာပါပဲ။ (ပုံကိုကြည့်ရင်သိသာပါတယ်:3) ဒီဆောင်းပါးလေးမှာတော့ ကျန်းမာရေးအမြင်နဲ့ ပတ်သက်တဲ့ Adam's apple အကြောင်းဖော်ပြထားပါတယ်။

Adam's Appleဆိုတာ ဘာလဲ။

အရွယ်ရောက်လာကြတဲ့ခါ ကျွန်တော်တို့ ယောက်ျားလေးတွေအများစုမှာ လည်စေ့ဆိုတာ ရှိလာကြပါတယ်။ လည်စေ့ကို အင်္ဂလိပ်လို Adam's appleလို့ ခေါ်ကြပါတယ်။ လည်မျိုဟာ ကွဲပြားခြားနားတဲ့ အရိုးနုကိုးခုနဲ့ ဖွဲ့စည်းထားပြီး အကြီးဆုံးအရိုးနုကိုတော့ သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လာတဲ့ခါ လည်မျိုဟာ အရွယ်အစားကြီးမားလာပြီးတော့ သိုင်းရွိုက်အရိုးနုဟာလည်း တိုးချဲ့ဖို့ နေရာလိုလာပြီး အပြင်သို့ ငေါထွက်လာပါတယ်။ အဲ့ခါမှာတော့ လည်စေ့ခေါ် Adam's appleဖြစ်ပေါ်လာပါတယ်။

Adam's apple name origination, purpose & Adam's apple removal

Adam's appleလို့ ဘာကြောင့် ခေါ်တာလဲ။

ဂျူး-ခရစ်ယာန်ပုံပြင်ထဲမှာ Godက Adamနဲ့ Eveကို ဖန်ဆင်းပြီး Eden ဥယျာဉ်မှာ နေခိုင်းတယ်။ Godဟာ Adamနဲ့ Eveကို ဥယျာဉ်ထဲက အသီးတွေ အားလုံးကို စားလို့ရပေမယ့် အပင်တစ်ပင်က ပန်းသီးကို မစားဖို့ တားမြစ်ထားတယ်။ ဒါပေမယ့် Adamဟာ တားမြစ်ထားတဲ့ ပန်းသီးကို စားလိုက်ပြီး ပန်းသီးက သူ့လည်ချောင်းမှာ ကပ်နေပါတော့တယ်။ ဒီပုံပြင်ကို မှီငြိမ်းပြီး ယောက်ျားလေးတွေရဲ့ လည်စေ့ကို Adam's appleလို့ ခေါ်ကြတယ်ဆိုပြီး ပြောစမှတ်ပြုပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ဒီပုံပြင်ကြောင့် မဟုတ်ဘဲ ၁၆၀၀ခုနှစ် အစောပိုင်းက ဥရောပစာရေးဆရာတွေဟာ လက်တင်ဘာသာစကားကို အသုံးပြုပြီး လည်စေ့ကို သလဲသီးနှင့် တင်စားခဲ့ကြပါတယ်။ လက်တင်ဘာသာစကားမှာ သလဲသီးနှင့် ပန်းသီးဟာ ဆင်တူဖြစ်တဲ့အတွက် အင်္ဂလိပ်လို ဘာသာပြန်လိုက်တဲ့ခါမှာ Adam's appleလို့ ဖြစ်သွားတယ်ဆိုပြီးလည်း ပြောကြပါတယ်။

Adam's Apple: What Does this Term Mean? with Helpful Examples • 7ESL

Adam's appleဟာ ဘာလုပ်ပေးသလဲ။

Adam's appleဟာ ဘာမှ မလုပ်ဆောင်နိုင်ပါဘူး။ သို့သော်Adam's appleကို ဖြစ်စေတဲ့လည်မျိုကတော့ အစာများကို မျိုချဖို့၊ အသက်ရှူဖို့နှင့် စကားပြောဖို့တို့ကို ကူညီပေးပါတယ်။

ဘာကြောင့် Adam's apple ပေါ်လာရတာလဲ။

Adam's appleဟာ ကျား၊မ မရွေးမှာ ရှိတတ်ကြပေမယ့် ယောက်ျားလေးအများစုမှာ ပိုတွေ့ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လည်မျို ကြီးထွားမှုဟာ Testosteroneလို့ ခေါ်တဲ့ ယောက်ျားဟော်မုန်းကြောင့် ဖြစ်ပွားတာမို့လို့ပါ။ ဒါကြောင့် ယောက်ျားလေးတွေဟာ လည်မျိုပိုကြီးပြီး Adam's appleထွက်လာမယ်။ ထို့နောက် အသံတွေ သြရှလာပါလိမ့်မယ်။

