Alebrije အကြောင်း
Alebrije အကြောင်း
Phat Yinn Hluရဲ့ သူငယ်ချင်းတွေထဲမှာ Cartoon crazy လေးတွေရှိကြလား။ ရှိတယ်ဆိုရင်တော့ ဒီအကောင်လေးတွေကို သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအကောင်လေးတွေကတော့ နာမည်ကျော် Coco ကာတွန်းဇာတ်ကားထဲမှာ ပါဝင်တဲ့ ဝိညာဉ်လမ်းပြကောင်လေးတွေပါ။ သူတို့ကို Alebrije လို့ခေါ်ပါတယ်။
ဒီတစ်ခေါက်တော့ Alebrije ရဲ့ အကြောင်းကို သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်။ Alebrije ဆိုတာကတော့ ကတ်ထူစက္ကူပေါ်မှာ အရောင်အသွေး စုံစုံလင်လင် လှလှပပ ခြယ်မှုန်းထားတဲ့ Mexican တွေရဲ့ အနုပညာဖန်တီးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Alebrije ကို ဖန်တီးခဲ့သူကတော့ Mexican artist တစ်ဦးဖြစ်တဲ့ Pedro Linares López ဖြစ်ပြီး အဲ့အကောင်လေးတွေကို ဖန်တီးဖြစ်ခဲ့ပုံကတော့ ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ ဒီအကောင်လေးတွေကို မဖန်တီးခင် 1936 ခုနှစ်လောက်တုန်းက သူဟာ နေမကောင်းဖြစ်ပြီး အိပ်ရာထဲမှာ အချိန်အတော်ကြာ လဲနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ သတိမေ့မျောသွားပြီး အိပ်မက်ထဲမှာ တောအုပ်တစ်ခုထဲကို ရောက်သွားခဲ့ပါတယ်တဲ့။
အဲ့ဒီ့တောအုပ်ထဲမှာ မြင်နေကျ သစ်ပင်ပန်းမန်တွေအပြင် အရောင်အသွေး စုံလင်ပြီး အမျိုးအမည်မသိတဲ့ ထူးဆန်းတဲ့ အကောင်တွေကို တွေ့ခဲ့ရပါတယ်။ တချို့အကောင်တွေက သိမ်းငှက်ခေါင်း၊ မျောက်ကိုယ်၊ ကျွဲချိုနဲ့ လိပ်ပြာတောင်ပံတွေကို ပေါင်းစပ်ထားသလို တချို့ကလဲ ပင့်ကူခြေထောက်၊ ငါးအကြေးခွံနဲ့ သမင်ဂျိုတွေကို ပေါင်းထားပါတယ်။ ပြီးတော့ အဲ့အကောင်တွေဆီက Alebrije ဆိုတဲ့ တူညီတဲ့ အော်သံမျိူး သူကြားခဲ့ရပါတယ်။ အဲ့ဒီ့မှာ သူလဲကြောက်ကြောက်နဲ့ ထွက်ပြေးရင်း အိပ်ရာကနိုးလာခဲ့တယ်။ ထူးဆန်းတာက အဲ့ဒီ့အိပ်မက်မက်ပြီးတော့ သူဟာ နေပြန်ကောင်းသွားပါတယ်တဲ့။ ဒါကြောင့် အိပ်မက်ထဲက အကောင်လေးတွေက သူ့ကို နေပြန်ကောင်းလာအောင် ကုသပေးခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒီလိုနဲ့ သူနေပြန်ကောင်းသွားတဲ့ အချိန်မှာ သူဟာ စက္ကူတွေ၊ ကပ်ထူကတ်တွေနဲ့ သူ့အိပ်မက်ထဲက အကောင်လေးတွေကို စပြီး ဖန်တီးခဲ့ပါတယ်။ အဲ့အကောင်လေးတွေရဲ့ နာမည်ကိုလဲ အိပ်မက်ထဲမှာ သူကြားခဲ့တဲ့ အသံအတိုင်း Alebrije လို့ အမည်ပေးခဲ့ပါတယ်။
အခုဆိုရင်တော့ နာမည်ကျော် CoCo ကာတွန်းဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ Alebrije အရုပ်လေးတွေကို မက္ကဆီကိုနိုင်ငံမှာတင်မကပဲ နိုင်ငံတကာမှာပါ ရေပန်းစား လူသိများနေပါပြီ။
ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လဲ Alebrije နဲ့ အလားတူ စက္ကူတွေ၊ ကတ်ထူပြားတွေနဲ့ ပြုလုပ်ထားတဲ့ အနုပညာလက်ရာတွေ အများကြီးရှိပါတယ်။ တစ်နေ့မှာ ဒီအနုပညာလက်ရာတွေကိုလဲ Alebrije လိုမျိုး နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ မျှော်လင့်ပါတယ်။
(Zawgyi)
Alebrije အကြောင်း
ဒီတစ်ခေါက်တော့ Alebrije ရဲ့ အေကြာင်းကို သူငယ္ခ်င်းတို့ကိုျေပျာပခ်င္ပါတယ်။ Alebrije ဆိုတာကေတာ့ ကတ္ထူစက္ကူပေါ်မွာ အေရာင်ေအသြး စုံစုံလင္လင် လွလွပပျခယ္မှုန်းထားတဲ့ Mexican တြေရဲ့ အနုပညာဖန္တီးမှုတစ္ခုပျဲဖစ္ပါတယ်။
Alebrije ကို ဖန္တီးခဲ့သူကေတာ့ Mexican artist တစ်ဦျးဖစ္တဲ့ Pedro Linares Lópezျဖစ်ပြီး အဲ့အေကာင်လေးတြေကို ဖန္တီျးဖစ္ခဲ့ပုံကေတာ့ ထူးဆန်းတယ္လို့ျေပာလို့ရပါတယ်။ ဒီအေကာင်လေးတြေကို မဖန္တီးခင် 1936 ခုနွစ်လောက္တုန်းက သူဟာ နေမေကာင်ျးဖစ်ပြီး အိပ်ရာထဲမွာ အခိန်ေအတ်ာကြာ လဲနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက္မွာတော့ သူဟာ သတိမေ့မော်သြားပြီး အိပ္မက္ထဲမွာ တောအုပ္တစ္ခုထဲကို ရောက်ြသားခဲ့ပါတယ္တဲ့။ အဲ့ဒီ့တောအုပ္ထဲမျွာမင်နေက် သစ္ပင္ပန်းမန်တြေအျပင် အေရာင်ေအသြး စုံလင်ပြီး အမိုးအမည္မသိတဲ့ ထူးဆန်းတဲ့ အေကာင်တြေကို တြေ့ခဲ့ရပါတယ်။ တခို့အကောင်တြေက သိမ်းငွက်ခေါင်း၊ မော်က္ကိုယ်၊ ကျြဲခိုနဲ့ လိပ်ျပာတောင္ပံတြေကို ပေါင်းစပ္ထားသလို တခို့ကလဲ ပင့္ကျူေခေထာက်၊ ငါးအေကြးခြံနဲ့ သမင္ဂိုတြေကို ပေါင်းထားပါတယ်။ ပြီးတော့ အဲ့အေကာင်တြေဆီက Alebrije ဆိုတဲ့ တူညီတဲ့ အော်သံမိုး သူကြားခဲ့ရပါတယ်။ အဲ့ဒီ့မွာ သူလဲကြောက်ကြောက္နဲ့ ထြက်ျေပးရင်း အိပ်ရာကနိုးလာခဲ့တယ်။ ထူးဆန်းတာက အဲ့ဒီ့အိပ္မက္မက်ပြီးတော့ သူဟာ နျေပန်ကောင်းသြားပါတယ္တဲ့။ ဒါကြောင့် အိပ္မက္ထဲက အေကာင်လေးတြေက သူ့ကို နျေပန်ကောင်းလာအောင် ကုသေပးခဲ့တယ္လို့ ယုံကြည္ခဲ့ပါတယ်။
ဒီလိုနဲ့ သူနျေပန်ကောင်းသြားတဲ့ အခိန္မွာ သူဟာ စက္ကူတြေ၊ ကပ္ထူကတ်တြေနဲ့ သူ့အိပ္မက္ထဲက အေကာင်လေးတြေကို စပြီး ဖန္တီးခဲ့ပါတယ်။ အဲ့အေကာင်လေးတြေရဲ့ နာမည္ကိုလဲ အိပ္မက္ထဲမွာ သူကြားခဲ့တဲ့ အသံအတိုင်း Alebrije လို့ အမည်ပေးခဲ့ပါတယ်။
အခုဆိုရင်တော့ နာမည်ကော်် CoCo ကာတြန်းဇာတ္လမ်းမွာ ပါဝင္ခဲ့တဲ့ Alebrije အရုပ်လေးတြေကို မက္ကဆီကိုနိုင်ငံမွာတင္မကပဲ နိုင်ငံတကာမွာပါ ရေပန်းစား လူသိမ်ားနေပါပြီ။
ကျန္မြတိျု့မန္မာနိုင်ငံမွာဆိုရင္လဲ Alebrije နဲ့ အလားတူ စက္ကူတြေ၊ ကတ္ထျူပားတြေနျဲ့ပုလုပ္ထားတဲ့ အနုပညာလက်ရာတြေ အမ်ားကြီးရွိပါတယ်။ တစ်နေ့မွာ ဒီအနုပညာလက်ရာတြေကိုလဲ Alebrije လိုမိုး နိုင်ငံတကာက အသိအမွတ်ျပုလာဖို့ မျွေ္လာင့္ပါတယ်။
Comments
Post a Comment