8 Masculine Idols with the Sexiest Adam's Apples - Koreaboo

Adam's appleကို မရှိတော့အောင် ခွဲစိတ်လို့ ရသလား။

Adam's appleကို မလိုချင်တဲ့လူတွေဟာ ဆိုဒ်သေးအောင် သို့မဟုတ် မရှိတော့အောင် ခွဲစိတ်ကြပါတယ်။ ဒီလို ခွဲစိတ်ခြင်းကို chondrolaryngoplasty လို့ ခေါ်ကြပါတယ်။ များသောအားဖြင့် ယောက်ျားလေးမှ မိန်းကလေးဖြစ်ချင်လို့ transgenderလုပ်တဲ့လူတွေဟာ ဒီခွဲစိတ်မှုကို လုပ်လေ့ရှိကြပါတယ်။ ဒီခွဲစိတ်မှုကို အသံမသြတော့ဘဲ မိန်းကလေးသံပေါက်အောင်လုပ်တဲ့ ဖြစ်စဥ်နှင့်အတူ  လုပ်ဆောင်လေ့ရှိကြပါတယ်။

Tracheal Shave (Chondrolaryngoplasty) | Iranian Surgery

Adam's appleနာကျင်လျှင် ဘာဖြစ်တတ်လဲ။

Adam's appleနားမှာ အချိန်အကြာကြီး နာကျင်ခြင်းဟာ ရောဂါတစ်ခုခု ရှိနေခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး လည်မျိုကင်ဆာ သို့ သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ပါတယ်။

(zawgyi)

Adam's apple သာ ‌ေယာက်္ားေလးတစ္ေယာက္ရဲ့ ႐ုပ္ရည္နဲ႔တစ္နည္းနည္းနဲ႔ သက္ဆိုင္ေနတာေတာ့အေသအခ်ာပါပဲ။ (ပုံကိုၾကည့္ရင္သိသာပါတယ္:3) ဒီေဆာင္းပါးေလးမွာေတာ့ က်န္းမာေရးအျမင္နဲ႔ ပတ္သက္တဲ့ Adam's apple အေၾကာင္းေဖာ္ျပထားပါတယ္။

Adam's Appleဆိုတာ ဘာလဲ။

အရြယ္ေရာက္လာၾကတဲ့ခါ ကၽြန္ေတာ္တို႔ ေယာက္်ားေလးေတြအမ်ားစုမွာ လည္ေစ့ဆိုတာ ရွိလာၾကပါတယ္။ လည္ေစ့ကို အဂၤလိပ္လို Adam's appleလို႔ ေခၚၾကပါတယ္။ လည္မ်ိဳဟာ ကြဲျပားျခားနားတဲ့ အရိုးႏုကိုးခုနဲ႔ ဖြဲ႕စည္းထားၿပီး အႀကီးဆုံးအရိုးႏုကိုေတာ့ သိုင္းရြိဳက္အရိုးႏုလို႔ ေခၚပါတယ္။ ကၽြန္ေတာ္တို႔ အရြယ္ေရာက္လာတဲ့ခါ လည္မ်ိဳဟာ အရြယ္အစားႀကီးမားလာၿပီးေတာ့ သိုင္းရြိဳက္အရိုးႏုဟာလည္း တိုးခ်ဲ႕ဖို႔ ေနရာလိုလာၿပီး အျပင္သို႔ ေငါထြက္လာပါတယ္။ အဲ့ခါမွာေတာ့ လည္ေစ့ေခၚ Adam's appleျဖစ္ေပၚလာပါတယ္။

Adam's apple name origination, purpose & Adam's apple removal

Adam's appleလို႔ ဘာေၾကာင့္ ေခၚတာလဲ။

ဂ်ဴး-ခရစ္ယာန္ပုံျပင္ထဲမွာ Godက Adamနဲ႔ Eveကို ဖန္ဆင္းၿပီး Edenဥယ်ာဥ္ထဲမွာ ေနခိုင္းတယ္။ Godဟာ Adamနဲ႔ Eveကို ဥယ်ာဥ္ထဲက အသီးေတြ အားလုံးကို စားလို႔ရေပမယ့္ အပင္တစ္ပင္က ပန္းသီးကို မစားဖို႔ တားျမစ္ထားတယ္။ ဒါေပမယ့္ Adamဟာ တားျမစ္ထားတဲ့ ပန္းသီးကို စားလိုက္ၿပီး ပန္းသီးက သူ႔လည္ေခ်ာင္းမွာ ကပ္ေနပါေတာ့တယ္။ ဒီပုံျပင္ကို မွီၿငိမ္းၿပီး ေယာက္်ားေလးေတြရဲ့ လည္ေစ့ကို Adam's appleလို႔ ေခၚၾကတယ္ဆိုၿပီး ေျပာစမွတ္ျပဳပါတယ္။ ဒါေပမယ့္ တခ်ိဳ႕လူေတြကေတာ့ ဒီပုံျပင္ေၾကာင့္ မဟုတ္ဘဲ ၁၆၀၀ခုႏွစ္ အေစာပိုင္းက ဥေရာပစာေရးဆရာေတြဟာ လက္တင္ဘာသာစကားကို အသုံးျပဳၿပီး လည္ေစ့ကို သလဲသီးႏွင့္ တင္စားခဲ့ၾကပါတယ္။ လက္တင္ဘာသာစကားမွာ သလဲသီးႏွင့္ ပန္းသီးဟာ ဆင္တူျဖစ္တဲ့တြက္ အဂၤလိပ္လို ဘာသာျပန္လိုက္တဲ့ခါမွာ Adam's appleလို႔ ျဖစ္သြားတယ္ဆိုၿပီးလည္း ေျပာၾကပါတယ္။

Adam's Apple: What Does this Term Mean? with Helpful Examples • 7ESL

Adam's appleဟာ ဘာလုပ္ေပးသလဲ။

Adam's appleဟာ ဘာမွ မလုပ္ေဆာင္နိုင္ပါဘူး။ သို႔ေသာ္Adam's appleကို ျဖစ္ေစတဲ့လည္မ်ိဳကေတာ့ အစာမ်ားကို မ်ိဳခ်ဖို႔၊ အသက္ရႉဖို႔ႏွင့္ စကားေျပာဖို႔တို႔ကို ကူညီေပးပါတယ္။

ဘာေၾကာင့္ Adam's apple ေပၚလာရတာလဲ။

Adam's appleဟာ က်ား၊မ မေရြးမွာ ရွိတတ္ၾကေပမယ့္ ေယာက္်ားေလးအမ်ားစုမွာ ပိုေတြ႕ရတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လည္မ်ိဳ ႀကီးထြားမႈဟာ Testosteroneလို႔ ေခၚတဲ့ ေယာက္်ားေဟာ္မုန္းေၾကာင့္ ျဖစ္ပြားတာမို႔လို႔ပါ။ ဒါေၾကာင့္ ေယာက္်ားေလးေတြဟာ လည္မ်ိဳပိုႀကီးၿပီး Adam's appleထြက္လာမယ္။ ထို႔ေနာက္ အသံေတြ ၾသရွလာပါလိမ့္မယ္။

8 Masculine Idols with the Sexiest Adam's Apples - Koreaboo

Adam's appleကို မရွိေတာ့ေအာင္ ခြဲစိတ္လို႔ ရသလား။

Adam's appleကို မလိုခ်င္တဲ့လူေတြဟာ ဆိုဒ္ေသးေအာင္ သို႔မဟုတ္ မရွိေတာ့ေအာင္ ခြဲစိတ္ၾကပါတယ္။ ဒီလို ခြဲစိတ္ျခင္းကို chondrolaryngoplastyလို႔ ေခၚၾကပါတယ္။ မ်ားေသာအားျဖင့္ ေယာက္်ားေလးမွ မိန္းကေလးျဖစ္ခ်င္လို႔ transgenderလုပ္တဲ့လူေတြဟာ ဒီခြဲစိတ္မႈကို လုပ္ေလ့ရွိၾကပါတယ္။ ဒီခြဲစိတ္မႈကို အသံမၾသေတာ့ဘဲ မိန္းကေလးသံေပါက္ေအာင္လုပ္တဲ့ ျဖစ္စဥ္ႏွင့္အတူ  လုပ္ေဆာင္ေလ့ရွိၾကပါတယ္။

Tracheal Shave (Chondrolaryngoplasty) | Iranian Surgery

Adam's appleနာက်င္လၽွင္ ဘာျဖစ္တတ္လဲ။

Adam's appleနားမွာ အခ်ိန္အၾကာႀကီး နာက်င္ျခင္းဟာ ေရာဂါတစ္ခုခု ရွိေနျခင္းရဲ့ လကၡဏာ ျဖစ္ၿပီး လည္မ်ိဳကင္ဆာ သို႔ သိုင္းရြိဳက္ကင္ဆာ ျဖစ္နိုင္ပါတယ္။

Comments